Quantcast
Channel: MP4 YoU
Viewing all articles


$
0
0





7Daydaily
.............
ခြင်ဆေးခွေကြောင့် တည်းခိုခန်း မီးလောင် တစ်ဦးသေဆုံး

Byဇွဲဉာဏ်On  Sun, 2016-01-17 06:30Location ရန်ကုန်Issue No.No.981 Sunday, January 17, 2016
တောင်ဒဂုံမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် ခြင်ဆေး ခွေမီးမှတစ်ဆင့် မီးလောင်ရာ အခန်းငါးခန်း မီးလောင်ခဲ့ပြီး လူ တစ်ဦးသေဆုံးခဲ့ကြောင်း မီးသတ် ဦးစီးဌာနမှ သတင်းရရှိသည်။


တောင်ဒဂုံမြို့နယ် (၆၅) ရပ် ကွက် ဧရာဝဏ်လမ်းမကြီးရှိ တည်းခိုခန်းတွင် ဇန်နဝါရီ ၁၆ ရက် နံနက် ၄ နာရီခန့်က အခန်း အမှတ် (C4) မှ မီးစတင်လောင် ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၁၀×၆ ပေ တည်းခိုခန်း ငါးခန်း မီးလောင်ဆုံး ရှုံးခဲ့သည်။

အခန်းအတွင်း ထွန်းထား သော ခြင်ဆေးခွေမှတစ်ဆင့် ခု  တင်ပေါ်ရှိ စောင်ကို မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယင်း အခန်းဘေးရှိ အခန်းအမှတ် (C5) တွင် တည်းခိုနေသောအမျိုးသား တစ်ဦး မီးလောင်သေဆုံးခဲ့သည်။

မီးလောင်မှုသည်နာရီဝက်ခန့် ကြာမြင့်ပြီး အခန်းငါးခန်းနှင့် အ တွင်းပစ္စည်းတန်ဖိုး ကျပ် နှစ်သိန်း ခွဲခန့်ရှိသည်ဟု မီးသတ်ဦးစီးဌာန က သတင်းထုတ်ပြန်ထားသည်။

မီးလောင်မှုနှင့်ပတ်သက်၍ တည်းခိုခန်းမန်နေဂျာကို တောင် ဒဂုံမြို့နယ်ရဲစခန်းက ပုဒ်မ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
7Daydaily

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>