ပဲခူးတိုင္းေဒသႀကီး ေတာင္ငူၿမိဳ႕နယ္ အမွတ္ ၁၃ ရပ္ကြက္ ေရႊဆံေတာ္ဘုရား အေရွ႕ေတာင္ဘက္ေထာင့္ရွိ တဝဂူဘုရား အရုဏ္ခံအတြင္း ယေန႔(ဒီဇင္ဘာလ ၃၀ ရက္) မြန္းလြဲ ၁ နာရီခြဲခန္႔က အသက္ ၂၅ ႏွစ္ခန္႔ ရဲတပ္သားအမ်ိဳးသားတစ္ဦး ကိုယ့္ကိုယ္ကိုယ္မီးရိႈ႕ေသေၾကာင္းၾကံစည္ခဲ့ေၾကာင္း အဆိုပါဘုရားေဂါပကရံုးမွ ရံုးအဖြဲ႔မွဴး ဦးစန္းၾကည္ကဆိုသည္။
"တဝဂူထဲကေန ဝုန္းခနဲအသံထြက္ၿပီး မီးေတာက္ေတြနဲ႔ မီးခိုးေတြ ထြက္လာတာကို မုခ္ဦးပန္းဆြဲလုပ္ေနတဲ့ ပန္းရံလုပ္သားေတြက ျမင္ၿပီး ေရေလာင္းပတ္ၿငိွမ္းသတ္ခဲ့တာျဖစ္ပါတယ္။ လတ္တေလာ သိထားတာက ေတာင္ငူၿမိဳ႕ အေရွ႕ဘက္ကမ္း မိုးေကာင္းေက်းရြာ အမွတ္ ၃ ရဲစခန္းက တပ္သားတစ္ေယာက္လို႔ သိရွိထားတယ္"ဟု ၎က ဆက္လက္ေျပာသည္။
ကိုယ့္ကိုယ္ကိုယ္ဓာတ္ဆီေလာင္းၿပီး မီးရႈိ႕ေသေၾကာင္းၾကံစည္ခဲ့ေသာ အဆိုပါ ရဲတပ္သားသည္ ေတာင္ငူၿမိဳ႕ အမွတ္ ၃ ရပ္ကြက္တြင္ေနထိုင္ေသာ မ်ိဳးျမင့္ဆိုသူျဖစ္ၿပီး ရရွိထားေသာ မီးေလာင္ဒဏ္ရာမ်ားေၾကာင့္ ေတာင္ငူခရိုင္ေဆးရံုႀကီး အေရးေပၚကုသေဆာင္မွတစ္ဆင့္ ၾကပ္မတ္ကုသေဆာင္သို႔ ပို႔ေဆာင္ကုသေနရေၾကာင္း အမွတ္ ၃ နယ္ေျမရဲစန္းအသိုင္းအဝိုင္းထံမွ စံုစမ္းသိရွိရသည္။
"ရဲတပ္သားမ်ိဳးျမင့္လို႔ ကနဦးသိထားပါတယ္။ စခန္းမွဴးလည္း ေဆးရံုႀကီးကိုလိုက္သြားပါၿပီ။ ဘာေၾကာင့္ သတ္ေသလဲဆိုတာကလည္း မသိရေသးပါဘူး"ဟု ေတာင္ငူၿမိဳ႕ အမွတ္ ၃ ရဲစခန္းမွ တာဝန္က်ရဲဝန္ထမ္းတစ္ဦးက ဆိုသည္။
The Voice Weekly
.................
ရဲတပ်သားတစ်ဦး ဘုရားရင်ပြင်တွင် မီးရှို့သတ်သေ
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ် ၁၃ ရပ်ကွက် ရွှေဆံတော်ဘုရား အရှေ့တောင်ဘက်ထောင့်ရှိ တဝဂူဘုရား အရုဏ်ခံအတွင်း ယနေ့(ဒီဇင်ဘာလ ၃၀ ရက်) မွန်းလွဲ ၁ နာရီခွဲခန့်က အသက် ၂၅ နှစ်ခန့် ရဲတပ်သားအမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ်မီးရှို့သေကြောင်းကြံစည်ခဲ့ကြောင်း အဆိုပါဘုရားဂေါပကရုံးမှ ရုံးအဖွဲ့မှူး ဦးစန်းကြည်ကဆိုသည်။
"တဝဂူထဲကနေ ဝုန်းခနဲအသံထွက်ပြီး မီးတောက်တွေနဲ့ မီးခိုးတွေ ထွက်လာတာကို မုခ်ဦးပန်းဆွဲလုပ်နေတဲ့ ပန်းရံလုပ်သားတွေက မြင်ပြီး ရေလောင်းပတ်ငြိှမ်းသတ်ခဲ့တာဖြစ်ပါတယ်။ လတ်တလော သိထားတာက တောင်ငူမြို့ အရှေ့ဘက်ကမ်း မိုးကောင်းကျေးရွာ အမှတ် ၃ ရဲစခန်းက တပ်သားတစ်ယောက်လို့ သိရှိထားတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။
ကိုယ့်ကိုယ်ကိုယ်ဓာတ်ဆီလောင်းပြီး မီးရှို့သေကြောင်းကြံစည်ခဲ့သော အဆိုပါ ရဲတပ်သားသည် တောင်ငူမြို့ အမှတ် ၃ ရပ်ကွက်တွင်နေထိုင်သော မျိုးမြင့်ဆိုသူဖြစ်ပြီး ရရှိထားသော မီးလောင်ဒဏ်ရာများကြောင့် တောင်ငူခရိုင်ဆေးရုံကြီး အရေးပေါ်ကုသဆောင်မှတစ်ဆင့် ကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ကုသနေရကြောင်း အမှတ် ၃ နယ်မြေရဲစန်းအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
"ရဲတပ်သားမျိုးမြင့်လို့ ကနဦးသိထားပါတယ်။ စခန်းမှူးလည်း ဆေးရုံကြီးကိုလိုက်သွားပါပြီ။ ဘာကြောင့် သတ်သေလဲဆိုတာကလည်း မသိရသေးပါဘူး"ဟု တောင်ငူမြို့ အမှတ် ၃ ရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ဆိုသည်။
The Voice Weekly