Image may be NSFW. Clik here to view. ![]() |
အစိုုးရႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးရန္ ၂ဝ၁၄ ခုႏွစ္ ေမလ ၁၃ ရက္ေန႔က ျမစ္ႀကီးနားၿမိဳ႕ကိုု ေရာက္ရွိလာတဲ့ ေကအိုုင္အိုု ကိုုယ္စားလွယ္ ဒုတိယစစ္ဥိီးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ဂြမ္ေမာ္ ဦးေဆာင္တဲ့အဖြဲ႕ကိုု ေတြ႕ရစဥ္။ photo: RFA/ Kyaw Myo Min |
ဒုတိယစစ္ဦးခ်ဳပ္ႏွစ္ေယာက္ကို လုပ္ငန္းတာဝန္ေတြ ခြဲေဝလိုက္တဲ႔အတြက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြကို ပိုမိုေဆာင္ရြက္ႏိုင္မွာျဖစ္တယ္လို႔ ျမစ္ႀကီးနားၿမိဳ႕အေျခစိုက္ ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖြဲ႔ PCG ရဲ႕အဖြဲ႔ဝင္ တစ္ဦးျဖစ္သူ ဦးဆန္းေအာင္က ဒီကေန႔ေျပာပါတယ္။
"ဗိုလ္ခ်ဳပ္ဂြမ္ေမာ္က သူတာဝန္ယူရတဲ့အပိုင္းေတြ ေတာ္ေတာ္မ်ားေနတယ္၊ ႏိုင္ငံျခားေရးေရာ ၿငိမ္းခ်မ္းေရး လုပ္ငန္းနဲ႔ ပတ္သက္ၿပီးေတာ့ေရာ တပ္ပိုင္းဆိုင္ရာေရာ ပညာေရးပိုင္းေရာ မ်ဳိးစံုတဲ့အခါက်ေတာ့ သူ႔အတြက္က မႏိုင္မနင္းျဖစ္ေနတဲ့အတြက္ေၾကာင့္မို႔ ဒုဦးစီးခ်ဳပ္ကို ႏွစ္ေယာက္ထပ္တိုးတာေပါ့၊ အလုပ္ေတြ ခြဲေဝလိုက္ရင္ေတာ့ ပိုေကာင္းလာမယ္လို႔ ေမွ်ာ္လင့္ပါတယ္၊ အလုပ္ခြဲရင္ ျမန္ျမန္သြက္သြက္နဲ႔ ၿပီးႏိုင္တယ္ေပ့ါ"
ထပ္မံတာဝန္ေပးလိုက္တဲ့ ဒုတိယစစ္ဦးစီးခ်ဳပ္ ႏွစ္ေယာက္ဟာ ဗိုလ္မွဴးခ်ဳပ္ ေခါင္လြမ္းနဲ႔ ဗိုလ္မွဴးခ်ဳပ္ ေအာင္ဆိုင္းလာ တို႔ျဖစ္ၿပီး သူတို႔ႏွစ္ဦးကို ဘယ္လိုတာဝန္ေတြေပးမယ္ဆိုတာေတာ႔ ေလာေလာဆယ္မွာ အေသးစိတ္မေျပာႏိုင္ေသး ဘူးလို႔ ေကအိုင္အိုအဖြဲဲ႔နဲ႔ နီးစပ္သူေတြက ေျပာပါတယ္။
ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ ေကအိုင္ေအရဲ႕ လက္ရွိစစ္ဦးစီးခ်ဳပ္ဟာ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဂမ္ေရွာင္ျဖစ္ၿပီး ဒုတိယစစ္ဦးခ်ဳပ္က သံုးေယာက္ျဖစ္သြားၿပီ ျဖစ္ပါတယ္။
ဗိုလ္ခ်ဳပ္ဂြမ္ေမာ္ဟာ လက္ရွိဒုတိယစစ္ဦးခ်ဳပ္ တာဝန္ထမ္ေဆာင္းေနသလို ညီညႊတ္ေသာ တိုင္းရင္းသား လူမ်ိဳးမ်ားဖက္ဒရယ္ေကာင္စီ UNFC ၊ ၿငိမ္းခ်မ္းေရး၊ ႏိုင္ငံျခားေရး၊ လူငယ္နဲ႔ ပညာေရး စတဲ့က႑ေတြမွာ တာဝန္ယူေနတာလို႔ သိရပါတယ္။
ဒီအေတာအတြင္း ကုလသမဂၢ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ မစၥတာ ဗီေဂ်နမ္ဘီးယားဟာ အခုလအတြင္း ေကအိုင္အို ဗဟို႒ာနခ်ဳပ္တည္ရွိရာ လိုင္ဇာၿမိဳ႕ကို သြားေရာက္ဖို႔ စီစဥ္ေနပါ တယ္။ လိုင္ဇာၿမိဳ႕မွာ ေကအိုင္အို ဗဟိုေကာ္မတီဝင္ေတြနဲ႔ ေတြ႔ဆံုၿပီး ၿငိမ္းခ်မ္းေရးကိစၥေဆြးေႏြးဖို႔ စီစဥ္ထားေပမယ့္ အေသးစိတ္ကို အတည္မျပဳႏိုင္ေသးဘူးလို႔ ဆိုပါတယ္။ Mr. Vijay Nambia ဟာ ၿပီးခဲ့တဲ့ ၂၀၁၃ ၾသဂုတ္လ နဲ႔ ၂၀၁၄ ဧၿပီလေတြမွာ လိုင္ဇာၿမိဳ႕ကို သြားေရာက္ခဲ့ပါတယ္။
RFA Burmese
http://www.rfa.org/burmese
................
အစိုုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ၂ဝ၁၄ ခုနှစ် မေလ ၁၃ ရက်နေ့က မြစ်ကြီးနားမြို့ကိုု ရောက်ရှိလာတဲ့ ကေအိုုင်အိုု ကိုုယ်စားလှယ် ဒုတိယစစ်ဥိီးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့အဖွဲ့ကိုု တွေ့ရစဉ်။ photo: RFA/ Kyaw Myo Min
ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေရဲ့ ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော် တာဝန်ယူနေရတဲ့ လုပ်ငန်းတွေ များနေတာကြောင့် နောက်ထပ်ဒုတိယစစ်ဦးစီးချုပ် နှစ်ဦးကို ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ဗဟိုက ထပ်မံခန့်ထားလိုက်ပါတယ်။
ဒုတိယစစ်ဦးချုပ်နှစ်ယောက်ကို လုပ်ငန်းတာဝန်တွေ ခွဲဝေလိုက်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ပိုမိုဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဆန်းအောင်က ဒီကနေ့ပြောပါတယ်။
"ဗိုလ်ချုပ်ဂွမ်မော်က သူတာဝန်ယူရတဲ့အပိုင်းတွေ တော်တော်များနေတယ်၊ နိုင်ငံခြားရေးရော ငြိမ်းချမ်းရေး လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ရော တပ်ပိုင်းဆိုင်ရာရော ပညာရေးပိုင်းရော မျိုးစုံတဲ့အခါကျတော့ သူ့အတွက်က မနိုင်မနင်းဖြစ်နေတဲ့အတွက်ကြောင့်မို့ ဒုဦးစီးချုပ်ကို နှစ်ယောက်ထပ်တိုးတာပေါ့၊ အလုပ်တွေ ခွဲဝေလိုက်ရင်တော့ ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်၊ အလုပ်ခွဲရင် မြန်မြန်သွက်သွက်နဲ့ ပြီးနိုင်တယ်ပေ့ါ"
ထပ်မံတာဝန်ပေးလိုက်တဲ့ ဒုတိယစစ်ဦးစီးချုပ် နှစ်ယောက်ဟာ ဗိုလ်မှူးချုပ် ခေါင်လွမ်းနဲ့ ဗိုလ်မှူးချုပ် အောင်ဆိုင်းလာ တို့ဖြစ်ပြီး သူတို့နှစ်ဦးကို ဘယ်လိုတာဝန်တွေပေးမယ်ဆိုတာတော့ လောလောဆယ်မှာ အသေးစိတ်မပြောနိုင်သေး ဘူးလို့ ကေအိုင်အိုအဖွဲဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေရဲ့ လက်ရှိစစ်ဦးစီးချုပ်ဟာ ဒုတိယဗိုလ်ချုပ်ကြီး ဂမ်ရှောင်ဖြစ်ပြီး ဒုတိယစစ်ဦးချုပ်က သုံးယောက်ဖြစ်သွားပြီ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ဂွမ်မော်ဟာ လက်ရှိဒုတိယစစ်ဦးချုပ် တာဝန်ထမ်ဆောင်းနေသလို ညီညွှတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၊ ငြိမ်းချမ်းရေး၊ နိုင်ငံခြားရေး၊ လူငယ်နဲ့ ပညာရေး စတဲ့ကဏ္ဍတွေမှာ တာဝန်ယူနေတာလို့ သိရပါတယ်။
ဒီအတောအတွင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားဟာ အခုလအတွင်း ကေအိုင်အို ဗဟိုဋ္ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို သွားရောက်ဖို့ စီစဉ်နေပါ တယ်။ လိုင်ဇာမြို့မှာ ကေအိုင်အို ဗဟိုကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စဆွေးနွေးဖို့ စီစဉ်ထားပေမယ့် အသေးစိတ်ကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ Mr. Vijay Nambia ဟာ ပြီးခဲ့တဲ့ ၂၀၁၃ သြဂုတ်လ နဲ့ ၂၀၁၄ ဧပြီလတွေမှာ လိုင်ဇာမြို့ကို သွားရောက်ခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese