Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

လူတိုင္း ၾကံဳရႏိုင္တဲ့ သက္လတ္ပိုင္း စိတ္ဂယက္ (Mid-life Crisis)

$
0
0
(၁) အသက္ ၄၀ နားနီးကေန ၆၀ ႏွစ္ၾကားထဲက လူတိုင္း ျဖစ္ႏိုင္သလို အဲဒီအသက္ မေရာက္ေသးသူ လူငယ္မ်ားလည္း မျဖစ္မေန သိရွိ မွတ္သားထားသင့္တဲ့
ေရာဂါတစ္ခုအေၾကာင္း ကြ်န္ေတာ္ ေရးသားေဖာ္ျပေပးလိုက္ပါတယ္။

(၂) ငါ့ရဲ့ အသက္ရွင္ ျဖစ္တည္ေနမွဳရဲ့ အႏွစ္သာရက ဘာလဲ။ ဘ၀ရဲ့ အႏွစ္သာရဆိုတာ ဘာမ်ားလဲကြယ္။ မွန္ၾကည့္တိုင္း ငါ့ကို ျပန္ေငးစိုက္ၾကည့္ေနတဲ့ သူဟာ ဘယ္သူလဲ။ ဟူး…………. တစ္ခါတစ္ေလ ကိုယ့္ကိုယ္ကိုေတာင္ မမွတ္မိခ်င္ေတာ့ဘူး။ ငါရူးမ်ား ရူးသြားျပီလား……..။

ေလာကၾကီးကိုက နားလည္မွဳ၊ ေစာင့္စည္းမွဳေတြ မရွိေတာ့တာ အရမ္းစိတ္ပ်က္စရာ ေကာင္းတယ္။ ငါ့ဟာငါ ဘာလိုခ်င္ ဘာဆက္ျဖစ္ခ်င္မွန္းေတာ့ မသိေတာ့ဘူး။ အရာအားလံုးဟာ စိတ္ကုန္စရာလို႔ပဲ ခံစားေနရတယ္။ ျပန္ေတြးၾကည့္ရင္ ငါ့ဘ၀က အကုန္လံုး အလိုမက်စရာ၊ ေနာင္တရစရာေတြခ်ည္းပဲ။ တစ္ခ်ိန္က အရူးအမူး ငါၾကိဳးစားခဲ့တာေတြ အခုေတာ့လည္း ဘာမွ မဟုတ္သလိုပဲ။ ငါ့မိသားစုအတြက္ ငါ့အသိုင္းအ၀ိုင္းအတြက္ ငါအနစ္နာခံ ေပးဆပ္ခဲ့ရတာေတြ တကယ္တမ္းက် မတန္ဘူး………….။

အခုက်ေတာ့ အရာအားလံုး ေျပာင္းလဲ သြားခဲ့ျပီ။ ငါ့ဘ၀ရဲ့ ေကာင္းတဲ့အခ်ိန္ေတြ၊ ထက္ျမက္ႏုပ်ိဳတဲ့ အခ်ိန္ေတြ က်န္ခဲ့ျပီ။ ျပန္မရႏိုင္ေတာ့တာ အေသအခ်ာပဲ။
ေရွ႕ေလွ်ာက္ ေကာင္းဖို႔လည္း မျမင္ေတာ့ဘူး။ ငါအသက္ၾကီးလာျပီေလ။ အိုလာျပီ။ ရုပ္က်သြားတာ အရမ္းသိသာတာပဲ။ သက္လတ္ပိုင္းဆိုတာ လူငယ္ဘ၀ရဲ့ ရင္ခုန္
စြဲမက္စရာ ပိုင္ဆိုင္မွဳအေတာ္မ်ားမ်ားကို ေျမျမွဳပ္သျဂိဳၤလ္လိုက္ရတဲ့ အခ်ိန္ထင္
တယ္။ ေနာက္ထပ္ ၾကံဳေတြ႕ရမယ့္ ဘ၀ရဲ့ စာမ်က္ႏွာ သစ္ေတြ ဘယ္ေလာက္မွ က်န္ေတာ့မယ္ မထင္ဘူး။ ေရွ႕ကို ေမွ်ာ္ၾကည့္ေတာ့လည္း ………. အို…..ဘ၀ဆိုတာ တကယ္တမ္းေတာ့ ေထြေထြထူးထူး ႏွစ္သက္စရာ မေကာင္းလွပါဘူး။ အကုန္လံုးက မေသခ်ာ မေရရာတာနဲ႔ စမ္းတ၀ါး၀ါးႏိုင္လိုက္တာ။

ေျပာလိုက္ၾကတာမ်ား ဘာတဲ့။ ဘ၀ဆိုတာ တိုက္ပြဲဆိုလားပဲ။ တကယ္တမ္းသာ အဲလိုဆိုရင္ ငါဟာႏွစ္ရွည္လမ်ား တိုက္ခဲ့တဲ့ တိုက္ပြဲျပီးသြားလို႔ ဗံုးဆံေတြ ယမ္းေငြ႔ေတြၾကား အားျပတ္လဲက်ေနလို႔ အိမ္မျပန္ရေသးတဲ့ စစ္သားအိုၾကီး
တစ္ေယာက္ပဲ ျဖစ္မွာပဲ။ ငါ့မွာ အေဖာ္ေကာင္းရယ္လို႔မွ မရွိေတာ့တာ။

ငါလိုလားေတာင့္တခဲ့တဲ့ အရာေတြကေရာ…….. ေရာက္ခ်င္ခဲ့တဲ့ ပန္းတိုင္ေတြကေရာ……. အကုန္ေလးလံ ေႏွးေကြးေနတာပဲ။ ဘ၀ဆိုတာ ဘယ္လိုျဖစ္သင့္သလဲ ဆိုတဲ့ ေမးခြန္းရဲ့ ေထာင္ေခ်ာက္ထဲမွာ ငါပိတ္မိေနျပီ။ အရင္တုန္းက ဒီအေနအထားေတြနဲ႔ ငါတင္းတိမ္ေရာင့္ရဲခဲ့တာေတာ့ မွန္တယ္။ ဒါေပမဲ့ အခုေတာ့ ငါမေပ်ာ္ေတာ့ဘူး။ မတင္းတိမ္မေရာင့္ရဲ ႏိုင္ေတာ့ဘူး။ လက္ရွိရွိေနတဲ့ မိသားစုဟာလည္း မြန္းၾကပ္စရာပဲ။ ငါအကုန္လံုးကို မေက်နပ္ေတာ့ဘူး။ အေျပာင္းအလဲ ေပ်ာ္စရာေတြ ငါလုပ္ႏိုင္ပါဦးမလား။ ငါ့အသက္က ၾကီးေနျပီေလ။ ေသျခင္းတရားနဲ႔ ေတြ႔ရဖို႔ သိပ္အမ်ားၾကီးမလိုေတာ့တဲ့ လူတစ္ေယာက္က ဘာေတြမ်ား ေပ်ာ္စရာေတြ ဖန္တီးႏိုင္ဦးမွာလဲကြယ္………။

ငါေန႔တိုင္း လုပ္ေနရတဲ့ အလုပ္ေတြဟာ သိပ္ပ်င္းစရာေကာင္းတာပဲ။ ဆက္မလုပ္ခ်င္ေတာ့ဘူး။ ထြက္ျပီး အလုပ္အသစ္ေျပာင္းရင္ ေကာင္းမလား။ ဟုတ္တယ္။ ငါ့ဘ၀ရဲ့ ေပ်ာ္ရႊင္မွဳ အသစ္အဆန္းေတြ၊ ရင္ခုန္ၾကည္ႏူးရမွဳေတြကို ငါ့ဟာငါ ဖန္တီးရွာေဖြမယ္။ ေငြနဲ႔ ၀ယ္လို႔ရသမွ် ၀ယ္မယ္။ ငါမအိုေသးဘူး ဆိုတာမ်ိဳး ရေအာင္ေနျပမယ္။

ဟူး…….. ဒါေပမဲ့လည္း ဘယ္က စေျပာင္းလဲရမွန္း မသိပါလားေနာ္။

(၃) စာပိုဒ္ အမွတ္ (၂) မွာ ေဖာ္ျပခဲ့တဲ့ စိတၱဇဆန္ဆန္ အေတြးေတြဟာ ၀တၳဳဆန္ေအာင္၊ ရသေျမာက္အဖြဲ႔ဆန္ေအာင္ အႏုပညာစ်ာန္နဲ႔ ဖန္တီးေရးသားထားတာ မဟုတ္ပါဘူး။ ဒါေတြဟာ သက္လတ္ပိုင္း စိတ္ဂယက္ (Midlife Crisis) ရဲ့ ထင္ရွားေပၚလြင္တဲ့ လကၡဏာမ်ားပဲ ျဖစ္ပါတယ္။ သင္ဟာ အသက္ ၄၀ ျပည့္ျပီးသူ တစ္ဦးျဖစ္ျပီး အထက္ပါ အေတြးေတြအတိုင္း ေန႔စဥ္ရက္ဆက္ ေတြးမိေနပါက သက္လတ္ပိုင္းစိတ္ဂယက္ ေ၀ဒနာ ခံစားေနရျပီလို႔ ဆိုႏိုင္ပါတယ္။

(၄) Mid-life Crisis ဆိုတဲ့ ေ၀ါဟာရကို အေနာက္တိုင္း လူ႔အဖြဲ႔အစည္းမွာ ၁၉၆၅ ခုႏွစ္က အီးလီးယက္ ဂ်က္ခ္ ဆိုသူက စတင္သံုးစြဲခဲ့ျပီး အဆိုပါ စကားလံုးဟာ သက္လတ္ပိုင္း ေရာက္ေနတဲ့ လူအခ်ိဳ႕ ငယ္ရြယ္ႏုမ်စ္မွဳရဲ့ စြမ္းရည္ေတြ က်ဆင္းလာကာ အိုမင္းလာမွဳကို သတိထားမိစျပဳလာတဲ့ အခ်ိန္မွာ အလိုမက်ျခင္း ျပင္းစြာ ျဖစ္ရတဲ့ ကာလတစ္ခုကို ကိုယ္စားျပဳခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီစကားလံုးဟာ တျဖည္ျဖည္း က်ယ္ျပန္႔တဲ့ သေဘာမ်ိဳး ေဆာင္လာပါတယ္။ သက္လတ္ပိုင္း စိတ္ဂယက္ကို ခံစားသက္ေရာက္ေစတဲ့ အခ်က္ေတြထဲမွာ ကိုယ့္ရဲ့ အိမ္ေထာင္ဖက္က ေဖာက္ျပန္ျခင္း၊ ကိုယ္တိုင္ေဖာက္ျပန္မိ၍ ပတ္၀န္းက်င္၏ ကဲ့ရဲ့မွဳကို ခံရျခင္း၊ အမ်ိဳးသားသဘာ၀ စြမ္းေဆာင္ႏိုင္မွဳ က်ဆင္းျခင္း၊ အမ်ိဳးသမီးမ်ား ေသြးဆံုးျခင္း၊ ဘ၀လက္တြဲေဖာ္ (သို႔) ခ်စ္ခင္ရသူ အရင္းအခ်ာ တစ္ဦးဦး ကြယ္လြန္သြားျခင္း၊ အလုပ္လက္မဲ့ ျဖစ္သြားျခင္း၊ ရာထူးက်ျခင္း၊ လက္ရွိ အလုပ္သည္ မုန္းစရာေကာင္းသည္ဟု ခံစားေနရေသာ္လည္း တူမွ်ေသာ ၀င္ေငြ ဆက္ရေနေအာင္ အလုပ္မေျပာင္းႏိုင္ေသးသျဖင့္ လက္ရွိအလုပ္ကိုပဲ ဇြတ္ေပလုပ္ေနရျခင္း၊ သားသမီးမ်ား အရြယ္ေရာက္ကာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခြဲခြာသြားျခင္း စသည့္ ဘ၀ႏွင့္ခ်ီ စိတ္ထိခိုက္ရေသာ ထိုးႏွက္ခ်က္မ်ား ပါ၀င္ေၾကာင္း ေတြ႔ရပါတယ္။

ဒီေတာ့ ေစာေစာက ေဖာ္ျပခဲ့တဲ့ ဂေယာက္ဂယက္ အေတြးေပါင္းစံု ၀င္လာျပီး ကိုယ့္ရဲ့ ပိုင္ဆိုင္မွဳ၊ ရုပ္ရည္၊ ကိုယ္ရည္ကိုယ္ေသြး စတဲ့ အခ်က္ေတြအေပၚ အားမလိုအားမရ ခံစားလာရျခင္းကို သက္လတ္ပိုင္းစိတ္ဂယက္လို႔ ေခၚတာပါ။ အသက္ ၄၀ နဲ႔ ၆၀ ၾကားမွာပဲ ျဖစ္တတ္တယ္လို႔ ေတြ႔ရွိထားေပမယ့္ ရုပ္၀တၳဳပစၥည္း ကိုးကြယ္မွဳ အားေကာင္းလာတဲ့ ယေန႔ေခတ္မွာဆိုရင္ ၃၅ ႏွစ္အထက္ လူေတြလည္း ထည့္သြင္းစဥ္းစားဖို႔ သင့္ျပီလို႔ ကြ်န္ေတာ့္ရဲ့ အေတြ႔အၾကံဳအရ ဆိုခ်င္ပါတယ္။

အဲဒီလို မေက်နပ္မွဳေတြဟာ အရင္နဲ႔ လံုး၀မတူတဲ့ အမူအက်င့္ ေနပံုထိုင္ပံုေတြကို ေျပာင္းလဲက်င့္သံုးမိျခင္းျဖင့္ ပြင့္ကန္ထြက္ကုန္ပါတယ္။ အိမ္ေထာင္မရွိေသးသူမ်ား အဆင္ေျပသလို ျပဳပစ္လိုက္ျခင္း၊ အိမ္ေထာင္ရွိသူမ်ား အခ်စ္သစ္ ရွာခ်င္လာျခင္း၊ ျပည့္စံုသူမ်ားက တကယ့္ေစ်းၾကီးပါေပ့ ဆိုေသာ လူတိုင္းေငးေလာက္သည့္ အသံုးအေဆာင္မ်ား (ဥပမာ ယာဥ္၊ အီလက္ထေရာနစ္ပစၥည္း) ၀ယ္ယူသံုးစြဲပစ္ျခင္း၊ ခႏၶာကိုယ္ကို လွပေအာင္ အသစ္တစ္ဖန္ အလွဆင္ မြမ္းမံျခင္း (အလွျပင္ဆိုင္ မွန္မွန္ သြားျခင္း၊ မူးယစ္ေသစာ ေသာက္စားျဖစ္လာျခင္း စတာေတြ အရင္က မလုပ္ဖူးရင္ေတာင္ လုပ္ျဖစ္လာၾကပါတယ္။ ကေလးယူတာ ေနာက္က်လို႔ အဲဒီအခ်ိန္မွာ ငယ္ရြယ္ေသးတဲ့ သားသမီးေတြ ရွိေနေသးရင္ အဲဒီ ကေလးေတြကို ေက်ာင္းစာ၊ အားကစား၊ ဘာသာစကား စတဲ့ ဘက္စံုမွာ အလြန္အမင္း ေတာ္ေစလြန္းလို႔ အတင္းအၾကပ္ဖိအားေပးရင္း မိဘနဲ႔ သားသမီးၾကား ပဋိပကၡ ပိုဆိုးလာတာ ေတြ႔ရေလ့ ရွိပါတယ္။ မိဘေတြ ဖက္ကေတာ့ ေစတနာနဲ႔ပါ ဆိုေပမယ့္ သူ႔ဟာသူ Mid-life Crisis ခံစားေနရတဲ့ ေရာင္ျပန္ကို သားသမီးေတြ အေပၚ လာဟပ္တာေတာ့ အသိနဲ႔ ထိန္းရမယ့္ ကိစၥပါပဲ။

ေလ့လာမွဳ တစ္ရပ္အရ ဖြံ႔ျဖိဳးျပီး အေနာက္ႏိုင္ငံေတြမွာ သက္လတ္ပိုင္း စိတ္ဂယက္ ဆိုတာ လူ ၁၀ ေယာက္မွာ တစ္ေယာက္ ဘ၀မွာ မလြဲမေသြ ၾကံဳေတြ႔ရေလ့ ရွိျပီး အဲဒါေၾကာင့္ ႏိုင္ငံအတြင္းမွာ ရွိတဲ့ ကားအေကာင္းစားေတြ (အထူးသျဖင့္ လူငယ္ေတြ စီးတဲ့ ျပိဳင္ကားေတြ) ၊ ပင္လယ္စီး စပိဘုတ္ေတြ၊ တစ္ကိုယ္ရည္သံုး ဇိမ္ခံအီလက္ထေရာနစ္ ပစၥည္းေတြဟာ အရမ္းေရာင္းရပါသတဲ့။ တစ္ဦးတစ္ေယာက္ျခင္း ပစၥည္း၀ယ္ႏိုင္စြမ္း (Purchasing Power) ျမင့္တဲ့ ဖြံ႔ျဖိဳးျပီးႏိုင္ငံ တစ္ခုရဲ့ တစ္ႏိုင္ငံလံုး လူဦးေရ ၁၀% က ၀ိုင္း၀ယ္တာ ဆိုေတာ့ စဥ္းစားသာၾကည့္ေပေတာ့။

ဘာလို႔ အဲဒီလို လုပ္ၾကသလဲ ဆိုေတာ့ မသိ္စိတ္ထဲက ဘာမွန္းမသိတဲ့ စိတ္ကူးပန္းတိုင္ အိပ္မက္ကို ေဖြရွာျဖည့္ဆည္းခ်င္ၾကလို႔ပါ။ ခက္တာက ပန္းတိုင္က ဘာမွန္းမသိလို႔ စိတ္ရူးေပါက္ရာ ေလွ်ာက္လုပ္ၾကတာေပါ့။ ဒါ့အျပင္ မျပီးျပတ္ေသးတဲ့ (သို႔) မလုပ္ႏိုင္ေလာက္ေတာ့တဲ့ စိတ္ကူးေတြအတြက္လည္း ကိုယ့္ကိုယ္ကို အျပစ္တင္မိေနတာကိုး။ ရြယ္တူတန္းတူေတြ ကိုယ့္ထက္ေအာင္ျမင္တာ ေတြ႔တိုင္းလည္း ရွက္ရြ႔ံအားငယ္စိတ္ကို ရင္ထဲၾကိတ္ခံစားထားရတာလည္း ပါပါတယ္။ ဒီေတာ့ ႏုပ်ိဳျခင္းကို ရရွိႏိုင္တယ္လို႔ ထင္တဲ့ အသံုးအေဆာင္ေတြ သံုးတယ္။ တခ်ိဳ႕ဆို လူငယ္ေတြ၊ အသိုင္းအ၀ိုင္းသစ္ေတြနဲ႔ ေျပာင္းျပီး သြားေပါင္းတာ ေတြ႔ရပါတယ္။ အသက္ၾကီးမွ သင္းကြဲတယ္ဆိုတာ အဲဒါေပါ့။

(၅) ဒီေနရာမွာ mmDailyNews ရဲ့ စာဖတ္ပရိသတ္မ်ားရဲ့ ရင္ထဲမွာ မတင္မက် ျဖစ္ေနတာ တစ္ခု ရွိေနမယ္လို႔ ကြ်န္ေတာ္သိေနပါတယ္။ ဟုတ္တယ္ေလ။ အထက္မွာ ေဖာ္ျပခဲ့တဲ့ အေတြးေတြ၊ လုပ္ရပ္ေတြ ဆိုတာ ေန႔စဥ္ဘ၀ လူအေတာ္မ်ားမ်ား စိတ္ထဲ ေပၚေနက် အရာေတြ ျဖစ္ျပီး ဒါေတြက ဘယ္လိုက်န္းမာေရးကို ထိခိုက္ေစလို႔လဲ / က်န္းမာေရးေဆာင္းပါးရွင္ တစ္ေယာက္ျဖစ္တဲ့ ကြ်န္ေတာ္က ဘာေတြ လာေျပာေနသလဲ ဆိုတာမ်ိဳးေပါ့။

Mid-Life Crisis ဟာ အမ်ိဳးသားေတြေကာ အမ်ိဳးသမီးေတြရဲ့ က်န္းမာေရးေတြကို မတူညီတဲ့ နည္းလမ္းေတြနဲ႔ ထိုးႏွက္ဖ်က္ဆီးပါတယ္။ သက္လတ္ပိုင္း စိတ္ဂယက္ ခံစားရသူ အမ်ိဳးသား ၅ ေယာက္မွာ ၄ ေယာက္ဟာ အရက္ရဲ့ ေက်းကြ်န္ ျဖစ္သြားတာ ေတြ႔ရပါတယ္။ အသက္ၾကီးမွ အရက္ျပင္းျပင္းထန္ထန္ ေသာက္ျဖစ္သြားတဲ့ ၄င္းတို႔ဟာ အသည္းအဆီဖံုး/ေျခာက္၊ အသည္းကင္ဆာ စတဲ့ ေရာဂါဆိုးေတြနဲ႔ ေဆးရံုကုတင္ေပၚ ၅ ႏွစ္ကေန ၇ ႏွစ္အတြင္း ေသခ်ာေပါက္ ေရာက္လာၾကပါတယ္။ တျခားမူးယစ္ေဆး၀ါး ဆိုရင္ေတာ့ ေသႏိုင္စြမ္းက အရက္ထက္ ေစာမွာ ေသခ်ာပါတယ္။ ဒါက ပထမအခ်က္ပါ။

အဲလို အသက္အရြယ္ အမ်ိဳးသားေတြမွာ မူးယစ္ေသစာေၾကာင့္ ယာဥ္တိုက္မွဳ ျဖစ္တဲ့ ႏွဳန္းေတြ၊ မေတာ္တဆ ထိခိုက္မွဳ ျဖစ္တဲ့ ႏွဳန္းေတြ ျမင့္မားေနတဲ့ အခ်က္က အေတာ္ေလး သိသာပါတယ္။ ဒါက ဒုတိယအခ်က္ေပါ့။

တတိယ အခ်က္ ေျပာရမယ္ ဆိုရင္ လိင္မွဳ ဆိုင္ရာ ကိစၥေတြမွာ အဆင္အျခင္မဲ့ က်င့္သံုးမယ္ဆိုရင္ HIV အပါအ၀င္ လိင္မွတစ္ဆင့္ ကူးစက္တတ္ေသာ ေရာဂါေပါင္းစံု ကူးဖို႔ အခြင့္အလမ္း ျမင့္ပါတယ္။ ကြန္ဒံုးသံုးတယ္ဆိုေပမယ့္ မူးယစ္ရီေ၀ေနခ်ိန္မွာ၊ စိတ္ေလေနခ်ိန္မွာ သံုးပံုစနစ္မက်တာေလး တစ္ခါတည္းနဲ႔ HIV POSITIVE ျဖစ္သြားသူေတြ ခဏခဏ ေတြ႔ေနရပါတယ္။ ဒီသံုးခ်က္ဟာ အမ်ိဳးသားေတြ အတြက္ Mid-life Crisis ရဲ့ အထူးအႏၱရာယ္ မ်ားတဲ့ ေနာက္ဆက္တြဲ သံုးခုပါ။

အမ်ိဳးသမီးေတြက်ေတာ့ ေသြးဆံုးခါနီးလာလို႔ မ ေဟာ္မုန္း အားနည္းလာကာ တေရွာင္ေရွာင္တပိန္ပိန္နဲ႔ ေ၀ဒနာေလးမ်ား ေပၚလာတတ္ပါတယ္။ စားမ၀င္၊ အိပ္မေပ်ာ္တာ၊ အရိုးပါးစ ျပဳလာလုိ႔ တစ္ခုခုဆို ဟိုေနရာ ဒီေနရာက ကိုက္တာ၊ ေသြးဆံုးခါနီး ရာသီလာရင္ ပိုေ၀ဒနာ ဆိုးလာတာ၊ ေသြးတိုးနဲ႔ ႏွလံုးေသြးေၾကာက်ဥ္း ပိုဆိုးလာတာ၊ ရုပ္က်ႏွဳန္း သိသာလာလို႔ စိတ္ပါ လိုက္က်တာ စသျဖင့္ အီစထရိုဂ်င္ေခၚ မေဟာ္မုန္း အားနည္းမွဳနဲ႔ ဆက္စပ္တဲ့ ေရာဂါေတြ တန္းစီျပီး ခံစားရတတ္ပါတယ္။

ေနာက္ျပီး သားသမီးေတြ အေတာင္အလက္ စံုလို႔ မိဘရင္ခြင္ကေန ထြက္သြားတဲ့ ဒဏ္ကို အမ်ိဳးသားေတြထက္ အမ်ိဳးသမီးေတြက ပိုခံစားရေလ့ရွိပါတယ္။ အထီးက်န္သိုက္ျမံဳ ေရာဂါစု (Empty Nest Syndrome) လို႔ ေခၚပါတယ္။ သားသမီးေတြက အဆက္အသြယ္မလုပ္၊ ဂရုစိုက္မွဳ အားနည္းရင္ အမ်ိဳးသမီး အမ်ားစုက ေသြးတိုးေရာဂါနဲ႔ ႏွလံုးေရာဂါေတြ ပိုဆိုးလာတတ္ၾကေၾကာင္း သုေတသနေတြ အခိုင္အမာ ရွိပါတယ္။

ေနာက္တစ္ခ်က္ ေျပာရရင္ အမ်ိဳးသမီးတိုင္းေတာ့ မဆိုလိုေပမယ့္ အခ်ိဳ႕က လိင္မွဳကိစၥ ရွဳပ္ေထြးမွဳနဲ႔ ထြက္ေပါက္ရွာၾကပါတယ္။ ဒီအခါမွာ ေရာဂါေတြ ကူးႏိုင္တဲ့ အႏၱရာယ္က အမ်ိဳးသမီးက အမ်ိဳးသားထက္ နည္းနည္း ပိုမ်ားတာေတြ႔ရသလို ပတ္၀န္းက်င္ရဲ့ အထင္ေသးရွဳံ႕ခ်မွဳမွာလည္း အမ်ိဳးသမီးေတြက ပိုခံရ ပိုအရွက္ရေလ့ ရွိပါတယ္။ ဒီေတာ့ လြတ္မလား လုပ္ၾကည့္ေပမယ့္ Mid-life Crisis ကေန ရုန္းမထြက္ ႏိုင္ေတာ့ ျပန္ဘူးေပါ့။

ေသြးဆံုးေစာလို႔ လိင္မွဳကိစၥကို မျဖစ္ႏိုင္ေတာ့ဘူး ထင္ကာ လက္ေလ်ာ့လိုက္သူ အမ်ိဳးသမီး အမ်ားစုဟာ အိမ္ေထာင္ဖက္က အခ်စ္သစ္ရွာသြားတာေၾကာင့္ရယ္၊ ကိုယ္ပိုင္ ေပ်ာ္ရႊင္မွဳတစ္ရပ္ ဆံုးရွံဳးလိုက္ရတာရယ္ ေပါင္းျပီး အေျခအေန ပိုဆိုးသြားၾကပါတယ္။ (တကယ္တမ္းကေတာ့ ေသြးဆံုးသြားေပမယ့္ ေခ်ာေမြ႕ေစတဲ့ အဆီတစ္မ်ိဳးမ်ိဳးကို သံုးကာ အိမ္ေထာင္ဖက္နဲ႔ ေနႏိုင္ပါေသးတယ္။ ဒါဟာ အမ်ိဳးသမီးအဂၤါ ေသးသိမ္သြားျခင္းကို တားဆီးႏိုင္သလို စိတ္ေရာကိုယ္ပါ က်န္းမာေရးအေပၚ အတိုင္းအတာတစ္ခုအထိ အက်ိဳးျပဳေၾကာင္း သုေတသနမ်ားအရ သိရပါတယ္)

သက္လတ္ပိုင္းစိတ္ဂယက္ကို ျဖစ္ေစတဲ့ အခ်က္ေတြဟာ တစ္ဦးနဲ႔ တစ္ဦး မတူၾကသလို လူေနမွဳ အဆင့္အတန္းအရလည္း မတူၾကပါဘူး။ အနီးကပ္ဆံုးသူ ေသသြားလို႔ ကိုယ့္လည္း ေသမ်ိဳးပါလားဆိုျပီး ေၾကာက္လန္႔သြားတဲ့ အခ်ိန္ (သက္ဆိုင္ရာ ဘာသာရဲ့ တရားဓမၼကို လိုက္စားသူေတြကေတာ့ ျငိမ္းခ်မ္းသြားၾကပါတယ္) မ်ိဳးမွာ၊ သက္တမ္း တစ္၀က္ေက်ာ္ကာ အိုလာျပီလို႔ ခံစားရခ်ိန္မွာ၊ လိင္မွဳစြမ္းရည္ေတြ က်ဆင္း ေပ်ာက္ဆံုးသြားတဲ့ အခ်ိန္မွာ၊ ၾကိဳးစားရုန္းကန္ ေပးဆပ္ခဲ့ရေသာ္လည္း အရာမေရာက္ပါလားဟု အေတြး၀င္လာခ်ိန္မွာ စသျဖင့္ အေၾကာင္းတရား အမ်ိဳးမ်ိဳး ရွိၾကျပီး တစ္ေယာက္နဲ႔ တစ္ေယာက္ မတူၾကပါဘူး။

အမ်ိဳးသားနဲ႔ အမ်ိဳးသမီး ႏွစ္ေယာက္စလံုးမွာ တူညီစြာ ခံရတဲ့ အခ်က္ကေတာ့ သက္လတ္ပိုင္းစိတ္ဂယက္ေၾကာင့္ ခံစားရမွဳဟာ စိတ္က်ေရာဂါ (Depression) ဆီကို ဦးတည္သြားတဲ့ အခ်က္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ လူမွဳေရးမွာ ျပဳမူေနထိုင္ေျပာဆိုပံုေတြ (အထူးသျဖင့္ စကားလံုးေတြ) ကို ဂရုမစိုက္ဘဲ လုပ္မိလို႔ ပတ္၀န္းက်င္နဲ႔ သဟဇာတ မရွိေတာ့ဘဲ အထီးက်န္ကာ စိတ္က်ေရာဂါ ပိုဆိုးလာတာေတြ၊ အိမ္အျပင္ေတာင္ မထြက္ခ်င္ေတာ့တာေတြ ျဖစ္လာတတ္ပါတယ္။ အေပါင္းအေဖာ္ သူငယ္ခ်င္းေတြနဲ႔ အေပ်ာ္အခ်ိန္ျဖဳန္းျခင္း၊ ပရဟိတ အလုပ္ေတြ တတ္စြမ္းသ၍ လုပ္ျခင္း၊ အႏုပညာ အတတ္ပညာ ဘာသာေရး စသျဖင့္ သန္ရာတစ္ခုခု ေလ့လာျခင္းစတဲ့ မွန္ကန္တဲ့ ေပ်ာ္စရာေတြ ဖန္တီးႏိုင္ရင္ေတာ့ ခံသာပါေသးတယ္။ ႏို႔မို႔ စိတ္က်ေရာဂါဟာ ကိုယ့္ကိုယ္ကိုယ္ သတ္ေသစိတ္ကို ျဖစ္ေစတာ ေၾကာက္စရာပါပဲ။

ဒါေၾကာင့္ အၾကံျပဳလိုတာက စိတ္ထြက္ေပါက္အျဖစ္ အသံုးခ်တဲ့ အရာမ်ားေၾကာင့္ မိမိရဲ့ က်န္းမာေရး မထိခိုက္ရေအာင္ အသိဥာဏ္ရွိရွိ ကာကြယ္ပါ၊ ျဖစ္လာရင္လည္း ကုသမွဳ အျမန္ဆံုး ရယူဖို႔ အေရးၾကီးတယ္ ဆိုတာပါပဲ။

(၆) သက္လတ္ပိုင္း စိတ္ဂယက္ကို ဘယ္လို ကာကြယ္ၾကမလဲ……..???

ကမၻာေက်ာ္ စိတ္ပညာရွင္ ဆစ္ဂမန္ဖရြိဳက္ကေတာ့ ေျပာခဲ့ပါတယ္။ Mid-life Crisis ဆိုတာ ေသဖို႔နီးလာတာ ခံစားမိလို႔ ေၾကာက္တဲ့ စိတ္က ေမာင္းႏွင္တြန္းအားေပးလိုက္တဲ့ အေတြးစုေတြ ျဖစ္ပါတယ္တဲ့။ ဒီအေတြးစုေတြရဲ့ ကန္ထြက္မွဳဟာ ယဥ္ေက်းမွဳအမ်ိဳးမ်ိဳး၊ လူပံုစံ အမ်ိဳးမ်ိဳးကို လိုက္ျပီး အေပ်ာ္ရွာျခင္း အျဖစ္လည္းေကာင္း၊ အေပ်ာ္ေရွာင္ျခင္း အျဖစ္လည္းေကာင္း စိတ္ရူးေပါက္စြာ ကြဲျပားကုန္ၾကတာ ျဖစ္ပါတယ္။

၂၁ ရာစုရဲ့ အေပၚယံ ေရႊမွဳန္ၾကဲ ပကာသနအေျခခံ လူေနမွဳစနစ္မွာ သက္လတ္ပိုင္း စိတ္ဂယက္ကို လူေတြဟာ ပိုျပီး သိခ်င္စိတ္ မ်ားလာၾကပါတယ္။ ေလ့လာလာၾကပါတယ္။ ဒီအခါမွာ စိတ္ပညာရွင္ေတြ က်န္းမာေရး ပညာရွင္ေတြဟာ သက္လတ္ပိုင္း စိတ္ဂယက္ မၾကံဳရႏိုင္တဲ့ နည္းလမ္းမ်ားကို ရွာေတြ႔လာၾကပါတယ္။

- အိမ္ေထာင္ေရးကို ေႏြးေထြးေပ်ာ္စရာေကာင္းေအာင္ ထိန္းသိမ္းပါ။
အိမ္ေထာင္သက္ အေတာ္ေလးရလာတဲ့ သက္လတ္ပိုင္း အခ်ိန္မွာ တစ္ဦးအေပၚ တစ္ဦး ခ်စ္ခင္ စိတ္ပါမွဳ အရင္ေလာက္ မမ်ားၾကေတာ့ပါဘူး။ အိမ္တြင္းေရး ေပ်ာ္ရႊင္မွဳဟာ အေရာင္မွိန္လာျပီး လ်စ္လ်ဴရွဳထားခံရတဲ့ အဆင့္ေရာက္သြားတတ္ရင္ သက္လတ္ပိုင္း စိတ္ဂယက္ ပိုမို ၾကံဳေတြ႔ရတတ္ပါတယ္။ ဒါေၾကာင့္ အိမ္ေထာင္ေရး သာယာခ်မ္းေျမ့မွဳ အျမဲရေနေအာင္ ၾကံေဆာင္ဖန္တီးျပီး သက္လတ္ပိုင္း စိတ္ဂယက္ကို ကာကြယ္ပါ။

- သူငယ္ခ်င္းမိတ္ေဆြေကာင္းမ်ား ရွိပါေစ
တကယ္စစ္မွန္တဲ့ သူငယ္ခ်င္းေတြ မရွိသူဟာ သက္လတ္ပိုင္း စိတ္ဂယက္ ခံစားရဖို႔ ေသခ်ာသေလာက္ပါပဲ။ ဒါေၾကာင့္ ဒီအခ်က္ကို အခုကတည္းက ျပဳျပင္ဖာေထးထားပါ။ အကယ္၍ သင့္မွာ အဲလို ႏွလံုးသားခ်င္းနီးျပီး ဂရုတစိုက္ ရွိတဲ့၊ အေရးၾကံဳရင္ အားကိုးရတဲ့ မိတ္ေဆြ မရွိဘူး ဆိုရင္ လူေတြက စိတ္ထားမေကာင္းလို႔ ဆိုျပီး အေၾကာင္းျပခ်က္ မေပးပါနဲ႔။ မိတ္ေဆြေကာင္းေတြ ရဖို႔ဆိုရင္ သင္ကိုယ္တိုင္က မိတ္ေဆြေကာင္း အရင္ ျဖစ္ေနဖို႔ လိုပါတယ္။

- သင့္အလုပ္အကိုင္ရဲ့ အေရးပါမွဳနဲ႔ အနာဂတ္ေမွ်ာ္လင့္ခ်က္ကို ပံုေဖာ္ေတြးပါ
သင့္ရဲ့ အလုပ္အကိုင္ဟာ လူေတြကို ဘယ္နည္းဘယ္ပံု အက်ိဳးျပဳေနသလဲ အေကာင္းဖက္က ေတြးပါ။ သင္ဟာ ကုမၸဏီပိုင္ရွင္ တစ္ေယာက္ ျဖစ္ရင္ သင့္ရဲ့ ထုတ္ကုန္ေတြ၊ ၀န္ေဆာင္မွဳေတြေၾကာင့္ လူေတြ ဘယ္လို အက်ိဳးရွိ ေပ်ာ္ရႊင္သြားေစသလဲ ဆိုတာမ်ိဳး၊ သာမန္ ၀န္ထမ္းတစ္ေယာက္ ျဖစ္ေနရင္လည္း ငါဟာကုမၸဏီမွာ ဘယ္ေနရာေတြမွာေတာ့ အေရးပါတယ္ ဆိုတာမ်ိဳး၊ ေအာက္ေျခအလုပ္တစ္ခု လုပ္ေနရရင္လည္း ေျဖသိမ့္စရာ ၾကံဖန္ေတြးပါ။ ဒီေနရာနဲ႔ မေက်နပ္ႏိုင္ရင္ ေရွ႕ကို လွမ္းဖို႔ အားေတြ ထုတ္ပါ။ ေမွ်ာ္လင့္ခ်က္ေတြ ရွင္သန္ေနသ၍ သင္ဟာ Mid-life Crisis ျဖစ္ဖို႔ ေ၀းေနေသးတယ္ ဆိုတာ ေသခ်ာပါတယ္။ ေနာက္ျပီး အသက္ ၄၀-၅၀ အထိ နိမ့္က်တဲ့ ဘ၀မ်ိဳးမွာ ေနလာျပီး တစ္ေက်ာ့ျပန္ အားမာန္ေတြနဲ႔ ထိပ္ဆံုးတစ္ေနရာ ရသြားတဲ့ သူေဌးေတြ၊ အႏုပညာသမားေတြ၊ တီထြင္ဖန္တီးသူေတြ စသျဖင့္ ဒီကမၻာၾကီးေပၚမွာ မေရမတြက္ႏိုင္ေလာက္ေအာင္ ရွိေနတယ္ဆိုတာ သင့္အတြက္ အားတက္စရာ တစ္ခုပါပဲ။

- ပံုမွန္ အားကစားလိုက္စားပါ
ကိုယ္လက္လွဳပ္ရွားမွဳတစ္ခုကို စနစ္တက် လုပ္ေပးျခင္းဟာ ဘ၀ကို စိတ္ပ်က္ျငီးေငြ႕ျခင္း၊ ဘ၀ကို တရားလြန္ တပ္မက္စြဲလန္းျခင္း ဆိုတဲ့ အစြန္းတရားေတြကို ထိုက္သင့္သေလာက္ တားဆီးႏိုင္တဲ့ စိတ္အေျခအေနမ်ားကို ေပၚေစတဲ့ အာနိသင္ ရွိေၾကာင္း သိပၸံနည္းက် စမ္းသပ္ေတြ႔ရွိထားပါတယ္။ ဒါဟာ အိုမင္း ေလးလံ အားယုတ္မွဳကိုပါ ကာကြယ္ႏိုင္တဲ့ နည္းလမ္းတစ္ခုမို႔ သက္လတ္ပိုင္း စိတ္ဂယက္ကို ကာကြယ္ဖို႔ အသင့္ေတာ္ဆံုး နည္းလမ္း တစ္ခုပါပဲ။

- ဘာသာေရး လိုက္စားပါ
ဘာသာေရး လိုက္စားသူေတြဟာ ဘ၀အေပၚ မွ်တတဲ့ အျမင္နဲ႔ ၾကည့္တတ္ၾကလို႔ သာမန္လူေတြထက္ စိတ္ႏွလံုး ပိုေအးခ်မ္းၾကတာ ေတြ႔ရပါတယ္။ တရားဘာ၀နာ ပြားမ်ားျခင္း (Meditation) ဆိုတာ ဘ၀ရဲ့ အလိုမက်မွဳေတြကို ကုစားဖို႔ အေကာင္းဆံုး နည္းလမ္းတစ္ရပ္ ျဖစ္သလို Mid-life Crisis ေၾကာင့္ ျဖစ္လာမယ့္ ေသြးတိုး၊ ႏွလံုး၊ သတိေမ့ ေရာဂါမ်ားကို ကာကြယ္ႏိုင္တဲ့ အေကာင္းဆံုး ေဆးတစ္လက္ပါပဲ။

- အရမ္းရွဳပ္ေထြးျပည့္စံုတဲ့ ဘ၀ပံုစံထက္ ေအးခ်မ္းတဲ့ ဘ၀ကို ေရြးခ်ယ္ပါ
အရမ္းလန္းတဲ့ကား၊ အိမ္ၾကီးအိမ္ေကာင္း၊ ၀တ္ေကာင္းစားလွေတြ၊ ပိုက္ဆံျဖဳန္းတဲ့ အားလပ္ရက္ ခရီးစဥ္ေတြဟာ ေပ်ာ္ရႊင္ေက်နပ္မွဳကို ေပးတယ္လို႔ ထင္ရေပမယ့္ ဆန္႔က်င္ဖက္နဲ႔ အဆံုးသတ္တတ္ပါတယ္။ ဒါေတြထဲက အခ်ိဳ႕တစ္၀က္ ရွိရင္ အေတာ္ေလးေကာင္းတဲ့ ဘ၀ ျဖစ္ေပမယ့္ အကုန္လံုး ရွိဖို႔ အေရး က်ားကုတ္က်ားခဲ ၾကိဳးပမ္းေနျခင္းဟာ တစ္ခ်ိန္မွာ သက္လတ္ပိုင္း စိတ္ဂယက္ ၾကံဳကိုၾကံဳရမယ့္ အေနအထားလို႔ လူမွဳစိတၱေဗဒ ပညာရွင္မ်ားက ဆိုပါတယ္။ သာမန္ျပည့္စံုတဲ့ မိသားစုေတြကေတာ့ ဘ၀ရဲ့ ေပ်ာ္ရႊင္မွဳ အဓိပၸာယ္ရွိမွဳကို အစစအရာရာ ျပည့္စံုသူေတြထက္ ၁.၅ ဆ ပိုခံစားရေလ့ ရွိပါသတဲ့။ အစြန္းေရာက္လြန္းစြာ ဆင္းရဲျခင္း၊ ခ်မ္းသာျခင္းေတြကို ေရွာင္ႏိုင္ရင္ သက္လတ္ပိုင္း စိတ္ဂယက္ကိုလည္း ေရွာင္ျပီးသား ျဖစ္သြားပါတယ္လို႔ ပညာရွင္မ်ားက ဆိုပါတယ္။

- က်န္းမာေရးလိုက္စားျပီး ခႏၶာကိုယ္ ပံုမပ်က္ေအာင္ ထိန္းသိမ္းပါ
ငယ္စဥ္ကတည္းက က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအေသာက္ အမူအက်င့္ေတြကို ေလ့လာဆည္းပူး လိုက္နာထားပါ။ ဒါဆိုရင္ သက္လတ္ပိုင္း စိတ္ဂယက္ မၾကံဳဖို႔ အားေပးပါတယ္။ ဘ၀မွာ စိတ္မက်ဥ္းၾကပ္ဖို႔ စားခ်င္တာ စားမယ္၊ ေနခ်င္သလို ေနမယ္ဆိုတဲ့ သူေတြဟာ သက္လတ္ပိုင္းစိတ္ဂယက္ကို ခံစားရဖို႔ ရာႏွဳန္းျပည့္နီးပါး နီးစပ္ပါတယ္။ ေနာက္ထပ္ ျပံဳးစရာ အခ်က္တစ္ခ်က္က ခါးအဆမတန္ တုတ္လာသူေတြဟာ သက္လတ္ပိုင္း စိတ္ဂယက္ရဲ့ သားေကာင္ေတြ ျဖစ္တတ္ပါသတဲ့။ ဒါေၾကာင့္ Mid-life Crisis ကို ကာကြယ္ဖို႔ အလွဴေတြခ်ည္းပဲ လိုက္စားမေနပါနဲ႔၊ က်န္းမာေရးနဲ႔ ဘာသာေရးလဲ လိုက္စားပါဦးလို႔ တိုက္တြန္းပါတယ္။

- အလြန္အမင္း ႏွလံုးသြင္း ခံစားတတ္ေသာ အက်င့္ကို ျပင္ပါ
ခ်စ္ခင္ရသူ တစ္ဦးဦးနဲ႔ ေသခြဲ ခြဲရတာမ်ိဳး၊ အလုပ္အကိုင္ ထိခိုက္သြားတာမ်ိဳး၊ သားသမီးေတြ စြန္႔ခြာသြားတာမ်ိဳး စတဲ့ ထိခိုက္နာက်င္ရမွဳေတြကို ေမ့ေဖ်ာက္ေအးခ်မ္းေအာင္ အထက္ပါ အခ်က္ ၇ ခ်က္ကို လိုက္နာက်င့္သံုး ကာကြယ္ပါ။

တကယ္တမ္းကေတာ့ ဥေရာပသားေတြ ေျပာသလို အသက္ ၄၀ မွ ဘ၀ စတယ္ဆိုတာဟာ အသက္ ၄၀ ေရာက္ရင္ လူတစ္ေယာက္အတြက္ ပညာ၊ ဥစၥာ၊ ခ်စ္ျခင္းေမတၱာ၊ မိသားစု စတဲ့ တန္ဖိုးရွိတဲ့ အရာေကာင္းေတြ စုစည္းမိထားျပီး ဘ၀ရဲ့ အရသာကို ေအးေဆး စခံစားရေတာ့မယ့္ အရြယ္္လို႔ ဆိုလိုတာ ျဖစ္ပါတယ္။ ထို႔အတူ တစ္ေယာက္ခ်င္းစီအတြက္ မိမိကိုယ္ မိမိ အမွန္သိျခင္း (Self-actualization) နဲ႔ မိမိရဲ့ ေကာင္းမြန္မွဳေတြကို သိရွိေက်နပ္ျခင္း (Self-awareness) ရေအာင္ ျပန္လည္ေ၀ဖန္ သံုးသပ္ျပီး တည္ျငိမ္ေအးခ်မ္းစြာ ေနထိုင္ရေတာ့မယ့္ အရြယ္ျဖစ္ပါတယ္။ ဒီလိုတန္ဖိုးရွိတဲ့ အခ်ိန္မွာ Mid-life Crisis ေခၚ သက္လတ္ပိုင္း စိတ္ဂယက္ကို မၾကံဳေတြ႔ရေအာင္ ကိုယ့္ကိုယ္ကို ျပင္ဆင္ႏွလံုးသြင္းရင္း (အိုမင္းမွဳဆိုတာ စာေရးသူလည္း ကိုယ္ခ်င္းစာ မခံစားေပးႏိုင္ေသးေပမယ့္) အိုမင္းမွဳကိုလည္း ပံုမွန္စိတ္အေနအထားနဲ႔ လက္ခံေႏွးေကြးေစရင္း က်န္းမာေပ်ာ္ရႊင္စြာ ေနႏိုင္ၾကပါေစ။

Healthcare.com.mm

Written by : ေဒါက္တာသီဟသစ္
Ref:MMDailynews

မွတ္ခ်က္။ ။ ဤေဆာင္းပါးႏွင့္ပက္သက္၍ဆက္စပ္ျပီး ထပ္မံသိရွိလိုပါက comment (သို႕မဟုတ္) message box ထဲတြင္ ၀င္ေရာက္ေမးျမန္းႏိုင္ပါသည္။
..............
လူတိုင်း ကြုံရနိုင်တဲ့ သက်လတ်ပိုင်း စိတ်ဂယက် (Mid-life Crisis)
=============================================

(၁) အသက် ၄၀ နားနီးကနေ ၆၀ နှစ်ကြားထဲက လူတိုင်း ဖြစ်နိုင်သလို အဲဒီအသက် မရောက်သေးသူ လူငယ်များလည်း မဖြစ်မနေ သိရှိ မှတ်သားထားသင့်တဲ့
ရောဂါတစ်ခုအကြောင်း ကျွန်တော် ရေးသားဖော်ပြပေးလိုက်ပါတယ်။

(၂) ငါ့ရဲ့ အသက်ရှင် ဖြစ်တည်နေမှုရဲ့ အနှစ်သာရက ဘာလဲ။ ဘဝရဲ့ အနှစ်သာရဆိုတာ ဘာများလဲကွယ်။ မှန်ကြည့်တိုင်း ငါ့ကို ပြန်ငေးစိုက်ကြည့်နေတဲ့ သူဟာ ဘယ်သူလဲ။ ဟူး…………. တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုတောင် မမှတ်မိချင်တော့ဘူး။ ငါရူးများ ရူးသွားပြီလား……..။

လောကကြီးကိုက နားလည်မှု၊ စောင့်စည်းမှုတွေ မရှိတော့တာ အရမ်းစိတ်ပျက်စရာ ကောင်းတယ်။ ငါ့ဟာငါ ဘာလိုချင် ဘာဆက်ဖြစ်ချင်မှန်းတော့ မသိတော့ဘူး။ အရာအားလုံးဟာ စိတ်ကုန်စရာလို့ပဲ ခံစားနေရတယ်။ ပြန်တွေးကြည့်ရင် ငါ့ဘဝက အကုန်လုံး အလိုမကျစရာ၊ နောင်တရစရာတွေချည်းပဲ။ တစ်ချိန်က အရူးအမူး ငါကြိုးစားခဲ့တာတွေ အခုတော့လည်း ဘာမှ မဟုတ်သလိုပဲ။ ငါ့မိသားစုအတွက် ငါ့အသိုင်းအဝိုင်းအတွက် ငါအနစ်နာခံ ပေးဆပ်ခဲ့ရတာတွေ တကယ်တမ်းကျ မတန်ဘူး………….။

အခုကျတော့ အရာအားလုံး ပြောင်းလဲ သွားခဲ့ပြီ။ ငါ့ဘဝရဲ့ ကောင်းတဲ့အချိန်တွေ၊ ထက်မြက်နုပျိုတဲ့ အချိန်တွေ ကျန်ခဲ့ပြီ။ ပြန်မရနိုင်တော့တာ အသေအချာပဲ။
ရှေ့လျှောက် ကောင်းဖို့လည်း မမြင်တော့ဘူး။ ငါအသက်ကြီးလာပြီလေ။ အိုလာပြီ။ ရုပ်ကျသွားတာ အရမ်းသိသာတာပဲ။ သက်လတ်ပိုင်းဆိုတာ လူငယ်ဘဝရဲ့ ရင်ခုန်
စွဲမက်စရာ ပိုင်ဆိုင်မှုအတော်များများကို မြေမြှုပ်သဂြိုင်္လ်လိုက်ရတဲ့ အချိန်ထင်
တယ်။ နောက်ထပ် ကြံုတွေ့ရမယ့် ဘဝရဲ့ စာမျက်နှာ သစ်တွေ ဘယ်လောက်မှ ကျန်တော့မယ် မထင်ဘူး။ ရှေ့ကို မျှော်ကြည့်တော့လည်း ………. အို…..ဘဝဆိုတာ တကယ်တမ်းတော့ ထွေထွေထူးထူး နှစ်သက်စရာ မကောင်းလှပါဘူး။ အကုန်လုံးက မသေချာ မရေရာတာနဲ့ စမ်းတဝါးဝါးနိုင်လိုက်တာ။

ပြောလိုက်ကြတာများ ဘာတဲ့။ ဘဝဆိုတာ တိုက်ပွဲဆိုလားပဲ။ တကယ်တမ်းသာ အဲလိုဆိုရင် ငါဟာနှစ်ရှည်လများ တိုက်ခဲ့တဲ့ တိုက်ပွဲပြီးသွားလို့ ဗုံးဆံတွေ ယမ်းငွေ့တွေကြား အားပြတ်လဲကျနေလို့ အိမ်မပြန်ရသေးတဲ့ စစ်သားအိုကြီး
တစ်ယောက်ပဲ ဖြစ်မှာပဲ။ ငါ့မှာ အဖော်ကောင်းရယ်လို့မှ မရှိတော့တာ။

ငါလိုလားတောင့်တခဲ့တဲ့ အရာတွေကရော…….. ရောက်ချင်ခဲ့တဲ့ ပန်းတိုင်တွေကရော……. အကုန်လေးလံ နှေးကွေးနေတာပဲ။ ဘဝဆိုတာ ဘယ်လိုဖြစ်သင့်သလဲ ဆိုတဲ့ မေးခွန်းရဲ့ ထောင်ချောက်ထဲမှာ ငါပိတ်မိနေပြီ။ အရင်တုန်းက ဒီအနေအထားတွေနဲ့ ငါတင်းတိမ်ရောင့်ရဲခဲ့တာတော့ မှန်တယ်။ ဒါပေမဲ့ အခုတော့ ငါမပျော်တော့ဘူး။ မတင်းတိမ်မရောင့်ရဲ နိုင်တော့ဘူး။ လက်ရှိရှိနေတဲ့ မိသားစုဟာလည်း မွန်းကြပ်စရာပဲ။ ငါအကုန်လုံးကို မကျေနပ်တော့ဘူး။ အပြောင်းအလဲ ပျော်စရာတွေ ငါလုပ်နိုင်ပါဦးမလား။ ငါ့အသက်က ကြီးနေပြီလေ။ သေခြင်းတရားနဲ့ တွေ့ရဖို့ သိပ်အများကြီးမလိုတော့တဲ့ လူတစ်ယောက်က ဘာတွေများ ပျော်စရာတွေ ဖန်တီးနိုင်ဦးမှာလဲကွယ်………။

ငါနေ့တိုင်း လုပ်နေရတဲ့ အလုပ်တွေဟာ သိပ်ပျင်းစရာကောင်းတာပဲ။ ဆက်မလုပ်ချင်တော့ဘူး။ ထွက်ပြီး အလုပ်အသစ်ပြောင်းရင် ကောင်းမလား။ ဟုတ်တယ်။ ငါ့ဘဝရဲ့ ပျော်ရွှင်မှု အသစ်အဆန်းတွေ၊ ရင်ခုန်ကြည်နူးရမှုတွေကို ငါ့ဟာငါ ဖန်တီးရှာဖွေမယ်။ ငွေနဲ့ ၀ယ်လို့ရသမျှ ၀ယ်မယ်။ ငါမအိုသေးဘူး ဆိုတာမျိုး ရအောင်နေပြမယ်။

ဟူး…….. ဒါပေမဲ့လည်း ဘယ်က စပြောင်းလဲရမှန်း မသိပါလားနော်။

(၃) စာပိုဒ် အမှတ် (၂) မှာ ဖော်ပြခဲ့တဲ့ စိတ္တဇဆန်ဆန် အတွေးတွေဟာ ၀တ္ထုဆန်အောင်၊ ရသမြောက်အဖွဲ့ဆန်အောင် အနုပညာစျာန်နဲ့ ဖန်တီးရေးသားထားတာ မဟုတ်ပါဘူး။ ဒါတွေဟာ သက်လတ်ပိုင်း စိတ်ဂယက် (Midlife Crisis) ရဲ့ ထင်ရှားပေါ်လွင်တဲ့ လက္ခဏာများပဲ ဖြစ်ပါတယ်။ သင်ဟာ အသက် ၄၀ ပြည့်ပြီးသူ တစ်ဦးဖြစ်ပြီး အထက်ပါ အတွေးတွေအတိုင်း နေ့စဉ်ရက်ဆက် တွေးမိနေပါက သက်လတ်ပိုင်းစိတ်ဂယက် ဝေဒနာ ခံစားနေရပြီလို့ ဆိုနိုင်ပါတယ်။

(၄) Mid-life Crisis ဆိုတဲ့ ဝေါဟာရကို အနောက်တိုင်း လူ့အဖွဲ့အစည်းမှာ ၁၉၆၅ ခုနှစ်က အီးလီးယက် ဂျက်ခ် ဆိုသူက စတင်သုံးစွဲခဲ့ပြီး အဆိုပါ စကားလုံးဟာ သက်လတ်ပိုင်း ရောက်နေတဲ့ လူအချို့ ငယ်ရွယ်နုမျစ်မှုရဲ့ စွမ်းရည်တွေ ကျဆင်းလာကာ အိုမင်းလာမှုကို သတိထားမိစပြုလာတဲ့ အချိန်မှာ အလိုမကျခြင်း ပြင်းစွာ ဖြစ်ရတဲ့ ကာလတစ်ခုကို ကိုယ်စားပြုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစကားလုံးဟာ တဖြည်ဖြည်း ကျယ်ပြန့်တဲ့ သဘောမျိုး ဆောင်လာပါတယ်။ သက်လတ်ပိုင်း စိတ်ဂယက်ကို ခံစားသက်ရောက်စေတဲ့ အချက်တွေထဲမှာ ကိုယ့်ရဲ့ အိမ်ထောင်ဖက်က ဖောက်ပြန်ခြင်း၊ ကိုယ်တိုင်ဖောက်ပြန်မိ၍ ပတ်ဝန်းကျင်၏ ကဲ့ရဲ့မှုကို ခံရခြင်း၊ အမျိုးသားသဘာဝ စွမ်းဆောင်နိုင်မှု ကျဆင်းခြင်း၊ အမျိုးသမီးများ သွေးဆုံးခြင်း၊ ဘဝလက်တွဲဖော် (သို့) ချစ်ခင်ရသူ အရင်းအချာ တစ်ဦးဦး ကွယ်လွန်သွားခြင်း၊ အလုပ်လက်မဲ့ ဖြစ်သွားခြင်း၊ ရာထူးကျခြင်း၊ လက်ရှိ အလုပ်သည် မုန်းစရာကောင်းသည်ဟု ခံစားနေရသော်လည်း တူမျှသော ၀င်ငွေ ဆက်ရနေအောင် အလုပ်မပြောင်းနိုင်သေးသဖြင့် လက်ရှိအလုပ်ကိုပဲ ဇွတ်ပေလုပ်နေရခြင်း၊ သားသမီးများ အရွယ်ရောက်ကာ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာသွားခြင်း စသည့် ဘဝနှင့်ချီ စိတ်ထိခိုက်ရသော ထိုးနှက်ချက်များ ပါ၀င်ကြောင်း တွေ့ရပါတယ်။

ဒီတော့ စောစောက ဖော်ပြခဲ့တဲ့ ဂယောက်ဂယက် အတွေးပေါင်းစုံ ၀င်လာပြီး ကိုယ့်ရဲ့ ပိုင်ဆိုင်မှု၊ ရုပ်ရည်၊ ကိုယ်ရည်ကိုယ်သွေး စတဲ့ အချက်တွေအပေါ် အားမလိုအားမရ ခံစားလာရခြင်းကို သက်လတ်ပိုင်းစိတ်ဂယက်လို့ ခေါ်တာပါ။ အသက် ၄၀ နဲ့ ၆၀ ကြားမှာပဲ ဖြစ်တတ်တယ်လို့ တွေ့ရှိထားပေမယ့် ရုပ်ဝတ္ထုပစ္စည်း ကိုးကွယ်မှု အားကောင်းလာတဲ့ ယနေ့ခေတ်မှာဆိုရင် ၃၅ နှစ်အထက် လူတွေလည်း ထည့်သွင်းစဉ်းစားဖို့ သင့်ပြီလို့ ကျွန်တော့်ရဲ့ အတွေ့အကြံုအရ ဆိုချင်ပါတယ်။

အဲဒီလို မကျေနပ်မှုတွေဟာ အရင်နဲ့ လုံးဝမတူတဲ့ အမူအကျင့် နေပုံထိုင်ပုံတွေကို ပြောင်းလဲကျင့်သုံးမိခြင်းဖြင့် ပွင့်ကန်ထွက်ကုန်ပါတယ်။ အိမ်ထောင်မရှိသေးသူများ အဆင်ပြေသလို ပြုပစ်လိုက်ခြင်း၊ အိမ်ထောင်ရှိသူများ အချစ်သစ် ရှာချင်လာခြင်း၊ ပြည့်စုံသူများက တကယ့်စျေးကြီးပါပေ့ ဆိုသော လူတိုင်းငေးလောက်သည့် အသုံးအဆောင်များ (ဥပမာ ယာဉ်၊ အီလက်ထရောနစ်ပစ္စည်း) ၀ယ်ယူသုံးစွဲပစ်ခြင်း၊ ခန္ဓာကိုယ်ကို လှပအောင် အသစ်တစ်ဖန် အလှဆင် မွမ်းမံခြင်း (အလှပြင်ဆိုင် မှန်မှန် သွားခြင်း၊ မူးယစ်သေစာ သောက်စားဖြစ်လာခြင်း စတာတွေ အရင်က မလုပ်ဖူးရင်တောင် လုပ်ဖြစ်လာကြပါတယ်။ ကလေးယူတာ နောက်ကျလို့ အဲဒီအချိန်မှာ ငယ်ရွယ်သေးတဲ့ သားသမီးတွေ ရှိနေသေးရင် အဲဒီ ကလေးတွေကို ကျောင်းစာ၊ အားကစား၊ ဘာသာစကား စတဲ့ ဘက်စုံမှာ အလွန်အမင်း တော်စေလွန်းလို့ အတင်းအကြပ်ဖိအားပေးရင်း မိဘနဲ့ သားသမီးကြား ပဋိပက္ခ ပိုဆိုးလာတာ တွေ့ရလေ့ ရှိပါတယ်။ မိဘတွေ ဖက်ကတော့ စေတနာနဲ့ပါ ဆိုပေမယ့် သူ့ဟာသူ Mid-life Crisis ခံစားနေရတဲ့ ရောင်ပြန်ကို သားသမီးတွေ အပေါ် လာဟပ်တာတော့ အသိနဲ့ ထိန်းရမယ့် ကိစ္စပါပဲ။

လေ့လာမှု တစ်ရပ်အရ ဖွံ့ဖြိုးပြီး အနောက်နိုင်ငံတွေမှာ သက်လတ်ပိုင်း စိတ်ဂယက် ဆိုတာ လူ ၁၀ ယောက်မှာ တစ်ယောက် ဘဝမှာ မလွဲမသွေ ကြံုတွေ့ရလေ့ ရှိပြီး အဲဒါကြောင့် နိုင်ငံအတွင်းမှာ ရှိတဲ့ ကားအကောင်းစားတွေ (အထူးသဖြင့် လူငယ်တွေ စီးတဲ့ ပြိုင်ကားတွေ) ၊ ပင်လယ်စီး စပိဘုတ်တွေ၊ တစ်ကိုယ်ရည်သုံး ဇိမ်ခံအီလက်ထရောနစ် ပစ္စည်းတွေဟာ အရမ်းရောင်းရပါသတဲ့။ တစ်ဦးတစ်ယောက်ခြင်း ပစ္စည်းဝယ်နိုင်စွမ်း (Purchasing Power) မြင့်တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံ တစ်ခုရဲ့ တစ်နိုင်ငံလုံး လူဦးရေ ၁၀% က ၀ိုင်းဝယ်တာ ဆိုတော့ စဉ်းစားသာကြည့်ပေတော့။

ဘာလို့ အဲဒီလို လုပ်ကြသလဲ ဆိုတော့ မသိ်စိတ်ထဲက ဘာမှန်းမသိတဲ့ စိတ်ကူးပန်းတိုင် အိပ်မက်ကို ဖွေရှာဖြည့်ဆည်းချင်ကြလို့ပါ။ ခက်တာက ပန်းတိုင်က ဘာမှန်းမသိလို့ စိတ်ရူးပေါက်ရာ လျှောက်လုပ်ကြတာပေါ့။ ဒါ့အပြင် မပြီးပြတ်သေးတဲ့ (သို့) မလုပ်နိုင်လောက်တော့တဲ့ စိတ်ကူးတွေအတွက်လည်း ကိုယ့်ကိုယ်ကို အပြစ်တင်မိနေတာကိုး။ ရွယ်တူတန်းတူတွေ ကိုယ့်ထက်အောင်မြင်တာ တွေ့တိုင်းလည်း ရှက်ရွ့ံအားငယ်စိတ်ကို ရင်ထဲကြိတ်ခံစားထားရတာလည်း ပါပါတယ်။ ဒီတော့ နုပျိုခြင်းကို ရရှိနိုင်တယ်လို့ ထင်တဲ့ အသုံးအဆောင်တွေ သုံးတယ်။ တချို့ဆို လူငယ်တွေ၊ အသိုင်းအဝိုင်းသစ်တွေနဲ့ ပြောင်းပြီး သွားပေါင်းတာ တွေ့ရပါတယ်။ အသက်ကြီးမှ သင်းကွဲတယ်ဆိုတာ အဲဒါပေါ့။

(၅) ဒီနေရာမှာ mmDailyNews ရဲ့ စာဖတ်ပရိသတ်များရဲ့ ရင်ထဲမှာ မတင်မကျ ဖြစ်နေတာ တစ်ခု ရှိနေမယ်လို့ ကျွန်တော်သိနေပါတယ်။ ဟုတ်တယ်လေ။ အထက်မှာ ဖော်ပြခဲ့တဲ့ အတွေးတွေ၊ လုပ်ရပ်တွေ ဆိုတာ နေ့စဉ်ဘဝ လူအတော်များများ စိတ်ထဲ ပေါ်နေကျ အရာတွေ ဖြစ်ပြီး ဒါတွေက ဘယ်လိုကျန်းမာရေးကို ထိခိုက်စေလို့လဲ / ကျန်းမာရေးဆောင်းပါးရှင် တစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ဘာတွေ လာပြောနေသလဲ ဆိုတာမျိုးပေါ့။

Mid-Life Crisis ဟာ အမျိုးသားတွေကော အမျိုးသမီးတွေရဲ့ ကျန်းမာရေးတွေကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ထိုးနှက်ဖျက်ဆီးပါတယ်။ သက်လတ်ပိုင်း စိတ်ဂယက် ခံစားရသူ အမျိုးသား ၅ ယောက်မှာ ၄ ယောက်ဟာ အရက်ရဲ့ ကျေးကျွန် ဖြစ်သွားတာ တွေ့ရပါတယ်။ အသက်ကြီးမှ အရက်ပြင်းပြင်းထန်ထန် သောက်ဖြစ်သွားတဲ့ ၄င်းတို့ဟာ အသည်းအဆီဖုံး/ခြောက်၊ အသည်းကင်ဆာ စတဲ့ ရောဂါဆိုးတွေနဲ့ ဆေးရုံကုတင်ပေါ် ၅ နှစ်ကနေ ရ နှစ်အတွင်း သေချာပေါက် ရောက်လာကြပါတယ်။ တခြားမူးယစ်ဆေးဝါး ဆိုရင်တော့ သေနိုင်စွမ်းက အရက်ထက် စောမှာ သေချာပါတယ်။ ဒါက ပထမအချက်ပါ။

အဲလို အသက်အရွယ် အမျိုးသားတွေမှာ မူးယစ်သေစာကြောင့် ယာဉ်တိုက်မှု ဖြစ်တဲ့ နှုန်းတွေ၊ မတော်တဆ ထိခိုက်မှု ဖြစ်တဲ့ နှုန်းတွေ မြင့်မားနေတဲ့ အချက်က အတော်လေး သိသာပါတယ်။ ဒါက ဒုတိယအချက်ပေါ့။

တတိယ အချက် ပြောရမယ် ဆိုရင် လိင်မှု ဆိုင်ရာ ကိစ္စတွေမှာ အဆင်အခြင်မဲ့ ကျင့်သုံးမယ်ဆိုရင် HIV အပါအဝင် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပေါင်းစုံ ကူးဖို့ အခွင့်အလမ်း မြင့်ပါတယ်။ ကွန်ဒုံးသုံးတယ်ဆိုပေမယ့် မူးယစ်ရီဝေနေချိန်မှာ၊ စိတ်လေနေချိန်မှာ သုံးပုံစနစ်မကျတာလေး တစ်ခါတည်းနဲ့ HIV POSITIVE ဖြစ်သွားသူတွေ ခဏခဏ တွေ့နေရပါတယ်။ ဒီသုံးချက်ဟာ အမျိုးသားတွေ အတွက် Mid-life Crisis ရဲ့ အထူးအန္တရာယ် များတဲ့ နောက်ဆက်တွဲ သုံးခုပါ။

အမျိုးသမီးတွေကျတော့ သွေးဆုံးခါနီးလာလို့ မ ဟော်မုန်း အားနည်းလာကာ တရှောင်ရှောင်တပိန်ပိန်နဲ့ ဝေဒနာလေးများ ပေါ်လာတတ်ပါတယ်။ စားမဝင်၊ အိပ်မပျော်တာ၊ အရိုးပါးစ ပြုလာလို့ တစ်ခုခုဆို ဟိုနေရာ ဒီနေရာက ကိုက်တာ၊ သွေးဆုံးခါနီး ရာသီလာရင် ပိုဝေဒနာ ဆိုးလာတာ၊ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်း ပိုဆိုးလာတာ၊ ရုပ်ကျနှုန်း သိသာလာလို့ စိတ်ပါ လိုက်ကျတာ စသဖြင့် အီစထရိုဂျင်ခေါ် မဟော်မုန်း အားနည်းမှုနဲ့ ဆက်စပ်တဲ့ ရောဂါတွေ တန်းစီပြီး ခံစားရတတ်ပါတယ်။

နောက်ပြီး သားသမီးတွေ အတောင်အလက် စုံလို့ မိဘရင်ခွင်ကနေ ထွက်သွားတဲ့ ဒဏ်ကို အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုခံစားရလေ့ရှိပါတယ်။ အထီးကျန်သိုက်မြံု ရောဂါစု (Empty Nest Syndrome) လို့ ခေါ်ပါတယ်။ သားသမီးတွေက အဆက်အသွယ်မလုပ်၊ ဂရုစိုက်မှု အားနည်းရင် အမျိုးသမီး အများစုက သွေးတိုးရောဂါနဲ့ နှလုံးရောဂါတွေ ပိုဆိုးလာတတ်ကြကြောင်း သုတေသနတွေ အခိုင်အမာ ရှိပါတယ်။

နောက်တစ်ချက် ပြောရရင် အမျိုးသမီးတိုင်းတော့ မဆိုလိုပေမယ့် အချို့က လိင်မှုကိစ္စ ရှုပ်ထွေးမှုနဲ့ ထွက်ပေါက်ရှာကြပါတယ်။ ဒီအခါမှာ ရောဂါတွေ ကူးနိုင်တဲ့ အန္တရာယ်က အမျိုးသမီးက အမျိုးသားထက် နည်းနည်း ပိုများတာတွေ့ရသလို ပတ်ဝန်းကျင်ရဲ့ အထင်သေးရှုံ့ချမှုမှာလည်း အမျိုးသမီးတွေက ပိုခံရ ပိုအရှက်ရလေ့ ရှိပါတယ်။ ဒီတော့ လွတ်မလား လုပ်ကြည့်ပေမယ့် Mid-life Crisis ကနေ ရုန်းမထွက် နိုင်တော့ ပြန်ဘူးပေါ့။

သွေးဆုံးစောလို့ လိင်မှုကိစ္စကို မဖြစ်နိုင်တော့ဘူး ထင်ကာ လက်လျော့လိုက်သူ အမျိုးသမီး အများစုဟာ အိမ်ထောင်ဖက်က အချစ်သစ်ရှာသွားတာကြောင့်ရယ်၊ ကိုယ်ပိုင် ပျော်ရွှင်မှုတစ်ရပ် ဆုံးရှံုးလိုက်ရတာရယ် ပေါင်းပြီး အခြေအနေ ပိုဆိုးသွားကြပါတယ်။ (တကယ်တမ်းကတော့ သွေးဆုံးသွားပေမယ့် ချောမွေ့စေတဲ့ အဆီတစ်မျိုးမျိုးကို သုံးကာ အိမ်ထောင်ဖက်နဲ့ နေနိုင်ပါသေးတယ်။ ဒါဟာ အမျိုးသမီးအင်္ဂါ သေးသိမ်သွားခြင်းကို တားဆီးနိုင်သလို စိတ်ရောကိုယ်ပါ ကျန်းမာရေးအပေါ် အတိုင်းအတာတစ်ခုအထိ အကျိုးပြုကြောင်း သုတေသနများအရ သိရပါတယ်)

သက်လတ်ပိုင်းစိတ်ဂယက်ကို ဖြစ်စေတဲ့ အချက်တွေဟာ တစ်ဦးနဲ့ တစ်ဦး မတူကြသလို လူနေမှု အဆင့်အတန်းအရလည်း မတူကြပါဘူး။ အနီးကပ်ဆုံးသူ သေသွားလို့ ကိုယ့်လည်း သေမျိုးပါလားဆိုပြီး ကြောက်လန့်သွားတဲ့ အချိန် (သက်ဆိုင်ရာ ဘာသာရဲ့ တရားဓမ္မကို လိုက်စားသူတွေကတော့ ငြိမ်းချမ်းသွားကြပါတယ်) မျိုးမှာ၊ သက်တမ်း တစ်ဝက်ကျော်ကာ အိုလာပြီလို့ ခံစားရချိန်မှာ၊ လိင်မှုစွမ်းရည်တွေ ကျဆင်း ပျောက်ဆုံးသွားတဲ့ အချိန်မှာ၊ ကြိုးစားရုန်းကန် ပေးဆပ်ခဲ့ရသော်လည်း အရာမရောက်ပါလားဟု အတွေးဝင်လာချိန်မှာ စသဖြင့် အကြောင်းတရား အမျိုးမျိုး ရှိကြပြီး တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။

အမျိုးသားနဲ့ အမျိုးသမီး နှစ်ယောက်စလုံးမှာ တူညီစွာ ခံရတဲ့ အချက်ကတော့ သက်လတ်ပိုင်းစိတ်ဂယက်ကြောင့် ခံစားရမှုဟာ စိတ်ကျရောဂါ (Depression) ဆီကို ဦးတည်သွားတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူမှုရေးမှာ ပြုမူနေထိုင်ပြောဆိုပုံတွေ (အထူးသဖြင့် စကားလုံးတွေ) ကို ဂရုမစိုက်ဘဲ လုပ်မိလို့ ပတ်ဝန်းကျင်နဲ့ သဟဇာတ မရှိတော့ဘဲ အထီးကျန်ကာ စိတ်ကျရောဂါ ပိုဆိုးလာတာတွေ၊ အိမ်အပြင်တောင် မထွက်ချင်တော့တာတွေ ဖြစ်လာတတ်ပါတယ်။ အပေါင်းအဖော် သူငယ်ချင်းတွေနဲ့ အပျော်အချိန်ဖြုန်းခြင်း၊ ပရဟိတ အလုပ်တွေ တတ်စွမ်းသ၍ လုပ်ခြင်း၊ အနုပညာ အတတ်ပညာ ဘာသာရေး စသဖြင့် သန်ရာတစ်ခုခု လေ့လာခြင်းစတဲ့ မှန်ကန်တဲ့ ပျော်စရာတွေ ဖန်တီးနိုင်ရင်တော့ ခံသာပါသေးတယ်။ နို့မို့ စိတ်ကျရောဂါဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေစိတ်ကို ဖြစ်စေတာ ကြောက်စရာပါပဲ။

ဒါကြောင့် အကြံပြုလိုတာက စိတ်ထွက်ပေါက်အဖြစ် အသုံးချတဲ့ အရာများကြောင့် မိမိရဲ့ ကျန်းမာရေး မထိခိုက်ရအောင် အသိဉာဏ်ရှိရှိ ကာကွယ်ပါ၊ ဖြစ်လာရင်လည်း ကုသမှု အမြန်ဆုံး ရယူဖို့ အရေးကြီးတယ် ဆိုတာပါပဲ။

(၆) သက်လတ်ပိုင်း စိတ်ဂယက်ကို ဘယ်လို ကာကွယ်ကြမလဲ……..???

ကမ္ဘာကျော် စိတ်ပညာရှင် ဆစ်ဂမန်ဖရွိုက်ကတော့ ပြောခဲ့ပါတယ်။ Mid-life Crisis ဆိုတာ သေဖို့နီးလာတာ ခံစားမိလို့ ကြောက်တဲ့ စိတ်က မောင်းနှင်တွန်းအားပေးလိုက်တဲ့ အတွေးစုတွေ ဖြစ်ပါတယ်တဲ့။ ဒီအတွေးစုတွေရဲ့ ကန်ထွက်မှုဟာ ယဉ်ကျေးမှုအမျိုးမျိုး၊ လူပုံစံ အမျိုးမျိုးကို လိုက်ပြီး အပျော်ရှာခြင်း အဖြစ်လည်းကောင်း၊ အပျော်ရှောင်ခြင်း အဖြစ်လည်းကောင်း စိတ်ရူးပေါက်စွာ ကွဲပြားကုန်ကြတာ ဖြစ်ပါတယ်။

၂၁ ရာစုရဲ့ အပေါ်ယံ ရွှေမှုန်ကြဲ ပကာသနအခြေခံ လူနေမှုစနစ်မှာ သက်လတ်ပိုင်း စိတ်ဂယက်ကို လူတွေဟာ ပိုပြီး သိချင်စိတ် များလာကြပါတယ်။ လေ့လာလာကြပါတယ်။ ဒီအခါမှာ စိတ်ပညာရှင်တွေ ကျန်းမာရေး ပညာရှင်တွေဟာ သက်လတ်ပိုင်း စိတ်ဂယက် မကြံုရနိုင်တဲ့ နည်းလမ်းများကို ရှာတွေ့လာကြပါတယ်။

- အိမ်ထောင်ရေးကို နွေးထွေးပျော်စရာကောင်းအောင် ထိန်းသိမ်းပါ။
အိမ်ထောင်သက် အတော်လေးရလာတဲ့ သက်လတ်ပိုင်း အချိန်မှာ တစ်ဦးအပေါ် တစ်ဦး ချစ်ခင် စိတ်ပါမှု အရင်လောက် မများကြတော့ပါဘူး။ အိမ်တွင်းရေး ပျော်ရွှင်မှုဟာ အရောင်မှိန်လာပြီး လျစ်လျူရှုထားခံရတဲ့ အဆင့်ရောက်သွားတတ်ရင် သက်လတ်ပိုင်း စိတ်ဂယက် ပိုမို ကြံုတွေ့ရတတ်ပါတယ်။ ဒါကြောင့် အိမ်ထောင်ရေး သာယာချမ်းမြေ့မှု အမြဲရနေအောင် ကြံဆောင်ဖန်တီးပြီး သက်လတ်ပိုင်း စိတ်ဂယက်ကို ကာကွယ်ပါ။

- သူငယ်ချင်းမိတ်ဆွေကောင်းများ ရှိပါစေ
တကယ်စစ်မှန်တဲ့ သူငယ်ချင်းတွေ မရှိသူဟာ သက်လတ်ပိုင်း စိတ်ဂယက် ခံစားရဖို့ သေချာသလောက်ပါပဲ။ ဒါကြောင့် ဒီအချက်ကို အခုကတည်းက ပြုပြင်ဖာထေးထားပါ။ အကယ်၍ သင့်မှာ အဲလို နှလုံးသားချင်းနီးပြီး ဂရုတစိုက် ရှိတဲ့၊ အရေးကြံုရင် အားကိုးရတဲ့ မိတ်ဆွေ မရှိဘူး ဆိုရင် လူတွေက စိတ်ထားမကောင်းလို့ ဆိုပြီး အကြောင်းပြချက် မပေးပါနဲ့။ မိတ်ဆွေကောင်းတွေ ရဖို့ဆိုရင် သင်ကိုယ်တိုင်က မိတ်ဆွေကောင်း အရင် ဖြစ်နေဖို့ လိုပါတယ်။

- သင့်အလုပ်အကိုင်ရဲ့ အရေးပါမှုနဲ့ အနာဂတ်မျှော်လင့်ချက်ကို ပုံဖော်တွေးပါ
သင့်ရဲ့ အလုပ်အကိုင်ဟာ လူတွေကို ဘယ်နည်းဘယ်ပုံ အကျိုးပြုနေသလဲ အကောင်းဖက်က တွေးပါ။ သင်ဟာ ကုမ္ပဏီပိုင်ရှင် တစ်ယောက် ဖြစ်ရင် သင့်ရဲ့ ထုတ်ကုန်တွေ၊ ၀န်ဆောင်မှုတွေကြောင့် လူတွေ ဘယ်လို အကျိုးရှိ ပျော်ရွှင်သွားစေသလဲ ဆိုတာမျိုး၊ သာမန် ၀န်ထမ်းတစ်ယောက် ဖြစ်နေရင်လည်း ငါဟာကုမ္ပဏီမှာ ဘယ်နေရာတွေမှာတော့ အရေးပါတယ် ဆိုတာမျိုး၊ အောက်ခြေအလုပ်တစ်ခု လုပ်နေရရင်လည်း ဖြေသိမ့်စရာ ကြံဖန်တွေးပါ။ ဒီနေရာနဲ့ မကျေနပ်နိုင်ရင် ရှေ့ကို လှမ်းဖို့ အားတွေ ထုတ်ပါ။ မျှော်လင့်ချက်တွေ ရှင်သန်နေသ၍ သင်ဟာ Mid-life Crisis ဖြစ်ဖို့ ဝေးနေသေးတယ် ဆိုတာ သေချာပါတယ်။ နောက်ပြီး အသက် ၄၀-၅၀ အထိ နိမ့်ကျတဲ့ ဘဝမျိုးမှာ နေလာပြီး တစ်ကျော့ပြန် အားမာန်တွေနဲ့ ထိပ်ဆုံးတစ်နေရာ ရသွားတဲ့ သူဌေးတွေ၊ အနုပညာသမားတွေ၊ တီထွင်ဖန်တီးသူတွေ စသဖြင့် ဒီကမ္ဘာကြီးပေါ်မှာ မရေမတွက်နိုင်လောက်အောင် ရှိနေတယ်ဆိုတာ သင့်အတွက် အားတက်စရာ တစ်ခုပါပဲ။

- ပုံမှန် အားကစားလိုက်စားပါ
ကိုယ်လက်လှုပ်ရှားမှုတစ်ခုကို စနစ်တကျ လုပ်ပေးခြင်းဟာ ဘဝကို စိတ်ပျက်ငြီးငွေ့ခြင်း၊ ဘဝကို တရားလွန် တပ်မက်စွဲလန်းခြင်း ဆိုတဲ့ အစွန်းတရားတွေကို ထိုက်သင့်သလောက် တားဆီးနိုင်တဲ့ စိတ်အခြေအနေများကို ပေါ်စေတဲ့ အာနိသင် ရှိကြောင်း သိပ္ပံနည်းကျ စမ်းသပ်တွေ့ရှိထားပါတယ်။ ဒါဟာ အိုမင်း လေးလံ အားယုတ်မှုကိုပါ ကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ခုမို့ သက်လတ်ပိုင်း စိတ်ဂယက်ကို ကာကွယ်ဖို့ အသင့်တော်ဆုံး နည်းလမ်း တစ်ခုပါပဲ။

- ဘာသာရေး လိုက်စားပါ
ဘာသာရေး လိုက်စားသူတွေဟာ ဘဝအပေါ် မျှတတဲ့ အမြင်နဲ့ ကြည့်တတ်ကြလို့ သာမန်လူတွေထက် စိတ်နှလုံး ပိုအေးချမ်းကြတာ တွေ့ရပါတယ်။ တရားဘာဝနာ ပွားများခြင်း (Meditation) ဆိုတာ ဘဝရဲ့ အလိုမကျမှုတွေကို ကုစားဖို့ အကောင်းဆုံး နည်းလမ်းတစ်ရပ် ဖြစ်သလို Mid-life Crisis ကြောင့် ဖြစ်လာမယ့် သွေးတိုး၊ နှလုံး၊ သတိမေ့ ရောဂါများကို ကာကွယ်နိုင်တဲ့ အကောင်းဆုံး ဆေးတစ်လက်ပါပဲ။

- အရမ်းရှုပ်ထွေးပြည့်စုံတဲ့ ဘဝပုံစံထက် အေးချမ်းတဲ့ ဘဝကို ရွေးချယ်ပါ
အရမ်းလန်းတဲ့ကား၊ အိမ်ကြီးအိမ်ကောင်း၊ ၀တ်ကောင်းစားလှတွေ၊ ပိုက်ဆံဖြုန်းတဲ့ အားလပ်ရက် ခရီးစဉ်တွေဟာ ပျော်ရွှင်ကျေနပ်မှုကို ပေးတယ်လို့ ထင်ရပေမယ့် ဆန့်ကျင်ဖက်နဲ့ အဆုံးသတ်တတ်ပါတယ်။ ဒါတွေထဲက အချို့တစ်ဝက် ရှိရင် အတော်လေးကောင်းတဲ့ ဘဝ ဖြစ်ပေမယ့် အကုန်လုံး ရှိဖို့ အရေး ကျားကုတ်ကျားခဲ ကြိုးပမ်းနေခြင်းဟာ တစ်ချိန်မှာ သက်လတ်ပိုင်း စိတ်ဂယက် ကြံုကိုကြံုရမယ့် အနေအထားလို့ လူမှုစိတ္တဗေဒ ပညာရှင်များက ဆိုပါတယ်။ သာမန်ပြည့်စုံတဲ့ မိသားစုတွေကတော့ ဘဝရဲ့ ပျော်ရွှင်မှု အဓိပ္ပာယ်ရှိမှုကို အစစအရာရာ ပြည့်စုံသူတွေထက် ၁.၅ ဆ ပိုခံစားရလေ့ ရှိပါသတဲ့။ အစွန်းရောက်လွန်းစွာ ဆင်းရဲခြင်း၊ ချမ်းသာခြင်းတွေကို ရှောင်နိုင်ရင် သက်လတ်ပိုင်း စိတ်ဂယက်ကိုလည်း ရှောင်ပြီးသား ဖြစ်သွားပါတယ်လို့ ပညာရှင်များက ဆိုပါတယ်။

- ကျန်းမာရေးလိုက်စားပြီး ခန္ဓာကိုယ် ပုံမပျက်အောင် ထိန်းသိမ်းပါ
ငယ်စဉ်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် အမူအကျင့်တွေကို လေ့လာဆည်းပူး လိုက်နာထားပါ။ ဒါဆိုရင် သက်လတ်ပိုင်း စိတ်ဂယက် မကြံုဖို့ အားပေးပါတယ်။ ဘဝမှာ စိတ်မကျဉ်းကြပ်ဖို့ စားချင်တာ စားမယ်၊ နေချင်သလို နေမယ်ဆိုတဲ့ သူတွေဟာ သက်လတ်ပိုင်းစိတ်ဂယက်ကို ခံစားရဖို့ ရာနှုန်းပြည့်နီးပါး နီးစပ်ပါတယ်။ နောက်ထပ် ပြံုးစရာ အချက်တစ်ချက်က ခါးအဆမတန် တုတ်လာသူတွေဟာ သက်လတ်ပိုင်း စိတ်ဂယက်ရဲ့ သားကောင်တွေ ဖြစ်တတ်ပါသတဲ့။ ဒါကြောင့် Mid-life Crisis ကို ကာကွယ်ဖို့ အလှူတွေချည်းပဲ လိုက်စားမနေပါနဲ့၊ ကျန်းမာရေးနဲ့ ဘာသာရေးလဲ လိုက်စားပါဦးလို့ တိုက်တွန်းပါတယ်။

- အလွန်အမင်း နှလုံးသွင်း ခံစားတတ်သော အကျင့်ကို ပြင်ပါ
ချစ်ခင်ရသူ တစ်ဦးဦးနဲ့ သေခွဲ ခွဲရတာမျိုး၊ အလုပ်အကိုင် ထိခိုက်သွားတာမျိုး၊ သားသမီးတွေ စွန့်ခွာသွားတာမျိုး စတဲ့ ထိခိုက်နာကျင်ရမှုတွေကို မေ့ဖျောက်အေးချမ်းအောင် အထက်ပါ အချက် ရ ချက်ကို လိုက်နာကျင့်သုံး ကာကွယ်ပါ။

တကယ်တမ်းကတော့ ဥရောပသားတွေ ပြောသလို အသက် ၄၀ မှ ဘဝ စတယ်ဆိုတာဟာ အသက် ၄၀ ရောက်ရင် လူတစ်ယောက်အတွက် ပညာ၊ ဥစ္စာ၊ ချစ်ခြင်းမေတ္တာ၊ မိသားစု စတဲ့ တန်ဖိုးရှိတဲ့ အရာကောင်းတွေ စုစည်းမိထားပြီး ဘဝရဲ့ အရသာကို အေးဆေး စခံစားရတော့မယ့် အရွယ််လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ထို့အတူ တစ်ယောက်ချင်းစီအတွက် မိမိကိုယ် မိမိ အမှန်သိခြင်း (Self-actualization) နဲ့ မိမိရဲ့ ကောင်းမွန်မှုတွေကို သိရှိကျေနပ်ခြင်း (Self-awareness) ရအောင် ပြန်လည်ဝေဖန် သုံးသပ်ပြီး တည်ငြိမ်အေးချမ်းစွာ နေထိုင်ရတော့မယ့် အရွယ်ဖြစ်ပါတယ်။ ဒီလိုတန်ဖိုးရှိတဲ့ အချိန်မှာ Mid-life Crisis ခေါ် သက်လတ်ပိုင်း စိတ်ဂယက်ကို မကြံုတွေ့ရအောင် ကိုယ့်ကိုယ်ကို ပြင်ဆင်နှလုံးသွင်းရင်း (အိုမင်းမှုဆိုတာ စာရေးသူလည်း ကိုယ်ချင်းစာ မခံစားပေးနိုင်သေးပေမယ့်) အိုမင်းမှုကိုလည်း ပုံမှန်စိတ်အနေအထားနဲ့ လက်ခံနှေးကွေးစေရင်း ကျန်းမာပျော်ရွှင်စွာ နေနိုင်ကြပါစေ။

Healthcare.com.mm

Written by : ဒေါက်တာသီဟသစ်
Ref:MMDailynews

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment (သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>