ၿဖိဳးထူး
ရန္ကုန္ၿမိဳ႕ သာေကတၿမိဳ႕နယ္မွာရွိသည့္ တိုင္းရင္းသားေက်းရြာထဲမွာလည္း အလံုပိတ္တဲေလးေတြရွိတယ္ဆိုတာ ကိုယ္တိုင္ျမင္လုိက္ရသခိုက္ အရမ္း ကို အံ့ၾသမွင္တက္မိခဲ့ပါသည္။ စားေသာက္ဆိုင္ေနာက္ဘက္နား ေခ်ာင္က်က်ေနရာေလးေတြမွာ မႈန္ကုပ္ကုပ္ တဲေလးေတြက ခန္႔မွန္းေျခ အလံုးငါးဆယ္ေက်ာ္ ေလာက္ရွိေနတာကို ေတြ႕ရေတာ့ ဒီတဲေလးေတြက ဘယ္လိုဝန္ေဆာင္မႈေတြ ေပးလို႔ေနသလဲဆိုတာကို စိတ္ဝင္စားမိပါသည္။ ဘယ္အတြက္ေဆာက္ထားတဲ့ တဲ အိမ္ေလးေတြလဲ၊ ဘယ္သူေတြအတြက္ ရည္ရြယ္ေဆာက္လုပ္ထားသလဲဆိုတဲ့ ေမးခြန္းေတြကလည္း ေခါင္းထဲမွာ စီရီလို႔ေနေပသည္။
သည္ေနရာေတြကို သင္ေတြ႕ဖို႔ေတာ့ မလြယ္ကူလွပါ။ သို႔ေသာ္လည္း စားေသာက္ဆိုင္ဝန္ေဆာင္မႈအတြက္ စက္ဘီးနဲ႔ လူေခၚေနေသာ ကေလးငယ္ ေလးမ်ားကို သင္ေမးလွ်င္ေတာ့ ထိုေနရာကို သင့္အား လုိက္ပို႔ေပလိမ့္မည္။ စားေသာက္ဆိုင္အမည္ခံဆိုၿပီး ဖြင့္ထားတဲ့ တဲေလးေတြမွာ သင္ထိုင္ခ်င္ရင္ေတာ့ သာမန္ထက္ ေစ်းပိုက်သင့္မွာပဲ ျဖစ္သည္။ ဆိုင္အနီးပတ္ဝန္းက်င္မွာေတာ့ ေခတ္ဆန္ဆန္ဝတ္ဆင္ထားတဲ့ အမ်ိဳးသမီးငယ္ေလးမ်ား ဥဒဟိုသြားလာေနၾကတာ ကိုလည္း ျမင္ေတြ႕ေနရပါသည္။
အခ်ိဳ႕ေသာစံုတြဲမ်ားကေတာ့ တစ္ဆင့္စကား တစ္ဆင့္နားနဲ႔ ားေအးပါးေအး ေနခ်င္ပါသည္ဟုဆိုကာ တကူးတက လာေရာက္ၾကေၾကာင္းကိုလည္း သိခဲ့ရသည္။
''ကြၽန္ေတာ္ကေတာ့ ဒီကို တစ္ေခါက္မွ မေရာက္ဖူးပါဘူး။ ကြၽန္ေတာ့္ ေကာင္မေလး က တုိင္းရင္းသားေက်းရြာ သြားလည္ခ်င္တယ္ဆိုလို႔ လာလည္ရင္း နဲ႔ စားေသာက္ဆုိင္က လာေခၚေနတဲ့ ေကာင္ေလးေတြ လိုက္ျပလို႔ သိတာ။ တျခားအတြဲေတြ၊ တျခားလူငယ္မိန္းကေလး အဖြဲ႕လိုက္ လာတာကိုလဲ ေတြ႕ခဲ့တယ္။ အမ်ားဆံုးကေတာ့ ေက်ာင္းသား၊ ေက်ာင္းသူ ေတြပဲမ်ားပါတယ္''ဟု တိုင္းရင္းသားေက်းရြာသို႔ လာေရာက္လည္ပတ္ခဲ့သူ ကိုေဝယံ(အမည္လႊဲ)က ေျပာျပခဲ့သည္။
နားေအးပါးေအး အနားယူလုိသည့္ စံုတြဲမ်ားအတြက္ အဆင္ေျပသည္ဟု ဆိုေသာ္လည္း မိသားစုႏွင့္အဖြဲ႕လိုက္ လာလွ်င္ေသာ္လည္းေကာင္း၊ မိန္း ကေလးသူငယ္ခ်င္းမ်ား လာလွ်င္ေသာ္လည္းေကာင္း ထိုေနရာေတြက သင့္ေတာ္မႈမရွိပါဟုလည္း ¤င္းက ဆက္လက္ေျပာျပခဲ့ပါေသးသည္။ ထိုတဲအိမ္မ်ား၏ပံုစံမွာ ေလးဖက္ေလးတန္ ဓနိမိုးထရံကာ အလံုပိတ္တဲေလး မ်ားျဖစ္ၿပီး ဝင္ေပါက္ဝကို ပုဆိုး(သို႔မဟုတ္) ေစာင္မ်ားႏွင့္ကာရံထားၿပီး တခ်ိဳ႕တဲေလးမ်ားတြင္ တာေပၚလင္စမ်ားႏွင့္ ကာရံထားသည့္ ပံုစံျဖစ္သည္။ အထဲတြင္ေတာ့ ေခါက္စားပြဲတစ္လံုး ပလတ္စတစ္ထုိင္ခံုႏွစ္ခံု ခန္႔ရွိၿပီး အနည္းဆံုး လူငါးေယာက္၊ ေျခာက္ ေယာက္ခန္႔ က်ယ္က်ယ္ဝန္းဝန္း ေနလို႔ရသည့္ အေနအထားမ်ိဳးျဖစ္သည္။ သို႔ေသာ္လည္း ထိုတဲအိမ္ေလးမ်ား သို႔ ဝင္ေရာက္သြားသူမ်ားမွာ မ်ားေသာအားျဖင့္ စံုတြဲမ်ား ကိုသာေတြ႕ရၿပီး အမ်ားစုမွာ ေက်ာင္းသားေက်ာင္းသူမ်ားျဖစ္ေနသည္ကိုေတြ႕ခဲ့ရသည္။
အရက္၊ ဘီယာ၊ အျမည္းစံုရရွိသည့္အတြက္ လာေရာက္ျခင္း ျဖစ္ေၾကာင္းကို လည္း ေစ့ငု မိသေလာက္ လူငယ္မ်ားကဆိုသည္။
''ဆိုင္ထဲကို ေကာင္ေလးတစ္ေယာက္တည္း ဝင္သြားတယ္။ ေနာက္အ ေတာ္ၾကာ မွ ေကာင္မေလးတစ္ေယာက္က လိုက္ဝင္သြား တာမ်ဳိးလဲ ရွိတယ္။ သြားလာေနရင္းနဲ႔ကို လာ ေမးတာမ်ဳိးလဲ ကိုယ္တိုင္ႀကံဳခဲ့ရတယ္။ ဒီေတာ့ ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ့္ႏွမ၊ အစ္မေတြ ကို ဒီကိုမလာေစခ်င္ ဘူး။ ဘာနဲ႔ခြဲျခားတာမွတ္ လို႔၊ ဒီလိုေတြရွိေနတာဟာ အႏၲရာယ္ေမြးေန သလိုပါပဲ''ဟု ဇန္နဝါရီ ၅ရက္က ကိုယ္တိုင္ လာေရာက္လည္ပတ္ခဲ့သူ တာဝေက်ာင္းသား ကိုထြဋ္(အမည္လႊဲ)က ေျပာသည္။
အျခားေသာ ရင္ပူစရာျမင္ကြင္းမ်ားလည္း ေတြ႕ခဲ့ရျပန္ပါသည္။ မိန္းကေလးငယ္မ်ား အုပ္စုလိုက္အရက္မွာေသာက္ၿပီး ေဟးလားဝါးလား ျမင္ကြင္း မ်ားပင္ျဖစ္သည္။ ဆိတ္ၿငိမ္ရာအရပ္တြင္ အရက္ေသစာ ေသာက္စား မူးယစ္ၿပီး အမွားမ်ားက်ဴးလြန္မိၾကလွ်င္ဆိုသည့္ အေတြးတို႔က လည္း ေနအပူႏွင့္အတူ ရင္ကို လာေရာက္ပူေလာင္ေစပါသည္။
သည္တဲအိမ္ေတြနဲ႔ပတ္သက္လို႔ ျပည္ ေထာင္စုတိုင္းရင္းသားေက်းရြာ၏ တာဝန္ခံ အရာရွိ ဒုတိယၫႊန္ၾကားေရးမွဴးဦးေဇာ္ဦးကို ေမးျမန္းျဖစ္ခဲ့ရာမွာ ¤င္းက ''ကြၽန္ေတာ္ ဒါေတြကို ရွင္းခိုင္းထားပါတယ္။ အခုထပ္ၿပီး သြားၾကည့္ပါဦးမယ္။ ဒါမ်ိဳးေတြေတြ႕ရင္ သတင္းေပးပို႔ေပးပါ။ အေရးယူေပးပါ မယ္''လို႔ ေျပာခဲ့ ျပန္ပါသည္။
တာဝန္ရွိသူေတြက ေတြ႕ရွိပါက သတင္း ေပးပါလုိ႔သာ ေျပာၾကပါသည္။ တကယ္တမ္း ရွစ္ေပပတ္လည္အလံုပိတ္တဲေလးမ်ား တုိင္း ရင္းသားရြာထဲမွာ အလံုးေပါင္းရာဂဏန္းေက်ာ္ ရွိေနသည္ကုိ သတိမမူမိ၊ မျမင္မိဘူးဆုိတာ ကေတာ့ ယံုရခက္ခက္ျဖစ္ေနပါသည္။
ကြၽန္ေတာ့္ကိုယ္ေတြ႕ကို ေျပာျပပါဦးမည္။ အဲဒီအလံုပိတ္အခန္းေတြနားက စားေသာက္ ဆိုင္တန္းနား မေရာက္ခင္မွာ ဆယ္ႏွစ္ဝန္း က်င္ေလာက္ရွိတဲ့ ကေလးတစ္ဦး စက္ဘီးနဲ႔ ေရာက္လာၿပီး ''ကြၽန္ေတာ္တို႔ဆိုင္မွာအကုန္ ရပါတယ္။ ေအးေအးေဆးေဆးလဲ ေနလို႔ရ ပါတယ္''ဆိုၿပီး ေခၚပါတယ္။ ကြၽန္ေတာ္လည္း စားေသာက္ဆိုင္ေရြးေနရမယ့္အတူတူ ေအးေအးေဆးေဆး ေနလို႔ရမယ္ဆိုတဲ့ စကားေၾကာင့္ အဲဒီကေလးေနာက္ကို လိုက္ခဲ့ပါေတာ့တယ္။ ဒီေနရာမွာ အကုန္ရ ပါတယ္ဆုိတဲ့ စကားလံုးကုိ ကြၽန္ေတာ္ရွင္းျပေနဖုိ႔ လုိအပ္ေတာ့မယ္မထင္ပါ။
ဆိုင္ေရွ႕ေရာက္ေတာ့ ဆိုင္ရဲ႕ျမင္ကြင္း ေၾကာင့္ ကြၽန္ေတာ္ လွည့္ျပန္ခ်င္စိတ္ေပါက္ သြားပါသည္။ အေၾကာင္းကေတာ့ မသိရင္ ေတာအရက္ေရာင္းတဲ့ဆိုင္ပံုေပါက္ေနၿပီး ဆိုင္း ဘုတ္ကလည္း ခပ္ေပေပ၊ ထိုင္ခံုေတြကလည္း က်ဳိးတိုးက်ဲတဲနဲ႔မို႔ ေတာ္ေတာ္စိတ္ညစ္သြား ခဲ့သည္။ ကြၽန္ေတာ္ လွည့္ျပန္မယ္လုပ္ေတာ့ အသက္ႏွစ္ဆယ္ေက်ာ္ေလာက္ရွိမယ့္ လူငယ္တစ္ဦး ကြၽန္ေတာ့္အနားေရာက္လာကာ ''ဆိုင္ က အေနာက္ဘက္မွာပါအစ္ကို''ဆိုၿပီး ကြၽန္ေတာ့္လက္ကို အတင္း ဆြဲေခၚပါေတာ့တယ္။ ကြၽန္ေတာ္လည္း ျပန္မယ္လုပ္ၿပီးမွ သူ႔စကား ေၾကာင့္ စိတ္ဝင္စားၿပီး သူေခၚတဲ့ေနာက္ကို လိုက္လာခဲ့သည္။
ဆိုင္အေနာက္လည္းေရာက္ေရာ ျမင္လိုက္ရတာေတြက ရွစ္ေပပတ္လည္ေလာက္ ရွိတဲ့ ဓနိမိုး၊ ဓနိကာတဲေလးေတြ အမ်ားႀကီးပါလား။ ကြၽန္ေတာ့္စိတ္ထင္ အလံုးငါးဆယ္ ေလာက္ရွိမည္ထင္သည္။ တဲေလးေတြက ပတ္ပတ္လည္ ဓနိမိုး၊ ဓနိကာထားၿပီး လူဝင္ေပါက္ ေနရာကို တာေပၚလင္စတို႔၊ ေစာင္တို႔နဲ႔ကာထားတယ္။ တဲတစ္လံုးနဲ႔တစ္လံုးက ငါးေပ ေျခာက္ေပေလာက္ပဲ ကြာလိမ့္မယ္။ ဒါ့အျပင္ ခပ္လွမ္းလွမ္းကို လွမ္းၾကည့္လိုက္တဲ့အခါမွာလည္း ဒီတဲေလးအတိုင္း ေဆာက္ထားတဲ့ အျခားဆိုင္တစ္ဆိုင္ကိုလည္းေတြ႕ခဲ့ရပါသည္။
အခုနကလူရြယ္က ''အကို ဘယ္တဲကို ယူမလဲ''လုိ႔ဆိုေတာ့ ကြၽန္ေတာ္လည္း တဲတစ္လံုးကို လက္ညႇိဳးထိုးၿပီး ဘီယာနဲ႔ စားေသာက္စရာတခ်ိဳ႕ကို မွာလိုက္ တယ္။ တဲေရွ႕က လူဝင္ေပါက္ကိုကာထားတဲ့ ေစာင္ေလးကိုလွပ္ၿပီး တဲအတြင္းထဲကိုဝင္လိုက္ေတာ့ ေခါက္စားပြဲတစ္လံုး၊ ေနာက္မီွပလတ္စတစ္ခံု ႏွစ္လံုးပဲေတြ႕ တယ္။ သိပ္မၾကာခင္မွာ ကြၽန္ေတာ္မွာ ထားတာေတြေရာက္ၿပီး စားေသာက္ကာ အနားယူခဲ့တယ္။ စားေသာက္ၿပီးေတာ့ ေဘလ္ရွင္းဖို႔ေခၚလိုက္ေတာ့ ကေလး တစ္ေယာက္ ေရာက္လာၿပီး ကြၽန္ေတာ္စားထားတာေတြကို ႏႈတ္တြက္ တြက္လိုက္တာ က်ပ္တစ္ေသာင္းႏွစ္ေထာင္ဆိုလို႔ ကြၽန္ေတာ္ ေအာင့္သက္သက္နဲ႔ ရွင္းေပး လိုက္ရသည္။
အဲဒီေနရာက ကြၽန္ေတာ္ျပန္လာၿပီး မလွမ္းမကမ္းေရာက္ေတာ့ ကြၽန္ေတာ့္အရြယ္ လူငယ္တစ္ေယာက္ကိုေတြ႕ေတာ့ ဒီဆိုင္ေတြအေၾကာင္း ကို စံုစမ္း ၾကည့္ပါတယ္။ သန္လ်င္မွာရွိတဲ့ တကၠသုိလ္တစ္ခုက ေက်ာင္းသား တစ္ဦးျဖစ္တဲ့ ကိုေဝလင္း(အမည္လႊဲ)က ဆိုပါတယ္။ သူက ယခုလိုေျပာျပ ပါတယ္။
''ကြၽန္ေတာ္လဲ ရည္းစားရွိပါတယ္။ တိုင္းရင္းသားေက်းရြာကိုလဲ ခဏခဏေရာက္ပါတယ္။ အဲဒီေနရာရွိမွန္း မသိပါဘူး။ စားေသာက္ဆိုင္ တန္းရွိ ေနတာပဲသိတယ္။ ရွိတယ္ဆိုရင္ေတာ့ သြားၾကည့္ခ်င္တယ္။ ရွိတာေတာ့ မေကာင္းဘူးေပါ့ဗ်ာ။ ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ တာဝန္ရွိတဲ့လူေတြက ေျဖရွင္း ေပးေစခ်င္ပါတယ္''လို႔ ဆိုပါသည္။
ကိုေဝလင္းကိုေမးၿပီး မၾကာခင္ အနားကို ေရာက္လာတဲ့ စံုတြဲတစ္တြဲကို လည္း ကြၽန္ေတာ္ အရဲစြန္႔ၿပီး ေမးၾကည့္လိုက္ပါေသးသည္။ သူတို႔အတြဲက ေတာ့ အဲေနရာကို ဗိုက္ဆာလို႔ စားေသာက္တန္းကိုသြားရင္း အဲဒီတဲေတြကို ေတာ့ ေတြ႕ခဲ့တယ္လို႔ ဆိုပါသည္။
မည္သုိ႔ပင္ျဖစ္ျဖစ္ ဒီေနရာက ျပည္သူ လူထု အပန္းေျဖေနရာလည္းျဖစ္၊ ေက်ာင္းသားေက်ာင္းသူေတြအတြက္ ေလ့လာစရာေနရာတစ္ခု လည္းျဖစ္သည့္ အတြက္ ယခုကဲ့သုိ႔ မေကာင္းမႈတစ္ခုခု က်ဴးလြန္ႏုိင္ေအာင္ ဆိတ္ကြယ္ရာ ဖန္တီးေပးထားသည့္ အလံုပိတ္တဲေလးမ်ားကုိ မရွိေစခ်င္ သည္မွာ ဗုဒၶဘာသာႏုိင္ငံထဲက ျပည္သူတစ္ေယာက္၏ ရင္ထဲက ဆႏၵတစ္ခု ပင္ျဖစ္ပါေတာ့သည္။
(Yangon Times Journal, 12-1)
ဓာတ္ပံု - ၿဖိဳး(ဘူမိ)
#Yangon Media Group
...............
တိုင်းရင်းသားကျေးရွာထဲက အလုံပိတ်တဲလေးများ
ဖြိုးထူး
ရန်ကုန်မြို့ သာကေတမြို့နယ်မှာရှိသည့် တိုင်းရင်းသားကျေးရွာထဲမှာလည်း အလုံပိတ်တဲလေးတွေရှိတယ်ဆိုတာ ကိုယ်တိုင်မြင်လိုက်ရသခိုက် အရမ်း ကို အံ့သြမှင်တက်မိခဲ့ပါသည်။ စားသောက်ဆိုင်နောက်ဘက်နား ချောင်ကျကျနေရာလေးတွေမှာ မှုန်ကုပ်ကုပ် တဲလေးတွေက ခန့်မှန်းခြေ အလုံးငါးဆယ်ကျော် လောက်ရှိနေတာကို တွေ့ရတော့ ဒီတဲလေးတွေက ဘယ်လိုဝန်ဆောင်မှုတွေ ပေးလို့နေသလဲဆိုတာကို စိတ်ဝင်စားမိပါသည်။ ဘယ်အတွက်ဆောက်ထားတဲ့ တဲ အိမ်လေးတွေလဲ၊ ဘယ်သူတွေအတွက် ရည်ရွယ်ဆောက်လုပ်ထားသလဲဆိုတဲ့ မေးခွန်းတွေကလည်း ခေါင်းထဲမှာ စီရီလို့နေပေသည်။
သည်နေရာတွေကို သင်တွေ့ဖို့တော့ မလွယ်ကူလှပါ။ သို့သော်လည်း စားသောက်ဆိုင်ဝန်ဆောင်မှုအတွက် စက်ဘီးနဲ့ လူခေါ်နေသော ကလေးငယ် လေးများကို သင်မေးလျှင်တော့ ထိုနေရာကို သင့်အား လိုက်ပို့ပေလိမ့်မည်။ စားသောက်ဆိုင်အမည်ခံဆိုပြီး ဖွင့်ထားတဲ့ တဲလေးတွေမှာ သင်ထိုင်ချင်ရင်တော့ သာမန်ထက် စျေးပိုကျသင့်မှာပဲ ဖြစ်သည်။ ဆိုင်အနီးပတ်ဝန်းကျင်မှာတော့ ခေတ်ဆန်ဆန်ဝတ်ဆင်ထားတဲ့ အမျိုးသမီးငယ်လေးများ ဥဒဟိုသွားလာနေကြတာ ကိုလည်း မြင်တွေ့နေရပါသည်။
အချို့သောစုံတွဲများကတော့ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ားအေးပါးအေး နေချင်ပါသည်ဟုဆိုကာ တကူးတက လာရောက်ကြကြောင်းကိုလည်း သိခဲ့ရသည်။
''ကျွန်တော်ကတော့ ဒီကို တစ်ခေါက်မှ မရောက်ဖူးပါဘူး။ ကျွန်တော့် ကောင်မလေး က တိုင်းရင်းသားကျေးရွာ သွားလည်ချင်တယ်ဆိုလို့ လာလည်ရင်း နဲ့ စားသောက်ဆိုင်က လာခေါ်နေတဲ့ ကောင်လေးတွေ လိုက်ပြလို့ သိတာ။ တခြားအတွဲတွေ၊ တခြားလူငယ်မိန်းကလေး အဖွဲ့လိုက် လာတာကိုလဲ တွေ့ခဲ့တယ်။ အများဆုံးကတော့ ကျောင်းသား၊ ကျောင်းသူ တွေပဲများပါတယ်''ဟု တိုင်းရင်းသားကျေးရွာသို့ လာရောက်လည်ပတ်ခဲ့သူ ကိုဝေယံ(အမည်လွှဲ)က ပြောပြခဲ့သည်။
နားအေးပါးအေး အနားယူလိုသည့် စုံတွဲများအတွက် အဆင်ပြေသည်ဟု ဆိုသော်လည်း မိသားစုနှင့်အဖွဲ့လိုက် လာလျှင်သော်လည်းကောင်း၊ မိန်း ကလေးသူငယ်ချင်းများ လာလျှင်သော်လည်းကောင်း ထိုနေရာတွေက သင့်တော်မှုမရှိပါဟုလည်း ¤င်းက ဆက်လက်ပြောပြခဲ့ပါသေးသည်။ ထိုတဲအိမ်များ၏ပုံစံမှာ လေးဖက်လေးတန် ဓနိမိုးထရံကာ အလုံပိတ်တဲလေး များဖြစ်ပြီး ဝင်ပေါက်ဝကို ပုဆိုး(သို့မဟုတ်) စောင်များနှင့်ကာရံထားပြီး တချို့တဲလေးများတွင် တာပေါ်လင်စများနှင့် ကာရံထားသည့် ပုံစံဖြစ်သည်။ အထဲတွင်တော့ ခေါက်စားပွဲတစ်လုံး ပလတ်စတစ်ထိုင်ခုံနှစ်ခုံ ခန့်ရှိပြီး အနည်းဆုံး လူငါးယောက်၊ ခြောက် ယောက်ခန့် ကျယ်ကျယ်ဝန်းဝန်း နေလို့ရသည့် အနေအထားမျိုးဖြစ်သည်။ သို့သော်လည်း ထိုတဲအိမ်လေးများ သို့ ဝင်ရောက်သွားသူများမှာ များသောအားဖြင့် စုံတွဲများ ကိုသာတွေ့ရပြီး အများစုမှာ ကျောင်းသားကျောင်းသူများဖြစ်နေသည်ကိုတွေ့ခဲ့ရသည်။
အရက်၊ ဘီယာ၊ အမြည်းစုံရရှိသည့်အတွက် လာရောက်ခြင်း ဖြစ်ကြောင်းကို လည်း စေ့ငု မိသလောက် လူငယ်များကဆိုသည်။
''ဆိုင်ထဲကို ကောင်လေးတစ်ယောက်တည်း ဝင်သွားတယ်။ နောက်အ တော်ကြာ မှ ကောင်မလေးတစ်ယောက်က လိုက်ဝင်သွား တာမျိုးလဲ ရှိတယ်။ သွားလာနေရင်းနဲ့ကို လာ မေးတာမျိုးလဲ ကိုယ်တိုင်ကြုံခဲ့ရတယ်။ ဒီတော့ ကျွန်တော်ကတော့ ကျွန်တော့်နှမ၊ အစ်မတွေ ကို ဒီကိုမလာစေချင် ဘူး။ ဘာနဲ့ခွဲခြားတာမှတ် လို့၊ ဒီလိုတွေရှိနေတာဟာ အန္တရာယ်မွေးနေ သလိုပါပဲ''ဟု ဇန်နဝါရီ ၅ရက်က ကိုယ်တိုင် လာရောက်လည်ပတ်ခဲ့သူ တာဝကျောင်းသား ကိုထွဋ်(အမည်လွှဲ)က ပြောသည်။
အခြားသော ရင်ပူစရာမြင်ကွင်းများလည်း တွေ့ခဲ့ရပြန်ပါသည်။ မိန်းကလေးငယ်များ အုပ်စုလိုက်အရက်မှာသောက်ပြီး ဟေးလားဝါးလား မြင်ကွင်း များပင်ဖြစ်သည်။ ဆိတ်ငြိမ်ရာအရပ်တွင် အရက်သေစာ သောက်စား မူးယစ်ပြီး အမှားများကျူးလွန်မိကြလျှင်ဆိုသည့် အတွေးတို့က လည်း နေအပူနှင့်အတူ ရင်ကို လာရောက်ပူလောင်စေပါသည်။
သည်တဲအိမ်တွေနဲ့ပတ်သက်လို့ ပြည် ထောင်စုတိုင်းရင်းသားကျေးရွာ၏ တာဝန်ခံ အရာရှိ ဒုတိယညွှန်ကြားရေးမှူးဦးဇော်ဦးကို မေးမြန်းဖြစ်ခဲ့ရာမှာ ¤င်းက ''ကျွန်တော် ဒါတွေကို ရှင်းခိုင်းထားပါတယ်။ အခုထပ်ပြီး သွားကြည့်ပါဦးမယ်။ ဒါမျိုးတွေတွေ့ရင် သတင်းပေးပို့ပေးပါ။ အရေးယူပေးပါ မယ်''လို့ ပြောခဲ့ ပြန်ပါသည်။
တာဝန်ရှိသူတွေက တွေ့ရှိပါက သတင်း ပေးပါလို့သာ ပြောကြပါသည်။ တကယ်တမ်း ရှစ်ပေပတ်လည်အလုံပိတ်တဲလေးများ တိုင်း ရင်းသားရွာထဲမှာ အလုံးပေါင်းရာဂဏန်းကျော် ရှိနေသည်ကို သတိမမူမိ၊ မမြင်မိဘူးဆိုတာ ကတော့ ယုံရခက်ခက်ဖြစ်နေပါသည်။
ကျွန်တော့်ကိုယ်တွေ့ကို ပြောပြပါဦးမည်။ အဲဒီအလုံပိတ်အခန်းတွေနားက စားသောက် ဆိုင်တန်းနား မရောက်ခင်မှာ ဆယ်နှစ်ဝန်း ကျင်လောက်ရှိတဲ့ ကလေးတစ်ဦး စက်ဘီးနဲ့ ရောက်လာပြီး ''ကျွန်တော်တို့ဆိုင်မှာအကုန် ရပါတယ်။ အေးအေးဆေးဆေးလဲ နေလို့ရ ပါတယ်''ဆိုပြီး ခေါ်ပါတယ်။ ကျွန်တော်လည်း စားသောက်ဆိုင်ရွေးနေရမယ့်အတူတူ အေးအေးဆေးဆေး နေလို့ရမယ်ဆိုတဲ့ စကားကြောင့် အဲဒီကလေးနောက်ကို လိုက်ခဲ့ပါတော့တယ်။ ဒီနေရာမှာ အကုန်ရ ပါတယ်ဆိုတဲ့ စကားလုံးကို ကျွန်တော်ရှင်းပြနေဖို့ လိုအပ်တော့မယ်မထင်ပါ။
ဆိုင်ရှေ့ရောက်တော့ ဆိုင်ရဲ့မြင်ကွင်း ကြောင့် ကျွန်တော် လှည့်ပြန်ချင်စိတ်ပေါက် သွားပါသည်။ အကြောင်းကတော့ မသိရင် တောအရက်ရောင်းတဲ့ဆိုင်ပုံပေါက်နေပြီး ဆိုင်း ဘုတ်ကလည်း ခပ်ပေပေ၊ ထိုင်ခုံတွေကလည်း ကျိုးတိုးကျဲတဲနဲ့မို့ တော်တော်စိတ်ညစ်သွား ခဲ့သည်။ ကျွန်တော် လှည့်ပြန်မယ်လုပ်တော့ အသက်နှစ်ဆယ်ကျော်လောက်ရှိမယ့် လူငယ်တစ်ဦး ကျွန်တော့်အနားရောက်လာကာ ''ဆိုင် က အနောက်ဘက်မှာပါအစ်ကို''ဆိုပြီး ကျွန်တော့်လက်ကို အတင်း ဆွဲခေါ်ပါတော့တယ်။ ကျွန်တော်လည်း ပြန်မယ်လုပ်ပြီးမှ သူ့စကား ကြောင့် စိတ်ဝင်စားပြီး သူခေါ်တဲ့နောက်ကို လိုက်လာခဲ့သည်။
ဆိုင်အနောက်လည်းရောက်ရော မြင်လိုက်ရတာတွေက ရှစ်ပေပတ်လည်လောက် ရှိတဲ့ ဓနိမိုး၊ ဓနိကာတဲလေးတွေ အများကြီးပါလား။ ကျွန်တော့်စိတ်ထင် အလုံးငါးဆယ် လောက်ရှိမည်ထင်သည်။ တဲလေးတွေက ပတ်ပတ်လည် ဓနိမိုး၊ ဓနိကာထားပြီး လူဝင်ပေါက် နေရာကို တာပေါ်လင်စတို့၊ စောင်တို့နဲ့ကာထားတယ်။ တဲတစ်လုံးနဲ့တစ်လုံးက ငါးပေ ခြောက်ပေလောက်ပဲ ကွာလိမ့်မယ်။ ဒါ့အပြင် ခပ်လှမ်းလှမ်းကို လှမ်းကြည့်လိုက်တဲ့အခါမှာလည်း ဒီတဲလေးအတိုင်း ဆောက်ထားတဲ့ အခြားဆိုင်တစ်ဆိုင်ကိုလည်းတွေ့ခဲ့ရပါသည်။
အခုနကလူရွယ်က ''အကို ဘယ်တဲကို ယူမလဲ''လို့ဆိုတော့ ကျွန်တော်လည်း တဲတစ်လုံးကို လက်ညှိုးထိုးပြီး ဘီယာနဲ့ စားသောက်စရာတချို့ကို မှာလိုက် တယ်။ တဲရှေ့က လူဝင်ပေါက်ကိုကာထားတဲ့ စောင်လေးကိုလှပ်ပြီး တဲအတွင်းထဲကိုဝင်လိုက်တော့ ခေါက်စားပွဲတစ်လုံး၊ နောက်မှီပလတ်စတစ်ခုံ နှစ်လုံးပဲတွေ့ တယ်။ သိပ်မကြာခင်မှာ ကျွန်တော်မှာ ထားတာတွေရောက်ပြီး စားသောက်ကာ အနားယူခဲ့တယ်။ စားသောက်ပြီးတော့ ဘေလ်ရှင်းဖို့ခေါ်လိုက်တော့ ကလေး တစ်ယောက် ရောက်လာပြီး ကျွန်တော်စားထားတာတွေကို နှုတ်တွက် တွက်လိုက်တာ ကျပ်တစ်သောင်းနှစ်ထောင်ဆိုလို့ ကျွန်တော် အောင့်သက်သက်နဲ့ ရှင်းပေး လိုက်ရသည်။
အဲဒီနေရာက ကျွန်တော်ပြန်လာပြီး မလှမ်းမကမ်းရောက်တော့ ကျွန်တော့်အရွယ် လူငယ်တစ်ယောက်ကိုတွေ့တော့ ဒီဆိုင်တွေအကြောင်း ကို စုံစမ်း ကြည့်ပါတယ်။ သန်လျင်မှာရှိတဲ့ တက္ကသိုလ်တစ်ခုက ကျောင်းသား တစ်ဦးဖြစ်တဲ့ ကိုဝေလင်း(အမည်လွှဲ)က ဆိုပါတယ်။ သူက ယခုလိုပြောပြ ပါတယ်။
''ကျွန်တော်လဲ ရည်းစားရှိပါတယ်။ တိုင်းရင်းသားကျေးရွာကိုလဲ ခဏခဏရောက်ပါတယ်။ အဲဒီနေရာရှိမှန်း မသိပါဘူး။ စားသောက်ဆိုင် တန်းရှိ နေတာပဲသိတယ်။ ရှိတယ်ဆိုရင်တော့ သွားကြည့်ချင်တယ်။ ရှိတာတော့ မကောင်းဘူးပေါ့ဗျာ။ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တာဝန်ရှိတဲ့လူတွေက ဖြေရှင်း ပေးစေချင်ပါတယ်''လို့ ဆိုပါသည်။
ကိုဝေလင်းကိုမေးပြီး မကြာခင် အနားကို ရောက်လာတဲ့ စုံတွဲတစ်တွဲကို လည်း ကျွန်တော် အရဲစွန့်ပြီး မေးကြည့်လိုက်ပါသေးသည်။ သူတို့အတွဲက တော့ အဲနေရာကို ဗိုက်ဆာလို့ စားသောက်တန်းကိုသွားရင်း အဲဒီတဲတွေကို တော့ တွေ့ခဲ့တယ်လို့ ဆိုပါသည်။
မည်သို့ပင်ဖြစ်ဖြစ် ဒီနေရာက ပြည်သူ လူထု အပန်းဖြေနေရာလည်းဖြစ်၊ ကျောင်းသားကျောင်းသူတွေအတွက် လေ့လာစရာနေရာတစ်ခု လည်းဖြစ်သည့် အတွက် ယခုကဲ့သို့ မကောင်းမှုတစ်ခုခု ကျူးလွန်နိုင်အောင် ဆိတ်ကွယ်ရာ ဖန်တီးပေးထားသည့် အလုံပိတ်တဲလေးများကို မရှိစေချင် သည်မှာ ဗုဒ္ဓဘာသာနိုင်ငံထဲက ပြည်သူတစ်ယောက်၏ ရင်ထဲက ဆန္ဒတစ်ခု ပင်ဖြစ်ပါတော့သည်။
(Yangon Times Journal, 12-1)
ဓာတ်ပုံ - ဖြိုး(ဘူမိ)
#Yangon Media Group