![]() |
(ဓါတ္ပံု အညႊန္း – ပါရမီကိုယ္ပိုင္အထက္ေက်ာင္းတြင္ ေက်ာင္းသားတစ္ဦး ႀကိဳးဆြဲခ်ေသဆံုးမႈျဖစ္ပြားခဲ့သည္။) |
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၊ မရမ္းကုန္းရပ္ကြက္၊ ပါရမီ ကိုယ္ပိုင္အထက္တန္းေက်ာင္းတြင္ အသက္ ၁၆ နွစ္အရြယ္ ၁၀ တန္းေက်ာင္းသားတစ္ဦးသည္ ဇန္နဝါရီ ၁၃ ရက္ နံနက္ ၅ နာရီခြဲက ႀကိဳးဆြဲခ် ေသဆံုးခဲ့ေၾကာင္း ေမာ္လၿမိဳင္ ၿမိဳ႕မရဲစခန္းမွ သိရသည္။
ေသဆံုးခဲ့သည့္ ေက်ာင္းသားေလးသည္ ပါရမီအထက္တန္းေက်ာင္းတြင္ ေက်ာင္းအိပ္၊ ေက်ာင္းစား ေနထိုင္သူ တစ္ဦးျဖစ္ၿပီး ၎ေသဆံုးေနသည္ကို ေက်ာင္းသန္႔ရွင္းေရး အလုပ္သမား ေဒၚခင္မာၾကည္မွ ေတြ႕ရွိခဲ့သည္ဟု ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ဦးေအာင္သန္းျမင့္က ေျပာသည္။
ပါရမီေက်ာင္းဝင္းအတြင္း ေက်ာင္းသားမ်ားေနထိုင္ရာ အေဆာင္၏ အတက္အဆင္း ေလွကားထုပ္တန္းေပၚတြင္ အလ်ား ရွစ္ေပခန္႔ ရွိေသာ ေစာင္ျဖင့္ ႀကိဳးဆြဲခ်ေသဆံုးေနသည္ဟု ယင္းရဲစခန္းမွတ္တမ္းအရ သိရသည္။
ထုိ႔ျပင္ ေသဆံုးသူ ေက်ာင္းသားေလး၏ ဘယ္၊ ညာ လက္ေကာက္ဝတ္ႏွင့္ လည္ပင္းတုိ႔တြင္ ဘရိတ္ဓားျဖင့္ လွီးျဖတ္ ထားသည္ကို ေတြ႕ရွိခဲ့ရၿပီး ၎အိပ္ရာေပၚတြင္ လွီးျဖတ္ထားသည္ဟု ယူဆရေသာ ေသြးစြန္းေနသည့္ ဘရိတ္ဓား တစ္ေခ်ာင္းႏွင့္ ေသြးမ်ားေပေနသည့္ ေစာင္အား ေတြ႕ရွိခဲ့ေၾကာင္း ဒုရဲမွဴး ဦးေအာင္သန္းျမင့္က ေျပာသည္။
ေက်ာင္းသားေလး၏ အေလာင္းကို ေမာ္လၿမိဳင္ ျပည္သူ႔ေဆ႐ုံႀကီးသုိ႔ ပို႔ေဆာင္ထားၿပီး၊ ထိုေသဆံုးမႈသည္ ဓမၼတာအတုိင္း ေသဆံုးျခင္းဟုတ္မဟုတ္ စစ္ေဆးႏိုင္ရန္ ေသမႈေသခင္း အမွတ္စဥ္ (၂/ ၂၀၁၆) ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။
Written by – ေဇာ္ထိုက္
Hinthar Media Corporation
http://www.hintharmedia.com
............
(ဓါတ်ပုံ အညွှန်း – ပါရမီကိုယ်ပိုင်အထက်ကျောင်းတွင် ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့သည်။)
မော်လမြိုင်၊ ဇန်နဝါရီ ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ပါရမီ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အသက် ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသားတစ်ဦးသည် ဇန်နဝါရီ ၁၃ ရက် နံနက် ၅ နာရီခွဲက ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း မော်လမြိုင် မြို့မရဲစခန်းမှ သိရသည်။
သေဆုံးခဲ့သည့် ကျောင်းသားလေးသည် ပါရမီအထက်တန်းကျောင်းတွင် ကျောင်းအိပ်၊ ကျောင်းစား နေထိုင်သူ တစ်ဦးဖြစ်ပြီး ၎င်းသေဆုံးနေသည်ကို ကျောင်းသန့်ရှင်းရေး အလုပ်သမား ဒေါ်ခင်မာကြည်မှ တွေ့ရှိခဲ့သည်ဟု မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဦးအောင်သန်းမြင့်က ပြောသည်။
ပါရမီကျောင်းဝင်းအတွင်း ကျောင်းသားများနေထိုင်ရာ အဆောင်၏ အတက်အဆင်း လှေကားထုပ်တန်းပေါ်တွင် အလျား ရှစ်ပေခန့် ရှိသော စောင်ဖြင့် ကြိုးဆွဲချသေဆုံးနေသည်ဟု ယင်းရဲစခန်းမှတ်တမ်းအရ သိရသည်။
ထို့ပြင် သေဆုံးသူ ကျောင်းသားလေး၏ ဘယ်၊ ညာ လက်ကောက်ဝတ်နှင့် လည်ပင်းတို့တွင် ဘရိတ်ဓားဖြင့် လှီးဖြတ် ထားသည်ကို တွေ့ရှိခဲ့ရပြီး ၎င်းအိပ်ရာပေါ်တွင် လှီးဖြတ်ထားသည်ဟု ယူဆရသော သွေးစွန်းနေသည့် ဘရိတ်ဓား တစ်ချောင်းနှင့် သွေးများပေနေသည့် စောင်အား တွေ့ရှိခဲ့ကြောင်း ဒုရဲမှူး ဦးအောင်သန်းမြင့်က ပြောသည်။
ကျောင်းသားလေး၏ အလောင်းကို မော်လမြိုင် ပြည်သူ့ဆေရုံကြီးသို့ ပို့ဆောင်ထားပြီး၊ ထိုသေဆုံးမှုသည် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးနိုင်ရန် သေမှုသေခင်း အမှတ်စဉ် (၂/ ၂၀၁၆) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Written by – ဇော်ထိုက်
Hinthar Media Corporation
http://www.hintharmedia.com