Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

Ramadi ၿမိဳ႕လယ္ IS ေတြကို အီရတ္တပ္ေတြ ၀ိုင္းထား

$
0
0

လြန္ခဲ့တဲ့ ၇ လ က IS စစ္ေသြးႂကြအဖြဲ႔လက္ထဲ က်ေရာက္သြားခဲ့တဲ့ Ramadi ၿမိဳ႕ကို ျပန္လည္သိမ္းပိုက္ဖို႔နဲ႔ IS ေတြရဲ႕ Caliphate အစၥလာမၼစ္ ႏုိင္ငံေတာ္ က်ံဳ႕သြားေအာင္ လုပ္ဖုိ႔ႀကိဳးပမ္းရာမွာ အီရတ္တပ္ဖြဲ႔ေတြက ၿမိဳ႕ရဲ႕အလယ္ရွိ IS ေတြကုိ ဗုဒၶဟူးေန႔က ၀ုိင္းထားလု အေျခအေန ရွိေနပါတယ္။

အီရတ္အၾကမ္းဖက္မႈ တန္ျပန္္ႏွိမ္နင္းေရး အထူးတပ္ဖြဲ႔က ဦးေဆာင္တဲ့ ထိုးစစ္အျဖစ္ အန္ဘာခ႐ိုင္ရဲ႕ၿမိဳ႕ေတာ္ ရာမာဒီ က အစိုးရ႐ံုး၀န္းကို ဦးတည္ၿပီး ဒုတိယေျမာက္ေန႔ တုိက္ခိုက္ေနတာပါ။ IS စစ္ေသြးႂကြ တိုက္ခိုက္ေရးသမား ရာေပါင္းမ်ားစြာ အဲဒီၿမိဳ႕လယ္ေခါင္မွာ အကာအကြယ္ယူၿပီး ေနေနၾကတယ္လုိ႔ ယူဆထားပါတယ္။

အီရတ္တပ္ေတြအေနနဲ႔ အစိုးရအေဆာက္အဦးေတြကို သိမ္းပိုက္ဖို႔ ၿမိဳ႕တြင္းကို ျဖည္းျဖည္းခ်င္း ၀င္ေရာက္ေနတယ္လို႔ အီရတ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး Anwar Hama Amin က ေျပာပါတယ္။ IS ေတြ ေထာင္ထားတဲ့ ဗံုးေတြ အမ်ားအျပား ရွိေနတဲ့အတြက္ ၿမိဳ႕ကုိျပန္သိမ္းဖုိ႔ ႀကိဳးပမ္းမႈက ေႏွးေကြးေနေပမဲ့ အစိုးရ အေဆာက္အဦးေတြ ရွိတဲ့ေနရာကို ထိန္းခ်ဳပ္ႏိုင္ၿပီဆိုရင္ Ramadi ၿမိဳ႕ရဲ႕ က်န္ေနရာေတြကို ျပန္သိမ္းဖုိ႔ လြယ္သြားမွာ ျဖစ္တယ္လို႔ သူက ဆိုပါတယ္။

ေဒသခံသတင္းေထာက္ Raad Khashi ကေတာ့ IS အဖြဲ႔ တိုက္ခိုက္ေရးသမားေတြဟာ အရပ္သားေတြကို လူသားဒိုင္းေတြအျဖစ္ အသံုးျပဳၿပီး အကာအကြယ္ယူေနၾကတယ္လို႔ ေျပာပါတယ္။

လူေတာ္ေတာ္မ်ားမ်ားကေတာ့ ထြက္ေျပး လြတ္ေျမာက္ၾကေပမဲ့ ထြက္မေျပးႏိုင္သူေတြကိုေတာ့ IS ေတြက Ramadi ၿမိဳ႕တြင္းမွာရွိတဲ့ သူတို႔ ပစ္မွတ္ေတြကို အီရတ္တပ္ဖြဲ႔ေတြနဲ႔ ႏိုင္ငံတကာ ညြန္႔ေပါင္းတပ္ေတြရဲ႕ ေလေၾကာင္း တိုက္ခိုက္မႈေတြ မလုပ္ႏိုင္ေအာင္ အကာအကြယ္အျဖစ္ အသံုးျပဳထားတယ္လို႔ သူက ေျပာပါတယ္။

VOA Burmese
http://burmese.voanews.com
...............


လွန်ခဲ့တဲ့ ရ လ က IS စစ်သွေးကြွအဖွဲ့လက်ထဲ ကျရောက်သွားခဲ့တဲ့ Ramadi မြို့ကို ပြန်လည်သိမ်းပိုက်ဖို့နဲ့ IS တွေရဲ့ Caliphate အစ္စလာမ္မစ် နိုင်ငံတော် ကျုံ့သွားအောင် လုပ်ဖို့ကြိုးပမ်းရာမှာ အီရတ်တပ်ဖွဲ့တွေက မြို့ရဲ့အလယ်ရှိ IS တွေကို ဗုဒ္ဓဟူးနေ့က ၀ုိင်းထားလု အခြေအနေ ရှိနေပါတယ်။

အီရတ်အကြမ်းဖက်မှု တန်ပြန််နှိမ်နင်းရေး အထူးတပ်ဖွဲ့က ဦးဆောင်တဲ့ ထိုးစစ်အဖြစ် အန်ဘာခရိုင်ရဲ့မြို့တော် ရာမာဒီ က အစိုးရရုံးဝန်းကို ဦးတည်ပြီး ဒုတိယမြောက်နေ့ တိုက်ခိုက်နေတာပါ။ IS စစ်သွေးကြွ တိုက်ခိုက်ရေးသမား ရာပေါင်းများစွာ အဲဒီမြို့လယ်ခေါင်မှာ အကာအကွယ်ယူပြီး နေနေကြတယ်လို့ ယူဆထားပါတယ်။

အီရတ်တပ်တွေအနေနဲ့ အစိုးရအဆောက်အဦးတွေကို သိမ်းပိုက်ဖို့ မြို့တွင်းကို ဖြည်းဖြည်းချင်း ၀င်ရောက်နေတယ်လို့ အီရတ် ဒုတိယဗိုလ်ချုပ်ကြီး Anwar Hama Amin က ပြောပါတယ်။ IS တွေ ထောင်ထားတဲ့ ဗုံးတွေ အများအပြား ရှိနေတဲ့အတွက် မြို့ကိုပြန်သိမ်းဖို့ ကြိုးပမ်းမှုက နှေးကွေးနေပေမဲ့ အစိုးရ အဆောက်အဦးတွေ ရှိတဲ့နေရာကို ထိန်းချုပ်နိုင်ပြီဆိုရင် Ramadi မြို့ရဲ့ ကျန်နေရာတွေကို ပြန်သိမ်းဖို့ လွယ်သွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒေသခံသတင်းထောက် Raad Khashi ကတော့ IS အဖွဲ့ တိုက်ခိုက်ရေးသမားတွေဟာ အရပ်သားတွေကို လူသားဒိုင်းတွေအဖြစ် အသုံးပြုပြီး အကာအကွယ်ယူနေကြတယ်လို့ ပြောပါတယ်။

လူတော်တော်များများကတော့ ထွက်ပြေး လွတ်မြောက်ကြပေမဲ့ ထွက်မပြေးနိုင်သူတွေကိုတော့ IS တွေက Ramadi မြို့တွင်းမှာရှိတဲ့ သူတို့ ပစ်မှတ်တွေကို အီရတ်တပ်ဖွဲ့တွေနဲ့ နိုင်ငံတကာ ညွန့်ပေါင်းတပ်တွေရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ မလုပ်နိုင်အောင် အကာအကွယ်အဖြစ် အသုံးပြုထားတယ်လို့ သူက ပြောပါတယ်။

VOA Burmese
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...