Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ခ်စ္သူေဟာင္းအမ်ိဳးသမီး၏ ပုံႏွင့္အတူ ညစ္ညမ္းစာမ်ား ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေပၚ ေဖာ္ျပခဲ့သူကို အမႈဖြင့္

$
0
0
ရန္ကုန္၊ ဒီဇင္ဘာ ၂၇

ေလးႏွစ္ၾကာခ်စ္ႀကိဳက္ခဲ့ၿပီးေနာက္ ႏွစ္ဦး သေဘာတူ လမ္းခြဲခဲ့ေသာ အသက္ ၂၆ ႏွစ္အ႐ြယ္ ခ်စ္သူေဟာင္းအမ်ိဳးသမီး၏ ဓာတ္ပုံကို ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေပၚတင္ကာ ညစ္ညမ္းစာမ်ား ေရးသားေဖာ္ျပခဲ့ေသာ အမ်ိဳးသားကို ဒီဇင္ဘာ ၂၆ ရက္က ေတာင္ဥကၠလာပၿမိဳ႕မရဲစခန္းတြင္ ဆက္သြယ္ေရးဥပေဒပုဒ္မျဖင့္အမႈဖြင့္ အေရးယူထားေၾကာင္း ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ ရဲတပ္ဖြဲ႕ထံမွ သိရွိရသည္။

ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ ၂၆ ႏွစ္ အ႐ြယ္ရွိ ဘဏ္ဝန္ထမ္းအမ်ိဳးသမီးမွာ ၂၀၁၁ ခုႏွစ္မွ စတင္ကာ မရမ္းကုန္းၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အမ်ိဳးသား တစ္ဦးႏွင့္ ခ်စ္ႀကိဳက္ခဲ့ရာမွ ယခုႏွစ္ ေမလတြင္ စိတ္သေဘာထားခ်င္း မတိုက္ဆိုင္မႈေၾကာင့္ လမ္းခြဲခဲ့ၿပီး အဆက္အသြယ္ ျဖတ္ခဲ့စဥ္ ယင္းအမ်ိဳးသားက ေကာင္ေလး အမည္ျဖင့္ fေခနဘသသု အေကာင့္ အသုံးျပဳကာ ခ်စ္သူေဟာင္းအမ်ိဳးသမီး၏ ပုံႏွင့္အတူ ညစ္ညမ္းစာမ်ားေရးသား ေဖာ္ျပခဲ့ေၾကာင္း ေတာင္ဥကၠလာပၿမိဳ႕မ ရဲစခန္းမွ ရဲအရာရွိ တစ္ဦးက ေျပာၾကားသည္။

“ေကာင္ေလး အမည္နဲ႔ facebookသုံးသူက ရည္းစားေဟာင္းရဲ႕ မဖြယ္မရာ ဓာတ္ပုံေတြကို အမ်ိဳးသမီးရဲ႕ မိသားစုဝင္ေတြနဲ႔ သူငယ္ခ်င္းေတြဆီ ေပးပို႔ၿပီး ဂုဏ္သိကၡာက်ဆင္းေအာင္ လုပ္ခဲ့လို႔ ခံရသူ အမ်ိဳးသမီးက ရဲစခန္းလာ အမႈဖြင့္ခဲ့တာ၊ အမႈဖြင့္ခံရတဲ့ အမ်ိဳးသားကို ေခၚစစ္ေဆးဖို႔ ေဆာင္႐ြက္ေနပါတယ္ ” ဟု ၎က ဆက္လက္ ေျပာၾကားသည္။

ယခုႏွစ္ ရန္ကုန္ၿမိဳ႕ေတာ္တြင္ လူမႈကြန္ရက္ fေခနဘသသု စာမ်က္ႏွာေပၚတြင္ ပုဂၢိဳလ္ တစ္ဦးခ်င္း လည္းေကာင္း၊ အဖြဲ႕အစည္းတစ္ခုေသာ္လည္းေကာင္း ဂုဏ္သိကၡာက်ဆင္းေစရန္ အေကာင့္ အခ်ိဳ႕က ဓာတ္ပုံမ်ား ျပဳျပင္ ဖန္တီးကာ ညစ္ညမ္းစာမ်ား ေရးသားေဖာ္ျပမႈေၾကာင့္ အမႈဖြင့္ တိုင္ၾကားမႈေပါင္း ၂၀ ေက်ာ္အထိ ရွိခဲ့ေၾကာင္း၊ ယင္းတိုင္ၾကားမႈမ်ား အနက္ တပ္မေတာ္ႏွင့္ အစိုးရ အဖြဲ႕၏ ဂုဏ္သိကၡာ ထိခိုက္ေစရန္ ေရးသားေဖာ္ျပခဲ့သည့္ အေကာင့္ပိုင္ရွင္မ်ားကိုသာ ေဖာ္ထုတ္ဖမ္းဆီး အေရးယူႏိုင္ခဲ့ၿပီး က်န္အမႈမ်ားကိုမူ ယေန႔အထိ မေဖာ္ထုတ္ႏိုင္ေသးေၾကာင္း မႈခင္းစာရင္းမ်ား အရ သိရွိရသည္။
The Voice Weekly
................
ချစ်သူဟောင်းအမျိုးသမီး၏ ပုံနှင့်အတူ ညစ်ညမ်းစာများ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ဖော်ပြခဲ့သူကို အမှုဖွင့်

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

လေးနှစ်ကြာချစ်ကြိုက်ခဲ့ပြီးနောက် နှစ်ဦး သဘောတူ လမ်းခွဲခဲ့သော အသက် ၂၆ နှစ်အရွယ် ချစ်သူဟောင်းအမျိုးသမီး၏ ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တင်ကာ ညစ်ညမ်းစာများ ရေးသားဖော်ပြခဲ့သော အမျိုးသားကို ဒီဇင်ဘာ ၂၆ ရက်က တောင်ဥက္ကလာပမြို့မရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့်အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော အသက် ၂၆ နှစ် အရွယ်ရှိ ဘဏ်ဝန်ထမ်းအမျိုးသမီးမှာ ၂၀၁၁ ခုနှစ်မှ စတင်ကာ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သော အမျိုးသား တစ်ဦးနှင့် ချစ်ကြိုက်ခဲ့ရာမှ ယခုနှစ် မေလတွင် စိတ်သဘောထားချင်း မတိုက်ဆိုင်မှုကြောင့် လမ်းခွဲခဲ့ပြီး အဆက်အသွယ် ဖြတ်ခဲ့စဉ် ယင်းအမျိုးသားက ကောင်လေး အမည်ဖြင့် fခေနဘသသု အကောင့် အသုံးပြုကာ ချစ်သူဟောင်းအမျိုးသမီး၏ ပုံနှင့်အတူ ညစ်ညမ်းစာများရေးသား ဖော်ပြခဲ့ကြောင်း တောင်ဥက္ကလာပမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

“ကောင်လေး အမည်နဲ့ facebookသုံးသူက ရည်းစားဟောင်းရဲ့ မဖွယ်မရာ ဓာတ်ပုံတွေကို အမျိုးသမီးရဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေဆီ ပေးပို့ပြီး ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ခဲ့လို့ ခံရသူ အမျိုးသမီးက ရဲစခန်းလာ အမှုဖွင့်ခဲ့တာ၊ အမှုဖွင့်ခံရတဲ့ အမျိုးသားကို ခေါ်စစ်ဆေးဖို့ ဆောင်ရွက်နေပါတယ် ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယခုနှစ် ရန်ကုန်မြို့တော်တွင် လူမှုကွန်ရက် fခေနဘသသု စာမျက်နှာပေါ်တွင် ပုဂ္ဂိုလ် တစ်ဦးချင်း လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုသော်လည်းကောင်း ဂုဏ်သိက္ခာကျဆင်းစေရန် အကောင့် အချို့က ဓာတ်ပုံများ ပြုပြင် ဖန်တီးကာ ညစ်ညမ်းစာများ ရေးသားဖော်ပြမှုကြောင့် အမှုဖွင့် တိုင်ကြားမှုပေါင်း ၂၀ ကျော်အထိ ရှိခဲ့ကြောင်း၊ ယင်းတိုင်ကြားမှုများ အနက် တပ်မတော်နှင့် အစိုးရ အဖွဲ့၏ ဂုဏ်သိက္ခာ ထိခိုက်စေရန် ရေးသားဖော်ပြခဲ့သည့် အကောင့်ပိုင်ရှင်များကိုသာ ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး ကျန်အမှုများကိုမူ ယနေ့အထိ မဖော်ထုတ်နိုင်သေးကြောင်း မှုခင်းစာရင်းများ အရ သိရှိရသည်။
The Voice Weekly




Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>