Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး အများဆုံးတိုင်

$
0
0
၂၀၁၅ ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ် အနိုင်ရ

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မသမာမှုတွေကို တိုင်ကြားနိုင်တဲ့ နောက်ဆုံး သတ်မှတ်ရက် အခု ရက်ပိုင်းမှာ ပြည့်ပါတော့မယ်။

နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တိုင်ကြားထားတဲ့ ကန့်ကွက်လွှာတွေကို နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာ ၂၂ ရက်နေ့က ဒုတိယမြောက်နေ့ အဖြစ် ဆက်လက် ကြားနာ စစ်ဆေးခဲ့ပါတယ် ။

အခု ဒီဇင်ဘာ တတိယပတ် အထိ တစ်နိုင်ငံလုံး အတိုင်းအတာ အရ တိုင်ကြားမှု ကန့်ကွက်လွှာပေါင်း ၁၇ မှု ရှိပြီး စစ်ဆေး နေတာကတော့ လေးမှု ရှိပြီလို့ ရွေးကောက်ပွဲ ခုံရုံးဌာန တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုင်ကြားတာက အများဆုံး ဖြစ်တယ်လို့ တိုင်ကြားထားသူတွေ ထဲက တစ်ယောက် ဖြစ်တဲ့ မကွေးတိုင်း ဒေသကြီး အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁၂ က ဦးလှဆွေက ပြောပါတယ်။

ကြားနာ စစ်ဆေးမှုကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ဆက်လက် ပြုလုပ်ဦးမှာ ဖြစ်ပြီး အခု လက်ခံရရှိထားတဲ့ ကန့်ကွက်လွှာ ၁၇ ခု အပြင် နောက်ထပ် ကန့်ကွက်လွှာတွေ ထပ်မံ ရောက်ရှိ လာနိုင်သေးတယ်လို့ ရွေးကောက်ပွဲ ဆိုင်ရာ အရာရှိက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>