ဘရာဇီးလီးယား ၊ ၂၅-၁၂-၂ဝ၁၅
ဘရာဇီးႏုိင္ငံတြင္ ယခုႏွစ္အတြင္း ျခင္၌ပါရွိေသာ ဇီကာ ဗိုင္းရပ္စ္ေရာဂါပုိး တစ္မ်ဳိးေၾကာင့္ ဦးေခါင္းပုံမွန္ မဟုတ္ဘဲ ေမြးဖြားလာသည့္ ကေလးငယ္ ၂၇၈၂ ဦးရွိေၾကာင္း ၿပီးခဲ့သည့္ ရက္သတၱပတ္ အကုန္က ေကာက္ယူ ခဲ့ေသာ စစ္တမ္းအရ သိရသည္။
ဘရာဇီးႏုိင္ငံ၌ ျပည္နယ္ေပါင္း ၂၇ ခုရွိၿပီး ၄င္းျပည္နယ္မ်ား အနက္ ျပည္နယ္ ၂ဝ တြင္ ထုိကဲ့သုိ႔ ေမြးဖြား လာသူမ်ားကုိ အာဏာပုိင္မ်ားက ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။
ပါနမ္ဘူကုိ ျပည္နယ္၌ ဦးေခါင္းပုံမွန္ မဟုတ္ဘဲ ေမြးဖြားလာသည့္ ကေလးငယ္ ၁ဝ၃၁ ဦးရွိၿပီး ၄င္းတုိ႔အနက္ သုံးဦးေသဆုံး ခဲ့ရေၾကာင္း၊ ပါေရဘာ ျပည္နယ္၌ ၄၂၉ ဦးရွိၿပီး ငါးဦး ေသဆုံးခဲ့ရကာ ဘာဟီအာ ျပည္နယ္၌ ကေလး ငယ္ ၂၇၁ ဦးရွိၿပီး ၁ဝ ဦး ေသဆုံးခဲ့ ရေၾကာင္း က်န္းမာေရး ဝန္ႀကီးဌာနက ေဖာ္ျပထားသည္။
ယခုအခါ အာဏာပုိင္မ်ားသည္ ကူးစက္ေရာဂါ မျပန္႔ပြားေအာင္ ထိန္းခ်ဳပ္သည့္ အေနျဖင့္ ျပည္နယ္ ၁၈ ခုတြင္ ဇီကာဗိုင္းရပ္စ္ပုိး၊ Chikungunya ေရာဂါပုိးႏွင့္ ေသြးလြန္တုပ္ေကြး ေရာဂါပုိးတုိ႔ကို သယ္ေဆာင္သည့္ ေအးဒီ့စ္ျခင္ တုိ႔ကုိ သုတ္သင္ရွင္းလင္း ရန္ ေဆာင္ရြက္လ်က္ ရွိသည္။ အဆိုပါ ေရာဂါပုိး သုံးမ်ဳိးေၾကာင့္ ျဖစ္ပြားႏုိင္ေသာ ကူးစက္ေရာဂါပုိး ႏွင့္ ပတ္သက္၍ က်န္းမာေရး ဝန္ႀကီးဌာနက ျပည္သူမ်ားကုိ သတိေပး ေျပာၾကား ထားသည္ဟု သိရသည္။
#PyiChitThar
...................................................................
ဘရာဇီး၌ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဦးခေါင်းပုံမှန် မဟုတ်ဘဲမွေးဖွားလာသည့် ကလေးငယ် ၂၇၈၂ ဦးရှိ
ဘရာဇီးလီးယား ၊ ၂၅-၁၂-၂ဝ၁၅
ဘရာဇီးနိုင်ငံတွင် ယခုနှစ်အတွင်း ခြင်၌ပါရှိသော ဇီကာ ဗိုင်းရပ်စ်ရောဂါပိုး တစ်မျိုးကြောင့် ဦးခေါင်းပုံမှန် မဟုတ်ဘဲ မွေးဖွားလာသည့် ကလေးငယ် ၂၇၈၂ ဦးရှိကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်က ကောက်ယူ ခဲ့သော စစ်တမ်းအရ သိရသည်။
ဘရာဇီးနိုင်ငံ၌ ပြည်နယ်ပေါင်း ၂၇ ခုရှိပြီး ၄င်းပြည်နယ်များ အနက် ပြည်နယ် ၂ဝ တွင် ထိုကဲ့သို့ မွေးဖွား လာသူများကို အာဏာပိုင်များက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ပါနမ်ဘူကို ပြည်နယ်၌ ဦးခေါင်းပုံမှန် မဟုတ်ဘဲ မွေးဖွားလာသည့် ကလေးငယ် ၁ဝ၃၁ ဦးရှိပြီး ၄င်းတို့အနက် သုံးဦးသေဆုံး ခဲ့ရကြောင်း၊ ပါရေဘာ ပြည်နယ်၌ ၄၂၉ ဦးရှိပြီး ငါးဦး သေဆုံးခဲ့ရကာ ဘာဟီအာ ပြည်နယ်၌ ကလေး ငယ် ၂၇၁ ဦးရှိပြီး ၁ဝ ဦး သေဆုံးခဲ့ ရကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဖော်ပြထားသည်။
ယခုအခါ အာဏာပိုင်များသည် ကူးစက်ရောဂါ မပြန့်ပွားအောင် ထိန်းချုပ်သည့် အနေဖြင့် ပြည်နယ် ၁၈ ခုတွင် ဇီကာဗိုင်းရပ်စ်ပိုး၊ Chikungunya ရောဂါပိုးနှင့် သွေးလွန်တုပ်ကွေး ရောဂါပိုးတို့ကို သယ်ဆောင်သည့် အေးဒီ့စ်ခြင် တို့ကို သုတ်သင်ရှင်းလင်း ရန် ဆောင်ရွက်လျက် ရှိသည်။ အဆိုပါ ရောဂါပိုး သုံးမျိုးကြောင့် ဖြစ်ပွားနိုင်သော ကူးစက်ရောဂါပိုး နှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာနက ပြည်သူများကို သတိပေး ပြောကြား ထားသည်ဟု သိရသည်။
#PyiChitThar