Byေအာင္သစ္လြင္
ထိုေဒသထြက္ ကုန္ ပစၥည္းသည္ ကမၻာ့ေစ်းကြက္တြင္ တန္ဖိုးႀကီးစာရင္း၀င္သည္။ တိုင္းျပည္ ၀င္ေငြအမ်ားအျပားရေစသည္။ ျမန္မာျပည္ေဒသအႏွံ႔မွ ျပည္သူ ေထာင္ေပါင္းမ်ားစြာ အလုပ္ေပး ထားႏိုင္သည္။ လူဦးေရ သိန္းခ်ီ အေျခခ်ေနထိုင္ၿပီး နံနက္လင္းခ်ိန္ မွသည္ ညမိုးခ်ဳပ္သည္အထိ ပ်ား ပန္းခတ္လႈပ္ရွားေနၾကသည္။ ပတ္ ၀န္းက်င္ေဒသမ်ားသို႔ ျဖန္႔ခြဲသြား လာႏိုင္သည့္ လမ္းမ်ား အရပ္ေလးမ်က္ႏွာေဖာက္လုပ္ထားသည္။
သို႔ေသာ္ၿမိဳ႕တစ္ၿမိဳ႕၏ အဂၤါ ရပ္လားလားမွ်မရွိဘဲ အိမ္ေထာင္ ဦးစီးက မ်က္ကြယ္ျပဳထား၍ ေစာင့္ေရွာက္သူမဲ့ေနေသာ အိမ္ပ်က္ တစ္လံုးသဖြယ္။ ဆိုင္ကယ္မ်ား၊ ကားမ်ားလြန္းထိုးသြားလာေနၾက ေသာ္လည္း တစ္ၿမိဳ႕လံုး မည္သည့္ေနရာမွ မီးပြိဳင့္မရွိ။ ၿမိဳ႕ေလးအမ်ားစုတြင္ ေတြ႕ရေသာ ကတၱရာလမ္းပင္မရွိ။ မိုးရြာပါက ေနအိမ္မ်ား ေရနစ္ျမဳပ္သလို မိုးမရြာပါကလည္း ၂၄ နာရီ ဖုန္တေထာင္း ေထာင္းႏွင့္ အသက္႐ွဴက်ပ္ေန သည့္ ေဒသျဖစ္ပါသည္။
ထိုၿမိဳ႕သည္ ကမၻာေက်ာ္ ေက်ာက္စိမ္းေျမ ဖားကန္႔ၿမိဳ႕ျဖစ္ ပါသည္။ ေက်ာက္စိမ္းရတနာကို ၀တ္ဆင္ထားသူအတြက္ လုံၿခံဳမႈ၊ ခမ္းနားထည္၀ါမႈဂုဏ္ျဒပ္မ်ားရွိ သည္ဟု ယံုၾကည္ၾကသည္။ သို႔ ေသာ္ ကမၻာ့အဆင့္အရည္အေသြး ျပည့္မီေသာ ေက်ာက္စိမ္းမ်ား ထြက္ရာ ဖားကန္႔ေဒသမွာေတာ့ လံုၿခံဳမႈ၊ ခမ္းနားထည္၀ါမႈတို႔ အ လ်ဥ္းမရွိ။ အစိုးရႏွင့္ စီးပြားေရး သမားအက်ဳိးတူဟူေသာ ေခါင္း စဥ္ျဖင့္ ဖားကန္႔၀မ္းၾကာတိုက္မွ သားျမတ္ရတနာေက်ာက္စိမ္း မ်ားကိုသာ ထုတ္ယူသြားၾကေသာ္ လည္း ေဒသအက်ဳိးကို မ်က္ကြယ္ ျပဳခဲ့ၾကသည္ဟု ဖားကန္႔ၿမိဳ႕ခံမ်ား က ေျပာၾကသည္။
‘‘ဒီေဒသကထြက္တဲ့ ေက်ာက္စိမ္းကရတဲ့၀င္ေငြကို အခ်ဳိးခ်ၿပီး ေတာ့မွ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ခံစားခြင့္ေပးတယ္ဆိုရင္ ၿမိဳ႕က ေရႊေရာင္ေတာက္ေနၿပီ။ ဒီကိုျပန္ ၿပီး ပံ့ပိုးဖို႔ နယ္ေျမဖြံ႕ၿဖိဳးတိုးတက္ ဖို႔ လုပ္မယ္ဆိုတဲ့ စိတ္ကူး သူတို႔မွာမရွိတာ။ ရသမွ်ကို အကုန္အိတ္ထဲထည့္တာကိုး’’ဟု ဖားကန္႔ၿမိဳ႕မိၿမိဳ႕ ဖ ဦးခင္ေမာင္ခ်ဳိက ေဒါသသံစြက္ ေသာ ေလယူေလသိမ္းျဖင့္ ေျပာ သည္။
တန္ဖိုးႀကီးေက်ာက္စိမ္းအ လွ်ံပယ္ထြက္သည့္ ဖားကန္႔ေဒသတြင္ အင္တာနက္လိုင္းမ်ား မ ေကာင္းပါ။ ဖုန္းဆက္သြယ္ေရး အဆင္မေျပ။ အစိုးရက ေပးေသာ လွ်ပ္စစ္မီးမရေသးဘဲ ပုဂၢလိက ကုမၸဏီတစ္ခုက တစ္ယူနစ္ ၈၀၀ က်ပ္ျဖင့္ေပးေသာ လွ်ပ္စစ္မီးကို သာ ေဒသခံမ်ားအသံုးျပဳေနရ သည္။ ကိုယ္က်ဳိးစီးပြားဦးစားေပး သည့္ စီမံခန္႔ခြဲမႈမ်ားေအာက္တြင္ ကမၻာေက်ာ္ ေက်ာက္စိမ္းေျမ သည္ ဖြံ႕ၿဖိဳးတိုးတက္မႈမရွိဘဲ ေခတ္ေနာက္က်က်န္ေနျခင္းကို ဖားကန္႔ေဒသ ပတ္ခ်ာလည္ ေက်ာက္စိမ္းေမွာ္ျမင္ကြင္းမ်ားက သက္ေသအျဖစ္ရွိေနပါသည္။
ေမွာ္ဆိုသည့္အတိုင္း ေန႔ျမင္ညေပ်ာက္လမ္းမ်ားအစီအစဥ္မ က်ေဖာက္လုပ္ထားသည့္ ေျမႀကီး လမ္းမ်ားေပၚတြင္ ဧရာမေျမသယ္ကားႀကီးမ်ားက ေျမစာမ်ားတင္ ေဆာင္ကာ လြန္းထိုးေမာင္းႏွင္ေန သည္။ ေနပူပူ၊ ဖုန္ထူထူတြင္ ေတာင္ကမ္းပါးယံမ်ားကို စက္ယႏၲရားႀကီးမ်ားက ကုတ္ဖဲ့ကာ ေျမသယ္ကားႀကီးမ်ား တင္ေဆာင္ေနသည္။ ကုမၸဏီမ်ားက ၀န္ထမ္းမ်ားကိုသာ အလွည့္က်အနားေပးၿပီး စက္ယႏၲရားမ်ားကို အနားမေပးပါ။ ဖားကန္႔ေဒသတြင္ ၂၄ နာရီပတ္လံုးၾကားေနရသည့္ အသံက စက္ယႏၲရားႀကီးမ်ားဆီမွ ထြက္ေပၚေနသည့္ ငယ္သံပါေနေသာအင္ဂ်င္သံမ်ားပင္။
‘‘ဘယ္ေလာက္ေတာင္ တူး ေနၾကလဲဆိုရင္ ဖားကန္႔မွာ ေမြး ကတည္းက ရွိေနတဲ့သူေတာင္ ေမွာ္ေတြ ဘက္ဆယ္ရက္ေလာက္ မေရာက္ျဖစ္တာနဲ႔ မ်က္စိလည္ သြားမယ္။ စြန္႔ပစ္ေျမစာေတြကို လမ္းဖို႔ၿပီး ေတာင္ေတြကို ၿဖိဳေန တာ။ အရင္လမ္းေတြက ရြာျဖစ္၊ ရြာေတြက ေျမစာပံုအေဟာင္း ေတြေပၚတည္။ ျဖစ္ခ်င္တုိင္းျဖစ္ ပဲ။ ျမင္မေကာင္းဘူး’’ဟု ဖားကန္႔ ၿမိဳ႕ မရွီကေထာင္ရပ္ကြက္တြင္ ေနထိုင္သူ ကိုလွေထြးက ေျပာ သည္။
လသားအရြယ္ကေလးငယ္ ကို ေခၚလာကာ ေက်ာက္စိမ္း ကုမၸဏီ၀န္ထမ္းအမ်ဳိးသားေနာက္လိုက္လာခဲ့သည့္ သားသည္ အေမတစ္ဦးက ဖားကန္႔ေဒသသို႔ ေရာက္ေနသည္မွာ ၁၀ ရက္ရွိၿပီျဖစ္ၿပီး ၾကားေနက်မဟုတ္သည့္ စက္ယႏၲရားႀကီးမ်ား၏ အသံေၾကာင့္ ကေလးမွာ ထိတ္လန္႔ေနသည္ဟု ေျပာသည္။
ဖားကန္႔ ရတနာေျမတြင္ တရား၀င္စာရင္းမ်ားအရ တန္ ၃၀မွ တန္ ၁၀၀ ၾကား ဘက္ဟိုး ၁,၈၇၂ စီး၊ ေျမသယ္ကားႀကီးအစီးေရ ၃,၃၂၇ စီးျဖင့္ ေက်ာက္စိမ္းတူး ေဖာ္ေရးလုပ္ေဆာင္ေနေၾကာင္း သတၳဳတြင္း၀န္ႀကီးဌာန ဒု၀န္ႀကီး ဦးသန္းထြန္းေအာင္က လႊတ္ ေတာ္သို႔ ရွင္းလင္းျပခဲ့သည္။ သို႔ ေသာ္ ယင္းကိန္းဂဏန္းမ်ားသည္ စာရြက္ေပၚတြင္ ျမင္ရသည့္ စက္ ယႏၲရား အေရအတြက္သာျဖစ္ သည္။ လုပ္ပိုင္ခြင့္ထဲမွ ေန၍ မသမာမႈျပဳခဲ့သူ အစိုးရအဖြဲ႕၀င္ဇာတ္လိုက္မ်ားက စက္ယႏၲရားမ်ားမည္မွ်တင္သြင္းခြင့္ေပးခဲ့သည္ဆိုသည္ကို အတိအက်မသိႏုိင္ေသးပါ။ ၀န္ခံသူက ၀န္ခံေနသလို ကုမၸဏီတာ၀န္ရွိသူအခ်ဳိ႕ တိမ္းေရွာင္ေနသည္ဟုပင္ ေဒသတြင္းသတင္းမ်ားထြက္ေပၚေနသည္။ ေျမစာပံုၿပိဳက်မႈေၾကာင့္ အေရအတြက္ခန္႔မွန္းႏိုင္ရန္ပင္ ခက္ခဲသည့္ လူေသဆံုးမႈမ်ား ဖံုးမရ၊ ဖိမရ အေျခအေနေရာက္မွသာ ဖားကန္႔အေရး ေဆြးေႏြးၾကျခင္း ျဖစ္သည္။
ပတ္၀န္းက်င္ၿမိဳ႕ရြာမ်ားႏွင့္ ဆက္သြယ္ေရးခက္ခဲကာ အလံု ပိတ္ေဒသတစ္ခုကဲ့သို႔ ျဖစ္ခ်င္ တိုင္းျဖစ္ေနခဲ့သည့္ ဖားကန္႔ေဒသ တြင္း ျပႆနာမ်ားကို ေျဖရွင္းရန္ ဟု ဆိုကာ ဒု၀န္ႀကီး ဦးသန္းထြန္း ေအာင္က လႊတ္ေတာ္သို႔ တင္ျပ ခ်က္မွာလည္း ေဒသတြင္းအေျခ အေနမ်ားကို လံုး၀မေလ့လာဘဲ ေျပာခဲ့သည့္ ရယ္ရႊင္ဖြယ္ဟာသ တစ္ခုလိုျဖစ္ေနေၾကာင္း ေဒသခံ မ်ားက ေ၀ဖန္ၾကသည္။ ဦးသန္း ထြန္းေအာင္က ဖားကန္႔ေဒသတြင္ေက်ာက္စိမ္းထုတ္လုပ္မႈ လံုး၀ ပိတ္သိမ္းျခင္း၊ စစ္အုပ္ခ်ဳပ္ေရး ထုတ္ျပန္ျခင္းႏွင့္ ပုဒ္မ ၁၄၄ ထုတ္ျပန္ျခင္းတို႔ကို ျပဳလုပ္ရန္ လႊတ္ ေတာ္သို႔ တင္ျပခဲ့ျခင္း ျဖစ္သည္။
ယင္းတင္ျပခ်က္ကို လႊတ္ ေတာ္က ခ်က္ခ်င္းပယ္ခ်ခဲ့သည္။ တင္ျပခ်က္အေၾကာင္းအရာမ်ား သည္ ျပည္တြင္းၿငိမ္းခ်မ္းေရးကို ထိခိုက္ေစသလို ေဒသခံမ်ားအပါ အ၀င္ ျပည္တြင္းေရႊ႕ေျပာင္းအ လုပ္သမားမ်ား စား၀တ္ေနေရး ထိခိုက္ေစသည္ဟု ျပည္ေထာင္စု လႊတ္ေတာ္နာယက သူရဦးေရႊ မန္းက သမၼတ ဦးသိန္းစိန္ထံ သ၀ဏ္လႊာေပးပို႔ခဲ့သည္။ ဖား ကန္႔ေဒသတြင္ ေရမေဆးဟု အ လြယ္ေခၚၾကသည့္ ျပည္တြင္းေရႊ႕ ေျပာင္းအလုပ္သမားမ်ားအေရ အတြက္ သိန္းခ်ီ၍ ရွိေနသည္။ ဦး သန္းထြန္းေအာင္၏ လႊတ္ေတာ္ သို႔ တင္ျပခ်က္မ်ားကို ၾကားသိခဲ့ သည့္ ဖားကန္႔ၿမိဳ႕ခံမ်ား၊ ေက်ာက္ စိမ္းေရာင္း၀ယ္ေရးသမားမ်ားက လက္မခံႏုိင္ဘဲ အစိုးရသည္ ျပည္သူလူထု၏ သေဘာဆႏၵကိုသာ နားေထာင္သင့္ၿပီး ေဒသတြင္း ေက်ာက္မ်က္ထုတ္လုပ္ေရးတြင္ မသမာျပဳသူအစိုးရ၀န္ထမ္းမ်ား ႏွင့္ ကုမၸဏီမ်ားကိုသာ အာ႐ုံစိုက္စစ္ေဆးသင့္ေၾကာင္း ေျပာၾက သည္။
ဖားကန္႔ေဒသသို႔ တရားမ၀င္စက္ယႏၲရားမ်ား ေရာက္ရွိေန ေသာေၾကာင့္ အစိုးရအဖြဲ႕တာ၀န္ ရွိသူမ်ားကို စံုစမ္းစစ္ေဆးေရး၀င္ ေနခ်ိန္ ယင္းအဆိုတင္ခဲ့ျခင္းက ေက်ာက္မ်က္ထုတ္လုပ္ေရးႏွင့္ ပတ္သက္၍ တာ၀န္အရွိဆံုးသတၱဳ တြင္း၀န္ႀကီးဌာနကို သံသယ၀င္ ေစခဲ့သည္။ ပြင့္လင္းျမင္သာမႈမရွိ သည့္ တည္ဆဲအစိုးရက လက္ရွိ ဖားကန္႔ျပႆနာအေရးယူမႈအ ဆင့္ဆင့္တြင္လည္း ေရငံုႏႈတ္ပိတ္ ေနဆဲျဖစ္သည္။ ျပည္နယ္အဆင့္ ၀န္ႀကီးအခ်ဳိ႕၊ ဌာနဆိုင္ရာၫႊန္ၾကားေရးမွဴးအခ်ဳိ႕တို႔ကို ရာထူးမွအနားေပးျခင္း ေနရာေရႊ႕ေျပာင္းျခင္းမ်ားျပဳလုပ္ေနေသာ္လည္း တိက်ေသာ သတင္းထုတ္ျပန္မႈမလုပ္ေသးေပ။ ဖားကန္႔ရတနာေျမကို နည္းမ်ဳိးစံုျဖင့္ ကုပ္ေသြးစုပ္ခဲ့သူမ်ား၏ ေနာက္ပိုင္းဇာတ္လမ္းက ထံုးစံအတိုင္း ပြင့္လင္းျမင္သာမႈမရွိေပ။
ဖားကန္႔ေဒသထြက္ ေက်ာက္စိမ္းမ်ားကို အဓိကႀကီးၾကပ္ရန္ သတၱဳတြင္း၀န္ႀကီးဌာနက လံုးခင္းေက်းရြာအုပ္စုတြင္ တည္ေဆာက္ ထားေသာ ျမန္မာ့ေက်ာက္မ်က္ ရတနာေရာင္း၀ယ္ေရးလုပ္ငန္း ေက်ာက္စိမ္းတူးေဖာ္ေရးဌာန၏ ေဆာင္ပုဒ္ကလည္း ေဒသခံမ်ား ကို ခံရခက္ေစခဲ့သည္။
ေဆာင္ပုဒ္မွာ ေျမလႊာကိုဖြင့္၊ ျပည္ကိုျမႇင့္အံ့ဟူ၍။ ဆိုင္ကယ္ ကယ္ရီေမာင္းျခင္းျဖင့္ အသက္ေမြးသည့္ အသက္ (၂၁) ႏွစ္အရြယ္ ဖားကန္႔ၿမိဳ႕ေဒသခံ ကိုမိုးသူက ‘‘ဘယ္ျပည္ကိုျမႇင့္မွာလဲ။ တ႐ုတ္ျပည္ကို ျမႇင့္မွာလား’’ဟု ဆိုေလသည္။
ယခုႏွစ္သစ္တြင္ေတာ့ ထို ေဆာင္ပုဒ္ေနရာတြင္ ေက်ာက္ မ်က္တူးေဖာ္ေရးဌာနဟု ေျပာင္း လဲေရးသားထားပါသည္။ ေျမလႊာကို ဖြင့္ၿပီးၿပီလားဆိုသည္ကိုေတာ့ အစိုးရႏွင့္ ေက်ာက္စိမ္းကုမၸဏီ မ်ားကသာ တပ္အပ္သိႏုိင္ပါလိမ့္ မည္။
‘‘ကုမၸဏီတစ္ခ်ဳိ႕က သိပ္ ေကာင္းတဲ့ ေက်ာက္ေတြကို ႏိုင္ငံ ကို အပ္တာမွ မဟုတ္တာ။ ခိုး ၀ွက္ၿပီး ေအာက္လမ္းကေန ျပည္ ပကို ပို႔တာေလ။ မွတ္ပံုတင္တယ္ဆိုတာ ေက်ာက္စုတ္ေက်ာက္ပဲ့ ေတြတင္တာ’’ဟု ေက်ာက္စိမ္းကုမၸဏီတစ္ခုတြင္ ၀န္ထမ္းအျဖစ္ ၂ ႏွစ္ခန္႔က်င္လည္ဖူးခဲ့သူ ဖားကန္႔ၿမိဳ႕ေရာက္ ပ်ဥ္းမနားေဒသခံတစ္ဦးက သတၱဳတြင္း၀န္ႀကီးဌာနႏွင့္ ေက်ာက္စိမ္းကုမၸဏီမ်ားၾကားမွ မသမာမႈအခ်ဳိ႕ကို ေဖာက္သည္ခ် သည္။ ေက်ာက္မ်က္တူးေဖာ္ေရး က႑တြင္ က်င့္သံုးေနဆဲ ႏုိင္ငံ ေတာ္ႏွင့္ အက်ဳိးတူစနစ္ ေခါင္း စဥ္ေအာက္တြင္ ကုမၸဏီမ်ားက တူးေဖာ္ထားသည့္ ေက်ာက္စိမ္း မ်ားအား စိစစ္ႀကီးၾကပ္ရန္ ကုမၸဏီတစ္ခုခ်င္းစီသို႔ သတၱဳတြင္း၀န္ႀကီးဌာနက ႀကီးၾကပ္အျဖစ္ ၀န္ထမ္းတစ္ဦးေစလႊတ္ထားသည္။ ကုမၸဏီႀကီးၾကပ္သူ နာမည္ခံထို၀န္ထမ္းသည္ ကုမၸဏီပိုင္ရွင္မ်ား ျမႇဴဆြယ္ရာ ေနာက္တေကာက္ေကာက္လိုက္သြားေသာအခါ ဖားကန္႔ရတနာေျမမွ ေက်ာက္စိမ္းမ်ားသည္လည္း ေမွာင္ခိုလမ္းေၾကာင္းမွတစ္ဆင့္ ျပည္ပသို႔ ေရာက္သြားေလသည္။
‘‘ေက်ာက္ေကာင္းရတယ္ဆိုရင္လည္း ေနျပည္ေတာ္ေရာက္ တယ္ဆိုတာ မရွိဘူး။ တ႐ုတ္ျပည္ ေရာက္တာပဲ။ ကုမၸဏီမွာရွိတဲ့ ႀကီးၾကပ္ကို မိန္းမႀကိဳက္ရင္ မိန္းမ၊ ေရႊႀကိဳက္ရင္ ေရႊ၊ ေငြႀကိဳက္ရင္ေငြေပးတယ္။ ေက်ာက္ဂိုေဒါင္ ေသာ့ေတာင္ ကုမၸဏီကို အပ္လိုက္တာ။ အစိုးရက လႊတ္ထားတဲ့ ႀကီးၾကပ္ေတြက ဒီမွာရွိတဲ့ ေက်ာက္ တစ္လံုးက ေသာင္းအထက္တန္ မွန္းလဲ မသိဘူး။ ေထာင္အထက္တန္မွန္းလဲ မသိဘူး’’ဟုေျပာသည္။
တည္ဆဲအစိုးရလက္က်န္ သက္တမ္းအတြင္း ေက်ာက္စိမ္း တူးေဖာ္မႈမ်ား အရွိန္ျမႇင့္လုပ္ ေဆာင္ေနေၾကာင္း သတင္းမ်ား ထြက္ေပၚၿပီးေနာက္ ဖားကန္႔ေဒသတြင္း အေျခအေနမ်ားကို အစိုးရက စံုစမ္းစစ္ေဆးေရးျပဳ လုပ္ေနသည္။ ေက်ာက္စိမ္းကို အမီွျပဳကာအဂတိလိုက္စားသူ အစိုးရအဖြဲ႕၀င္မ်ားအား အေရးယူေနသည့္အေပၚလည္း ျပည္သူလူထုက ႀကိဳဆိုသလို စိတ္၀င္တစား ေစာင့္ၾကည့္ေနၾကပါသည္။ လပိုင္းသာက်န္ေတာ့သည့္ ဦးသိန္းစိန္အစိုးရအဖြဲ႕၏ ဂုဏ္သိကၡာသည္ ဖားကန္႔အေရး မည္သို႔ေျဖရွင္းေပးခဲ့မည္လဲဆိုသည့္အေပၚ အတိုင္းအတာတစ္ခုအထိ မူတည္ေနပါသည္။
လွ်ိဳထဲမွ ေက်ာက္စိမ္းအ႐ိုင္းတံုးကို ခဲရာခဲဆစ္သယ္ေဆာင္လာၾကသည့္ ေရမေဆးေက်ာက္ရွာေဖြသူမ်ား (ဓာတ္ပံု - စိုင္းေဇာ္)
ေျမစာစြန္႔ပစ္ခ်ိန္တြင္ အလုအယက္ေကာက္ယူေနၾကသည့္ ေရမေဆးေက်ာက္ရွာေဖြသူမ်ား (ဓာတ္ပံု - စိုင္းေဇာ္)
7Daydaily
...............
ပစ်စလက်ခတ် ရတနာမြေ
By အောင်သစ်လွင်On Wed, 2016-01-06 06:30Issue No.No.970 Wednesday, January 6, 2016
ဖားကန့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်တွင် စွန့်ပစ်မြေစာများ သယ်ဆောင်လာသည့်ယာဉ်များ (ဓာတ်ပုံ - စိုင်းဇော်)
ထိုဒေသထွက် ကုန် ပစ္စည်းသည် ကမ္ဘာ့စျေးကွက်တွင် တန်ဖိုးကြီးစာရင်းဝင်သည်။ တိုင်းပြည် ၀င်ငွေအများအပြားရစေသည်။ မြန်မာပြည်ဒေသအနှံ့မှ ပြည်သူ ထောင်ပေါင်းများစွာ အလုပ်ပေး ထားနိုင်သည်။ လူဦးရေ သိန်းချီ အခြေချနေထိုင်ပြီး နံနက်လင်းချိန် မှသည် ညမိုးချုပ်သည်အထိ ပျား ပန်းခတ်လှုပ်ရှားနေကြသည်။ ပတ် ၀န်းကျင်ဒေသများသို့ ဖြန့်ခွဲသွား လာနိုင်သည့် လမ်းများ အရပ်လေးမျက်နှာဖောက်လုပ်ထားသည်။
သို့သော်မြို့တစ်မြို့၏ အင်္ဂါ ရပ်လားလားမျှမရှိဘဲ အိမ်ထောင် ဦးစီးက မျက်ကွယ်ပြုထား၍ စောင့်ရှောက်သူမဲ့နေသော အိမ်ပျက် တစ်လုံးသဖွယ်။ ဆိုင်ကယ်များ၊ ကားများလွန်းထိုးသွားလာနေကြ သော်လည်း တစ်မြို့လုံး မည်သည့်နေရာမှ မီးပွိုင့်မရှိ။ မြို့လေးအများစုတွင် တွေ့ရသော ကတ္တရာလမ်းပင်မရှိ။ မိုးရွာပါက နေအိမ်များ ရေနစ်မြုပ်သလို မိုးမရွာပါကလည်း ၂၄ နာရီ ဖုန်တထောင်း ထောင်းနှင့် အသက်ရှူကျပ်နေ သည့် ဒေသဖြစ်ပါသည်။
ထိုမြို့သည် ကမ္ဘာကျော် ကျောက်စိမ်းမြေ ဖားကန့်မြို့ဖြစ် ပါသည်။ ကျောက်စိမ်းရတနာကို ၀တ်ဆင်ထားသူအတွက် လုံခြုံမှု၊ ခမ်းနားထည်ဝါမှုဂုဏ်ဒြပ်များရှိ သည်ဟု ယုံကြည်ကြသည်။ သို့ သော် ကမ္ဘာ့အဆင့်အရည်အသွေး ပြည့်မီသော ကျောက်စိမ်းများ ထွက်ရာ ဖားကန့်ဒေသမှာတော့ လုံခြံုမှု၊ ခမ်းနားထည်ဝါမှုတို့ အ လျဉ်းမရှိ။ အစိုးရနှင့် စီးပွားရေး သမားအကျိုးတူဟူသော ခေါင်း စဉ်ဖြင့် ဖားကန့်ဝမ်းကြာတိုက်မှ သားမြတ်ရတနာကျောက်စိမ်း များကိုသာ ထုတ်ယူသွားကြသော် လည်း ဒေသအကျိုးကို မျက်ကွယ် ပြုခဲ့ကြသည်ဟု ဖားကန့်မြို့ခံများ က ပြောကြသည်။
‘‘ဒီဒေသကထွက်တဲ့ ကျောက်စိမ်းကရတဲ့ဝင်ငွေကို အချိုးချပြီး တော့မှ ဒေသဖွံ့ဖြိုးရေးအတွက် ခံစားခွင့်ပေးတယ်ဆိုရင် မြို့က ရွှေရောင်တောက်နေပြီ။ ဒီကိုပြန် ပြီး ပံ့ပိုးဖို့ နယ်မြေဖွံ့ဖြိုးတိုးတက် ဖို့ လုပ်မယ်ဆိုတဲ့ စိတ်ကူး သူတို့မှာမရှိတာ။ ရသမျှကို အကုန်အိတ်ထဲထည့်တာကိုး’’ဟု ဖားကန့်မြို့မိမြို့ ဖ ဦးခင်မောင်ချိုက ဒေါသသံစွက် သော လေယူလေသိမ်းဖြင့် ပြော သည်။
တန်ဖိုးကြီးကျောက်စိမ်းအ လျှံပယ်ထွက်သည့် ဖားကန့်ဒေသတွင် အင်တာနက်လိုင်းများ မ ကောင်းပါ။ ဖုန်းဆက်သွယ်ရေး အဆင်မပြေ။ အစိုးရက ပေးသော လျှပ်စစ်မီးမရသေးဘဲ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက တစ်ယူနစ် ၈၀၀ ကျပ်ဖြင့်ပေးသော လျှပ်စစ်မီးကို သာ ဒေသခံများအသုံးပြုနေရ သည်။ ကိုယ်ကျိုးစီးပွားဦးစားပေး သည့် စီမံခန့်ခွဲမှုများအောက်တွင် ကမ္ဘာကျော် ကျောက်စိမ်းမြေ သည် ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ခေတ်နောက်ကျကျန်နေခြင်းကို ဖားကန့်ဒေသ ပတ်ချာလည် ကျောက်စိမ်းမှော်မြင်ကွင်းများက သက်သေအဖြစ်ရှိနေပါသည်။
မှော်ဆိုသည့်အတိုင်း နေ့မြင်ညပျောက်လမ်းများအစီအစဉ်မ ကျဖောက်လုပ်ထားသည့် မြေကြီး လမ်းများပေါ်တွင် ဧရာမမြေသယ်ကားကြီးများက မြေစာများတင် ဆောင်ကာ လွန်းထိုးမောင်းနှင်နေ သည်။ နေပူပူ၊ ဖုန်ထူထူတွင် တောင်ကမ်းပါးယံများကို စက်ယန္တရားကြီးများက ကုတ်ဖဲ့ကာ မြေသယ်ကားကြီးများ တင်ဆောင်နေသည်။ ကုမ္ပဏီများက ၀န်ထမ်းများကိုသာ အလှည့်ကျအနားပေးပြီး စက်ယန္တရားများကို အနားမပေးပါ။ ဖားကန့်ဒေသတွင် ၂၄ နာရီပတ်လုံးကြားနေရသည့် အသံက စက်ယန္တရားကြီးများဆီမှ ထွက်ပေါ်နေသည့် ငယ်သံပါနေသောအင်ဂျင်သံများပင်။
‘‘ဘယ်လောက်တောင် တူး နေကြလဲဆိုရင် ဖားကန့်မှာ မွေး ကတည်းက ရှိနေတဲ့သူတောင် မှော်တွေ ဘက်ဆယ်ရက်လောက် မရောက်ဖြစ်တာနဲ့ မျက်စိလည် သွားမယ်။ စွန့်ပစ်မြေစာတွေကို လမ်းဖို့ပြီး တောင်တွေကို ဖြိုနေ တာ။ အရင်လမ်းတွေက ရွာဖြစ်၊ ရွာတွေက မြေစာပုံအဟောင်း တွေပေါ်တည်။ ဖြစ်ချင်တိုင်းဖြစ် ပဲ။ မြင်မကောင်းဘူး’’ဟု ဖားကန့် မြို့ မရှီကထောင်ရပ်ကွက်တွင် နေထိုင်သူ ကိုလှထွေးက ပြော သည်။
လသားအရွယ်ကလေးငယ် ကို ခေါ်လာကာ ကျောက်စိမ်း ကုမ္ပဏီဝန်ထမ်းအမျိုးသားနောက်လိုက်လာခဲ့သည့် သားသည် အမေတစ်ဦးက ဖားကန့်ဒေသသို့ ရောက်နေသည်မှာ ၁၀ ရက်ရှိပြီဖြစ်ပြီး ကြားနေကျမဟုတ်သည့် စက်ယန္တရားကြီးများ၏ အသံကြောင့် ကလေးမှာ ထိတ်လန့်နေသည်ဟု ပြောသည်။
ဖားကန့် ရတနာမြေတွင် တရားဝင်စာရင်းများအရ တန် ၃၀မှ တန် ၁၀၀ ကြား ဘက်ဟိုး ၁,၈၇၂ စီး၊ မြေသယ်ကားကြီးအစီးရေ ၃,၃၂၇ စီးဖြင့် ကျောက်စိမ်းတူး ဖော်ရေးလုပ်ဆောင်နေကြောင်း သတ္ထုတွင်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းထွန်းအောင်က လွှတ် တော်သို့ ရှင်းလင်းပြခဲ့သည်။ သို့ သော် ယင်းကိန်းဂဏန်းများသည် စာရွက်ပေါ်တွင် မြင်ရသည့် စက် ယန္တရား အရေအတွက်သာဖြစ် သည်။ လုပ်ပိုင်ခွင့်ထဲမှ နေ၍ မသမာမှုပြုခဲ့သူ အစိုးရအဖွဲ့ဝင်ဇာတ်လိုက်များက စက်ယန္တရားများမည်မျှတင်သွင်းခွင့်ပေးခဲ့သည်ဆိုသည်ကို အတိအကျမသိနိုင်သေးပါ။ ၀န်ခံသူက ၀န်ခံနေသလို ကုမ္ပဏီတာဝန်ရှိသူအချို့ တိမ်းရှောင်နေသည်ဟုပင် ဒေသတွင်းသတင်းများထွက်ပေါ်နေသည်။ မြေစာပုံပြိုကျမှုကြောင့် အရေအတွက်ခန့်မှန်းနိုင်ရန်ပင် ခက်ခဲသည့် လူသေဆုံးမှုများ ဖုံးမရ၊ ဖိမရ အခြေအနေရောက်မှသာ ဖားကန့်အရေး ဆွေးနွေးကြခြင်း ဖြစ်သည်။
ပတ်ဝန်းကျင်မြို့ရွာများနှင့် ဆက်သွယ်ရေးခက်ခဲကာ အလုံ ပိတ်ဒေသတစ်ခုကဲ့သို့ ဖြစ်ချင် တိုင်းဖြစ်နေခဲ့သည့် ဖားကန့်ဒေသ တွင်း ပြဿနာများကို ဖြေရှင်းရန် ဟု ဆိုကာ ဒုဝန်ကြီး ဦးသန်းထွန်း အောင်က လွှတ်တော်သို့ တင်ပြ ချက်မှာလည်း ဒေသတွင်းအခြေ အနေများကို လုံးဝမလေ့လာဘဲ ပြောခဲ့သည့် ရယ်ရွှင်ဖွယ်ဟာသ တစ်ခုလိုဖြစ်နေကြောင်း ဒေသခံ များက ဝေဖန်ကြသည်။ ဦးသန်း ထွန်းအောင်က ဖားကန့်ဒေသတွင်ကျောက်စိမ်းထုတ်လုပ်မှု လုံးဝ ပိတ်သိမ်းခြင်း၊ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခြင်းနှင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းတို့ကို ပြုလုပ်ရန် လွှတ် တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
ယင်းတင်ပြချက်ကို လွှတ် တော်က ချက်ချင်းပယ်ချခဲ့သည်။ တင်ပြချက်အကြောင်းအရာများ သည် ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်စေသလို ဒေသခံများအပါ အဝင် ပြည်တွင်းရွှေ့ပြောင်းအ လုပ်သမားများ စားဝတ်နေရေး ထိခိုက်စေသည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေ မန်းက သမ္မတ ဦးသိန်းစိန်ထံ သဝဏ်လွှာပေးပို့ခဲ့သည်။ ဖား ကန့်ဒေသတွင် ရေမဆေးဟု အ လွယ်ခေါ်ကြသည့် ပြည်တွင်းရွှေ့ ပြောင်းအလုပ်သမားများအရေ အတွက် သိန်းချီ၍ ရှိနေသည်။ ဦး သန်းထွန်းအောင်၏ လွှတ်တော် သို့ တင်ပြချက်များကို ကြားသိခဲ့ သည့် ဖားကန့်မြို့ခံများ၊ ကျောက် စိမ်းရောင်းဝယ်ရေးသမားများက လက်မခံနိုင်ဘဲ အစိုးရသည် ပြည်သူလူထု၏ သဘောဆန္ဒကိုသာ နားထောင်သင့်ပြီး ဒေသတွင်း ကျောက်မျက်ထုတ်လုပ်ရေးတွင် မသမာပြုသူအစိုးရဝန်ထမ်းများ နှင့် ကုမ္ပဏီများကိုသာ အာရုံစိုက်စစ်ဆေးသင့်ကြောင်း ပြောကြ သည်။
ဖားကန့်ဒေသသို့ တရားမဝင်စက်ယန္တရားများ ရောက်ရှိနေ သောကြောင့် အစိုးရအဖွဲ့တာဝန် ရှိသူများကို စုံစမ်းစစ်ဆေးရေးဝင် နေချိန် ယင်းအဆိုတင်ခဲ့ခြင်းက ကျောက်မျက်ထုတ်လုပ်ရေးနှင့် ပတ်သက်၍ တာဝန်အရှိဆုံးသတ္တု တွင်းဝန်ကြီးဌာနကို သံသယဝင် စေခဲ့သည်။ ပွင့်လင်းမြင်သာမှုမရှိ သည့် တည်ဆဲအစိုးရက လက်ရှိ ဖားကန့်ပြဿနာအရေးယူမှုအ ဆင့်ဆင့်တွင်လည်း ရေငုံနှုတ်ပိတ် နေဆဲဖြစ်သည်။ ပြည်နယ်အဆင့် ၀န်ကြီးအချို့၊ ဌာနဆိုင်ရာညွှန်ကြားရေးမှူးအချို့တို့ကို ရာထူးမှအနားပေးခြင်း နေရာရွှေ့ပြောင်းခြင်းများပြုလုပ်နေသော်လည်း တိကျသော သတင်းထုတ်ပြန်မှုမလုပ်သေးပေ။ ဖားကန့်ရတနာမြေကို နည်းမျိုးစုံဖြင့် ကုပ်သွေးစုပ်ခဲ့သူများ၏ နောက်ပိုင်းဇာတ်လမ်းက ထုံးစံအတိုင်း ပွင့်လင်းမြင်သာမှုမရှိပေ။
ဖားကန့်ဒေသထွက် ကျောက်စိမ်းများကို အဓိကကြီးကြပ်ရန် သတ္တုတွင်းဝန်ကြီးဌာနက လုံးခင်းကျေးရွာအုပ်စုတွင် တည်ဆောက် ထားသော မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း ကျောက်စိမ်းတူးဖော်ရေးဌာန၏ ဆောင်ပုဒ်ကလည်း ဒေသခံများ ကို ခံရခက်စေခဲ့သည်။
ဆောင်ပုဒ်မှာ မြေလွှာကိုဖွင့်၊ ပြည်ကိုမြှင့်အံ့ဟူ၍။ ဆိုင်ကယ် ကယ်ရီမောင်းခြင်းဖြင့် အသက်မွေးသည့် အသက် (၂၁) နှစ်အရွယ် ဖားကန့်မြို့ဒေသခံ ကိုမိုးသူက ‘‘ဘယ်ပြည်ကိုမြှင့်မှာလဲ။ တရုတ်ပြည်ကို မြှင့်မှာလား’’ဟု ဆိုလေသည်။
ယခုနှစ်သစ်တွင်တော့ ထို ဆောင်ပုဒ်နေရာတွင် ကျောက် မျက်တူးဖော်ရေးဌာနဟု ပြောင်း လဲရေးသားထားပါသည်။ မြေလွှာကို ဖွင့်ပြီးပြီလားဆိုသည်ကိုတော့ အစိုးရနှင့် ကျောက်စိမ်းကုမ္ပဏီ များကသာ တပ်အပ်သိနိုင်ပါလိမ့် မည်။
‘‘ကုမ္ပဏီတစ်ချို့က သိပ် ကောင်းတဲ့ ကျောက်တွေကို နိုင်ငံ ကို အပ်တာမှ မဟုတ်တာ။ ခိုး ၀ှက်ပြီး အောက်လမ်းကနေ ပြည် ပကို ပို့တာလေ။ မှတ်ပုံတင်တယ်ဆိုတာ ကျောက်စုတ်ကျောက်ပဲ့ တွေတင်တာ’’ဟု ကျောက်စိမ်းကုမ္ပဏီတစ်ခုတွင် ၀န်ထမ်းအဖြစ် ၂ နှစ်ခန့်ကျင်လည်ဖူးခဲ့သူ ဖားကန့်မြို့ရောက် ပျဉ်းမနားဒေသခံတစ်ဦးက သတ္တုတွင်းဝန်ကြီးဌာနနှင့် ကျောက်စိမ်းကုမ္ပဏီများကြားမှ မသမာမှုအချို့ကို ဖောက်သည်ချ သည်။ ကျောက်မျက်တူးဖော်ရေး ကဏ္ဍတွင် ကျင့်သုံးနေဆဲ နိုင်ငံ တော်နှင့် အကျိုးတူစနစ် ခေါင်း စဉ်အောက်တွင် ကုမ္ပဏီများက တူးဖော်ထားသည့် ကျောက်စိမ်း များအား စိစစ်ကြီးကြပ်ရန် ကုမ္ပဏီတစ်ခုချင်းစီသို့ သတ္တုတွင်းဝန်ကြီးဌာနက ကြီးကြပ်အဖြစ် ၀န်ထမ်းတစ်ဦးစေလွှတ်ထားသည်။ ကုမ္ပဏီကြီးကြပ်သူ နာမည်ခံထိုဝန်ထမ်းသည် ကုမ္ပဏီပိုင်ရှင်များ မြှူဆွယ်ရာ နောက်တကောက်ကောက်လိုက်သွားသောအခါ ဖားကန့်ရတနာမြေမှ ကျောက်စိမ်းများသည်လည်း မှောင်ခိုလမ်းကြောင်းမှတစ်ဆင့် ပြည်ပသို့ ရောက်သွားလေသည်။
‘‘ကျောက်ကောင်းရတယ်ဆိုရင်လည်း နေပြည်တော်ရောက် တယ်ဆိုတာ မရှိဘူး။ တရုတ်ပြည် ရောက်တာပဲ။ ကုမ္ပဏီမှာရှိတဲ့ ကြီးကြပ်ကို မိန်းမကြိုက်ရင် မိန်းမ၊ ရွှေကြိုက်ရင် ရွှေ၊ ငွေကြိုက်ရင်ငွေပေးတယ်။ ကျောက်ဂိုဒေါင် သော့တောင် ကုမ္ပဏီကို အပ်လိုက်တာ။ အစိုးရက လွှတ်ထားတဲ့ ကြီးကြပ်တွေက ဒီမှာရှိတဲ့ ကျောက် တစ်လုံးက သောင်းအထက်တန် မှန်းလဲ မသိဘူး။ ထောင်အထက်တန်မှန်းလဲ မသိဘူး’’ဟုပြောသည်။
တည်ဆဲအစိုးရလက်ကျန် သက်တမ်းအတွင်း ကျောက်စိမ်း တူးဖော်မှုများ အရှိန်မြှင့်လုပ် ဆောင်နေကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် ဖားကန့်ဒေသတွင်း အခြေအနေများကို အစိုးရက စုံစမ်းစစ်ဆေးရေးပြု လုပ်နေသည်။ ကျောက်စိမ်းကို အမှီပြုကာအဂတိလိုက်စားသူ အစိုးရအဖွဲ့ဝင်များအား အရေးယူနေသည့်အပေါ်လည်း ပြည်သူလူထုက ကြိုဆိုသလို စိတ်ဝင်တစား စောင့်ကြည့်နေကြပါသည်။ လပိုင်းသာကျန်တော့သည့် ဦးသိန်းစိန်အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာသည် ဖားကန့်အရေး မည်သို့ဖြေရှင်းပေးခဲ့မည်လဲဆိုသည့်အပေါ် အတိုင်းအတာတစ်ခုအထိ မူတည်နေပါသည်။
လျှိုထဲမှ ကျောက်စိမ်းအရိုင်းတုံးကို ခဲရာခဲဆစ်သယ်ဆောင်လာကြသည့် ရေမဆေးကျောက်ရှာဖွေသူများ (ဓာတ်ပုံ - စိုင်းဇော်)
မြေစာစွန့်ပစ်ချိန်တွင် အလုအယက်ကောက်ယူနေကြသည့် ရေမဆေးကျောက်ရှာဖွေသူများ (ဓာတ်ပုံ - စိုင်းဇော်)