အန္ကာရာ ၊ ၂၄-၁၂-၂ဝ၁၅
ISIS အစၥလာမၼစ္ စစ္ေသြးၾကြ အဖြဲ႕ႏွင့္ တူရကီႏိုင္ငံ အၾကားရွိ ပူးေပါင္းေဆာင္ရြက္မႈ မ်ားႏွင့္ ပတ္သက္သည့္ အေသးစိတ္ အခ်က္အလက္ မ်ားကို ဖမ္းဆီးခံထားရသည့္ ISIS အစၥလာမၼစ္ စစ္ေသြးၾကြ တစ္ဦးက ထုတ္ေဖာ္ ေျပာၾကား ခဲ့ေၾကာင္း Sputnik သတင္းတစ္ရပ္ အရ သိရသည္။
အသက္ ၂၄ ႏွစ္အရြယ္ မာမက္ဂါဇီတက္တာ အမည္ရွိ အဆိုပါ စစ္ေသြးၾကြကို ဆီးရီးယားႏိုင္ငံ အတြင္း ကာ့ဒ္တပ္ဖြဲ႕ဝင္ မ်ားက ဖမ္းဆီးခဲ့ျခင္း ျဖစ္ၿပီး ၄င္းသည္ တူရကီႏိုင္ငံ အဒီယာမန္းၿမိဳ႕မွ ISIS အစၥလာမၼစ္ စစ္ေသြးၾကြ အဖြဲ႕ႏွင့္ ပူးေပါင္း ဆက္သြယ္ေနသူ ျဖစ္သည္။
တူရကီနယ္စပ္မွ ၅ ကီလိုမီတာ အကြာရွိ ေလ့က်င့္ေရးစခန္း၌ ဘာသာေရး သင္တန္းမ်ားႏွင့္ စစ္ဘက္ ေလ့က်င့္ခန္းမ်ားကို သင္ၾကား ခဲ့ရေၾကာင္း၊ ယင္းကဲ့သို႔ သင္ၾကားေလ့က်င့္ ေနစဥ္အတြင္း တူရကီႏိုင္ငံမွ လူအခ်ဳိ႕ လာေရာက္ၾကည့္႐ႈ ခဲ့ၿပီး ၄င္းတို႔မွာ ISIS အဖြဲ႕ဝင္မ်ား မဟုတ္ေၾကာင္း မာမက္က Sputnik Turkiye သတင္းဌာန၏ ေတြ႕ဆံု ေမးျမန္းခန္း တစ္ခုတြင္ ေျပာၾကား ထားသည္။
ISIS အစၥလာမၼစ္ စစ္ေသြးၾကြ အဖြဲ႕သည္ တူရကီႏိုင္ငံသို႔ ေရနံမ်ား ေရာင္းခ်ျခင္းျဖင့္ ဝင္ေငြမ်ား ရရွိေနေၾကာင္း၊ တူရကီႏိုင္ငံသည္ အိုင္အက္စ္အဖြဲ႕၏ ေငြေၾကး အခက္အခဲမ်ားကို ကူညီေျဖရွင္း ေပးလ်က္ရွိေၾကာင္း၊ ယင္းႏိုင္ငံသို႔ တစ္ေန႔လွ်င္ ေရနံစည္ပိုင္း အမ်ားအျပားကို ေပးပို႔လ်က္ ရွိေၾကာင္းႏွင့္ ISIS အစၥလာမၼစ္ စစ္ေသြးၾကြ အဖြဲ႕၏ အဓိကဝင္ေငြမွာ ေရနံေရာင္းခ်ျခင္းပင္ ျဖစ္ေၾကာင္း မာမက္ က ေျပာၾကားသည္။
ISIS အစၥလာမၼစ္ စစ္ေသြးၾကြ အဖြဲ႕သည္ ေရနံ ေရာင္းဝယ္မႈကို တူရကီႏိုင္ငံႏွင့္ သာမက အျခား အာရပ္ႏိုင္ငံမ်ား ႏွင့္ပါ လုပ္ေဆာင္လ်က္ ရွိေၾကာင္း၊ ယင္း ေျပာၾကားခ်က္ မ်ားကို ISIS အဖြဲ႕ေခါင္းေဆာင္ တစ္ဦးျဖစ္သည့္ အဘူတယ္လ္ဟာ က ေျပာၾကားခဲ့ျခင္း ျဖစ္ေၾကာင္း မာမက္ က ထပ္ေလာင္း ေျပာၾကားသည္။
တူရကီႏိုင္ငံသည္ ဆီးရီးယား သမၼတ ဘာရွာအယ္လ္အာဆတ္ အား ျဖဳတ္ခ်ရန္ အတြက္ ISIS အဖြဲ႕ကို ေထာက္ပံ့ခဲ့ျခင္း ျဖစ္ေၾကာင္း၊ အဆိုပါ ေထာက္ပံ့မႈ မ်ားတြင္ စားေသာက္ကုန္မ်ား၊ ေငြေၾကး၊ လက္နက္မ်ား၊ သယ္ယူ ပို႔ေဆာင္ေရး ယာဥ္မ်ားႏွင့္ ဒဏ္ရာရရွိသည့္ ISIS အစၥလာမၼစ္ စစ္ေသြးၾကြ မ်ားကို ကုသမႈေပး ႏိုင္ရန္အတြက္ က်န္းမာေရး ပစၥည္းမ်ား စသည္တို႔ ပါဝင္ေၾကာင္း ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ေရးႏွင့္ လူ႔အခြင့္အေရး ဆိုင္ရာ စီမံကိန္း ၫႊန္ၾကားေရးမွဴး ေဒးဗစ္ဖီးလစ္ က ေျပာၾကားသည္။
#PyiChitThar
...................................................................
ဖမ်းဆီးခံထားရသည့် ISIS စစ်သွေးကြွတစ်ဦးက အကြမ်းဖက်အဖွဲ့နှင့် တူရကီ၏ပူးပေါင်းမှု ကိစ္စရပ်များကို ထုတ်ဖော်ပြောကြား
အန်ကာရာ ၊ ၂၄-၁၂-၂ဝ၁၅
ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့နှင့် တူရကီနိုင်ငံ အကြားရှိ ပူးပေါင်းဆောင်ရွက်မှု များနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက် များကို ဖမ်းဆီးခံထားရသည့် ISIS အစ္စလာမ္မစ် စစ်သွေးကြွ တစ်ဦးက ထုတ်ဖော် ပြောကြား ခဲ့ကြောင်း Sputnik သတင်းတစ်ရပ် အရ သိရသည်။
အသက် ၂၄ နှစ်အရွယ် မာမက်ဂါဇီတက်တာ အမည်ရှိ အဆိုပါ စစ်သွေးကြွကို ဆီးရီးယားနိုင်ငံ အတွင်း ကာ့ဒ်တပ်ဖွဲ့ဝင် များက ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၄င်းသည် တူရကီနိုင်ငံ အဒီယာမန်းမြို့မှ ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်း ဆက်သွယ်နေသူ ဖြစ်သည်။
တူရကီနယ်စပ်မှ ၅ ကီလိုမီတာ အကွာရှိ လေ့ကျင့်ရေးစခန်း၌ ဘာသာရေး သင်တန်းများနှင့် စစ်ဘက် လေ့ကျင့်ခန်းများကို သင်ကြား ခဲ့ရကြောင်း၊ ယင်းကဲ့သို့ သင်ကြားလေ့ကျင့် နေစဉ်အတွင်း တူရကီနိုင်ငံမှ လူအချို့ လာရောက်ကြည့်ရှု ခဲ့ပြီး ၄င်းတို့မှာ ISIS အဖွဲ့ဝင်များ မဟုတ်ကြောင်း မာမက်က Sputnik Turkiye သတင်းဌာန၏ တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် ပြောကြား ထားသည်။
ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့သည် တူရကီနိုင်ငံသို့ ရေနံများ ရောင်းချခြင်းဖြင့် ဝင်ငွေများ ရရှိနေကြောင်း၊ တူရကီနိုင်ငံသည် အိုင်အက်စ်အဖွဲ့၏ ငွေကြေး အခက်အခဲများကို ကူညီဖြေရှင်း ပေးလျက်ရှိကြောင်း၊ ယင်းနိုင်ငံသို့ တစ်နေ့လျှင် ရေနံစည်ပိုင်း အများအပြားကို ပေးပို့လျက် ရှိကြောင်းနှင့် ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့၏ အဓိကဝင်ငွေမှာ ရေနံရောင်းချခြင်းပင် ဖြစ်ကြောင်း မာမက် က ပြောကြားသည်။
ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့သည် ရေနံ ရောင်းဝယ်မှုကို တူရကီနိုင်ငံနှင့် သာမက အခြား အာရပ်နိုင်ငံများ နှင့်ပါ လုပ်ဆောင်လျက် ရှိကြောင်း၊ ယင်း ပြောကြားချက် များကို ISIS အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သည့် အဘူတယ်လ်ဟာ က ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း မာမက် က ထပ်လောင်း ပြောကြားသည်။
တူရကီနိုင်ငံသည် ဆီးရီးယား သမ္မတ ဘာရှာအယ်လ်အာဆတ် အား ဖြုတ်ချရန် အတွက် ISIS အဖွဲ့ကို ထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ထောက်ပံ့မှု များတွင် စားသောက်ကုန်များ၊ ငွေကြေး၊ လက်နက်များ၊ သယ်ယူ ပို့ဆောင်ရေး ယာဉ်များနှင့် ဒဏ်ရာရရှိသည့် ISIS အစ္စလာမ္မစ် စစ်သွေးကြွ များကို ကုသမှုပေး နိုင်ရန်အတွက် ကျန်းမာရေး ပစ္စည်းများ စသည်တို့ ပါဝင်ကြောင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ စီမံကိန်း ညွှန်ကြားရေးမှူး ဒေးဗစ်ဖီးလစ် က ပြောကြားသည်။
#PyiChitThar