ကမာၻေက်ာ္ သရုပ္ေဆာင္နဲ႔ အဆုိေတာ္ Will Smith ရဲ ႔သားျဖစ္သူ Jaden Smith ဟာ Louis Vuitton အမွတ္တံဆိပ္ အတြက္ ဘယ္ေယာက်ာၤးေလးနဲ႔ မွ မတူတဲ့ ေၾကာ္ျငာ အစီအစဥ္တစ္ခုမွာပါ၀င္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ အားလပ္ရက္မွာပဲ Louis Vuitton အမွတ္တံဆိပ္ ရဲ ႔ ဖန္တီးမႈ ဒါရိုက္တာ ျဖစ္တဲ့ Nicholas Ghesquiere က Instagram မွာ ဓါတ္ပံုအခ်ိဳ ႔ကိုတင္ထားခဲ့ပါတယ္။ အဲဒီ ဓါတ္ပံုေတြကေတာ့ LV အမွတ္တံဆိပ္ရဲ ႔ ၂၀၁၆ ခုႏွစ္ ေႏြရာသီအတြက္ အမ်ိဳးသမီး အ၀တ္အစားေတြ ကို ေၾကာ္ျငာထားတာျဖစ္ၿပီး ထို ဓါတ္ပံုေတြထဲမွာေတာ့ Jaden Smith ဟာ ေမာ္ဒယ္လ္ ေကာင္မေလးေတြနဲ႔ အတူ စကတ္၀တ္ၿပီး ပါ၀င္ေနတာကိုေတြ႔ရပါတယ္။
ထို ဓါတ္ပံုေတြကိုေတာ့ Bruce Weber ဆိုတဲ့ ဓါတ္ပံုဆရာ တစ္ေယာက္က ရိုက္ကူးေပးတာျဖစ္တယ္လို႔လည္း Nicholas ကေရးသားထားပါေသးတယ္။
ဒီလို ဖက္ရွင္ နဲ႔ ပတ္သက္ရင္ အထူးအဆန္းေတြလုပ္ျပလိုက္တာဟာ Jaden Smith အတြက္ ပထမဆံုး အႀကိမ္ မဟုတ္ေတာ့ပါဘူး။ သူဟာ TopShop ဆိုတဲ့ ဆိုင္က အမ်ိဳးသမီး အ၀တ္အစားေတြကို ၀တ္ၿပီးလည္း ဓါတ္ပံု ရိုက္ခဲ့ဖူးသလို ေက်ာင္းကပြဲတုန္းကလည္း အျဖဴေရာင္ စကတ္ ကို ၀တ္ၿပီး တက္ေရာက္ခဲ့ဖူးပါတယ္။
( Mario )
#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com
Ref : Too Fab
..............................................
LV တံဆိပ် အမျိုးသမီး အဝတ်အစားတွေအတွက် စကတ်ဝတ်ပြီးကြော်ငြာရိုက်တဲ့ Jaden Smith
ကမ္ဘာကျော် သရုပ်ဆောင်နဲ့ အဆိုတော် Will Smith ရဲ ့သားဖြစ်သူ Jaden Smith ဟာ Louis Vuitton အမှတ်တံဆိပ် အတွက် ဘယ်ယောကျာင်္းလေးနဲ့ မှ မတူတဲ့ ကြော်ငြာ အစီအစဉ်တစ်ခုမှာပါ၀င်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အားလပ်ရက်မှာပဲ Louis Vuitton အမှတ်တံဆိပ် ရဲ ့ ဖန်တီးမှု ဒါရိုက်တာ ဖြစ်တဲ့ Nicholas Ghesquiere က Instagram မှာ ဓါတ်ပုံအချို ့ကိုတင်ထားခဲ့ပါတယ်။ အဲဒီ ဓါတ်ပုံတွေကတော့ LV အမှတ်တံဆိပ်ရဲ ့ ၂၀၁၆ ခုနှစ် နွေရာသီအတွက် အမျိုးသမီး အဝတ်အစားတွေ ကို ကြော်ငြာထားတာဖြစ်ပြီး ထို ဓါတ်ပုံတွေထဲမှာတော့ Jaden Smith ဟာ မော်ဒယ်လ် ကောင်မလေးတွေနဲ့ အတူ စကတ်ဝတ်ပြီး ပါ၀င်နေတာကိုတွေ့ရပါတယ်။
ထို ဓါတ်ပုံတွေကိုတော့ Bruce Weber ဆိုတဲ့ ဓါတ်ပုံဆရာ တစ်ယောက်က ရိုက်ကူးပေးတာဖြစ်တယ်လို့လည်း Nicholas ကရေးသားထားပါသေးတယ်။
ဒီလို ဖက်ရှင် နဲ့ ပတ်သက်ရင် အထူးအဆန်းတွေလုပ်ပြလိုက်တာဟာ Jaden Smith အတွက် ပထမဆုံး အကြိမ် မဟုတ်တော့ပါဘူး။ သူဟာ TopShop ဆိုတဲ့ ဆိုင်က အမျိုးသမီး အဝတ်အစားတွေကို ၀တ်ပြီးလည်း ဓါတ်ပုံ ရိုက်ခဲ့ဖူးသလို ကျောင်းကပွဲတုန်းကလည်း အဖြူရောင် စကတ် ကို ၀တ်ပြီး တက်ရောက်ခဲ့ဖူးပါတယ်။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Too Fab