ျပင္သစ္နုိင္ငံထဲက ရာနဲ႔ခ်ီတဲ႔ ဗလီေက်ာင္းေတြဟာ သူတို႔ရဲ ႔ ယဥ္ေက်းမႈေတြကို အစၥလာမ္ဘာသာ၀င္ မဟုတ္တဲ႔ သူေတြ ေလ႔လာနိဳင္ေအာင္စေနနဲ႔တနဂၤေႏြေန႔တုန္းကဖြင္႔ေပးလုိက္ပါတယ္။ IS အစြန္းေရာက္အၾကမ္းဖက္သမာေတြရဲ ႔ လုပ္ရပ္ေၾကာင္႔ အစၥလာမ္ ဘာသာ၀င္ေတြအေပၚမေကာင္းျမင္ ေနတာကို ေျပာင္းလဲဖို႔က်ိဳးစားတဲ႔ အေနနဲ႔ ခုလို လုပ္တာလည္းျဖစ္ပါတယ္။ ျပင္သစ္နိုႈင္ငံထဲမွာ ဗလီေပါင္း ၂၅၀၀ ေက်ာ္ရွိသလို ဘာသာ၀င္မဟုတ္သူေတြကိုဗလီေတြထဲ ဒီလို ေလ႔လာခြင္႔ေပးတဲ႔လုပ္ရပ္ကို ပါရီၿမိဳ ႔က အထင္ကရ Grand ဗလီႀကီးနဲ႔ ဗလီအားလုံးက ပါ၀င္ၾကတာေတာ႔မဟုတ္ပါဘူး။ ဒီလိုတံခါးဖြင္႔ေပးဖို႔ ျပင္သစ္နုိင္ငံရဲ ႔ မြတ္ဆလင္ဘာသာေရးဆုိင္ရာေကာင္စီက အႀကံညဏ္ရခဲ႔တာပါ။ သာမန္မြတ္ဆလင္ေတြန႔ဲ ေတြ႔ဆုံဖို႔ လူေတ ြကိုဖိတ္ၾကားရတာျဖစ္တယ္ လို႔ ေကာင္စီဥကၠဌ Anouar Kbibech ကသတင္းေထာက္ေတြကိုေျပာပါတယ္။
ဒီပြဲမွာ အစားအေသာက္ေဖ်ာ္ရည္ေတြနဲ႔ ဧည္႔ခံသလို ဗလီတြင္းလုိက္လံျပသတာ၊ စကား၀ိုင္းဖြဲ႔ၿပီး ေဆြးေႏြးၾကတာေတြပါ၀င္သလို တေန႔ငါးႀကိိမ္ ဘုရား၀တ္ျပဳရတာေတြကိုေတာင္မွ ေလ႔လာခြင႔္ေပးထားတာပါ။
ညီအကိုမ်ားရဲ ႔ လၻက္ရည္၀ိုင္း ဆိုၿပီးနာမည္ေပးထားတဲ႔ ဒီပြဲကို ဇန္န၀ါရီလ ၇ ရက္ကေန ၁၁ ရက္ေန႔အထိ က်င္းပတာပါ။ ဒီရက္ဟာ သေရာ္စာေရးသားေဖာ္ျပတဲ႔ Charlie Hebdo မဂၢဇင္းတုိက္ကို အၾကမ္းဖက္၀င္ေရာက္တုိက္ခိုက္ခံရတဲ႔ ပထမဆုံး နွစ္ပတ္လည္အခ်ိန္လည္းျဖစ္ပါတယ္။ ၿပီးခဲ႔တဲ႔ နို၀င္ဘာလ ၁၃ ရက္ေန႔က ျပင္သစ္နုိင္ငံေနရာအေတာ္မ်ားမ်ားမွာအၾကမ္းဖက္တုိက္ခိုက္မႈေတြေၾကာင္႔လူေပါင္း ၁၃၀ ေသဆုံးခဲ႔ရတာေၾကာင္႔ တင္းမာမႈေတြတိုးလာခဲ႔ပါတယ္။ ဒီ႔ေနာက္ပိုင္း ျပင္သစ္နုိင္ငံတြင္း အေရးေပၚအေျခအေနေၾကျငာခဲ႔ရၿပီး ဗလီေက်ာင္းသုံးခုက အဖြဲ႔၀င္ေတြဟာ အစြန္းေရာက္ဒါဒစြဲကိုင္ခဲ႔တယ္ဆိုတဲ႔ ယူဆခ်က္ေၾကာင္႔ အဲ႔ဒီဗလီေတြကို ပိတ္သိမ္းခဲ႔ပါေသးတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.........
ပြင်သစ်နိုင်ငံထဲက ရာနဲ့ချီတဲ့ ဗလီကျောင်းတွေဟာ သူတို့ရဲ ့ ယဉ်ကျေးမှုတွေကို အစ္စလာမ်ဘာသာဝင် မဟုတ်တဲ့ သူတွေ လေ့လာနိုင်အောင်စနေနဲ့တနင်္ဂနွေနေ့တုန်းကဖွင့်ပေးလိုက်ပါတယ်။ IS အစွန်းရောက်အကြမ်းဖက်သမာတွေရဲ ့ လုပ်ရပ်ကြောင့် အစ္စလာမ် ဘာသာဝင်တွေအပေါ်မကောင်းမြင် နေတာကို ပြောင်းလဲဖို့ကျိုးစားတဲ့ အနေနဲ့ ခုလို လုပ်တာလည်းဖြစ်ပါတယ်။ ပြင်သစ်နိုှုင်ငံထဲမှာ ဗလီပေါင်း ၂၅၀၀ ကျော်ရှိသလို ဘာသာဝင်မဟုတ်သူတွေကိုဗလီတွေထဲ ဒီလို လေ့လာခွင့်ပေးတဲ့လုပ်ရပ်ကို ပါရီမြို ့က အထင်ကရ Grand ဗလီကြီးနဲ့ ဗလီအားလုံးက ပါ၀င်ကြတာတော့မဟုတ်ပါဘူး။ ဒီလိုတံခါးဖွင့်ပေးဖို့ ပြင်သစ်နိုင်ငံရဲ ့ မွတ်ဆလင်ဘာသာရေးဆိုင်ရာကောင်စီက အကြံညဏ်ရခဲ့တာပါ။ သာမန်မွတ်ဆလင်တွေနဲ့ တွေ့ဆုံဖို့ လူတေ ွကိုဖိတ်ကြားရတာဖြစ်တယ် လို့ ကောင်စီဥက္ကဌ Anouar Kbibech ကသတင်းထောက်တွေကိုပြောပါတယ်။
ဒီပွဲမှာ အစားအသောက်ဖျော်ရည်တွေနဲ့ ဧည့်ခံသလို ဗလီတွင်းလိုက်လံပြသတာ၊ စကားဝိုင်းဖွဲ့ပြီး ဆွေးနွေးကြတာတွေပါ၀င်သလို တနေ့ငါးကြိိမ် ဘုရားဝတ်ပြုရတာတွေကိုတောင်မှ လေ့လာခွင့်ပေးထားတာပါ။
ညီအကိုများရဲ ့ လ္ဘက်ရည်ဝိုင်း ဆိုပြီးနာမည်ပေးထားတဲ့ ဒီပွဲကို ဇန်နဝါရီလ ရ ရက်ကနေ ၁၁ ရက်နေ့အထိ ကျင်းပတာပါ။ ဒီရက်ဟာ သရော်စာရေးသားဖော်ပြတဲ့ Charlie Hebdo မဂ္ဂဇင်းတိုက်ကို အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ခံရတဲ့ ပထမဆုံး နှစ်ပတ်လည်အချိန်လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က ပြင်သစ်နိုင်ငံနေရာအတော်များများမှာအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်လူပေါင်း ၁၃၀ သေဆုံးခဲ့ရတာကြောင့် တင်းမာမှုတွေတိုးလာခဲ့ပါတယ်။ ဒီ့နောက်ပိုင်း ပြင်သစ်နိုင်ငံတွင်း အရေးပေါ်အခြေအနေကြေငြာခဲ့ရပြီး ဗလီကျောင်းသုံးခုက အဖွဲ့ဝင်တွေဟာ အစွန်းရောက်ဒါဒစွဲကိုင်ခဲ့တယ်ဆိုတဲ့ ယူဆချက်ကြောင့် အဲ့ဒီဗလီတွေကို ပိတ်သိမ်းခဲ့ပါသေးတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com