Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ျပင္သစ္ တုိက္ခုိက္မႈ သံသယရွိသူ ေနာက္တဦး ဘယ္လ္ဂ်ီယံ ဖမ္းဆီး

$
0
0
ဘယ္လ္ဂ်ီယံရဲတပ္ဖြဲ႔ လံုျခံဳေရးတင္းက်ပ္။ (ဒီဇင္ဘာ ၂၀၊ ၂၀၁၅)

ျပင္သစ္ႏုိင္ငံ ပါရီၿမိဳ႕ေတာ္မွာ ႏို၀င္ဘာလ ၁၃ ရက္ အၾကမ္းဖက္တိုက္ခိုက္မႈမွာ ပါ၀င္ ပတ္သက္သူလုိ႔ သံယသရွိထားတဲ့ ၉ ေယာက္ေျမာက္ အမ်ိဳးသားကို ဘယ္လ္ဂ်ီယံ အစိုးရအရာရွိေတြက ဖမ္းဆီးလိုက္ပါတယ္။ သူ႔ကို ဘရက္ဆဲလ္ၿမိဳ႕မွာ ဒီသီတင္းပတ္ အေစာပိုင္း ကတည္းက ဖမ္းဆီးလိုက္တာျဖစ္ေပမဲ့ သူနဲ႔ပူးေပါင္းၾကံစည္သူေတြကို သတိေပးလိုက္တာမ်ိဳး ျဖစ္မွာစိုးတဲ့အတြက္ ဖမ္းဆီးမႈကို လွ်ိဳ႕၀ွက္ထားခဲ့တာလုိ႔ ဖက္ဒရယ္ အစိုးရေရွ႕ေန႐ံုး ေျပာခြင့္ရတဦးက ေျပာပါတယ္။
 ေနာက္ထပ္ အေသးစိတ္ အခ်က္အလက္ေတြ မၾကာခင္ ထပ္သိရဖို႔လည္း ေမွ်ာ္လင့္ရပါတယ္။

အခုသံသယနဲ႔ဖမ္းဆီးလိုက္သူဟာ ပါရီၿမိဳ႕ တိုက္ခိုက္မႈကို စီစဥ္ခဲ့သူအျဖစ္ သံသယရွိထားတဲ့ Abdelhamin Abaaoud ရဲ႕ ၀မ္းကြဲတေယာက္နဲ႔ တယ္လီဖုန္း ကေန အဆက္အသြယ္ ရွိတယ္လုိ႔ ယံုၾကည္ရပါတယ္။ Abaaoud နဲ႔ သူ႔ရဲ႕ ၀မ္းကြဲညီအစ္ကို Hasna Ait Boulahcen တို႔ကေတာ့ ပါရီၿမိဳ႕ တိုက္ခိုက္မႈေတြ အၿပီး Saint Denis ၿမိဳ႕မွာ ရဲတပ္ဖြဲ႔က ၀င္ေရာက္ရွာေဖြ ဖမ္းဆီးမႈေတြ တြင္း ေသဆံုးခဲ့တာပါ။

အခုသံသယရွိသူကို အဂၤါေန႔က ဖမ္းဆီးလိုက္တာျဖစ္တဲ့အေၾကာင္း ဘယ္လ္ဂ်ီယံ DH သတင္းစာမွာ ေဖာ္ျပထားပါတယ္။ ဖမ္းဆီးခံရသူရဲ႕ နံမည္ကိုေတာ့ မေဖာ္ျပထားပါဘူး။

တနလၤာေန႔တုန္းကလည္း ပါရီၿမိဳ႕ တိုက္ခိုက္မႈနဲ႔ ဆက္စပ္တဲ့ စီးနင္းရွာေဖြမႈေတြတြင္း ညီအစ္ကိုႏွစ္ဦး အပါအ၀င္ သံသယရွိသူ ၅ ဦးကို ဘယ္လ္ဂ်ီယံ ရဲတပ္ဖြဲ႔က ဖမ္းဆီး ခဲ့ပါတယ္။ ဘယ္သူဘယ္၀ါေတြ ျဖစ္တယ္ဆုိတာကိုေတာ့ ထုတ္မေျပာပါဘူး။ ဒီစီးနင္းရွာေဖြမႈေတြတြင္း ေဖာက္ခြဲပစၥည္းေတြ ဒါမွမဟုတ္ လက္နက္ေတြ ရွာေတြ႔ တာလည္း မရွိပါဘူး။

ႏို၀င္ဘာလ ၁၃ ရက္ေန႔က ပါရီၿမိဳ႕ေတာ္မွာျဖစ္ခဲ့တဲ့ အၾကမ္းဖက္ တိုက္ခုိက္မႈေတြ တြင္းမွာေတာ့ လူ ၁၃၀ ေသဆံုးၿပီး ၃၀၀ ေက်ာ္ ဒဏ္ရာ ရရွိခဲ့တာျဖစ္ပါတယ္။

VOA Burmese
http://burmese.voanews.com
...............
 ဘယ်လ်ဂျီယံရဲတပ်ဖွဲ့ လုံခြုံရေးတင်းကျပ်။ (ဒီဇင်ဘာ ၂၀၊ ၂၀၁၅)

ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ နိုဝင်ဘာလ ၁၃ ရက် အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါ၀င် ပတ်သက်သူလို့ သံယသရှိထားတဲ့ ၉ ယောက်မြောက် အမျိုးသားကို ဘယ်လ်ဂျီယံ အစိုးရအရာရှိတွေက ဖမ်းဆီးလိုက်ပါတယ်။ သူ့ကို ဘရက်ဆဲလ်မြို့မှာ ဒီသီတင်းပတ် အစောပိုင်း ကတည်းက ဖမ်းဆီးလိုက်တာဖြစ်ပေမဲ့ သူနဲ့ပူးပေါင်းကြံစည်သူတွေကို သတိပေးလိုက်တာမျိုး ဖြစ်မှာစိုးတဲ့အတွက် ဖမ်းဆီးမှုကို လျှို့ဝှက်ထားခဲ့တာလို့ ဖက်ဒရယ် အစိုးရရှေ့နေရုံး ပြောခွင့်ရတဦးက ပြောပါတယ်။
 နောက်ထပ် အသေးစိတ် အချက်အလက်တွေ မကြာခင် ထပ်သိရဖို့လည်း မျှော်လင့်ရပါတယ်။

အခုသံသယနဲ့ဖမ်းဆီးလိုက်သူဟာ ပါရီမြို့ တိုက်ခိုက်မှုကို စီစဉ်ခဲ့သူအဖြစ် သံသယရှိထားတဲ့ Abdelhamin Abaaoud ရဲ့ ၀မ်းကွဲတယောက်နဲ့ တယ်လီဖုန်း ကနေ အဆက်အသွယ် ရှိတယ်လို့ ယုံကြည်ရပါတယ်။ Abaaoud နဲ့ သူ့ရဲ့ ၀မ်းကွဲညီအစ်ကို Hasna Ait Boulahcen တို့ကတော့ ပါရီမြို့ တိုက်ခိုက်မှုတွေ အပြီး Saint Denis မြို့မှာ ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေ ဖမ်းဆီးမှုတွေ တွင်း သေဆုံးခဲ့တာပါ။

အခုသံသယရှိသူကို အင်္ဂါနေ့က ဖမ်းဆီးလိုက်တာဖြစ်တဲ့အကြောင်း ဘယ်လ်ဂျီယံ DH သတင်းစာမှာ ဖော်ပြထားပါတယ်။ ဖမ်းဆီးခံရသူရဲ့ နံမည်ကိုတော့ မဖော်ပြထားပါဘူး။

တနင်္လာနေ့တုန်းကလည်း ပါရီမြို့ တိုက်ခိုက်မှုနဲ့ ဆက်စပ်တဲ့ စီးနင်းရှာဖွေမှုတွေတွင်း ညီအစ်ကိုနှစ်ဦး အပါအဝင် သံသယရှိသူ ၅ ဦးကို ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ပါတယ်။ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာကိုတော့ ထုတ်မပြောပါဘူး။ ဒီစီးနင်းရှာဖွေမှုတွေတွင်း ဖောက်ခွဲပစ္စည်းတွေ ဒါမှမဟုတ် လက်နက်တွေ ရှာတွေ့ တာလည်း မရှိပါဘူး။

နိုဝင်ဘာလ ၁၃ ရက်နေ့က ပါရီမြို့တော်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ တွင်းမှာတော့ လူ ၁၃၀ သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

VOA Burmese
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>