Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ထိုင္းနိုင္ငံ တရားစီရင္ေရးနဲ ့ ပါတ္သက္၍ ထိုင္း၀န္ၾကီးခ်ဳပ္ ကာကြယ္ ေျပာၾကား

$
0
0


ျမန္မာနိုင္ငံမွာ လိပ္က်ြန္း အေရးေတာ္ပံုၾကီး ေပၚေပါက္ေနျပီး ဆႏၵျပေနၾက တာေတြနဲ ့ ပါတ္သက္ျပီး သတင္းေထာက္ေတြရဲ ့အေမးကို ယေန ့ မနက္ ပိုင္းမွာ ထိုင္း၀န္ၾကီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ပရယု က်န္အိုခ်ာ Gen. Prayut Chan-ochaက ထိုင္းနိုင္ငံက တရားစီရင္ေရး စနစ္နဲ ့ပါတ္သက္ျပီး ကာကြယ္
ေျပာၾကားခဲ့ပါတယ္။

အဓိကေျပာသြားတဲ့အခ်က္ေတြကေတာ့ ျမန္မာအစိုးဘက္က တရားစီရင္ေရး နဲ ့ပါတ္သက္ျပီး ျပန္လည္ စစ္ေဆးတာ ၾကားနားေပးဘို ့ ေတာင္းဆိုတာမ်ိဳးက
လက္ခံပါတယ္၊ ဒါေပမယ့္ ကြင္းလံုးက်ြတ္လြတ္ေပးဘို ့ ေတာင္းဆိုတာမ်ိဳးကို
လိုက္ေလ်ွာလို ့မရသလို ဘယ္နိုင္ငံမွာမွ ဒါမ်ိဳး လုပ္ေပးမွာမဟုတ္ပါဘူးလို ့ေျဖ
ၾကားခဲ့ပါတယ္။

သူ ့အေနနဲ ့ ခုလို ့ ျဖစ္လာတာေတြဟာ အရင္အစိုးရေဟာင္း ေတြ လက္ထက္က လုပ္တပ္တဲ့ ေအာက္လမ္းနည္းေတြပါ လို ့ ေျပာခဲ့ပါတယ္။

သူေျပာသြားတဲ့ရည္ရြယ္ခ်က္ကေတာ့အစိုးရျပဳတ္က်ေရးအတြက္ ျပည္တြင္းမွာ ဆူပူအံုၾကြမွုေတြ ျဖစ္ေအာင္မ လုပ္ နိုင္ ခဲ့လို ့ ကံေမၻာရီးယား နိုင္ငံနဲ ့ ထိုင္းနို္င္ငံအၾကားအန္ေကာဘုရားေက်ာင္းနယ္ေျမကိုသူပိုင္ငါပိုင္အျငင္းပြားလာေအာင္ျပန္ ေဖၚျပီး ႏွစ္နိုင္ငံစစ္ျဖစ္ေအာင္ရန္တိုက္ေပးတဲ့နည္းကိုသံုးခဲ့ျပီးဒါလည္းမေအာင္မျမင္ျဖစ္ခဲ့ပါတယ္။ေ

ေနာက္ပိုင္း ထိုင္းအစိုရနဲ ့ ကံေၽမၻာရီးယား အလုပ္သမားေတြအၾကားမွာ
ျပသနာ ေတြတက္ေအာင္လုပ္ခဲ့ျပီးအလုပ္သမားေတြ ျပည္ေတာ္ျပန္ခိုင္းတဲ့ နည္းကိုနိုင္ငံေရးလက္နက္တခုအျဖစ္သံုးခဲ့ဘူးတာကိုရည္ညႊန္းေျပာဆိုတာပါ။

ထိုင္းအစိုးရက ေထာက္ျပတာကေတာ့ထိုင္းနိုင္ငံမွာ ျမန္မာနိုင္ငံသားေတြ ျဖစ္ပြားခဲ့တဲ့ ျပစ္မွုၾကီးေပါင္း၂၆၀ရွိခဲ့ရာမွာခုလိုဆႏၵျပကန္ ့ကြက္မွုေတြမျမင္ေတြ ့ရဘဲ လိပ္က်ြန္းအမွု တခုတည္းမွ ခုလို အေရးေတာ္ပံုၾကီးျဖစ္ျပီး ႏွစ္နိုင္ငံဆက္ဆံ
ပ်က္ျပားေအာင္ လုပ္ခဲ့တာဟာ လူတစုက ရည္ရြယ္ခ်က္ရွိရွိ စီစဥ္ထားပံု ရပါတယ္။

ယေန ့၂၈-၁၂-၂၀၁၅ မနက္ပိုင္းမွာ ထိုင္း-ျမန္မာနယ္စပ္ဂိတ္ ဘုရားသံုး ဆူစစ္ေဆးေရးဂိတ္ အနီးမွာ ဆႏၵျပပြဲေတြ ျဖစ္ခဲ့လို ့ ရဲ႕ ျမန္မာ ဘက္ျခမ္း ကို ျမန္မာအာဏာ ပိုင္ေတြက ပိတ္လိုက္ျပီလုိ႔ သိရပါတယ္။

ထိုင္းႏိုင္ငံဘက္ျခမ္းကဘုရားသံုးဆူဂိတ္ကိုပံုမွန္အတိုင္းဖြင့္ထား ေပမယ့္ ျမန္မာဘက္ ျခမ္းက ဘုရားသံုးဆူဂိတ္ကို ပိတ္လိုက္ျပီးထိုင္းႏိုင္ငံသားေတြနဲ႔ ခရီးသြားေတြ၀င္ခြင့္မေပးထားဘူးလုိ႔ထိုင္းတာ၀န္ရွိသူေတြရဲ႕ေျပာၾကားခ်က္ကို ကိုးကားၿပီး ဘန္ေကာက္ပို႔စ္ကေဖာ္ျပထားပါတယ္။

ကိုကား CH 3 ,Bangkok post

Social Action for Women - SAW

.............................................

ထိုင်းနိုင်ငံ တရားစီရင်ရေးနဲ ့ ပါတ်သက်၍ ထိုင်းဝန်ကြီးချုပ် ကာကွယ်
ပြောကြား



မြန်မာနိုင်ငံမှာ လိပ်ကျွန်း အရေးတော်ပုံကြီး ပေါ်ပေါက်နေပြီး ဆန္ဒပြနေကြ တာတွေနဲ ့ ပါတ်သက်ပြီး သတင်းထောက်တွေရဲ ့အမေးကို ယနေ ့ မနက် ပိုင်းမှာ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ် ပရယု ကျန်အိုချာ Gen. Prayut Chan-ochaက ထိုင်းနိုင်ငံက တရားစီရင်ရေး စနစ်နဲ ့ပါတ်သက်ပြီး ကာကွယ်
ပြောကြားခဲ့ပါတယ်။

အဓိကပြောသွားတဲ့အချက်တွေကတော့ မြန်မာအစိုးဘက်က တရားစီရင်ရေး နဲ ့ပါတ်သက်ပြီး ပြန်လည် စစ်ဆေးတာ ကြားနားပေးဘို ့ တောင်းဆိုတာမျိုးက
လက်ခံပါတယ်၊ ဒါပေမယ့် ကွင်းလုံးကျွတ်လွတ်ပေးဘို ့ တောင်းဆိုတာမျိုးကို
လိုက်လျှောလို ့မရသလို ဘယ်နိုင်ငံမှာမှ ဒါမျိုး လုပ်ပေးမှာမဟုတ်ပါဘူးလို ့ဖြေ
ကြားခဲ့ပါတယ်။

သူ ့အနေနဲ ့ ခုလို ့ ဖြစ်လာတာတွေဟာ အရင်အစိုးရဟောင်း တွေ လက်ထက်က လုပ်တပ်တဲ့ အောက်လမ်းနည်းတွေပါ လို ့ ပြောခဲ့ပါတယ်။

သူပြောသွားတဲ့ရည်ရွယ်ချက်ကတော့အစိုးရပြုတ်ကျရေးအတွက် ပြည်တွင်းမှာ ဆူပူအုံကြွမှုတွေ ဖြစ်အောင်မ လုပ် နိုင် ခဲ့လို ့ ကံမ္ဘောရီးယား နိုင်ငံနဲ ့ ထိုင်းနို်င်ငံအကြားအန်ကောဘုရားကျောင်းနယ်မြေကိုသူပိုင်ငါပိုင်အငြင်းပွားလာအောင်ပြန် ဖေါ်ပြီး နှစ်နိုင်ငံစစ်ဖြစ်အောင်ရန်တိုက်ပေးတဲ့နည်းကိုသုံးခဲ့ပြီးဒါလည်းမအောင်မမြင်ဖြစ်ခဲ့ပါတယ်။ေ

နောက်ပိုင်း ထိုင်းအစိုရနဲ ့ ကံေျမ္ဘာရီးယား အလုပ်သမားတွေအကြားမှာ
ပြသနာ တွေတက်အောင်လုပ်ခဲ့ပြီးအလုပ်သမားတွေ ပြည်တော်ပြန်ခိုင်းတဲ့ နည်းကိုနိုင်ငံရေးလက်နက်တခုအဖြစ်သုံးခဲ့ဘူးတာကိုရည်ညွှန်းပြောဆိုတာပါ။

ထိုင်းအစိုးရက ထောက်ပြတာကတော့ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ ဖြစ်ပွားခဲ့တဲ့ ပြစ်မှုကြီးပေါင်း၂၆၀ရှိခဲ့ရာမှာခုလိုဆန္ဒပြကန် ့ကွက်မှုတွေမမြင်တွေ ့ရဘဲ လိပ်ကျွန်းအမှု တခုတည်းမှ ခုလို အရေးတော်ပုံကြီးဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံ
ပျက်ပြားအောင် လုပ်ခဲ့တာဟာ လူတစုက ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားပုံ ရပါတယ်။

ယနေ ့၂၈-၁၂-၂၀၁၅ မနက်ပိုင်းမှာ ထိုင်း-မြန်မာနယ်စပ်ဂိတ် ဘုရားသုံး ဆူစစ်ဆေးရေးဂိတ် အနီးမှာ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့လို ့ ရဲ့ မြန်မာ ဘက်ခြမ်း ကို မြန်မာအာဏာ ပိုင်တွေက ပိတ်လိုက်ပြီလို့ သိရပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်းကဘုရားသုံးဆူဂိတ်ကိုပုံမှန်အတိုင်းဖွင့်ထား ပေမယ့် မြန်မာဘက် ခြမ်းက ဘုရားသုံးဆူဂိတ်ကို ပိတ်လိုက်ပြီးထိုင်းနိုင်ငံသားတွေနဲ့ ခရီးသွားတွေဝင်ခွင့်မပေးထားဘူးလို့ထိုင်းတာဝန်ရှိသူတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်ကဖော်ပြထားပါတယ်။

ကိုကား CH 3 ,Bangkok post

Social Action for Women - SAW

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>