ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆ ဃ အရ တရားစြဲဆိုခံထားရသည့္ မေခ်ာစႏၵီထြန္း ေခၚ
ခ်စ္သမီးကို ဒီဇင္ဘာ ၂၈ ရက္က အၿပီးသတ္အမိန္႕ခ်မွတ္ရာ ေထာင္ဒဏ္ ေျခာက္လ
က်ခံေစခဲ့ၿပီး ခ်ဳပ္ရက္မ်ားကို ထုတ္ႏုတ္ခံစားခြင့္ျပဳခဲ့ေၾကာင္း ၎၏
ေရွ႕ေနျဖစ္သူ ဦးေရာဘတ္စန္းေအာင္က ဒီဇင္ဘာ ၂၈ ရက္တြင္ The Ladies သို႔ေျပာသည္။
“မေခ်ာစႏၵီထြန္းကို ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ ဃ အရ ေထာင္ဒဏ္ေျခာက္လ
ခ်မွတ္ၿပီး ခ်ဳပ္ရက္မ်ားကို ထုတ္ႏုတ္ခံစားခြင့္ျပဳတယ္။ က်န္တဲ့ရက္က
သုံးလေက်ာ္ေက်ာ္ ပဲက်န္ေတာ့ အယူခံ၀င္မယ္ဆို ခ႐ိုင္တက္ရတာေတြဘာေတြနဲ႕ ဆိုေတာ့
သူ႔မိသားစု၀င္ေတြဘယ္လိုဆက္လုပ္ခ်င္လဲဆိုတာေမးရပါဦးမယ္”ဟု
ဦးေရာဘတ္စန္းေအာင္က The Ladies သို႕ေျပာသည္။
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္
ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္၀တ္ဆင္ထားေသာ ယူနီေဖာင္း သည္
ေဒၚေအာင္ဆန္းစုၾကည္၀တ္ဆင္ထားသည့္ ထဘီအေရာင္ႏွင့္ ဆင္တူသည္ဟု
လူမႈကြန္ရက္စာမ်က္ႏွာ (Facebook)ေပၚတြင္ ေရးသားေဖာ္ျပခဲ့ျခင္းေၾကာင္း
မေခ်ာစႏၵီထြန္းကို တပ္မေတာ္ကိုယ္စား ပုသိမ္အေျခစိုက္ အေနာက္ေတာင္တိုင္း
စစ္ဌာနခ်ဳပ္မွ ပထမတန္း စစ္ေရးဦးစီးအရာရွိ ဒုတိယ ဗိုလ္မွဴးႀကီး
ေက်ာ္ထင္က တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။
မအူပင္နည္းပညာတကၠသိုလ္မွ B.Tech(EC)ျဖင့္ ဘြဲ႕ရထားသူမေခ်ာစႏၵီထြန္းသည္
မအူပင္ခ႐ိုင္ေက်ာင္းသားသမဂၢအဖြဲ႕၀င္ေဟာင္းတစ္ဦးျဖစ္ၿပီး
ေဖေဖာ္၀ါရီလအတြင္းကေပၚေပါက္ခဲ့သည့္ ေက်ာင္းသားသပိတ္စစ္ေၾကာင္းတြင္
လိုက္ပါ၍ အမ်ိဳးသားပညာေရးဥပေဒကို
ဆန္႔က်င္ကန္႔ကြက္ခဲ့သူတစ္ဦးလည္းျဖစ္ေၾကာင္း၊ ယင္းေနာက္ပိုင္းတြင္
ေက်ာင္းသားသမဂၢမွႏုတ္ထြက္၍ မအူပင္ၿမိဳ႕နယ္ NLD ပါတီသို႔၀င္ေရာက္ကာ
ပါတီေအာင္ႏိုင္ေရးလုပ္ငန္းမ်ား ၀ိုင္း၀န္းကူညီေဆာင္ရြက္ခဲ့သူျဖစ္ေၾကာင္းသိရသည္။
သတင္း - ေဇာ္မင္းထြန္း
The Ladies News Journal
Photo- Free Miss Chaw sandi htun
The Ladies News Journal
................
တပ်ချုပ်ဝတ်စုံကို ထဘီနှင့် နှိုင်းယှဉ်ရေးသားသူ မချောစန္ဒီထွန်းကို ထောင်ဒဏ်ခြောက်လချမှတ်
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ အရ တရားစွဲဆိုခံထားရသည့် မချောစန္ဒီထွန်း ခေါ်
ချစ်သမီးကို ဒီဇင်ဘာ ၂၈ ရက်က အပြီးသတ်အမိန့်ချမှတ်ရာ ထောင်ဒဏ် ခြောက်လ
ကျခံစေခဲ့ပြီး ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ပြုခဲ့ကြောင်း ၎င်း၏
ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က ဒီဇင်ဘာ ၂၈ ရက်တွင် The Ladies သို့ပြောသည်။
“မချောစန္ဒီထွန်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ အရ ထောင်ဒဏ်ခြောက်လ
ချမှတ်ပြီး ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ပြုတယ်။ ကျန်တဲ့ရက်က
သုံးလကျော်ကျော် ပဲကျန်တော့ အယူခံဝင်မယ်ဆို ခရိုင်တက်ရတာတွေဘာတွေနဲ့ ဆိုတော့
သူ့မိသားစုဝင်တွေဘယ်လိုဆက်လုပ်ချင်လဲဆိုတာမေးရပါဦးမယ်”ဟု
ဦးရောဘတ်စန်းအောင်က The Ladies သို့ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဝတ်ဆင်ထားသော ယူနီဖောင်း သည်
ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ထားသည့် ထဘီအရောင်နှင့် ဆင်တူသည်ဟု
လူမှုကွန်ရက်စာမျက်နှာ (Facebook)ပေါ်တွင် ရေးသားဖော်ပြခဲ့ခြင်းကြောင်း
မချောစန္ဒီထွန်းကို တပ်မတော်ကိုယ်စား ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း
စစ်ဌာနချုပ်မှ ပထမတန်း စစ်ရေးဦးစီးအရာရှိ ဒုတိယ ဗိုလ်မှူးကြီး
ကျော်ထင်က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
မအူပင်နည်းပညာတက္ကသိုလ်မှ B.Tech(EC)ဖြင့် ဘွဲ့ရထားသူမချောစန္ဒီထွန်းသည်
မအူပင်ခရိုင်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး
ဖေဖော်ဝါရီလအတွင်းကပေါ်ပေါက်ခဲ့သည့် ကျောင်းသားသပိတ်စစ်ကြောင်းတွင်
လိုက်ပါ၍ အမျိုးသားပညာရေးဥပဒေကို
ဆန့်ကျင်ကန့်ကွက်ခဲ့သူတစ်ဦးလည်းဖြစ်ကြောင်း၊ ယင်းနောက်ပိုင်းတွင်
ကျောင်းသားသမဂ္ဂမှနုတ်ထွက်၍ မအူပင်မြို့နယ် NLD ပါတီသို့ဝင်ရောက်ကာ
ပါတီအောင်နိုင်ရေးလုပ်ငန်းများ ၀ိုင်းဝန်းကူညီဆောင်ရွက်ခဲ့သူဖြစ်ကြောင်းသိရသည်။
သတင်း - ဇော်မင်းထွန်း