Quantcast
Channel: MP4 YoU
Viewing all articles

Woodside ကုမ္ပဏီ ရခိုင်မှာ ဓာတ်ငွေ့တွင်းတွေ့

$
0
0
ပတ်သ်မြို့ရှိWoodside ရုံး (Credit: ABC) 






ABC Radio Australia
.....................

ပတ်သ်မြို့ရှိ ှWoodside ရုံး (Credit: ABC)
သြစတြေးလျနိုင်ငံက ​Woodside ​Petroleum ​ကုမ္ပဏီက ​မြန်မာနိုင်ငံမှာ ​ရေနံနဲ့ ​သဘာဝဓာတ်ငွေ့ ​ရှာဖွေ ​တူးဖော်လုပ်ရာက ​သဘာဝ ​ဓာတ်ငွေ့တွေ ​ရှိတဲ့ ​တွင်းကို ​တွေ့ရှိခဲ့တယ်လို့ ​ဆိုပါတယ်။

သြစတြေးလျပိုင် ​Woodside ​ကုမ္ပဏီဟာ ​ရခိုင်ပြည်နယ်က ​ရွှေရည်ထွန်း ​အမှတ်တစ် ​တွင်းမှာ ​ရှာဖွေ ​တူးဖော်မှုလုပ်တုန်း ​တွေ့ရှိတာ ​ဖြစ်ပါတယ်။

အဲဒီနေရာမှာ ​စီးပွားဖြစ် ​ထုတ်ယူနိုင်မယ့် ​သဘာဝ ​ဓာတ်ငွေ့ကို ​တွေ့ရှိတဲ့အတွက် ​အလားအလာကောင်းတယ်လို့ ​ယူဆတာ ​ဖြစ်ပါတယ်။

အဲဒီလို ​တွေ့ရှိမှုကြောင့် ​အဲဒီ ​ဒေသတဝိုက်မှာ ​ရှာဖွေ ​တူးဖော်မှုတွေ ​ပိုများလာဖို့ ​ရှိနေပါတယ်။

Woodside ​အနေနဲ့ ​အာဖရိက၊ ​နယူးဇီလန် ​အစရှိတဲ့ ​နိုင်ငံတွေမှာလည်း ​ရှာဖွေ ​တူးဖော်ခွင့် ​ရထားပေမယ့် ​အောင်မြင်မှုတွေ ​သိပ်မရတဲ့အချိန်မှာပဲ ​မြန်မာနိုင်ငံမှာ ​စီးပွားဖြစ် ​ထုတ်ယူနိုင်မယ့် ​အနေအထား ​တွေ့ရတဲ့အတွက် ​ကျေနပ်နေကြပါတယ်။

ရွှေရည်ထွန်း ​အမှတ်တစ် ​တွင်းကို ​Woodside ​က ​၄၀% ​ပိုင်ဆိုင်ပြီး ​ပြင်သစ်နိုင်ငံက ​Total ​ကုမ္ပဏီက ​၄၀%နဲ့ ​မြန်မာနိုင်ငံက ​MPRL ​ကုမ္ပဏီက ​၂၀% ​ပိုင်ဆိုင်တယ်လို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
.....................

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>