Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ျဖစ္ခဲ့ၿပီဆိုတဲ့အခါက်ေတာ့ ထိုင္းႏိုင္ငံသားမဟုတ္ဘူး၊ တျခားႏိုင္ငံသားဆိုတဲ့ပံုကိုေဖာ္တယ္ဆိုရင္ဘယ္လုိ လုပ္မလဲ။ အဲဒီအခါက်မွ က်ေနာ္တို႔ႏိုင္ငံသားက်မွ ကံဆိုး ရမွာလား

$
0
0
ေမး - ၿဗိတိန္သားႏိုင္ငံသားႏွစ္ဦးထိုင္းနိုင္ငံမွာအသတ္
ခံရတာနဲ႔ပတ္သက္ၿပီးေတာ့ တရားစြဲဆိုခံထားရတဲ့ ျမန္မာ
ႏုိင္ငံသား ကိုဝင္းေဇာ္ထြန္းနဲ႔ ကိုေဇာ္လင္းကို ဒီကေန႔ထိုင္း
နိုင္ငံေတာင္ပိုင္း ေကာ့စမြန္ခရုိင္တရားရုံးကေန ၿပီးေတာ့
အျငင္းပြားဖြယ္ရာ ေသဒဏ္ခ်မွတ္လိုက္ပါတယ္ ဒါနဲ႔
ပတ္သက္ၿပီးေတာ့ ကိုမင္းကိုႏိုင္တို႔ ၈၈မ်ိဳးဆက္
(ၿငိမ္းခ်မ္းေရးႏွင့္ပြင့္လင္းလူ႔အဖြဲ႔အစည္း)ရဲ႕သေဘာထားကို
သိပါရေစခင္ဗ်ာ။
•ေျဖ - က်ေနာ္တို႔ ဘယ္ကိစၥမဆို တရားသျဖင့္ျဖစ္ႏိုင္တဲ့
ဘက္ကပဲရပ္တည္မယ္။ အထူးသျဖင့္ ကိုယ့္ႏိုင္ငံသား
ၷႏွစ္ေယာက္ဟာ ဘယ္လိုအေၾကာင္းနဲ႔ပဲျဖစ္ျဖစ္ေပါ့ဗ်ာ။
သူတပါးႏိုင္ငံမွာေရာက္ေနတာ မတရားသျဖင့္
ခံရတာကို ဘယ္နည္းနဲ႔မွ လစ္လ်ဴရႈမွာမဟုတ္ဘူး။ က်ေနာ္တို႔
စြမ္းအားရွိသ၍ ခုခံကာကြယ္သြားမွာပါ။
<>
ေမး - ဒီကေန႔ ေသဒဏ္ခ်မွတ္လိုက္တာဟာ တရားမွ်တမႈ
မရွိဘူးဆိုၿပီး ႏိုင္ငံတကာကေရာ၊ ျပည္တြင္းကပါအသံေတြ
က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚေနတယ္။ကိုမင္းကိုႏိုင္ေရာ
ဘယ္လိုသံုးသပ္ခ်င္လဲခင္ဗ်။
ေျဖ - က်ေနာ္တို႔ၾကည့္ရေအာင္ ဒီအမႈမွာ DNA စစ္ေဆးတဲ့
အခါမွာလည္း က်ေနာ္တို႔ႏုိင္ငံသားႏွစ္ေယာက္ရဲ႕ DNA လံုးဝ
မပါဘူး။ ေနာက္တစ္ခုက ဘာမ်က္ျမင္သက္ေသမွလည္းမရွိ
ဘူးဗ်။ အဲေတာ့ ဒီႏွစ္ခ်က္ဟာႏွစ္ေယာက္ကိုအင္မတန္
အကာအကြယ္ေပးႏိုင္တဲ့အခ်က္ပါ။ ေနာက္တခါဒီျဖစ္စဥ္
တခုလံုးကိုၾကည့္မယ္ဆိုရင္ မႈခင္းဆရာဝန္ေတြရဲ႕လုိက္ႏိုင္မႈ
အစြမ္းရယ္၊ ႏိုင္ငံတကာမွာ ကၽြမ္းက်င္တဲ့ ေလ့လာအကဲခတ္
သူမ်ားရဲ႕ေဝဖန္ သံုးသပ္ခ်က္ေတြေရာ ေနာက္ထိုင္းႏိုင္ငံမွာ
ရွိတဲ့လူ႔အခြင့္အေရးအဖြဲ႔ကိုယ္၌ကိုကလည္း သံုးသပ္ျပ
ထားေတြရွိတဲ့ အဲဒါေတြအားလံုးဟာ ဒီလူငယ္ႏွစ္ေယာက္
က်ဴးလြန္မိတယ္ဆိုတာ ဘယ္နည္းနဲ႔မွသေဘာမတူထား
ၾကဘူးဗ်။ အဲေတာ့ေျပာရမွာက
အမႈကိုမခိုင္လံုပဲနဲ႔ တည္ေဆာက္ၿပီးေတာ့ စီရင္ခ်က္ခ်
လိုက္တာလို႔ပဲျမင္တယ္။ အဲဒီအတြက္ေၾကာင့္ ဒါကိုကန္႔လည္း
ကန္႔ကြက္တယ္၊ ဒီအမႈမွန္ေပၚေပါက္ေရးနဲ႔ ဒီႏွစ္ေယာက္
အျပစ္မရွိပဲနဲ႔ အျပစ္ေပးခံရတာမ်ိဳးမျဖစ္ေအာင္က်ေနာ္တို႔
ကာကြယ္ၾကမွာပါ။
<>
ေမး - အဲေတာ့ အမႈကိုမခိုင္လံုပဲနဲ႔ ဒါထိုင္းရဲကေနၿပီးေတာ့
တရားစြဲဆိုလိုက္တယ္ေပါ့ေနာ္၊ အမႈဆင္ၿပီးေတာ့
တရားစြဲဆိုလိုက္တယ္ဆိုေတာ့ ဒီလုိမ်ိဳးျဖစ္ရတဲ့အေၾကာင္း
အရင္းက အဓိကဘယ္အခ်က္က အဓိကအေၾကာင္း
အရင္းျဖစ္မလဲ။
ေျဖ - တကယ္ကဗ်ာ ဒီအမႈဟာ သာမာန္ရာဇဝတ္မႈ
တစ္ခုတင္မကဘူးဗ်ာ၊ ထိုင္းႏိုင္ငံရဲ႕အက်ိဳးစီးပြားနဲ႔
အင္မတန္ တိုက္ရုိက္အခ်ိဳးက်ေနတယ္။ သူ႔ႏိုင္ငံရဲ႕ကမာၻလွည့္
ခရီးသြားလုပ္ငန္းေတြအေပၚမွာက
အမ်ားႀကီး သက္ေရာက္မႈရွိလိမ့္မယ္။ အဲဒီအခါက်ေတာ့
ျဖစ္ခဲ့ၿပီဆိုတဲ့အခါက်ေတာ့ ထိုင္းႏိုင္ငံသားမဟုတ္ဘူး၊ တျခားႏိုင္ငံသားဆိုတဲ့ပံုကိုေဖာ္တယ္ဆိုရင္ဘယ္လုိ
လုပ္မလဲ။ အဲဒီအခါက်မွ က်ေနာ္တို႔ႏိုင္ငံသားက်မွ ကံဆိုး
ရမွာလား က်ေနာ္ဒါေမးခ်င္တယ္။
.
က်ေနာ္တို႔ႏိုင္ငံသားေတြကလည္း ႏိုင္ငံတကာမွာေရာက္ၿပီ
ဆိုရင္ မ်က္ႏွာငယ္ရတယ္ဗ် အဲေတာ့ ေခတ္အဆက္ဆက္
ကလည္း က်ေနာ္တုိ႔အမ်ားစုဟာ မ်က္ႏွာငယ္ရတဲ့သူေတြ
တရားမဝင္ရတဲ့အလုပ္ေတြနဲ႔ အသက္ေမြးၾကရတဲ့အခါ
က်ေတာ့ ဒီအမႈထဲမွာ က်ေနာ္တို႔ႏိုင္ငံသားေတြဟာ အစြပ္
အစြဲခံၿပီးေတာ့ ရုပ္ျပအျဖစ္ျဖစ္ရတယ္လို႔ က်ေနာ္ခံစားရတယ္။
ဒီ့အတြက္ေတာ့ က်ေနာ္တို႔အားစိုက္မွာပါ က်ေနာ္တို႔
ကိုယ္တိုင္လည္း သြားၿပီးေတာ့ က်ေနာ္တို႔ရဲ႕ဥပေဒေရးရာ
တာဝန္ရွိတဲ့သူေတြသြားၿပီးေတာ့ အဲဒီအမႈကိုၾကားနာတာမ်ိဳး၊
ၿပီးေတာ့အဲဒီေရွ႕ေနေတြဘက္ကေနၿပီးေတာ့ ဘယ္လို
အားျဖည့္ႏိုင္မလဲေပါ့။
<>
ေမး - အဲဒီေတာ့ ကိုမင္းကိုႏိုင္တို႔ ကူညီမႈေတြ တစံုတရာ
ျပဳလုပ္မယ္ဆိုေတာ့ ဘယ္လုိပံုစံမ်ိဳးေတြ ကူညီေဆာင္ရြက္မႈေတြ
၈၈မ်ိဳးဆက္(ၿငိမ္းခ်မ္းေရးႏွင့္ပြင့္လင္းလူ႔အဖြဲ႔အစည္း) အေနနဲ႔
လုပ္ေဆာင္မလဲေပါ့။
ေျဖ - က်ေနာ္တို႔ သူတို႔မိသားစုေတြကို ႏွစ္သိမ့္ႏိုင္ရမယ္။
ႏွစ္သိမ့္ႏိုင္တယ္ဆိုတာ သူတို႔ရဲ႕အသက္ေတြကို က်ေနာ္တို႔
အစြမ္းရွိသမွ် ကာကြယ္ေပးပါ့မယ္လို႔ ကတိေပးႏိုင္ရမယ္။
ဘယ္လုိနည္းနဲ႔ကာကြယ္ေပးၾကမလဲ ဆိုေတာ့ ဒီဟာက
က်ေနာ္တို႔ တစ္စုတစ္ဖြဲ႔တည္းနဲ႔မလံုေလာက္ဘူး။
က်ေနာ္တို႔ဆီက ဒီဟာကိုအမွန္တရားကိုပဲ လိုခ်င္က်တဲ့
ႏိုင္ငံသားေတြရဲ႕ၿငိမ္းခ်မ္းစြာပူးေပါင္း ေဆာင္ရြက္မႈလိုသလို
ဒီလက္ရွိအစိုးရကလဲ ဒီ့ထက္ပိုၿပီး အားစိုက္ရမယ္။
က်ေနာ္ခုနက ေထာက္ျပပါတယ္။
.
သံခင္းတမန္ခင္းကတကယ္လိုပါတယ္၊ ေနာက္တခါ
ႏိုင္ငံေရးအရကၽြမ္းက်င္လိမၼာမႈေတြလိုပါတယ္၊ ျပည္သူ
ျပည္သားေတြ၊ က်ေနာ္တို႔ႏိုင္ငံသားေတြဘက္ကလည္း
လုိအပ္လို႔ရွိရင္ ခုနကလိုၿငိမ္းခ်မ္းတဲ့နည္းနဲ႔ က်ေနာ္တို႔
ဒီကိစၥကို ဝိုင္းဝန္းၿပီးေတာ့ အားအင္စိုက္ၾကရမယ္။
.
ေနာက္တခုက ခုေရြးေကာက္ပြဲမွာအႏိုင္ရထားတဲ့ပါတီဟာ
ႏိုင္ငံတကာကေလးစားရတဲ့ေခါင္းေဆာင္ရွိပါတယ္။ အဲဒီ
အင္အားေတြကိုလည္း က်ေနာ္တို႔လက္တြဲႏိုင္တဲ့နည္းလမ္း
ရွာရမွာေပါ့။
[RFA သတင္းဌာန၏ ေမးျမန္းခ်က္အားေျဖၾကားခ်က္မွ]
......................
"ဖြစ်ခဲ့ပြီဆိုတဲ့အခါကျတော့ ထိုင်းနိုင်ငံသားမဟုတ်ဘူး၊ တခြားနိုင်ငံသားဆိုတဲ့ပုံကိုဖော်တယ်ဆိုရင်ဘယ်လို
လုပ်မလဲ။ အဲဒီအခါကျမှ ကျနော်တို့နိုင်ငံသားကျမှ ကံဆိုး
ရမှာလား "
•-•-•-•-•-•-•-•-•-•-•-•-•-•-•-•-•-•-•-•-•-•-•-•-•
မေး - ဗြိတိန်သားနိုင်ငံသားနှစ်ဦးထိုင်းနိုင်ငံမှာအသတ်
ခံရတာနဲ့ပတ်သက်ပြီးတော့ တရားစွဲဆိုခံထားရတဲ့ မြန်မာ
နိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းကို ဒီကနေ့ထိုင်း
နိုင်ငံတောင်ပိုင်း ကော့စမွန်ခရိုင်တရားရုံးကနေ ပြီးတော့
အငြင်းပွားဖွယ်ရာ သေဒဏ်ချမှတ်လိုက်ပါတယ် ဒါနဲ့
ပတ်သက်ပြီးတော့ ကိုမင်းကိုနိုင်တို့ ၈၈မျိုးဆက်
(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)ရဲ့သဘောထားကို
သိပါရစေခင်ဗျာ။
•ဖြေ - ကျနော်တို့ ဘယ်ကိစ္စမဆို တရားသဖြင့်ဖြစ်နိုင်တဲ့
ဘက်ကပဲရပ်တည်မယ်။ အထူးသဖြင့် ကိုယ့်နိုင်ငံသား
္နနှစ်ယောက်ဟာ ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ်ပေါ့ဗျာ။
သူတပါးနိုင်ငံမှာရောက်နေတာ မတရားသဖြင့်
ခံရတာကို ဘယ်နည်းနဲ့မှ လစ်လျူရှုမှာမဟုတ်ဘူး။ ကျနော်တို့
စွမ်းအားရှိသ၍ ခုခံကာကွယ်သွားမှာပါ။
<>
မေး - ဒီကနေ့ သေဒဏ်ချမှတ်လိုက်တာဟာ တရားမျှတမှု
မရှိဘူးဆိုပြီး နိုင်ငံတကာကရော၊ ပြည်တွင်းကပါအသံတွေ
ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတယ်။ကိုမင်းကိုနိုင်ရော
ဘယ်လိုသုံးသပ်ချင်လဲခင်ဗျ။
ဖြေ - ကျနော်တို့ကြည့်ရအောင် ဒီအမှုမှာ DNA စစ်ဆေးတဲ့
အခါမှာလည်း ကျနော်တို့နိုင်ငံသားနှစ်ယောက်ရဲ့ DNA လုံးဝ
မပါဘူး။ နောက်တစ်ခုက ဘာမျက်မြင်သက်သေမှလည်းမရှိ
ဘူးဗျ။ အဲတော့ ဒီနှစ်ချက်ဟာနှစ်ယောက်ကိုအင်မတန်
အကာအကွယ်ပေးနိုင်တဲ့အချက်ပါ။ နောက်တခါဒီဖြစ်စဉ်
တခုလုံးကိုကြည့်မယ်ဆိုရင် မှုခင်းဆရာဝန်တွေရဲ့လိုက်နိုင်မှု
အစွမ်းရယ်၊ နိုင်ငံတကာမှာ ကျွမ်းကျင်တဲ့ လေ့လာအကဲခတ်
သူများရဲ့ဝေဖန် သုံးသပ်ချက်တွေရော နောက်ထိုင်းနိုင်ငံမှာ
ရှိတဲ့လူ့အခွင့်အရေးအဖွဲ့ကိုယ်၌ကိုကလည်း သုံးသပ်ပြ
ထားတွေရှိတဲ့ အဲဒါတွေအားလုံးဟာ ဒီလူငယ်နှစ်ယောက်
ကျူးလွန်မိတယ်ဆိုတာ ဘယ်နည်းနဲ့မှသဘောမတူထား
ကြဘူးဗျ။ အဲတော့ပြောရမှာက
အမှုကိုမခိုင်လုံပဲနဲ့ တည်ဆောက်ပြီးတော့ စီရင်ချက်ချ
လိုက်တာလို့ပဲမြင်တယ်။ အဲဒီအတွက်ကြောင့် ဒါကိုကန့်လည်း
ကန့်ကွက်တယ်၊ ဒီအမှုမှန်ပေါ်ပေါက်ရေးနဲ့ ဒီနှစ်ယောက်
အပြစ်မရှိပဲနဲ့ အပြစ်ပေးခံရတာမျိုးမဖြစ်အောင်ကျနော်တို့
ကာကွယ်ကြမှာပါ။
<>
မေး - အဲတော့ အမှုကိုမခိုင်လုံပဲနဲ့ ဒါထိုင်းရဲကနေပြီးတော့
တရားစွဲဆိုလိုက်တယ်ပေါ့နော်၊ အမှုဆင်ပြီးတော့
တရားစွဲဆိုလိုက်တယ်ဆိုတော့ ဒီလိုမျိုးဖြစ်ရတဲ့အကြောင်း
အရင်းက အဓိကဘယ်အချက်က အဓိကအကြောင်း
အရင်းဖြစ်မလဲ။
ဖြေ - တကယ်ကဗျာ ဒီအမှုဟာ သာမာန်ရာဇဝတ်မှု
တစ်ခုတင်မကဘူးဗျာ၊ ထိုင်းနိုင်ငံရဲ့အကျိုးစီးပွားနဲ့
အင်မတန် တိုက်ရိုက်အချိုးကျနေတယ်။ သူ့နိုင်ငံရဲ့ကမ္ဘာလှည့်
ခရီးသွားလုပ်ငန်းတွေအပေါ်မှာက
အများကြီး သက်ရောက်မှုရှိလိမ့်မယ်။ အဲဒီအခါကျတော့
ဖြစ်ခဲ့ပြီဆိုတဲ့အခါကျတော့ ထိုင်းနိုင်ငံသားမဟုတ်ဘူး၊ တခြားနိုင်ငံသားဆိုတဲ့ပုံကိုဖော်တယ်ဆိုရင်ဘယ်လို
လုပ်မလဲ။ အဲဒီအခါကျမှ ကျနော်တို့နိုင်ငံသားကျမှ ကံဆိုး
ရမှာလား ကျနော်ဒါမေးချင်တယ်။
.
ကျနော်တို့နိုင်ငံသားတွေကလည်း နိုင်ငံတကာမှာရောက်ပြီ
ဆိုရင် မျက်နှာငယ်ရတယ်ဗျ အဲတော့ ခေတ်အဆက်ဆက်
ကလည်း ကျနော်တို့အများစုဟာ မျက်နှာငယ်ရတဲ့သူတွေ
တရားမဝင်ရတဲ့အလုပ်တွေနဲ့ အသက်မွေးကြရတဲ့အခါ
ကျတော့ ဒီအမှုထဲမှာ ကျနော်တို့နိုင်ငံသားတွေဟာ အစွပ်
အစွဲခံပြီးတော့ ရုပ်ပြအဖြစ်ဖြစ်ရတယ်လို့ ကျနော်ခံစားရတယ်။
ဒီ့အတွက်တော့ ကျနော်တို့အားစိုက်မှာပါ ကျနော်တို့
ကိုယ်တိုင်လည်း သွားပြီးတော့ ကျနော်တို့ရဲ့ဥပဒေရေးရာ
တာဝန်ရှိတဲ့သူတွေသွားပြီးတော့ အဲဒီအမှုကိုကြားနာတာမျိုး၊
ပြီးတော့အဲဒီရှေ့နေတွေဘက်ကနေပြီးတော့ ဘယ်လို
အားဖြည့်နိုင်မလဲပေါ့။
<>
မေး - အဲဒီတော့ ကိုမင်းကိုနိုင်တို့ ကူညီမှုတွေ တစုံတရာ
ပြုလုပ်မယ်ဆိုတော့ ဘယ်လိုပုံစံမျိုးတွေ ကူညီဆောင်ရွက်မှုတွေ
၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) အနေနဲ့
လုပ်ဆောင်မလဲပေါ့။
ဖြေ - ကျနော်တို့ သူတို့မိသားစုတွေကို နှစ်သိမ့်နိုင်ရမယ်။
နှစ်သိမ့်နိုင်တယ်ဆိုတာ သူတို့ရဲ့အသက်တွေကို ကျနော်တို့
အစွမ်းရှိသမျှ ကာကွယ်ပေးပါ့မယ်လို့ ကတိပေးနိုင်ရမယ်။
ဘယ်လိုနည်းနဲ့ကာကွယ်ပေးကြမလဲ ဆိုတော့ ဒီဟာက
ကျနော်တို့ တစ်စုတစ်ဖွဲ့တည်းနဲ့မလုံလောက်ဘူး။
ကျနော်တို့ဆီက ဒီဟာကိုအမှန်တရားကိုပဲ လိုချင်ကျတဲ့
နိုင်ငံသားတွေရဲ့ငြိမ်းချမ်းစွာပူးပေါင်း ဆောင်ရွက်မှုလိုသလို
ဒီလက်ရှိအစိုးရကလဲ ဒီ့ထက်ပိုပြီး အားစိုက်ရမယ်။
ကျနော်ခုနက ထောက်ပြပါတယ်။
.
သံခင်းတမန်ခင်းကတကယ်လိုပါတယ်၊ နောက်တခါ
နိုင်ငံရေးအရကျွမ်းကျင်လိမ္မာမှုတွေလိုပါတယ်၊ ပြည်သူ
ပြည်သားတွေ၊ ကျနော်တို့နိုင်ငံသားတွေဘက်ကလည်း
လိုအပ်လို့ရှိရင် ခုနကလိုငြိမ်းချမ်းတဲ့နည်းနဲ့ ကျနော်တို့
ဒီကိစ္စကို ဝိုင်းဝန်းပြီးတော့ အားအင်စိုက်ကြရမယ်။
.
နောက်တခုက ခုရွေးကောက်ပွဲမှာအနိုင်ရထားတဲ့ပါတီဟာ
နိုင်ငံတကာကလေးစားရတဲ့ခေါင်းဆောင်ရှိပါတယ်။ အဲဒီ
အင်အားတွေကိုလည်း ကျနော်တို့လက်တွဲနိုင်တဲ့နည်းလမ်း
ရှာရမှာပေါ့။
[RFA သတင်းဌာန၏ မေးမြန်းချက်အားဖြေကြားချက်မှ]

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...