ရွမ္းျပည္နယ္ ေျမာက္ပိုင္း ၊ မန္ပန္ျပည္သူ႕စစ္ ထိန္းခ်ဳပ္နယ္ေျမျဖစ္သည့္ လားရိႈးၿမိဳ႕နယ္ နားနန္းအုပ္စု ပန္လုံးရြာတြင္ ဇန္န၀ါရီ ၄ ရက္က မိုင္းၾကတ္မွ ဆင္းလာသည့္ အစိုးရတပ္က ေသနတ္ျဖင့္ ပစ္ခတ္ရာ ရြာသားသုံးဦး ေသဆုံးခဲ့ၿပီး ရြာသားေလးဦးကို ဖမ္းဆီးခဲ့ကာ ေနအိမ္တစ္လုံးကို မီးရိႈ႕ဖ်က္ဆီးခဲ့ေၾကာင္း ေသဆုံးခဲ့သူသုံးဦးတြင္ ကေလးငယ္ႏွစ္ဦး ပါ၀င္ေၾကာင္း အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက ဇန္န၀ါရီ ၆
ရက္တြင္ The Ladies သို႕ေျပာသည္။
“ျဖစ္တဲ့ေနရာက လားရႈိးၿမိဳ႕နယ္ နားနမ္းအုပ္စု ပန္လုံးရြာ (ပေလာင္ရြာ ) ေပါ့ ။ စစ္ေၾကာင္းကေတာ့ မိုင္းၾကတ္ဘက္က ဆင္းလာတဲ့တပ္ ၊ တပ္ရင္းနာမည္ေတာ့ မသိဘူး ။ တပ္ရင္းအမွတ္ မသိဘူး ။ ဇန္န၀ါရီ ၄ ရက္ ေန႕ကျဖစ္တာ။ ဖမ္းသြားတဲ့ အထဲမွာ ရြာသူႀကီးလည္းပါတယ္ ။ ရြာသား သုံးေယာက္ပါသြားတယ္” ဟု အဆိုပါေဒသခံကေျပာသည္။
အစိုးရတပ္က ဖမ္းဆီးသြားသည့္အထဲတြင္ ရြာလူႀကီးကင္းေထြးလည္း အပါအ၀င္ျဖစ္ၿပီး ရြာသားအိုက္ဆန္ႏွင့္ အျခားရြာသားႏွစ္ဦးတို႕ ပါ၀င္ေၾကာင္း ၊ ေသဆုံးသြားသည့္ ရြာသားမ်ားမွာအိုင္းလွ ၃၈ ႏွစ္ ႏွင့္ ၇ ႏွစ္ ၈ႏွစ္အရြယ္ ကေလးငယ္ႏွစ္ဦးတို႕ျဖစ္ေၾကာင္း နမ့္ေပါင္ရြာသို႕ ထြက္ေျပးလာသည့္ ေဒသခံမ်ားဆိုသည္။
“ေလာေလာဆယ္ အပစ္အခတ္ရပ္စဲဖို႕ အတြက္လည္း လုပ္ေနၾကတဲ့အခ်ိန္မွာ ဒါကေတာ့ မျဖစ္သင့္ဘူးေပါ့။ အင္မတန္မွစိုးရိမ္ရပါတယ္ ။ ေဒသခံေတြအတြက္လည္း ေတာ္ေတာ္ေလး ခံရခက္ေနတယ္လို႕ ၾကားရတယ္ ။ ေလာေလာဆယ္ေတာ့ လား႐ႈိး၊ မူဆယ္ နမ့္ခမ္း ဒီေျမာက္ပိုင္း တစ္၀ိုက္မွာ အဲ့လိုၾကားေနရတာ အင္မတန္မွ စိတ္မေကာင္းစရာ ျဖစ္ပါတယ္ ။ ဘယ္လို ေျဖရွင္းရမွန္းေတာင္ မသိေတာ့ဘူး” ဟုေဒသခံ အႏိုင္ရလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္း၀မ္းလိႈင္က The Ladies သုိ႕ေျပာသည္။
ယင္းအျဖစ္အပ်က္မ်ားေၾကာင့္ ေဒသခံရြာသား ၁၅၀ ခန္႕သည့္ ေတာတြင္းသို႕ ထြက္ေျပးတိမ္းေရွာင္ ေနရၿပီး အနီးအနား ရြာမ်ားမွ ေဒသခံမ်ားသည္လည္း အေရးႀကီး သည့္ ပစၥည္းမ်ားကို ေရႊ႕ေျပာင္းမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္းေဒသခံမ်ား၏ ေျပာၾကားခ်က္အရ သိရသည္။
သတင္း - ေဇာ္မင္းထြန္း
The Ladies News Journal
https://www.facebook.com/News.TheLadies
..............
ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မန်ပန်ပြည်သူ့စစ် ထိန်းချုပ်နယ်မြေဖြစ်သည့် လားရှိုးမြို့နယ် နားနန်းအုပ်စု ပန်လုံးရွာတွင် ဇန်နဝါရီ ၄ ရက်က မိုင်းကြတ်မှ ဆင်းလာသည့် အစိုးရတပ်က သေနတ်ဖြင့် ပစ်ခတ်ရာ ရွာသားသုံးဦး သေဆုံးခဲ့ပြီး ရွာသားလေးဦးကို ဖမ်းဆီးခဲ့ကာ နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သေဆုံးခဲ့သူသုံးဦးတွင် ကလေးငယ်နှစ်ဦး ပါ၀င်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဇန်နဝါရီ ၆
ရက်တွင် The Ladies သို့ပြောသည်။
“ဖြစ်တဲ့နေရာက လားရှိုးမြို့နယ် နားနမ်းအုပ်စု ပန်လုံးရွာ (ပလောင်ရွာ ) ပေါ့ ။ စစ်ကြောင်းကတော့ မိုင်းကြတ်ဘက်က ဆင်းလာတဲ့တပ် ၊ တပ်ရင်းနာမည်တော့ မသိဘူး ။ တပ်ရင်းအမှတ် မသိဘူး ။ ဇန်နဝါရီ ၄ ရက် နေ့ကဖြစ်တာ။ ဖမ်းသွားတဲ့ အထဲမှာ ရွာသူကြီးလည်းပါတယ် ။ ရွာသား သုံးယောက်ပါသွားတယ်” ဟု အဆိုပါဒေသခံကပြောသည်။
အစိုးရတပ်က ဖမ်းဆီးသွားသည့်အထဲတွင် ရွာလူကြီးကင်းထွေးလည်း အပါအဝင်ဖြစ်ပြီး ရွာသားအိုက်ဆန်နှင့် အခြားရွာသားနှစ်ဦးတို့ ပါ၀င်ကြောင်း ၊ သေဆုံးသွားသည့် ရွာသားများမှာအိုင်းလှ ၃၈ နှစ် နှင့် ရ နှစ် ၈နှစ်အရွယ် ကလေးငယ်နှစ်ဦးတို့ဖြစ်ကြောင်း နမ့်ပေါင်ရွာသို့ ထွက်ပြေးလာသည့် ဒေသခံများဆိုသည်။
“လောလောဆယ် အပစ်အခတ်ရပ်စဲဖို့ အတွက်လည်း လုပ်နေကြတဲ့အချိန်မှာ ဒါကတော့ မဖြစ်သင့်ဘူးပေါ့။ အင်မတန်မှစိုးရိမ်ရပါတယ် ။ ဒေသခံတွေအတွက်လည်း တော်တော်လေး ခံရခက်နေတယ်လို့ ကြားရတယ် ။ လောလောဆယ်တော့ လားရှိုး၊ မူဆယ် နမ့်ခမ်း ဒီမြောက်ပိုင်း တစ်ဝိုက်မှာ အဲ့လိုကြားနေရတာ အင်မတန်မှ စိတ်မကောင်းစရာ ဖြစ်ပါတယ် ။ ဘယ်လို ဖြေရှင်းရမှန်းတောင် မသိတော့ဘူး” ဟုဒေသခံ အနိုင်ရလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်က The Ladies သို့ပြောသည်။
ယင်းအဖြစ်အပျက်များကြောင့် ဒေသခံရွာသား ၁၅၀ ခန့်သည့် တောတွင်းသို့ ထွက်ပြေးတိမ်းရှောင် နေရပြီး အနီးအနား ရွာများမှ ဒေသခံများသည်လည်း အရေးကြီး သည့် ပစ္စည်းများကို ရွှေ့ပြောင်းမှုများ ပြုလုပ်လျက်ရှိကြောင်းဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
သတင်း - ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies