Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796
↧

Article 8

$
0
0

အစိမ္းေရာင္ ေဖာင္း၀တ္မ်ားၾကားက ေရြ႕ရွားေနေသာ သံမဏိႏွင္းဆီ - လက္ေစာင္းထက္

Submitted by Zay Thu on Fri, 12/25/2015 - 15:54

အခ်ိန္မွာ ဒီဇင္ဘာ ၁၇ရက္ ညေန၆း၀၀။
ေနရာမွာ ေနျပည္ေတာ္ ဟုိတယ္ဇုန္အတြင္းရွိ ျမန္မာႏုိင္ငံ၌ အေကာင္းဆံုး ဟုိတယ္ထဲတြင္ တစ္ခုအပါအ၀င္ျဖစ္ေသာ Kempinsky ဟုိတယ္တြင္ျဖစ္သည္။

ဟုိတယ္ဧည့္ခန္းမ အတြင္း၌ ျမန္မာ့တပ္မေတာ္မွ အရာရွိႀကီးမ်ား ပ်ားပန္းခတ္ လႈပ္ရွားလ်က္ရွိသည္။ ထုိ႔ျပင္ ျမန္မာႏုိင္ငံ၏ ဒီမုိကေရစီ ျပဳျပင္ေျပာင္းလဲေရး လုပ္ငန္းအစီအစဥ္မ်ားကုိ အဓိက ပံ့ပုိးအားေပးေနသည့္ အေနာက္ႏုိင္ငံသားမ်ားလည္း ရွိေနသည္။ သူတုိ႔အားလံုးသည္ ၿဗိတိန္ႏုိင္ငံမွ အဓိက ကူညီပံ့ပုိးသည့္ တတိယအႀကိမ္ေျမာက္ UK Reception of Militray Training သင္တန္းဆင္းပြဲ၏ ညစာစားပြဲကုိ ေရာက္ရွိေနၾကျခင္း ျဖစ္သည္။ ယခုညစာစားပြဲတြင္ ယင္းသင္တန္းကုိ ေငြကုန္ေၾကးက်ခံ၍ ကူညီခဲ့သူမ်ားႏွင့္ သင္တန္းတက္ေရာက္ခဲ့ေသာ တပ္မေတာ္ အရာရွိႀကီးမ်ား သာမက ဧည့္သည္တစ္ဦး လာေရာက္ရန္ရွိသည့္အတြက္ ထူးျခားသည့္ အသြင္သ႑ာန္ကုိ ေဆာင္လ်က္ရွိသည္။ မၾကာခင္ ဟုိတယ္ေပၚတီကုိ ေအာက္သုိ႔ ေမာ္ေတာ္ကားတစ္စီး ထုိးဆုိက္လာသည္။ ကားေပၚမွ ကမၻာ့ၿငိမ္းခ်မ္းေရး ႏုိဘယ္ဆုရွင္၊ ၂၀၁၅ အေထြေထြ ေရြးေကာက္ပြဲ အႏုိင္ရပါတီ၏ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ ဆင္းသက္လာသည္။ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္အတူ ဒီခ်ဳပ္ပါတီ ဗဟုိအလုပ္အမႈေဆာင္ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ ဦး၀င္းထိန္၊ အျခားလႊတ္ေတာ္ ကုိယ္စားလွယ္မ်ားျဖစ္သည့္ ဦးၿဖိဳးေဇယ်ာေသာ္ႏွင့္ ဦးမင္းဦးတုိ႔လည္း လုိက္ပါလာၾကသည္။ အားလံုးကုိ ဟုိတယ္ခန္းမ အတြင္းရွိ တာ၀န္ရွိ ပုဂိၢဳလ္အားလံုးက လိႈက္လႈိက္လွဲလွဲ ေႏြးေႏြးေထြးေထြး ႀကိဳဆုိႏႈတ္ဆက္သည္။ ဤျမင္ကြင္းသည္ ႏုိင္ငံေရးအရ အျမင္မတူေသာ အရပ္ဘက္ႏွင့္ စစ္ဘက္၏ ရွားရွားပါးပါး ျမင္ကြင္းတစ္ရပ္ျဖစ္သည္။

ယခုဧည့္ခံပြဲမတုိင္ခင္ ေဒၚေအာင္ဆန္းစုၾကည္သည္ ယခင္တပ္မေတာ္ အႀကီးအကဲေဟာင္း ဗုိလ္ခ်ဳပ္မွဴးႀကီး သန္းေရႊ(ၿငိမ္း)ႏွင့္ ႏွစ္နာရီခြဲၾကာ ေတြ႔ဆံုေဆြးေႏြးခဲ့ၿပီးျဖစ္သည္။ ရက္ေပါင္း ၃၀ေက်ာ္အတြင္း အႏုိင္ရ ပါတီေခါင္းေဆာင္သည္ ျမန္မာ့ႏုိင္ငံေရး၏ Key Playerမ်ား ျဖစ္ၾကေသာ လက္ရွိႏုိင္ငံေတာ္ သမၼတ (ဗုိလ္ခ်ဳပ္ႀကီးေဟာင္း) ဦးသိန္းစိန္၊ ျပည္ေထာင္စု လႊတ္ေတာ္နာယက (ဗုိလ္ခ်ဳပ္ႀကီးေဟာင္း) သူရဦးေရႊမန္း၊ လက္ရွိတပ္မေတာ္ အႀကီးအကဲ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္တုိ႔ႏွင့္ အသီးသီး ဆံုေတြ႔ခဲ့ၿပီးျဖစ္သည္။ ျမန္မာႏုိင္ငံ၏ ဒီမုိကေရစီ ျပဳျပင္ေျပာင္းလဲေရးတြင္ အၿမဲလိုလို ပူးေပါင္းေဆာင္ရြက္ရန္ ေႏွးေကြးေလ့ရွိေသာ တပ္မေတာ္ အသုိင္းအ၀ုိင္းကုိ စည္း႐ုံးဆြဲေခၚရန္မွာ ေဒၚေအာင္ဆန္းစုၾကည္အတြက္ အႀကီးမားဆံုးေသာ စိန္ေခၚမႈျဖစ္သည္။ သုိ႔ေသာ္ လက္ရွိႏုိင္ငံေရး အခင္းအက်င္းတြင္ ဒီမုိကေရစီ မဆန္ေသာ ဥပေဒမ်ားကုိ ျပင္ဆင္ေျပာင္းလဲေရးမွအပ ေနာက္အစုိးရသစ္အား အာဏာလႊဲေျပာင္းေရး လုပ္ငန္းစဥ္မွာ အစစအရာရာ အဆင္ေျပေခ်ာေမြ႔သေယာင္ ရွိေနသည္။ ေဒၚေအာင္ဆန္းစုၾကည္သည္ မိခင္ျဖစ္သူ ေဒၚခင္ၾကည္ နာမက်န္းျဖစ္သည့္အတြက္ အဂၤလန္ႏုိင္ငံမွ ျမန္မာႏုိင္ငံသုိ႔ ျပန္ေရာက္လာခဲ့ၿပီးေနာက္ ၁၉၈၈ခုႏွစ္ ဒီမုိကေရစီ ေတာင္းဆုိမႈ ေတာ္လွန္ေရးတစ္ရပ္ႏွင့္ ရင္ဆုိင္ႀကံဳေတြ႔ခဲ့ရသည္။ ျမန္မာ့ႏုိင္ငံေရး၏ သမုိင္းေၾကာင္း လိုအပ္ခ်က္အရ တုိင္းျပည္၏ လြတ္လပ္ေရးကုိ သက္စြန္႔ႀကိဳးပမ္းရယူေပးခဲ့ေသာ ဗုိလ္ခ်ဳပ္ေအာင္ဆန္း၏ သမီးျဖစ္သူကုိ ေတာ္လွန္ေရး ေခါင္းစီးအျဖစ္ ႏုိင္ငံသားမ်ားက အေရးတႀကီး လုိအပ္ေနခဲ့သည္။ ထုိအေျခအေနအရ လူ႔အခြင့္အေရးႏွင့္ ဒီမုိကေရစီရရွိေရး ေတာင္းဆိုမႈမ်ားကုိ ျမန္မာျပည္အတြက္ ေဒၚေအာင္ဆန္းစုၾကည္က ဦးစီးေခါင္းေဆာင္ျပဳခဲ့သည္။ အာဏာရွင္စနစ္၏ အားနည္းခ်က္မ်ားကို ေ၀ဖန္ေထာက္ျပခဲ့ရာမွ အစျပဳခဲ့သည့္ ပဋိပကၡမ်ားသည္ ထုိအခ်ိန္က အာဏာသိမ္း ျမန္မာ့တပ္မေတာ္ ေခါင္းေဆာင္မ်ားအတြက္ အမုန္းတရားမ်ား ျဖစ္ေပၚလာခဲ့သည္။ ႏုိင္ငံတကာက ဒီမုိကေရစီ သေကၤတ၏ ျပယုဂ္အျဖစ္ ေဒၚေအာင္ဆန္းစုၾကည္ကုိ ၫႊန္းဆုိေလ တပ္မေတာ္ အႀကီးအကဲမ်ားက ထုိအမ်ဳိးသမီးကုိ တပ္မေတာ္အား ၿဖိဳခြဲဖ်က္ဆီးမည့္ရန္သူဟု ထင္ေလျဖစ္လာသည္။ ထုိအခ်ိန္က ႏုိင္ငံေတာ္ ၿငိမ္၀ပ္ပိျပားမႈ တည္ေဆာက္ေရးအဖြဲ႔(န၀တ) ေခါင္းေဆာင္မ်ားျဖစ္သည့္ ဗုိလ္ခ်ဳပ္မွဴးႀကီး ေစာေမာင္၊ ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး သန္းေရႊ အပါအ၀င္ တပ္မေတာ္ ေထာက္လွမ္းေရး အႀကီးအကဲ ဗုိလ္ခ်ဳပ္ခင္ၫြန္႔တုိ႔ကပါ ႏုိင္ငံပုိင္ မီဒီယာမ်ားမွတစ္ဆင့္ ေဒၚေအာင္ဆန္းစုၾကည္ကုိ တုိက္ခုိက္ခဲ့ၾကသည္။ ႏုိင္ငံပုိင္ သတင္းစာမ်ားမွ ပုဂိၢဳလ္ေရးအရ တုိက္ခုိက္ေသာ ေဆာင္းပါးမ်ားကုိ တပ္မေတာ္ လက္ပါးေစမ်ားက မရပ္မနား ေရးသားခဲ့ၾကသည္။ ေဒၚေအာင္ဆန္းစုၾကည္ အေနျဖင့္လည္း ႏုိင္ငံေရးအရ ထိပ္တုိက္ ေတြ႔ဆံုေရးလမ္းေၾကာင္း (Confrontation Line)ကုိ ေရြးခ်ယ္ကာ ထုိအခ်ိန္က ပါတီ၏ ေဆာင္ပုဒ္ျဖစ္သည့္ “ဖိႏွိပ္သည့္ ဥပေဒမွန္သမွ် တာ၀န္အရ ဖီဆန္ၾက” ဟူသည့္အတုိင္း တပ္မေတာ္ကုိ အာခံခဲ့သည္။ ထုိအေျခအေနမ်ားေၾကာင့္ ႏွစ္ေပါင္းမ်ားစြာ ေနအိမ္အက်ယ္ခ်ဳပ္ျဖင့္ ေနထုိင္ခဲ့ရသည္။

ႏွစ္ေပါင္း ၂၇ႏွစ္ ၾကာေသာအခါ ျမန္မာႏုိင္ငံ၌ ျပဳလုပ္သည့္ ေရြးေကာက္ပြဲတြင္ ျပည္သူမ်ားက ေဒၚေအာင္ဆန္းစုၾကည္ကုိပင္ မဲေပးခဲ့ျပန္သည္။ ထုိေအာင္ပြဲသည္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဒီခ်ဳပ္ပါတီသာမက ကမၻာႏွင့္ အေမရိကန္ႏုိင္ငံ၏ ဒီမုိကေရစီ ျပန္႔ပြားေရးေအာင္ပြဲဟုပင္ ႏုိင္ငံတကာက တင္စားခဲ့သည္။ ယခုတစ္ႀကိမ္လည္း လြတ္လပ္ေရးဖခင္ ျမန္မာ့တပ္မေတာ္ ေခါင္းေဆာင္ ဗုိလ္ခ်ဳပ္ေအာင္ဆန္း၏ သမီးမွာ အစိမ္းေရာင္ ေဖာင္း၀တ္မ်ားၾကားတြင္ တုိင္းျပည္ကုိ အသြင္ေျပာင္းရန္အတြက္ ေရြ႕လ်ားေနရျပန္သည္။ သုိ႔ေသာ္ ႏုိင္ငံေရး အေျခအေနမ်ားကား လြန္ခဲ့ေသာႏွစ္ ၂၀ေက်ာ္ကႏွင့္မတူ။ ထုိအခ်ိန္က ဒီခ်ဳပ္ပါတီ အေနျဖင့္ ႏုိင္ငံေရးအရ တစ္စုိက္မတ္မတ္ ေတာင္းဆုိခဲ့ေသာ ၿငိမ္းခ်မ္းစြာ ေတြ႔ဆံုေဆြးေႏြး ေျဖရွင္းေရး (TableTalk)ကုိ ယခုအခါ ရရွိေနၿပီျဖစ္သည္။ ေဒၚေအာင္ဆန္းစုၾကည္ အေနျဖင့္ ႏွစ္ေပါင္း ၃၀နီးပါး ႏုိင္ငံေရး အေတြ႔အႀကံဳမ်ားျဖင့္ ျမန္မာ့ႏုိင္ငံေရး အခန္းက႑တြင္ ႀကီးႀကီးမားမား ေနရာယူထားေသာ တပ္မေတာ္ကုိ ထိေတြ႔ဆက္ဆံရမည္ျဖစ္သည္။ ယံုၾကည္မႈ တည္ေဆာက္ရမည္ျဖစ္သည္။ ျပႆနာမ်ားကို ေျပလည္ေအာင္ ေျဖရွင္းၾကရမည္ျဖစ္သည္။ ထုိအေျခအေနတြင္ တပ္မေတာ္၏ လက္ရွိေခါင္းေဆာင္မ်ား အေနျဖင့္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ အျမင္သစ္တစ္ခုကုိ စတင္တည္ေဆာက္လ်က္ရွိသည္။ ႏုိင္ငံကုိ ျပဳျပင္ေျပာင္းလဲႏုိင္သည့္ Key Playerမ်ားကို တုိင္းျပည္အား မ်က္ႏွာမူ၍ ေဆာင္ရြက္ရန္အတြက္ ျပည္သူလူထုက ေရြးခ်ယ္စရာ ေနာက္ထပ္မရွိသည့္ ႏုိင္ငံေရး ကစားကြင္းသစ္တစ္ကြင္း (Political Arena) ေပးထားခဲ့ၿပီျဖစ္သည္။ ယခုအခါ သူတုိ႔အားလံုးသည္ ထုိကြင္းထဲသုိ႔ ေရာက္ရွိေနၿပီး ၂၀၁၆ခုႏွစ္တြင္ ကစားပံုကုိ စတင္ျမင္ေတြ႔ရေတာ့မည္ ျဖစ္သည္။

ယခု Kempinsky ဟုိတယ္၌ ေဒၚေအာင္ဆန္းစုၾကည္သည္ သင္တန္းတက္ေရာက္ခဲ့ၾကသည့္ တပ္မေတာ္မွ အဆင့္ျမင့္ အရာရွိႀကီးမ်ား ျဖစ္ၾကသည့္ ဗုိလ္မွဴးႀကီး ၁၆ဦး၊ ဒုဗုိလ္မွဴးႀကီး ရွစ္ဦးတုိ႔ႏွင့္အတူ ညစာအတူ သံုးေဆာင္လ်က္ရွိသည္။ ထုိအေျခအေနသည္ ကစားပြဲမစခင္ ေသြးပူေလ့က်င့္ခန္း လုပ္ေနျခင္းႏွင့္တူပါသည္။ မည္သုိ႔ပင္ျဖစ္ေစ မၾကာခင္ ထုိကစားပြဲကုိ ကၽြန္ေတာ္တုိ႔ ျမင္ေတြ႔ၾကရေတာ့မည္ျဖစ္သည္။

လက္ေစာင္းထက္
Tomorrow
......................

အစိမ်းရောင် ဖောင်းဝတ်များကြားက ရွေ့ရှားနေသော သံမဏိနှင်းဆီ - လက်စောင်းထက်

Submitted by Zay Thu on Fri, 12/25/2015 - 15:54

အချိန်မှာ ဒီဇင်ဘာ ၁၇ရက် ညနေ၆းဝဝ။
နေရာမှာ နေပြည်တော် ဟိုတယ်ဇုန်အတွင်းရှိ မြန်မာနိုင်ငံ၌ အကောင်းဆုံး ဟိုတယ်ထဲတွင် တစ်ခုအပါအဝင်ဖြစ်သော Kempinsky ဟိုတယ်တွင်ဖြစ်သည်။

ဟိုတယ်ဧည့်ခန်းမ အတွင်း၌ မြန်မာ့တပ်မတော်မှ အရာရှိကြီးများ ပျားပန်းခတ် လှုပ်ရှားလျက်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအစီအစဉ်များကို အဓိက ပံ့ပိုးအားပေးနေသည့် အနောက်နိုင်ငံသားများလည်း ရှိနေသည်။ သူတို့အားလုံးသည် ဗြိတိန်နိုင်ငံမှ အဓိက ကူညီပံ့ပိုးသည့် တတိယအကြိမ်မြောက် UK Reception of Militray Training သင်တန်းဆင်းပွဲ၏ ညစာစားပွဲကို ရောက်ရှိနေကြခြင်း ဖြစ်သည်။ ယခုညစာစားပွဲတွင် ယင်းသင်တန်းကို ငွေကုန်ကြေးကျခံ၍ ကူညီခဲ့သူများနှင့် သင်တန်းတက်ရောက်ခဲ့သော တပ်မတော် အရာရှိကြီးများ သာမက ဧည့်သည်တစ်ဦး လာရောက်ရန်ရှိသည့်အတွက် ထူးခြားသည့် အသွင်သဏ္ဍာန်ကို ဆောင်လျက်ရှိသည်။ မကြာခင် ဟိုတယ်ပေါ်တီကို အောက်သို့ မော်တော်ကားတစ်စီး ထိုးဆိုက်လာသည်။ ကားပေါ်မှ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရပါတီ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဆင်းသက်လာသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒီချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်၊ အခြားလွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးဖြိုးဇေယျာသော်နှင့် ဦးမင်းဦးတို့လည်း လိုက်ပါလာကြသည်။ အားလုံးကို ဟိုတယ်ခန်းမ အတွင်းရှိ တာဝန်ရှိ ပုဂ္ဂိုလ်အားလုံးက လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေး ကြိုဆိုနှုတ်ဆက်သည်။ ဤမြင်ကွင်းသည် နိုင်ငံရေးအရ အမြင်မတူသော အရပ်ဘက်နှင့် စစ်ဘက်၏ ရှားရှားပါးပါး မြင်ကွင်းတစ်ရပ်ဖြစ်သည်။

ယခုဧည့်ခံပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်သည် ယခင်တပ်မတော် အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)နှင့် နှစ်နာရီခွဲကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သည်။ ရက်ပေါင်း ၃၀ကျော်အတွင်း အနိုင်ရ ပါတီခေါင်းဆောင်သည် မြန်မာ့နိုင်ငံရေး၏ Key Playerများ ဖြစ်ကြသော လက်ရှိနိုင်ငံတော် သမ္မတ (ဗိုလ်ချုပ်ကြီးဟောင်း) ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက (ဗိုလ်ချုပ်ကြီးဟောင်း) သူရဦးရွှေမန်း၊ လက်ရှိတပ်မတော် အကြီးအကဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် အသီးသီး ဆုံတွေ့ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် အမြဲလိုလို ပူးပေါင်းဆောင်ရွက်ရန် နှေးကွေးလေ့ရှိသော တပ်မတော် အသိုင်းအဝိုင်းကို စည်းရုံးဆွဲခေါ်ရန်မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်သည်။ သို့သော် လက်ရှိနိုင်ငံရေး အခင်းအကျင်းတွင် ဒီမိုကရေစီ မဆန်သော ဥပဒေများကို ပြင်ဆင်ပြောင်းလဲရေးမှအပ နောက်အစိုးရသစ်အား အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်မှာ အစစအရာရာ အဆင်ပြေချောမွေ့သယောင် ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ဖြစ်သူ ဒေါ်ခင်ကြည် နာမကျန်းဖြစ်သည့်အတွက် အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာခဲ့ပြီးနောက် ၁၉၈၈ခုနှစ် ဒီမိုကရေစီ တောင်းဆိုမှု တော်လှန်ရေးတစ်ရပ်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ မြန်မာ့နိုင်ငံရေး၏ သမိုင်းကြောင်း လိုအပ်ချက်အရ တိုင်းပြည်၏ လွတ်လပ်ရေးကို သက်စွန့်ကြိုးပမ်းရယူပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူကို တော်လှန်ရေး ခေါင်းစီးအဖြစ် နိုင်ငံသားများက အရေးတကြီး လိုအပ်နေခဲ့သည်။ ထိုအခြေအနေအရ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရရှိရေး တောင်းဆိုမှုများကို မြန်မာပြည်အတွက် ဒေါ်အောင်ဆန်းစုကြည်က ဦးစီးခေါင်းဆောင်ပြုခဲ့သည်။ အာဏာရှင်စနစ်၏ အားနည်းချက်များကို ဝေဖန်ထောက်ပြခဲ့ရာမှ အစပြုခဲ့သည့် ပဋိပက္ခများသည် ထိုအချိန်က အာဏာသိမ်း မြန်မာ့တပ်မတော် ခေါင်းဆောင်များအတွက် အမုန်းတရားများ ဖြစ်ပေါ်လာခဲ့သည်။ နိုင်ငံတကာက ဒီမိုကရေစီ သင်္ကေတ၏ ပြယုဂ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ညွှန်းဆိုလေ တပ်မတော် အကြီးအကဲများက ထိုအမျိုးသမီးကို တပ်မတော်အား ဖြိုခွဲဖျက်ဆီးမည့်ရန်သူဟု ထင်လေဖြစ်လာသည်။ ထိုအချိန်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(နဝတ) ခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် တပ်မတော် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်တို့ကပါ နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ခဲ့ကြသည်။ နိုင်ငံပိုင် သတင်းစာများမှ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်သော ဆောင်းပါးများကို တပ်မတော် လက်ပါးစေများက မရပ်မနား ရေးသားခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း နိုင်ငံရေးအရ ထိပ်တိုက် တွေ့ဆုံရေးလမ်းကြောင်း (Confrontation Line)ကို ရွေးချယ်ကာ ထိုအချိန်က ပါတီ၏ ဆောင်ပုဒ်ဖြစ်သည့် “ဖိနှိပ်သည့် ဥပဒေမှန်သမျှ တာဝန်အရ ဖီဆန်ကြ” ဟူသည့်အတိုင်း တပ်မတော်ကို အာခံခဲ့သည်။ ထိုအခြေအနေများကြောင့် နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသည်။

နှစ်ပေါင်း ၂၇နှစ် ကြာသောအခါ မြန်မာနိုင်ငံ၌ ပြုလုပ်သည့် ရွေးကောက်ပွဲတွင် ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်ကိုပင် မဲပေးခဲ့ပြန်သည်။ ထိုအောင်ပွဲသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ပါတီသာမက ကမ္ဘာနှင့် အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီ ပြန့်ပွားရေးအောင်ပွဲဟုပင် နိုင်ငံတကာက တင်စားခဲ့သည်။ ယခုတစ်ကြိမ်လည်း လွတ်လပ်ရေးဖခင် မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးမှာ အစိမ်းရောင် ဖောင်းဝတ်များကြားတွင် တိုင်းပြည်ကို အသွင်ပြောင်းရန်အတွက် ရွေ့လျားနေရပြန်သည်။ သို့သော် နိုင်ငံရေး အခြေအနေများကား လွန်ခဲ့သောနှစ် ၂၀ကျော်ကနှင့်မတူ။ ထိုအချိန်က ဒီချုပ်ပါတီ အနေဖြင့် နိုင်ငံရေးအရ တစ်စိုက်မတ်မတ် တောင်းဆိုခဲ့သော ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းရေး (TableTalk)ကို ယခုအခါ ရရှိနေပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နှစ်ပေါင်း ၃၀နီးပါး နိုင်ငံရေး အတွေ့အကြံုများဖြင့် မြန်မာ့နိုင်ငံရေး အခန်းကဏ္ဍတွင် ကြီးကြီးမားမား နေရာယူထားသော တပ်မတော်ကို ထိတွေ့ဆက်ဆံရမည်ဖြစ်သည်။ ယုံကြည်မှု တည်ဆောက်ရမည်ဖြစ်သည်။ ပြဿနာများကို ပြေလည်အောင် ဖြေရှင်းကြရမည်ဖြစ်သည်။ ထိုအခြေအနေတွင် တပ်မတော်၏ လက်ရှိခေါင်းဆောင်များ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်သစ်တစ်ခုကို စတင်တည်ဆောက်လျက်ရှိသည်။ နိုင်ငံကို ပြုပြင်ပြောင်းလဲနိုင်သည့် Key Playerများကို တိုင်းပြည်အား မျက်နှာမူ၍ ဆောင်ရွက်ရန်အတွက် ပြည်သူလူထုက ရွေးချယ်စရာ နောက်ထပ်မရှိသည့် နိုင်ငံရေး ကစားကွင်းသစ်တစ်ကွင်း (Political Arena) ပေးထားခဲ့ပြီဖြစ်သည်။ ယခုအခါ သူတို့အားလုံးသည် ထိုကွင်းထဲသို့ ရောက်ရှိနေပြီး ၂၀၁၆ခုနှစ်တွင် ကစားပုံကို စတင်မြင်တွေ့ရတော့မည် ဖြစ်သည်။

ယခု Kempinsky ဟိုတယ်၌ ဒေါ်အောင်ဆန်းစုကြည်သည် သင်တန်းတက်ရောက်ခဲ့ကြသည့် တပ်မတော်မှ အဆင့်မြင့် အရာရှိကြီးများ ဖြစ်ကြသည့် ဗိုလ်မှူးကြီး ၁၆ဦး၊ ဒုဗိုလ်မှူးကြီး ရှစ်ဦးတို့နှင့်အတူ ညစာအတူ သုံးဆောင်လျက်ရှိသည်။ ထိုအခြေအနေသည် ကစားပွဲမစခင် သွေးပူလေ့ကျင့်ခန်း လုပ်နေခြင်းနှင့်တူပါသည်။ မည်သို့ပင်ဖြစ်စေ မကြာခင် ထိုကစားပွဲကို ကျွန်တော်တို့ မြင်တွေ့ကြရတော့မည်ဖြစ်သည်။

လက်စောင်းထက်


↧

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...


ဂ်ဴနီယာ၀င္း -ေဒါက္တာဂ်က္ကဲလ္ ႏွင့္ မစၥတာဟိုက္


အင္ဂ်င္နီယာဆိုင္ရာစာအုပ္မ်ား (၁၁ အုပ္)


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


ကညနမွ နယ္လွည့္ ပံုမွန္ ယာဥ္ေမာင္းလိုင္စင္သက္တမ္းတိုးေပးျခင္းအျဖစ္...


မိုးေဇညိမ္း ဘာလဲ ဘယ္လဲ ??


ေ၀ေရွာက္ကမ္း ဘယ္ေရာက္သြားၿပီလဲ


အိမ္တြင္း နတ္အတြက္ အိမ္တြင္း အုန္း ထားသင့္ မထားသင့္


Windows 10 19H1 Airlock Premium v4 Permantly Activated 2019 (x64)


ပဲပိုးတီ စိုက္ပ်ိဳးနည္း


၁၃ ႏွစ္ အရြယ္ မယားပါသမီးကို အၾကိမ္ၾကိမ္မုဒိမ္းက်င့္သူ ပေထြးကို ရဲက ဖမ္းဆီး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>