ေသဆုံးသြားသူမ်ား။ ။ ဓါတ္ပုံ -Pyae Zaw Oo (facebook) |
ရခိုင္ျပည္နယ္ သံတြဲျမိဳ႕နယ္ အတူးေက်းရြာတြင္ တူးေဖာ္ ထားေသာ ေရတြင္းထဲမွ သဲႏႈန္းမ်ားကုိ စုတ္ထုတ္စဥ္ ေရတြင္းထဲသုိ႕ က်သြားသူကို ကယ္တင္ရာမွ လူငါးဦး ေအာက္စီဂ်င္ ျပတ္လပ္ျပီး ေသဆံုးသြားေၾကာင္း သတင္းရရွိသည္။
“ တူးပီးသားေရတြင္းထဲကို ေရမေကာင္းတဲ့ အတြက္ သဲႏႈန္းေတြကို စက္နဲ႕ စုတ္ထုတ္တဲ့ ေနရာမွာ တစ္ဦးက အနက္ ၃၃ေပ၊အက်ယ္ ၄ ေပ ရွိတဲ့ ေရတြင္းကို က်သြားတယ္။ ဒါကို သြားကယ္ရာကေန လူငါးဦး ေသဆံုးသြားခဲ့တာ ျဖစ္ပါတယ္” ဟု သံတြဲျမိဳ႕နယ္ ရဲစခန္းမွ တာ၀န္က် ရဲအရာရွိက ယေန႕ နံနက္က နိရဥၥရာသို႕ ေျပာသည္။
ျဖစ္စဥ္မွာ ယမန္ေန႕ (ဇန္န၀ါရီလ ၉ ရက္ေန႕) နံနက္ ၉ နာရီခန္႕တြင္ စတင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း၊ တစ္ဦးတြင္းထဲသို႕ က်သြားရာမွ ရြာသား ႏွစ္ဦး ဆင္းကယ္စဥ္ မတက္လာ၍ ေနာက္ထပ္ႏွစ္ဦးဆင္းကယ္ရာမွ ေနာက္ထပ္ ႏွစ္ဦးဘဲ မတက္ဘဲ တြင္းထဲတြင္ ေအာက္စီဂ်င္ျပတ္လပ္ျပီး ေသဆံုးသြားေၾကာင္း ရဲတာ၀န္ရွိသူက ေျပာၾကားသည္။
“ ပထမ က်တဲ့သူကို ႏွစ္ဦးဆင္းကယ္တယ္။ ပထမက်တဲ့သူက အေပၚကို ေရာက္လာတယ္။ က်န္ႏွစ္ဦးက မတက္လာဘူး။ အဲဒါကို ေနာက္ထပ္ ႏွစ္ဦးဆင္းတယ္။ ျပန္မတက္ လာဘူး။ ေနာက္ထပ္ ႏွစ္ဦးဆင္းေတာ့ တစ္ဦးဘဲ အေပၚကို ျပန္တက္ႏိုင္တယ္။ က်န္တဲ့ ငါးဦးက ဆံုးသြားတယ္” ဟု ရဲတာ၀န္ရွိသူက ေျပာၾကားသည္။
ေသဆံုးသြားသူမ်ားမွာ ရဲမင္းထြန္း (၂၃) ႏွစ္၊ ေက်ာ္၀င္း (၂၉)၊ စုိးမင္းပိုင္ (၂၅) ႏွစ္၊ ေမာင္ခ်မ္းသာ (၃၂) ႏွစ္ ၊ ေအာင္တင္၀င္း (၃၈) ႏွစ္တုိ႕ ျဖစ္ၾကသည္။
အသက္ေဘးမွ လြတ္ေျမာက္ခဲ့သူမွာ အတူးေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္ဦး (၃၅) ႏွစ္ ျဖစ္သည္။
သံတြဲျမိဳ႕ရဲစခန္းမွ ေသမႈ ေသးခင္း အမွတ္စဥ္ ၁/ ၂၀၁၆ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။
Arakan State
https://www.facebook.com/NarinjaraNews
.................
သေဆုံးသွားသူများ။ ။ ဓါတ်ပုံ -Pyae Zaw Oo (facebook)
နိရဥ္စရာ၊ ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ် သံတွဲမြို့နယ် အတူးကျေးရွာတွင် တူးဖော် ထားသော ရေတွင်းထဲမှ သဲနှုန်းများကို စုတ်ထုတ်စဉ် ရေတွင်းထဲသို့ ကျသွားသူကို ကယ်တင်ရာမှ လူငါးဦး အောက်စီဂျင် ပြတ်လပ်ပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
“ တူးပီးသားရေတွင်းထဲကို ရေမကောင်းတဲ့ အတွက် သဲနှုန်းတွေကို စက်နဲ့ စုတ်ထုတ်တဲ့ နေရာမှာ တစ်ဦးက အနက် ၃၃ပေ၊အကျယ် ၄ ပေ ရှိတဲ့ ရေတွင်းကို ကျသွားတယ်။ ဒါကို သွားကယ်ရာကနေ လူငါးဦး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်” ဟု သံတွဲမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ယနေ့ နံနက်က နိရဥ္စရာသို့ ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်နေ့) နံနက် ၉ နာရီခန့်တွင် စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ တစ်ဦးတွင်းထဲသို့ ကျသွားရာမှ ရွာသား နှစ်ဦး ဆင်းကယ်စဉ် မတက်လာ၍ နောက်ထပ်နှစ်ဦးဆင်းကယ်ရာမှ နောက်ထပ် နှစ်ဦးဘဲ မတက်ဘဲ တွင်းထဲတွင် အောက်စီဂျင်ပြတ်လပ်ပြီး သေဆုံးသွားကြောင်း ရဲတာဝန်ရှိသူက ပြောကြားသည်။
“ ပထမ ကျတဲ့သူကို နှစ်ဦးဆင်းကယ်တယ်။ ပထမကျတဲ့သူက အပေါ်ကို ရောက်လာတယ်။ ကျန်နှစ်ဦးက မတက်လာဘူး။ အဲဒါကို နောက်ထပ် နှစ်ဦးဆင်းတယ်။ ပြန်မတက် လာဘူး။ နောက်ထပ် နှစ်ဦးဆင်းတော့ တစ်ဦးဘဲ အပေါ်ကို ပြန်တက်နိုင်တယ်။ ကျန်တဲ့ ငါးဦးက ဆုံးသွားတယ်” ဟု ရဲတာဝန်ရှိသူက ပြောကြားသည်။
သေဆုံးသွားသူများမှာ ရဲမင်းထွန်း (၂၃) နှစ်၊ ကျော်ဝင်း (၂၉)၊ စိုးမင်းပိုင် (၂၅) နှစ်၊ မောင်ချမ်းသာ (၃၂) နှစ် ၊ အောင်တင်ဝင်း (၃၈) နှစ်တို့ ဖြစ်ကြသည်။
အသက်ဘေးမှ လွတ်မြောက်ခဲ့သူမှာ အတူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဦး (၃၅) နှစ် ဖြစ်သည်။
သံတွဲမြို့ရဲစခန်းမှ သေမှု သေးခင်း အမှတ်စဉ် ၁/ ၂၀၁၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Arakan State
https://www.facebook.com/NarinjaraNews