Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

Anonymous အဖြဲ႔က ISIS ရဲ ႔အီတလီ တိုက္ခိုက္မႈ စီမံကိန္းကို ဖ်က္ဆီးႏိုင္ခဲ့

$
0
0

ကမာၻေက်ာ္ ဟက္ကာ အဖြဲ ႔ Anonymous ဟာ သူတို႔အေနနဲ႔ ISIS အဖြဲ ႔ကို စစ္ေၾကညာၿပီးတဲ့ေနာက္မွာ ထို အစြန္းေရာက္အဖြဲ ႔ ရဲ ႔အီတလီႏိုင္ငံကို အၾကမ္းဖက္တိုက္ခိုက္ဖို႔ စီစဥ္ေနမႈကို ဖ်က္သိမ္းႏိုင္ခဲ့တယ္လို႔ အခိုင္အမာဆိုခဲ့ပါတယ္။

ႏို၀င္ဘာလမွာ ျဖစ္ပြားခဲ့တဲ့ ျပင္သစ္ႏိုင္ငံ ပါရီအၾကမ္းဖက္တိုက္ခိုက္မႈအၿပီးမွာ Anonymous အဖြဲ႔ဟာ ISIS အဖြဲ႔ရဲ ႔ အြန္လိုင္းလုပ္ေဆာင္ခ်က္ေတြကို ပစ္မွတ္ထားၿပီး တိုက္ခိုက္ခဲ့ပါတယ္။

ခရစ္စမတ္ေန႔တုန္းကေတာ့ ႏို၀င္ဘာ ၁၃ ပါရီအၾကမ္းဖက္မႈ အျဖစ္အပ်က္ေတြကတစ္ဆင့္ ျဖစ္ေပၚလာတဲ့ တြစ္တာ အေကာင့္တစ္ခုက ေအာက္ပါအတိုင္း မက္ေဆ့ဂ်္ေပးခဲ့တာကိုေတြ႔ရပါတယ္။

"ဒီလေတာ့ ကၽြႏ္ုပ္တို႔ဟာ တိတ္ဆိတ္စြာ အလုပ္လုပ္ေနခဲ့ပါတယ္။ ကၽြႏ္ုပ္တို႔ဟာ အီတလီႏိုင္ငံအေပၚ တိုက္ခိုက္မယ့္ ISIS ရဲ ႔အစီအစဥ္တစ္ခုကို ဖ်က္ဆီးေႏွာင့္ယွက္ခဲ့ၿပီးျဖစ္ပါတယ္။ တစ္ျခားတိုက္ခိုက္မႈေတြကိုလည္း တားျမစ္သြားႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ #OpParis #Anonymous "

အီတလီကိုတိုက္ခိုက္ဖို႔ ရည္ရြယ္ထားတဲ့ဆိုတဲ့ ISIS ရဲ ႔ စီမံကိန္း အေသးစိတ္ ကိုေတာ့ လက္ရွိမွာ သိရွိရျခင္းမရွိေသးေပမယ့္ ဆိုက္ဘာတိုက္ခိုက္မႈ က ISIS ေတြအတြက္ သူတို႔ ရဲ ႔စီမံကိန္းေတြကို ဘယ္ေလာက္ထိ သက္ေရာက္မႈ ရွိႏိုင္တယ္ဆိုတာ သိေစခဲ့ပါတယ္။ လံုၿခံံဳေရးကၽြမ္းက်င္ပညာရွင္ေတြ ေျပာခဲ့တာကေတာ့ ISIS အဖြဲ ႔ရဲ ႔ လူမႈမီဒီယာေတြကို အသံုးျပဳၿပီး တိုက္ခိုက္ေရးသမားေတြနဲ႔ ညႊန္ၾကားေရး သမားေတြ ဆက္သြယ္ေနမႈ ဟာ အရမ္းအားေကာင္းေနတယ္လို႔ သိရပါတယ္။

( Mario )

#သစ္ထူးလြင္(နည္းပညာ)
#technology.thithtoolwin.com

Ref : Metro

...........................................

Anonymous အဖွဲ့က ISIS ရဲ ့အီတလီ တိုက်ခိုက်မှု စီမံကိန်းကို ဖျက်ဆီးနိုင်ခဲ့


ကမ္ဘာကျော် ဟက်ကာ အဖွဲ ့ Anonymous ဟာ သူတို့အနေနဲ့ ISIS အဖွဲ ့ကို စစ်ကြေညာပြီးတဲ့နောက်မှာ ထို အစွန်းရောက်အဖွဲ ့ ရဲ ့အီတလီနိုင်ငံကို အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်နေမှုကို ဖျက်သိမ်းနိုင်ခဲ့တယ်လို့ အခိုင်အမာဆိုခဲ့ပါတယ်။

နိုဝင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ ပြင်သစ်နိုင်ငံ ပါရီအကြမ်းဖက်တိုက်ခိုက်မှုအပြီးမှာ Anonymous အဖွဲ့ဟာ ISIS အဖွဲ့ရဲ ့ အွန်လိုင်းလုပ်ဆောင်ချက်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ပါတယ်။

ခရစ်စမတ်နေ့တုန်းကတော့ နိုဝင်ဘာ ၁၃ ပါရီအကြမ်းဖက်မှု အဖြစ်အပျက်တွေကတစ်ဆင့် ဖြစ်ပေါ်လာတဲ့ တွစ်တာ အကောင့်တစ်ခုက အောက်ပါအတိုင်း မက်ဆေ့ဂျ်ပေးခဲ့တာကိုတွေ့ရပါတယ်။

"ဒီလတော့ ကျွန်ုပ်တို့ဟာ တိတ်ဆိတ်စွာ အလုပ်လုပ်နေခဲ့ပါတယ်။ ကျွန်ုပ်တို့ဟာ အီတလီနိုင်ငံအပေါ် တိုက်ခိုက်မယ့် ISIS ရဲ ့အစီအစဉ်တစ်ခုကို ဖျက်ဆီးနှောင့်ယှက်ခဲ့ပြီးဖြစ်ပါတယ်။ တစ်ခြားတိုက်ခိုက်မှုတွေကိုလည်း တားမြစ်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ #OpParis #Anonymous "

အီတလီကိုတိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့ဆိုတဲ့ ISIS ရဲ ့ စီမံကိန်း အသေးစိတ် ကိုတော့ လက်ရှိမှာ သိရှိရခြင်းမရှိသေးပေမယ့် ဆိုက်ဘာတိုက်ခိုက်မှု က ISIS တွေအတွက် သူတို့ ရဲ ့စီမံကိန်းတွေကို ဘယ်လောက်ထိ သက်ရောက်မှု ရှိနိုင်တယ်ဆိုတာ သိစေခဲ့ပါတယ်။ လုံခြံုံရေးကျွမ်းကျင်ပညာရှင်တွေ ပြောခဲ့တာကတော့ ISIS အဖွဲ ့ရဲ ့ လူမှုမီဒီယာတွေကို အသုံးပြုပြီး တိုက်ခိုက်ရေးသမားတွေနဲ့ ညွှန်ကြားရေး သမားတွေ ဆက်သွယ်နေမှု ဟာ အရမ်းအားကောင်းနေတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Metro

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>