Quantcast
Viewing all articles
Browse latest Browse all 13796
အာရှတော်ဝင်ဆေးရုံတွင် ကျောက်တည်မှု ခွဲစိတ်ပြီးနောက် သေဆုံးသွားသည့်လူနာကိစ္စ စုံစမ်းမည်ဟုဆို
 အာရှတော်ဝင်ဆေးရုံ , ဒေါက်တာဦးသန်းအေး , ဒေါ်သင်းသင်းဟန်
ဒေါ်သင်းသင်းဟန်၏ နာရေး ဓာတ်ပုံများ။
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ အာရှတော်ဝင်ပုဂ္ဂလိကဆေးရုံတွင် ဆီးနှင့်ကျောက်ကပ်ခွဲစိတ် အထူးကု ဆရာဝန် ဒေါက်တာ ဦးသန်းအေး ၏ ခွဲစိတ်ကုသမှု ခံယူခဲ့သည့် အသက် ၄၇ နှစ်အရွယ် ဒေါ်သင်းသင်းဟန်သည်  ခွဲစိတ်စဉ် ကျောက်ကပ်ရှိ ကျောက်ကို လေဆာပစ်သည့် အရှိန်များရာမှ သွေးကြောပေါက်၍ ခန္ဓာကိုယ် အတွင်း သွေးဆိပ်ပျံ့နှံ့ကာ သေဆုံးခဲ့ရသည်ဟု ဆိုသည့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်  ဖြစ်စဉ်အပေါ် ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ က  စုံစမ်းစစ်ဆေး မှုများပြုလုပ် မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကမာရွတ်မြို့နယ် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း အဆင့်မြင့်အရာရှိအိမ်ရာတွင် နေထိုင်သည့် အသက် ၄၇ နှစ် အရွယ်ရှိ ဒေါ်သင်းသင်းဟန် သည် မွေးရာပါ ကျောက်ကပ် တစ်လုံး အားနည်းပြီး ကျန်တဖက်တွင် ကျောက်များဖြင့် ပိတ်ဆို့နေသဖြင့် ဆီး၊ ကျောက်နှင့်ကျောက်ကပ် သည်းခြေအိတ် အထူးကုဆရာဝန် နှင့် ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေပိုင်း တွင် ခွဲစိတ် ကုသခဲ့ကြောင်း၊ ခွဲစိတ်ကုသမှုပြီးစီးသည့်နောက်ပိုင်းတွင် လူနာမှာ မသက်သာဘဲ ခန္ဓာကိုယ်၌ အနီစက်များ ထွက်ပေါ် လာကာ အသက်ရှုရကျပ်တည်းလာကာ ဒီဇင်ဘာလ ၂၅ ရက် ည တွင် သေဆုံးခဲ့ရကြောင်း နှင့် ဆရာဝန်ဖြစ်သူ ဒေါက်တာသန်းအေး က ကျောက်ကပ်ရှိ ကျောက်ကို  လေဆာပစ်သည့်အရှိန်များ သွား ရာ ကျောက်ကပ်ဘေးမှ သွေးကြော ကို ထိပြီး သွေးကြော ပေါက်သွား၍ သွေးဆိပ်ပျံ့နှံ့ သေဆုံးခြင်းဖြစ်သည်ဟု ပြောဆိုကြောင်း ကွယ်လွန်သူ ဒေါ်သင်းသင်းဟန်၏ သမီးဖြစ်သူမမေဇော် က သူ၏ လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
အာရှတော်ဝင်ဆေးရုံ ၏ ဒါရိုက်တာအဖွဲ့ ကမူ အဆိုပါကိစ္စ ကို ကာယကံရှင်မိသားစုက ဆေးရုံသို့ တိုင်ကြားခြင်းမရှိကြောင်း ဧရာဝတီ သို့ ပြောသည်။
၂၀၀၉ ခုနှစ်ကလည်း အသက် ၁၅ နှစ် အရွယ် အထက်တန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည်သည်  အူအတက်ပေါက်သည် ဟုဆိုကာ အောက်တိုဘာလက  ရွှေဂုံတိုင်ရှိ SSC အထူးကု ဆေးခန်းတွင် ကုသမှု ခံယူစဉ် သေဆုံးသွားခဲ့ပြီး ယင်းသတင်း ကို စာနယ်ဇင်းများတွင် ထိုသတင်းကို ကျယ်ကျယ်ပြန့်ပြန့် ရေးသား ဖော်ပြကြပြီး နောက်တွင် မြန်မာနိုင်ငံ ဆေးကောင်စီက ထိုအမှုကို စုံစမ်း စစ်ဆေးခဲ့သည်။ ထို့နောက် ကုသမှုတွင် တာဝန်ရှိသည်ဟု ဆိုသည့် ဆရာဝန်ကြီးကို ဆေးကုသခွင့် ၅ နှစ် ပိတ်ပင်လိုက်ပြီး SSC ဆေးရုံကိုလည်း ပြင်းထန်စွာ သတိပေးခဲ့ကာ SSC ဆေးရုံက လူနာရှင်မိသားစုကို လျှော်ကြေး ငွေ ပေးအပ်ခဲ့သည်။
Irrawaddy
..............
အာရှတော်ဝင်ဆေးရုုံတွင် ကျောက်တည်မှု ခွဲစိတ်ပြီးနောက် သေဆုံးသွားသည့်လူနာကိစ္စ စုံစမ်းမည်ဟုုဆိုု
မေစစ်ပိုင်/ထွန်းထွန်း| December 30, 2015 |
 အာရှတော်ဝင်ဆေးရုုံ , ဒေါက်တာဦးသန်းအေး , ဒေါ်သင်းသင်းဟန်
ဒေါ်သင်းသင်းဟန်၏ နာရေး ဓာတ်ပုုံများ။
ရန်ကုုန်တုုိင်း၊ စမ်းချောင်းမြို့နယ်ရှိ အာရှတော်ဝင်ပုုဂ္ဂလိကဆေးရုံတွင် ဆီးနှင့်ကျောက်ကပ်ခွဲစိတ် အထူးကု ဆရာဝန် ဒေါက်တာ ဦးသန်းအေး ၏ ခွဲစိတ်ကုသမှု ခံယူခဲ့သည့် အသက် ၄၇ နှစ်အရွယ် ဒေါ်သင်းသင်းဟန်သည်  ခွဲစိတ်စဉ် ကျောက်ကပ်ရှိ ကျောက်ကုုိ လေဆာပစ်သည့် အရှိန်များရာမှ သွေးကြောပေါက်၍ ခန္ဓာကိုယ် အတွင်း သွေးဆိပ်ပျံ့နှံ့ကာ သေဆုုံးခဲ့ရသည်ဟု ဆိုသည့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်  ဖြစ်စဉ်အပေါ် ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ က  စုံစမ်းစစ်ဆေး မှုများပြုလုပ် မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကမာရွတ်မြို့နယ် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း အဆင့်မြင့်အရာရှိအိမ်ရာတွင် နေထိုင်သည့် အသက် ၄၇ နှစ် အရွယ်ရှိ ဒေါ်သင်းသင်းဟန် သည် မွေးရာပါ ကျောက်ကပ် တစ်လုံး အားနည်းပြီး ကျန်တဖက်တွင် ကျောက်များဖြင့် ပိတ်ဆို့နေသဖြင့် ဆီး၊ ကျောက်နှင့်ကျောက်ကပ် သည်းခြေအိတ် အထူးကုဆရာဝန် နှင့် ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေပိုင်း တွင် ခွဲစိတ် ကုသခဲ့ကြောင်း၊ ခွဲစိတ်ကုသမှုပြီးစီးသည့်နောက်ပိုင်းတွင် လူနာမှာ မသက်သာဘဲ ခန္ဓာကိုယ်၌ အနီစက်များ ထွက်ပေါ် လာကာ အသက်ရှုရကျပ်တည်းလာကာ ဒီဇင်ဘာလ ၂၅ ရက် ည တွင် သေဆုံးခဲ့ရကြောင်း နှင့် ဆရာဝန်ဖြစ်သူ ဒေါက်တာသန်းအေး က ကျောက်ကပ်ရှိ ကျောက်ကိုု  လေဆာပစ်သည့်အရှိန်များ သွား ရာ ကျောက်ကပ်ဘေးမှ သွေးကြော ကုုိ ထိပြီး သွေးကြော ပေါက်သွား၍ သွေးဆိပ်ပျံ့နှံ့ သေဆုုံးခြင်းဖြစ်သည်ဟု ပြောဆိုကြောင်း ကွယ်လွန်သူ ဒေါ်သင်းသင်းဟန်၏ သမီးဖြစ်သူမမေဇော် က သူ၏ လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
အာရှတော်ဝင်ဆေးရုုံ၊ ဆေးဘက်ဆုုိင်ရာဌာနမှ အလုုပ်အမှုဆောင်ဒါရုုိက်တာ ဒေါက်တာကျော်ဇင်သန့်က “ဒီဖြစ်စဉ် ကို ဒီလောက်ထိဖြစ်မယ်လို့ မထင်ဘူး။ ပြန်လေ့လာဖို့လိုဦး မယ်ထင်တယ်။ ကုတာကတော့ ဒေါက်တာသန်းအေး နဲ့ကုတာပါ။ သူက အင်မတန်နာမည်ကြီးပြီး တော်တဲ့ဆရာဝန်ကြီးတယောက်ပါ။ ကျနော်တို့သိထားတာကတော့ ဘယ်ခွဲစိတ်မှုဖြစ်ဖြစ် အနည်းနဲ့အများတော့ စွန့်စားမှု ရှိတယ်။ ဒါကိုကာယကံရှင်တွေကိုလည်း ရှင်းပြပြီး ဖြစ်မယ်လို့တော့ မျှော်လင့်တယ် သေချာ တော့မသိဘူး။ ဖြစ်စဉ်တခု ကို သေချာအတိအကျသိမှရမယ်ဆိုတော့ အဖွဲ့နဲ့ စစ်ဆေး စုံစမ်းမယ်။ ဒါကြောင့် ကာယကံရှင်တွေကိုတော့ လောလောဆယ် ဆက်သွယ်ဖို့မရှိသေးဘူး”ဟု ဧရာဝတီသတင်းဌာနသုုိ့ ပြောသည်။
အာရှတော်ဝင်ဆေးရုံ ၏ ဒါရိုက်တာအဖွဲ့ ကမူ အဆိုပါကိစ္စ ကို ကာယကံရှင်မိသားစုုက ဆေးရုံသို့ တိုင်ကြားခြင်းမရှိကြောင်း ဧရာဝတီ သို့ ပြောသည်။
“ဘယ်လို ကွန်ပလိန်းတက်ရမှန်းမသိဘူး။ ကွန်ပလိန်းတက်မှ ဖြေရှင်းမှာလား။  အသက်ပြန်သွင်းပေးမှာလား။ အဲလောက် ထိတော့ မရည်ရွယ်ပါဘူး။ စတေးတပ်တင်တယ်ဆိုတာ နောက်လူတွေဆင်ခြင်နိုင်ဖို့ပါ။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်း မဟုတ်ပါဘူး။ သွားတဲ့သူ အေးအေးချမ်းချမ်းသွားပါစေ”ဟု ကွယ်လွန်သူ ဒေါ်သင်းသင်းဟန်၏ မောင်ဖြစ်သူ ဦးညီညီဇော်ထက် က ဧရာဝတီသို့ပြောသည်။
၂၀၀၉ ခုနှစ်ကလည်း အသက် ၁၅ နှစ် အရွယ် အထက်တန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည်သည်  အူအတက်ပေါက်သည် ဟုုဆိုုကာ အောက်တိုဘာလက  ရွှေဂုံတိုင်ရှိ SSC အထူးကု ဆေးခန်းတွင် ကုသမှု ခံယူစဉ် သေဆုံးသွားခဲ့ပြီး ယင်းသတင်း ကို စာနယ်ဇင်းများတွင် ထိုသတင်းကို ကျယ်ကျယ်ပြန့်ပြန့် ရေးသား ဖော်ပြကြပြီး နောက်တွင် မြန်မာနိုင်ငံ ဆေးကောင်စီက ထိုအမှုကို စုံစမ်း စစ်ဆေးခဲ့သည်။ ထို့နောက် ကုသမှုတွင် တာဝန်ရှိသည်ဟု ဆိုသည့် ဆရာဝန်ကြီးကို ဆေးကုသခွင့် ၅ နှစ် ပိတ်ပင်လိုက်ပြီး SSC ဆေးရုုံကိုလည်း ပြင်းထန်စွာ သတိပေးခဲ့ကာ SSC ဆေးရုံက လူနာရှင်မိသားစုုကုုိ လေ ျှာ်ကြေး ငွေ ပေးအပ်ခဲ့သည်။
Viewing all articles
Browse latest Browse all 13796
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>