Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796


$
0
0







( Mario )

#သစ်ထူးလွင်(နည်းပညာ)

Ref : Gadgets 360

............................................................

အမေရိက မှာ ဆော့ဖ်ဝဲ ပြဿနာကြောင့် အကျဉ်းသား ၃၀၀၀ ကျော် စောပြီး လွှတ်ပေးမိခဲ့
 

အတိတ်ကာလမှာတုန်းကတော့ ဆော့ဖ်ဝဲ ပြဿနာ ကြောင့် ဒုံးကျည် တည်ဆောက်မှု ပျက်စီးခြင်း ၊ အပြစ်မဲ့သူတို့ သေဆုံးခြင်း ၊ စီးပွားရေး ဆုံးရှုံးမှုခြင်း ၊ စတဲ့ ဖြစ်ရပ်တွေ ကြုံခဲ့ရဖူးပါတယ်။ အခု ထွက်ပေါ်လာတဲ့ သတင်းအရလည်း ဆော့ဖ်ဝဲ ပြဿနာ တစ်ခုကြောင့် အမေရိကန် မှာရှိတဲ့ အကျဉ်းသား ၃၀၀၀ ကျော်ကို လွှတ်ပေးလိုက်မိတယ်လို့ ၀ါရှင်တန် ပြည်နယ် အမှားပြင်ဆင်ရေး ဌာန ရဲ ့ထုတ်ပြန်ချက်အရ သိရပါတယ်။

၀ါရှင်တန် အမှားပြင်ဆင်ရေး ဌာန က တင်ပြလာတာကတော့ လွန်ခဲ့တဲ့ ၁၃ နှစ်ခန့်က အကျဉ်းသားတွေကို လွှတ်ပေးခဲ့မိတာဖြစ်ပါတယ်တဲ့။ ၂၀၀၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆော့ဖ်ဝဲ ပြဿနာဟာ ၂၀၁၂ မှာမှ သတိထားမိခဲ့တာဖြစ်ပါတယ်။

ဒီလို ဆော့ဖ်ဝဲ ပြဿနာရှိခဲ့တာကို သိတဲ့အချိန်မှာ အဖြေရှာဖို့အတွက်လည်း ၃ နှစ်ခန့်ထပ်မံ ကြာမြင့်ခဲ့ပါတယ်တဲ့။ တွက်ချက်မှုတွေအရတော့ စုစုပေါင်း အကျဉ်းသား ၃၂၀၀ ခန့်ကို သတ်မှတ်ချိန်ထက် စောစီးစွာလွှတ်ပေးခဲ့လိုက်မိတာဖြစ်ပါတယ်။

"အကြောင်းပြချက်အနေနဲ့ကတော့ ကျွန်တော်တို့ အခုထိ ပြည့်စုံစွာ နားမလည်သေးပါဘူး။ ဒီလို ပြဿနာမျိုးလည်း တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး"လို့ အမှားပြင်ဆင်ရေးဌာနဲ့ အထွေထွေ အတွင်းရေးမှုး Nicholas Brown က Fox News သတင်းဌာနကို ပြောပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>