Byေက်ာ္ရင္ျမင့္On Wed, 2016-01-06 09:30Issue No.အတြဲ (၁၄)၊ အမွတ္ (၄၄)
ဘုန္းႀကီးေက်ာင္းအျဖစ္ ေျပာင္းလဲသြားေသာ ကႏၲာရဝတီေဟာ္နန္း။ (ဓာတ္ပံု − ေက်ာ္ရင္ျမင့္)
‘ကယားျပည္နယ္၊ ေစာဖ်ာဒူဌာန႐ံုးေတာ္’လို႔ ေရႊေရာင္ေဖာင္းႂကြစာလံုးေတြနဲ႔ ေရးထုိးထားတဲ့ အခန္းတစ္ခန္းထဲကို ကြၽန္ေတာ္ေရာက္ေနပါတယ္။
ဒီအခန္းက ကယားျပည္နယ္လိြဳင္ေကာ္ၿမိဳ႕ ကႏၲာရဝတီေဟာ္ႀကီးရဲ႕ အခန္းခန္းအေဆာင္ေဆာင္ထဲက တစ္ခန္းျဖစ္တယ္။ အခုေတာ့ ေဟာ္ႀကီးက ဘုန္းေတာ္ႀကီးေက်ာင္းျဖစ္ေနၿပီ။ မဂၤလာေဟာ္ႀကီး ပရိယတၱိစာသင္တိုက္ေက်ာင္းႀကီးျဖစ္ေနၿပီ။
အခန္းတံခါးမႀကီးက စကားဝါေရာင္ခန္းဆီးစကို ေလႏုေအးက တိုးေဝွ႔လို႔ လႈပ္ခတ္ေနတယ္။ ေက်ာင္းထုိင္ဆရာေတာ္ ဦးစႏၵိမာက ကြၽန္ေတာ့္ကို လိုက္လံျပသတယ္။
‘‘ေစာဖ်ာဒူဆိုတာ ေစာ္ဘြားႀကီးလို႔အဓိပၸာယ္ရွိတယ္။ ေစာ္ဘြားႀကီးရဲ႕႐ံုးေတာ္ေပါ့’’လို႔ ဆရာေတာ္က ရွင္းျပတယ္။
႐ံုးခန္းက ကြၽန္းပ်ဥ္ခင္း၊ ကြၽန္းပ်ဥ္ကာပါ။ ျပတင္းေပါက္က မွန္လည္ျပတင္း။ နံရံေပၚက က်ည္ဆန္ရာအေပါက္ေတြ ဗရပြကို ဆရာေတာ္ကျပတယ္။ ‘‘က်ည္ဆန္ရာ ေတြရစရာမရွိဘူး။ အဂၤလိပ္ေခတ္က ေစာဖ်ာက အဂၤလိပ္ရဲ႕ၾသဇာကိုမခံလို႔ ပစ္ခတ္ထားတာ’’ ဆုိၿပီးေျပာတယ္။ နံရံအျပင္ဘက္ မ်က္ႏွာစာက ပ်ဥ္ခ်ပ္ေတြမွာ ရာသီဥတုတိုက္စားမႈေၾကာင့္ အစင္းအေၾကာင္းထင္ေနတာကို ဆရာေတာ္က ၫႊန္ျပတယ္။ မိုးစားထားတာလို႔ေျပာတယ္။ ေဟာ္နန္းႀကီးရဲ႕ သက္တမ္းက ႏွစ္ေပါင္း ၁၀၀ ေက်ာ္ၿပီ။ မိုးမ်ားတ့ဲေဒသမို႔ နံရံပ်ဥ္ခ်ပ္ေတြအျပင္ဘက္ပိုင္းမွာ မိုးစားထားတာျဖစ္ပါတယ္။
ကယားျပည္နယ္ကို ေရွးက ေစာဖ်ာေတြက အုပ္ခ်ဳပ္ပါတယ္။ ဖခင္ေစာဖ်ာကြယ္လြန္ရင္ အႀကီးဆံုးသားက ေစာဖ်ာရာထူးကို ဆက္ခံရတယ္။ တကယ္လို႔ ေစာဖ်ာႏြယ္ဝင္သားႀကီးက ေစာဖ်ာအရည္အခ်င္းနဲ႔မျပည့္စံုဘဲ ျပည္သူလူထုကို
ႏွိပ္စက္ကလူျပဳလို႔ ျပည္သူလူထုက မခံမရပ္ႏိုင္ျဖစ္ရင္ သူ႔ကိုျဖဳတ္ခ်ၿပီး အရည္အခ်င္းျပည့္သူကို ေစာဖ်ာအျဖစ္ တင္ေျမႇာက္ေလ့ရွိသည္။
ေစာဖ်ာလက္ေအာက္မွာ အမတ္ခ်ဳပ္နဲ႔ အမတ္ေထာက္ႏွစ္ဦးကိုထားရွိၿပီး အမတ္ခ်ဳပ္က ေစာဖ်ာရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ျဖစ္ပါတယ္။ တိုက္နယ္အလိုက္ ၿမိဳ႕အုပ္ေတြထပ္မံခန္႔အပ္ၿပီး အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရး၊ အခြန္ေတာ္ကိစၥေတြကို စီမံေဆာင္ရြက္ၾကတယ္။ ၿမိဳ႕အုပ္ရဲ႕လက္ေအာက္မွာ ဟိန္ (တိုက္သူႀကီး)ရွိကာ ေက်းရြာအုပ္စုကို ဟိန္ကအုပ္ခ်ဳပ္ပါတယ္။ ဟိန္က ရြာအလိုက္သူႀကီးမ်ားခန္႔ထားကာ သူႀကီးမ်ားေအာက္မွာ ဆယ္အိမ္ေခါင္းေတြရွိၿပီး အဆင့္ဆင့္ အုပ္ခ်ဳပ္ခဲ့ၾကတယ္။
ေရွးအခါက ကယားျပည္နယ္ကို ငါးနယ္ခြဲၿပီး ေစာဖ်ာေတြအုပ္ခ်ဳပ္ေပမယ့္ ေနာက္ပိုင္းမွာ ေဘာလခဲ၊ ကႏၲာရဝတီ၊ ၾကယ္ဖိုးႀကီးဆိုၿပီး သံုးနယ္ခြဲကာအုပ္ခ်ဳပ္ပါတယ္။ ေဘာလခဲနယ္ကို ေဘာလခဲၿမိဳ႕၊ ကႏၲာရဝတီနယ္ကို လြိဳင္ေကာ္ၿမိဳ႕၊ ၾကယ္ဖိုးႀကီးနယ္ကို ဖ႐ူးဆိုးၿမိဳ႕တို႔ မွာ ႐ံုးစိုက္ထားၾကပါတယ္။ ၿဗိတိသွ်အစိုးရလက္ထက္မွာ ကယားျပည္နယ္ကို ျပည္မက သီးသန္႔ခြဲၿပီး ေစာဖ်ာေတြကို ဝန္ေထာက္ေတြနဲ႔တြဲကာ အုပ္ခ်ဳပ္ေစခဲ့ပါတယ္။ ေစာဖ်ာနဲ႔ ဝန္ေထာက္တို႔ ညႇိႏိႈင္းကာ ၿမိဳ႕အုပ္ေတြ ခန္႔ထားခဲ့ၾကတယ္။
ကႏၲာရဝတီေဟာ္နန္းအတြင္း လာေရာက္ေလ့လာေနေသာ ဧည့္သည္မ်ား။ (ဓာတ္ပံု − ေက်ာ္ရင္ျမင့္)
ေစာဖ်ာေတြမွာ အခြင့္ထူးေတြရၿပီး ၾသဇာအာဏာႀကီးမားၾကတယ္။ ၁၉၅၉ မွာ ေစာ္ဘြားေတြ၊ ေစာဖ်ာေတြ အာဏာစြန္႔ၾကရခ်ိန္ကစတင္ၿပီး အုပ္ခ်ဳပ္ေရးပံုစံက ေျပာင္းလဲသြားပါတယ္။
ေက်ာင္းထုိင္ဆရာေတာ္ ဦးစႏၵိမာက ေစာဖ်ာႀကီးရဲ႕ ႐ံုးခန္းကို ျပသၿပီးေနာက္ ႐ံုးခန္းအျပင္ဘက္က နံရံမွာ ခ်ိတ္ထားတဲ့ မွတ္တမ္းဓာတ္ပံုေတြကို ဆက္ၿပီးေျပာတယ္။ ဓာတ္ပံုေတြက ေရွးက ဓာတ္ပံုေတြပါ။ ဓာတ္ပံုေပၚမွာ ဓာတ္ပံုရွင္ဟာ ဘယ္သူဘယ္ဝါဆို ၿပီးေရးထားတဲ့ စကၠဴေတြက ဝါညစ္စုတ္ၿပဲေနပါၿပီ။ ဓာတ္ပံုေတြကိုျပရင္း ဆရာေတာ္က သမိုင္းေၾကာင္းကိုလည္း ရွင္းျပတယ္။
မင္းတုန္းမင္းႀကီးက စဝ္လေဖာ္ကို ‘ပဗၺတ သီဟရာဇာ’ ဘြဲ႕တံဆိပ္နဲ႔အတူ ကရင္နီနယ္ေျမာက္ပိုင္းက ‘ကႏၲာရဝတီၿမိဳ႕ဝ္’ ကို ခ်ီးေျမႇာက္ေပးအပ္ပါတယ္။ အရွင္ႏွစ္ပါးပါေတာ္မူၿပီးေနာက္ စဝ္လေဖာ္က ၿဗိတိသွ်မ်ားကို အညံ့မခံဘဲ တုံ႔ျပန္တိုက္ခိုက္ခဲ့တယ္လို႔ ဆရာေတာ္ကေျပာျပတယ္။
ဘီလူးေခ်ာင္း အေနာက္ဘက္မွာ သီးသီးျခားျခား တည္ရွိေနတဲ့ ေတာင္တစ္လံုးရွိပါတယ္။ ဒီေတာင္ကို ရွမ္းဘာသာစကားနဲ႔ ‘လြိဳင္ေခၚ = သီးျခားသန္႔သန္႔တည္ရွိေနတဲ့ေတာင္’ ဆိုၿပီး ေခၚၾကတယ္။ ဒီေတာင္ကိုအစြဲျပဳကာ ေတာင္ရွိတဲ့ၿမိဳ႕ကိုလည္း ‘လြိဳင္ေခၚ’လို႔ ေခၚရာက ေရြ႕ေလွ်ာလာၿပီး လြိဳင္ေကာ္ေခၚတယ္လို႔ ဆိုပါတယ္။
ေစာဖ်ာႀကီး စဝ္လေဖာ္မွာ သားေတာ္သံုးပါးရွိၿပီး လိြဳင္ေကာ္ၿမိဳ႕ကို ခရစ္ႏွစ္ ၁၉၁၁ မွာ ေစာဖ်ာစဝ္ခြန္လီ အုပ္ခ်ဳပ္တယ္။ စဝ္ခြန္လီက ၁၉၁၂ ကစၿပီး ေလးႏွစ္ၾကာ မဂၤလာေဟာ္နန္းႀကီးကို လြိဳင္ေကာ္ၿမိဳ႕မွာ ေဆာက္လုပ္တယ္။ ၁၉၁၉ မွာ ေဟာ္တက္မဂၤလာကို ဆင္ႏႊဲပါတယ္။
၁၉၃၀ မွာေတာ့ ေစာဖ်ာစဝ္ခြန္လီ ကြယ္လြန္တယ္။ ဆက္ခံရမယ့္ သားေတာ္ႀကီး စဝ္လဝီက အရြယ္မေရာက္ေသးတာေၾကာင့္ ဦးေလးေတာ္စဝ္ေရႊဟုန္က ရင္ခြင္ပိုက္အုပ္ခ်ဳပ္ပါတယ္။ ၁၉၄၈ မွာ စဝ္လဝီအရြယ္ေရာက္လို႔ ေစာဖ်ာအျဖစ္ ဆက္ခံတယ္။ ေစာ္ဘြား၊ ေစာဖ်ာမ်ား အာဏာစြန္႔လႊတ္ရၿပီးေနာက္မွာ အစိုးရက ေစာဖ်ာပိုင္ဆိုင္တဲ့ ေျမယာအေဆာက္
အအံုေတြကို ဆက္ခံပိုင္ဆိုင္ခြင့္ျပဳေၾကာင္း ၁၉၆၁ မွာ စာခ်ဳပ္ခ်ဳပ္ဆုိတယ္။ ဒီလို ေစာဖ်ာပိုင္ဆိုင္ခြင့္ရွိတာေတြထဲမွာ
ေစာဖ်ာစဝ္လဝီ ေနထိုင္ရာ မဂၤလာေဟာ္လည္းပါတယ္။
မဂၤလာေဟာ္နန္းမွာ ေစာဖ်ာစဝ္လဝီက ဆက္လက္စံစားရင္း ၁၉၈၇ မွာ ကြယ္လြန္ပါတယ္။ သားေတာ္စဝ္လေဖာ္နဲ႔ သမီးေတာ္ စဝ္ေခမာဝတီ ေမာင္ႏွမက မဂၤလာေဟာ္နန္းကို ဆက္ခံတယ္။ သူတို႔ ေမာင္ႏွမဆက္ခံေနထိုင္တဲ့ ေဟာ္နန္းကို ၁၉၉၄ ဧၿပီလ ၁၇ ရက္ ျမန္မာႏွစ္သစ္ကူး ႏွစ္ဆန္း ၁ ရက္ မွာ ေရွးေဟာင္းအေမြအႏွစ္ ထိန္းသိမ္းဖို႔၊ သာသနာေတာ္ထြန္းကားဖို႔ ရည္ရြယ္ခ်က္နဲ႔ ဘုန္းႀကီးေက်ာင္းအျဖစ္ လွဴဒါန္းလိုက္တယ္။ ဆရာေတာ္ ဘဒၵႏၲစႏၵိမာ (သဒၶမၼေဇာတိ ကဓဇ)က စတင္သီတင္းသံုးေတာ္မူပါတယ္။
ေဟာ္က ေလွကားသံုးစင္းရွိတယ္။ အလယ္ေလွကားမႀကီးက ေစာဖ်ာႀကီး၊ ေစာဖ်ာရဲ႕မဟာေဒဝီ နဲ႔ မိသားစုမ်ားက အသံုးျပဳၿပီး တျခားေလွကားႏွစ္စင္းကိုေတာ့ အမႈထမ္းမ်ား၊ ျပည္သူျပည္သားမ်ားက အသံုးျပဳရတယ္။ စဝ္လေဖာ္၊ စဝ္ေခမာဝတီတို႔ ေမာင္ႏွမက မဂၤလာေလွကားႀကီးကို လက္ရန္းလက္ကိုင္ပြတ္လံုးတုိင္မ်ားနဲ႔ ခိုင္ခံ့တင့္တယ္ေအာင္ ထပ္မံမြမ္းမံၿပီး ၁၉၉၄ ဒီဇင္ဘာ ၇ ရက္မွာ ေရစက္ခ်လွဴဒါန္းခဲ့ပါတယ္။
ေစာဖ်ာႀကီး႐ံုးဌာန နံရံခ်ိတ္ဆြဲထားတဲ့ ဓာတ္ပံုေတြကိုျပသရင္း သမိုင္းေၾကာင္းကို ေျပာျပၿပီးေနာက္ဆရာေတာ္က
ေက်ာင္းေပၚကို လွည့္လည္ျပသပါတယ္။
ေဟာ္ရဲ႕ ေနာက္ပိုင္းမွာ လသာေဆာင္ရွိတယ္။ အခုေတာ့ ဟင္းလင္းဖြင့္ လသာေဆာင္ကို အမိုးအကာေတြ လုပ္ထားၿပီး ခန္းမေဆာင္ႀကီးျဖစ္ေအာင္ ဖန္တီးထားတယ္။ အလွဴအတန္း ဘာသာေရး အခမ္းအနားေတြ လုပ္တဲ့ေနရာ ျဖစ္သြားပါၿပီ။ ေစာဖ်ာအသံုးျပဳခဲ့တဲ့ ေရႊပိန္းခ်ကုလားထုိင္၊ ေစာဖ်ာ ဆင္စီးရာမွာသံုးတဲ့ ကနဲ႔ေဝါေတာ္ တို႔ကိုလည္း ဘုန္းႀကီးေက်ာင္းေပၚ မွာ ထိန္းသိမ္းျပသထားတယ္။ ေစာ္ဘြားရဲ႕ အိပ္ခန္းေဆာင္ကိုေတာ့ ယခုအခါ ဘုရားခန္းအျဖစ္ ျပဳလုပ္ထားတယ္။
အိပ္ခန္းေဆာင္ေရွ႕က ေစာ္ဘြားညီလာခံရာေနရာမွာ ဆရာေတာ္က ဧည့္ပရိသတ္ကို ေတြ႕ဆံုအပူေဇာ္ခံရာအျဖစ္ ဖန္တီးထားတယ္။
ဆရာေတာ္ဦးစႏၵိမာက မဂၤလာေဟာ္နန္းကို အမွီျပဳၿပီး ရပ္ကြက္ကို မဂၤလာရပ္ကြက္အမည္ေပးပံု၊ မဂၤလာေလွကားနဲ႔ တည့္တည့္လမ္းကို မဂၤလာလမ္းလို႔ အမည္ေပးထားပံုေတြကို ရွင္းျပပါတယ္။ ဘုန္းေတာ္ႀကီးေက်ာင္းျဖစ္ၿပီးေနာက္ပိုင္းမွာ ဝါဆိုပြဲ၊ သီတင္းကြၽတ္ ဝါကြၽတ္ပြဲ၊ တန္ေဆာင္မုန္းကထိန္ပြဲ၊ တန္ခူးႏွစ္သစ္ကူးပြဲစတာေတြ အစဥ္အၿမဲလုပ္ေနတာမို႔ စည္ပင္တယ္။ ေဟာ္နန္းရဲ႕ပံုစံငယ္ကို ကယားယဥ္ေက်းမႈျပတိုက္မွာ တစ္သီးတသန္႔ ျပသထားတယ္။ ေဟာ္နန္းေဟာင္းအျဖစ္ ဘုန္းေတာ္ႀကီးေက်ာင္းကို လာ ၾကည့္သူေတြမ်ားတယ္။ တစ္ရက္ကို ႏိုင္ငံျခားသားဧည့္သည္ ႏွစ္ဖြဲ႕၊ သံုးဖြဲ႕လာေလ့ရွိတယ္လို႔ ဆိုပါ တယ္။
မဂၤလာေဟာ္နန္းကို ၁၉၁၂ က စတင္တည္ေဆာက္ခဲ့တာမို႔ ၂၀၁၂ က ႏွစ္ (၁၀၀)ျပည့္ အထိမ္းအမွတ္ပြဲ ျပဳလုပ္ပါတယ္။ အခုေတာ့ သက္တမ္းက ႏွစ္ (၁၀၀) ေက်ာ္ပါၿပီ။
ေစာဖ်ာႀကီးစံရာ ေဟာ္နန္း ျဖစ္တာမို႔ အေဆာက္အအံုကႀကီးမားၿပီး အခန္းခန္းအေဆာင္ေဆာင္နဲ႔ ခမ္းနားပါတယ္။ ဝင္းကလည္းက်ယ္ဝန္းတယ္။ ေရွးေဟာင္းအေမြအႏွစ္ျဖစ္လို႔ တန္ဖိုးမျဖတ္ႏုိင္ေအာင္ တန္ဖိုးႀကီးမားပါတယ္။
ဒါေပမဲ့ စဝ္လေဖာ္၊ စဝ္ေခမာဝတီတို႔ ေမာင္ႏွမက သာသနာေတာ္ကို လွဴဒါန္းတာက ႀကီးမားတဲ့စြန္႔လႊတ္မႈျဖစ္ပါတယ္။ ဆက္ခံထိန္းသိမ္းတဲ့ ဆရာေတာ္ဦးစႏၵိမာကလည္း စာတတ္ေပတတ္ အသိအျမင္က်ယ္တဲ့သူျဖစ္တာေၾကာင့္ ယဥ္ေက်းမႈအေမြအႏွစ္ကုိ တည္ တံ့ေအာင္ ထိန္းသိမ္းေပးတယ္။ ယဥ္ေက်းမႈကို အေလးထားေလးစားသူေတြ လာေရာက္ေလ့လာတာကိုလည္း တံခါးမရွိ အတားမရွိ ခြင့္ျပဳေပးထားတာျဖစ္လို႔ အားလံုးအတြက္ အက်ဳိးမ်ားပါတယ္။
7Daydaily
...............
ဘုန်းကြီးကျောင်းဖြစ်သွားတဲ့ ကန္တာရဝတီဟော်နန်း
Byကျော်ရင်မြင့်On Wed, 2016-01-06 09:30Issue No.အတွဲ (၁၄)၊ အမှတ် (၄၄)
ဘုန်းကြီးကျောင်းအဖြစ် ပြောင်းလဲသွားသော ကန္တာရဝတီဟော်နန်း။ (ဓာတ်ပုံ − ကျော်ရင်မြင့်)
‘ကယားပြည်နယ်၊ စောဖျာဒူဌာနရုံးတော်’လို့ ရွှေရောင်ဖောင်းကြွစာလုံးတွေနဲ့ ရေးထိုးထားတဲ့ အခန်းတစ်ခန်းထဲကို ကျွန်တော်ရောက်နေပါတယ်။
ဒီအခန်းက ကယားပြည်နယ်လွိုင်ကော်မြို့ ကန္တာရဝတီဟော်ကြီးရဲ့ အခန်းခန်းအဆောင်ဆောင်ထဲက တစ်ခန်းဖြစ်တယ်။ အခုတော့ ဟော်ကြီးက ဘုန်းတော်ကြီးကျောင်းဖြစ်နေပြီ။ မင်္ဂလာဟော်ကြီး ပရိယတ္တိစာသင်တိုက်ကျောင်းကြီးဖြစ်နေပြီ။
အခန်းတံခါးမကြီးက စကားဝါရောင်ခန်းဆီးစကို လေနုအေးက တိုးဝှေ့လို့ လှုပ်ခတ်နေတယ်။ ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာက ကျွန်တော့်ကို လိုက်လံပြသတယ်။
‘‘စောဖျာဒူဆိုတာ စော်ဘွားကြီးလို့အဓိပ္ပာယ်ရှိတယ်။ စော်ဘွားကြီးရဲ့ရုံးတော်ပေါ့’’လို့ ဆရာတော်က ရှင်းပြတယ်။
ရုံးခန်းက ကျွန်းပျဉ်ခင်း၊ ကျွန်းပျဉ်ကာပါ။ ပြတင်းပေါက်က မှန်လည်ပြတင်း။ နံရံပေါ်က ကျည်ဆန်ရာအပေါက်တွေ ဗရပွကို ဆရာတော်ကပြတယ်။ ‘‘ကျည်ဆန်ရာ တွေရစရာမရှိဘူး။ အင်္ဂလိပ်ခေတ်က စောဖျာက အင်္ဂလိပ်ရဲ့သြဇာကိုမခံလို့ ပစ်ခတ်ထားတာ’’ ဆိုပြီးပြောတယ်။ နံရံအပြင်ဘက် မျက်နှာစာက ပျဉ်ချပ်တွေမှာ ရာသီဥတုတိုက်စားမှုကြောင့် အစင်းအကြောင်းထင်နေတာကို ဆရာတော်က ညွှန်ပြတယ်။ မိုးစားထားတာလို့ပြောတယ်။ ဟော်နန်းကြီးရဲ့ သက်တမ်းက နှစ်ပေါင်း ၁၀၀ ကျော်ပြီ။ မိုးများတဲ့ဒေသမို့ နံရံပျဉ်ချပ်တွေအပြင်ဘက်ပိုင်းမှာ မိုးစားထားတာဖြစ်ပါတယ်။
ကယားပြည်နယ်ကို ရှေးက စောဖျာတွေက အုပ်ချုပ်ပါတယ်။ ဖခင်စောဖျာကွယ်လွန်ရင် အကြီးဆုံးသားက စောဖျာရာထူးကို ဆက်ခံရတယ်။ တကယ်လို့ စောဖျာနွယ်ဝင်သားကြီးက စောဖျာအရည်အချင်းနဲ့မပြည့်စုံဘဲ ပြည်သူလူထုကို
နှိပ်စက်ကလူပြုလို့ ပြည်သူလူထုက မခံမရပ်နိုင်ဖြစ်ရင် သူ့ကိုဖြုတ်ချပြီး အရည်အချင်းပြည့်သူကို စောဖျာအဖြစ် တင်မြှောက်လေ့ရှိသည်။
စောဖျာလက်အောက်မှာ အမတ်ချုပ်နဲ့ အမတ်ထောက်နှစ်ဦးကိုထားရှိပြီး အမတ်ချုပ်က စောဖျာရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်ပါတယ်။ တိုက်နယ်အလိုက် မြို့အုပ်တွေထပ်မံခန့်အပ်ပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်တော်ကိစ္စတွေကို စီမံဆောင်ရွက်ကြတယ်။ မြို့အုပ်ရဲ့လက်အောက်မှာ ဟိန် (တိုက်သူကြီး)ရှိကာ ကျေးရွာအုပ်စုကို ဟိန်ကအုပ်ချုပ်ပါတယ်။ ဟိန်က ရွာအလိုက်သူကြီးများခန့်ထားကာ သူကြီးများအောက်မှာ ဆယ်အိမ်ခေါင်းတွေရှိပြီး အဆင့်ဆင့် အုပ်ချုပ်ခဲ့ကြတယ်။
ရှေးအခါက ကယားပြည်နယ်ကို ငါးနယ်ခွဲပြီး စောဖျာတွေအုပ်ချုပ်ပေမယ့် နောက်ပိုင်းမှာ ဘောလခဲ၊ ကန္တာရဝတီ၊ ကြယ်ဖိုးကြီးဆိုပြီး သုံးနယ်ခွဲကာအုပ်ချုပ်ပါတယ်။ ဘောလခဲနယ်ကို ဘောလခဲမြို့၊ ကန္တာရဝတီနယ်ကို လွိုင်ကော်မြို့၊ ကြယ်ဖိုးကြီးနယ်ကို ဖရူးဆိုးမြို့တို့ မှာ ရုံးစိုက်ထားကြပါတယ်။ ဗြိတိသျှအစိုးရလက်ထက်မှာ ကယားပြည်နယ်ကို ပြည်မက သီးသန့်ခွဲပြီး စောဖျာတွေကို ဝန်ထောက်တွေနဲ့တွဲကာ အုပ်ချုပ်စေခဲ့ပါတယ်။ စောဖျာနဲ့ ဝန်ထောက်တို့ ညှိနှိုင်းကာ မြို့အုပ်တွေ ခန့်ထားခဲ့ကြတယ်။
ကန္တာရဝတီဟော်နန်းအတွင်း လာရောက်လေ့လာနေသော ဧည့်သည်များ။ (ဓာတ်ပုံ − ကျော်ရင်မြင့်)
စောဖျာတွေမှာ အခွင့်ထူးတွေရပြီး သြဇာအာဏာကြီးမားကြတယ်။ ၁၉၅၉ မှာ စော်ဘွားတွေ၊ စောဖျာတွေ အာဏာစွန့်ကြရချိန်ကစတင်ပြီး အုပ်ချုပ်ရေးပုံစံက ပြောင်းလဲသွားပါတယ်။
ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာက စောဖျာကြီးရဲ့ ရုံးခန်းကို ပြသပြီးနောက် ရုံးခန်းအပြင်ဘက်က နံရံမှာ ချိတ်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဆက်ပြီးပြောတယ်။ ဓာတ်ပုံတွေက ရှေးက ဓာတ်ပုံတွေပါ။ ဓာတ်ပုံပေါ်မှာ ဓာတ်ပုံရှင်ဟာ ဘယ်သူဘယ်ဝါဆို ပြီးရေးထားတဲ့ စက္ကူတွေက ဝါညစ်စုတ်ပြဲနေပါပြီ။ ဓာတ်ပုံတွေကိုပြရင်း ဆရာတော်က သမိုင်းကြောင်းကိုလည်း ရှင်းပြတယ်။
မင်းတုန်းမင်းကြီးက စဝ်လဖော်ကို ‘ပဗ္ဗတ သီဟရာဇာ’ ဘွဲ့တံဆိပ်နဲ့အတူ ကရင်နီနယ်မြောက်ပိုင်းက ‘ကန္တာရဝတီမြို့ဝ်’ ကို ချီးမြှောက်ပေးအပ်ပါတယ်။ အရှင်နှစ်ပါးပါတော်မူပြီးနောက် စဝ်လဖော်က ဗြိတိသျှများကို အညံ့မခံဘဲ တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ ဆရာတော်ကပြောပြတယ်။
ဘီလူးချောင်း အနောက်ဘက်မှာ သီးသီးခြားခြား တည်ရှိနေတဲ့ တောင်တစ်လုံးရှိပါတယ်။ ဒီတောင်ကို ရှမ်းဘာသာစကားနဲ့ ‘လွိုင်ခေါ် = သီးခြားသန့်သန့်တည်ရှိနေတဲ့တောင်’ ဆိုပြီး ခေါ်ကြတယ်။ ဒီတောင်ကိုအစွဲပြုကာ တောင်ရှိတဲ့မြို့ကိုလည်း ‘လွိုင်ခေါ်’လို့ ခေါ်ရာက ရွေ့လျှောလာပြီး လွိုင်ကော်ခေါ်တယ်လို့ ဆိုပါတယ်။
စောဖျာကြီး စဝ်လဖော်မှာ သားတော်သုံးပါးရှိပြီး လွိုင်ကော်မြို့ကို ခရစ်နှစ် ၁၉၁၁ မှာ စောဖျာစဝ်ခွန်လီ အုပ်ချုပ်တယ်။ စဝ်ခွန်လီက ၁၉၁၂ ကစပြီး လေးနှစ်ကြာ မင်္ဂလာဟော်နန်းကြီးကို လွိုင်ကော်မြို့မှာ ဆောက်လုပ်တယ်။ ၁၉၁၉ မှာ ဟော်တက်မင်္ဂလာကို ဆင်နွှဲပါတယ်။
၁၉၃၀ မှာတော့ စောဖျာစဝ်ခွန်လီ ကွယ်လွန်တယ်။ ဆက်ခံရမယ့် သားတော်ကြီး စဝ်လဝီက အရွယ်မရောက်သေးတာကြောင့် ဦးလေးတော်စဝ်ရွှေဟုန်က ရင်ခွင်ပိုက်အုပ်ချုပ်ပါတယ်။ ၁၉၄၈ မှာ စဝ်လဝီအရွယ်ရောက်လို့ စောဖျာအဖြစ် ဆက်ခံတယ်။ စော်ဘွား၊ စောဖျာများ အာဏာစွန့်လွှတ်ရပြီးနောက်မှာ အစိုးရက စောဖျာပိုင်ဆိုင်တဲ့ မြေယာအဆောက်
အအုံတွေကို ဆက်ခံပိုင်ဆိုင်ခွင့်ပြုကြောင်း ၁၉၆၁ မှာ စာချုပ်ချုပ်ဆိုတယ်။ ဒီလို စောဖျာပိုင်ဆိုင်ခွင့်ရှိတာတွေထဲမှာ
စောဖျာစဝ်လဝီ နေထိုင်ရာ မင်္ဂလာဟော်လည်းပါတယ်။
မင်္ဂလာဟော်နန်းမှာ စောဖျာစဝ်လဝီက ဆက်လက်စံစားရင်း ၁၉၈၇ မှာ ကွယ်လွန်ပါတယ်။ သားတော်စဝ်လဖော်နဲ့ သမီးတော် စဝ်ခေမာဝတီ မောင်နှမက မင်္ဂလာဟော်နန်းကို ဆက်ခံတယ်။ သူတို့ မောင်နှမဆက်ခံနေထိုင်တဲ့ ဟော်နန်းကို ၁၉၉၄ ဧပြီလ ၁၇ ရက် မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက် မှာ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းဖို့၊ သာသနာတော်ထွန်းကားဖို့ ရည်ရွယ်ချက်နဲ့ ဘုန်းကြီးကျောင်းအဖြစ် လှူဒါန်းလိုက်တယ်။ ဆရာတော် ဘဒ္ဒန္တစန္ဒိမာ (သဒ္ဓမ္မဇောတိ ကဓဇ)က စတင်သီတင်းသုံးတော်မူပါတယ်။
ဟော်က လှေကားသုံးစင်းရှိတယ်။ အလယ်လှေကားမကြီးက စောဖျာကြီး၊ စောဖျာရဲ့မဟာဒေဝီ နဲ့ မိသားစုများက အသုံးပြုပြီး တခြားလှေကားနှစ်စင်းကိုတော့ အမှုထမ်းများ၊ ပြည်သူပြည်သားများက အသုံးပြုရတယ်။ စဝ်လဖော်၊ စဝ်ခေမာဝတီတို့ မောင်နှမက မင်္ဂလာလှေကားကြီးကို လက်ရန်းလက်ကိုင်ပွတ်လုံးတိုင်များနဲ့ ခိုင်ခံ့တင့်တယ်အောင် ထပ်မံမွမ်းမံပြီး ၁၉၉၄ ဒီဇင်ဘာ ရ ရက်မှာ ရေစက်ချလှူဒါန်းခဲ့ပါတယ်။
စောဖျာကြီးရုံးဌာန နံရံချိတ်ဆွဲထားတဲ့ ဓာတ်ပုံတွေကိုပြသရင်း သမိုင်းကြောင်းကို ပြောပြပြီးနောက်ဆရာတော်က
ကျောင်းပေါ်ကို လှည့်လည်ပြသပါတယ်။
ဟော်ရဲ့ နောက်ပိုင်းမှာ လသာဆောင်ရှိတယ်။ အခုတော့ ဟင်းလင်းဖွင့် လသာဆောင်ကို အမိုးအကာတွေ လုပ်ထားပြီး ခန်းမဆောင်ကြီးဖြစ်အောင် ဖန်တီးထားတယ်။ အလှူအတန်း ဘာသာရေး အခမ်းအနားတွေ လုပ်တဲ့နေရာ ဖြစ်သွားပါပြီ။ စောဖျာအသုံးပြုခဲ့တဲ့ ရွှေပိန်းချကုလားထိုင်၊ စောဖျာ ဆင်စီးရာမှာသုံးတဲ့ ကနဲ့ဝေါတော် တို့ကိုလည်း ဘုန်းကြီးကျောင်းပေါ် မှာ ထိန်းသိမ်းပြသထားတယ်။ စော်ဘွားရဲ့ အိပ်ခန်းဆောင်ကိုတော့ ယခုအခါ ဘုရားခန်းအဖြစ် ပြုလုပ်ထားတယ်။
အိပ်ခန်းဆောင်ရှေ့က စော်ဘွားညီလာခံရာနေရာမှာ ဆရာတော်က ဧည့်ပရိသတ်ကို တွေ့ဆုံအပူဇော်ခံရာအဖြစ် ဖန်တီးထားတယ်။
ဆရာတော်ဦးစန္ဒိမာက မင်္ဂလာဟော်နန်းကို အမှီပြုပြီး ရပ်ကွက်ကို မင်္ဂလာရပ်ကွက်အမည်ပေးပုံ၊ မင်္ဂလာလှေကားနဲ့ တည့်တည့်လမ်းကို မင်္ဂလာလမ်းလို့ အမည်ပေးထားပုံတွေကို ရှင်းပြပါတယ်။ ဘုန်းတော်ကြီးကျောင်းဖြစ်ပြီးနောက်ပိုင်းမှာ ဝါဆိုပွဲ၊ သီတင်းကျွတ် ဝါကျွတ်ပွဲ၊ တန်ဆောင်မုန်းကထိန်ပွဲ၊ တန်ခူးနှစ်သစ်ကူးပွဲစတာတွေ အစဉ်အမြဲလုပ်နေတာမို့ စည်ပင်တယ်။ ဟော်နန်းရဲ့ပုံစံငယ်ကို ကယားယဉ်ကျေးမှုပြတိုက်မှာ တစ်သီးတသန့် ပြသထားတယ်။ ဟော်နန်းဟောင်းအဖြစ် ဘုန်းတော်ကြီးကျောင်းကို လာ ကြည့်သူတွေများတယ်။ တစ်ရက်ကို နိုင်ငံခြားသားဧည့်သည် နှစ်ဖွဲ့၊ သုံးဖွဲ့လာလေ့ရှိတယ်လို့ ဆိုပါ တယ်။
မင်္ဂလာဟော်နန်းကို ၁၉၁၂ က စတင်တည်ဆောက်ခဲ့တာမို့ ၂၀၁၂ က နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်ပါတယ်။ အခုတော့ သက်တမ်းက နှစ် (၁၀၀) ကျော်ပါပြီ။
စောဖျာကြီးစံရာ ဟော်နန်း ဖြစ်တာမို့ အဆောက်အအုံကကြီးမားပြီး အခန်းခန်းအဆောင်ဆောင်နဲ့ ခမ်းနားပါတယ်။ ဝင်းကလည်းကျယ်ဝန်းတယ်။ ရှေးဟောင်းအမွေအနှစ်ဖြစ်လို့ တန်ဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမားပါတယ်။
ဒါပေမဲ့ စဝ်လဖော်၊ စဝ်ခေမာဝတီတို့ မောင်နှမက သာသနာတော်ကို လှူဒါန်းတာက ကြီးမားတဲ့စွန့်လွှတ်မှုဖြစ်ပါတယ်။ ဆက်ခံထိန်းသိမ်းတဲ့ ဆရာတော်ဦးစန္ဒိမာကလည်း စာတတ်ပေတတ် အသိအမြင်ကျယ်တဲ့သူဖြစ်တာကြောင့် ယဉ်ကျေးမှုအမွေအနှစ်ကို တည် တံ့အောင် ထိန်းသိမ်းပေးတယ်။ ယဉ်ကျေးမှုကို အလေးထားလေးစားသူတွေ လာရောက်လေ့လာတာကိုလည်း တံခါးမရှိ အတားမရှိ ခွင့်ပြုပေးထားတာဖြစ်လို့ အားလုံးအတွက် အကျိုးများပါတယ်။