Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဒီယာအက္ေဇာျပည္နယ္ မွ ေဒသခံ ၄၀၀ ဦးကုိ ISIS အဖဲြ႕ ျပန္ေပးဆဲြ

$
0
0

A Syrian Civil Defence worker carries a child wrapped in a blanket over the rubble following a reported air strike by Syrian government forces on the Sukkari neighborhood of Syria's northern city of Aleppo, on January 16, 2016. (AFP)
ISIS abducts 400 civilians in Syria's Deir Ezzor

ဒမတ္စကဒ္ ၊ ၁၈-၁-၂၀၁၆

ISIS အစၥလာမၼစ္ စစ္ေသြးၾကြ အဖဲြ႕သည္ ဆီးရီးယားႏုိင္ငံ အေရွ႕ပိုင္းရွိ ဒီယာအက္ေဇာ ျပည္နယ္မွ ေဒသခံ ၄ဝဝ ဦးကို ျပန္ေပးဆဲြ ဖမ္းဆီးေခၚေဆာင္ သြားေၾကာင္း အယ္လ္မာယာဒင္း သတင္းဌာနက ဇန္နဝါရီ ၁၇ ရက္တြင္ ေဖာ္ျပထားသည္။

၄င္း ISIS အစၥလာမၼစ္ စစ္ေသြးၾကြ မ်ားသည္ ဇန္နဝါရီ ၁၆ ရက္က အဆိုပါ ျပည္နယ္၏ အယ္လ္ဘူေဂး လီယာၿမိဳ႕ုကို ဝင္ေရာက္စီးနင္း တိုက္ခိုက္မႈ မ်ားလုပ္ေဆာင္ကာ အမ်ဳိးသမီး မ်ားႏွင့္ ကေလးငယ္ အမ်ားစု အပါအဝင္ လူ ၂၈ဝ ဦးကို သတ္ျဖတ္ၿပီး အေလာင္းမ်ားကို အီရတ္ႏုိင္ငံ ႏွင့္ နယ္နိမိတ္ရွိ ယူဖရိတ္ျမစ္ အတြင္းသို႔ ေမွ်ာခဲ့ေၾကာင္း ေဒသတြင္း မ်က္ျမင္ သက္ေသမ်ား က ေျပာၾကားသည္။

ISIS အစၥလာမၼစ္ စစ္ေသြးၾကြ မ်ားသည္ အဆိုပါစီးနင္း တိုက္ခိုက္မႈကို ဇန္နဝါရီ ၁၆ ရက္ နံနက္ အေစာပိုင္းက အစိုးရ တပ္ဖဲြ႕ဝင္မ်ား ေနရာယူထားသည့္ ေနရာမ်ားတြင္ အေသခံဗံုးခဲြ တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ျခင္းျဖင့္ စတင္ခဲ့ျခင္း ျဖစ္ေၾကာင္း အယ္လ္မာယာဒင္း သတင္းဌာန က ေဖာ္ျပထားသည္။

ထို႔ျပင္ ISIS အစၥလာမၼစ္ စစ္ေသြးၾကြ အဖဲြ႕သည္ အယ္လ္ဘူေဂး လီယာၿမိဳ႕ အတြင္း ဝင္ေရာက္ကာ အစိုးရစစ္ဘက္ တပ္ဖဲြ႕ဝင္ အမ်ားအျပားကို သတ္ျဖတ္ ခဲ့ေၾကာင္း ၿဗိတိန္ႏိုင္ငံ အေျခစိုက္ ဆီးရီးယား လူ႔အခြင့္အေရး ဆိုင္ရာ ေစာင့္ၾကည့္ ေလ့လာေရးအဖဲြ႕ က အတည္ျပဳ ေျပာၾကား ထားသည္။

ISIS အစၥလာမၼစ္ စစ္ေသြးၾကြ တို႔၏ အဆိုပါ တိုက္ခိုက္မႈသည္ အီရတ္ႏိုင္ငံႏွင့္ နယ္စပ္ရွိ အဓိက ေလတပ္ အေျခစိုက္စခန္း အနီးဝန္းက်င္အ ပါအဝင္ ဒီယာအက္ေဇာ ျပည္နယ္ရွိ ေနရာ အမ်ားအျပားတြင္ ဆီးရီးယား စစ္ဘက္တပ္ဖဲြ႕ဝင္ မ်ားႏွင့္ တိုက္ပြဲမ်ား ျပန္လည္ စတင္ၿပီးေနာက္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

#PyiChitThar

.................................................................

ဒီယာအက်ဇောပြည်နယ် မှ ဒေသခံ ၄၀၀ ဦးကို ISIS အဖွဲ့ ပြန်ပေးဆွဲ


A Syrian Civil Defence worker carries a child wrapped in a blanket over the rubble following a reported air strike by Syrian government forces on the Sukkari neighborhood of Syria's northern city of Aleppo, on January 16, 2016. (AFP)
ISIS abducts 400 civilians in Syria's Deir Ezzor

ဒမတ်စကဒ် ၊ ၁၈-၁-၂၀၁၆

ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့သည် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ ဒီယာအက်ဇော ပြည်နယ်မှ ဒေသခံ ၄ဝဝ ဦးကို ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း အယ်လ်မာယာဒင်း သတင်းဌာနက ဇန်နဝါရီ ၁၇ ရက်တွင် ဖော်ပြထားသည်။

၄င်း ISIS အစ္စလာမ္မစ် စစ်သွေးကြွ များသည် ဇန်နဝါရီ ၁၆ ရက်က အဆိုပါ ပြည်နယ်၏ အယ်လ်ဘူဂေး လီယာမြို့ုကို ဝင်ရောက်စီးနင်း တိုက်ခိုက်မှု များလုပ်ဆောင်ကာ အမျိုးသမီး များနှင့် ကလေးငယ် အများစု အပါအဝင် လူ ၂၈ဝ ဦးကို သတ်ဖြတ်ပြီး အလောင်းများကို အီရတ်နိုင်ငံ နှင့် နယ်နိမိတ်ရှိ ယူဖရိတ်မြစ် အတွင်းသို့ မျှောခဲ့ကြောင်း ဒေသတွင်း မျက်မြင် သက်သေများ က ပြောကြားသည်။

ISIS အစ္စလာမ္မစ် စစ်သွေးကြွ များသည် အဆိုပါစီးနင်း တိုက်ခိုက်မှုကို ဇန်နဝါရီ ၁၆ ရက် နံနက် အစောပိုင်းက အစိုးရ တပ်ဖွဲ့ဝင်များ နေရာယူထားသည့် နေရာများတွင် အသေခံဗုံးခွဲ တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းဖြင့် စတင်ခဲ့ခြင်း ဖြစ်ကြောင်း အယ်လ်မာယာဒင်း သတင်းဌာန က ဖော်ပြထားသည်။

ထို့ပြင် ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့သည် အယ်လ်ဘူဂေး လီယာမြို့ အတွင်း ဝင်ရောက်ကာ အစိုးရစစ်ဘက် တပ်ဖွဲ့ဝင် အများအပြားကို သတ်ဖြတ် ခဲ့ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့် လေ့လာရေးအဖွဲ့ က အတည်ပြု ပြောကြား ထားသည်။

ISIS အစ္စလာမ္မစ် စစ်သွေးကြွ တို့၏ အဆိုပါ တိုက်ခိုက်မှုသည် အီရတ်နိုင်ငံနှင့် နယ်စပ်ရှိ အဓိက လေတပ် အခြေစိုက်စခန်း အနီးဝန်းကျင်အ ပါအဝင် ဒီယာအက်ဇော ပြည်နယ်ရှိ နေရာ အများအပြားတွင် ဆီးရီးယား စစ်ဘက်တပ်ဖွဲ့ဝင် များနှင့် တိုက်ပွဲများ ပြန်လည် စတင်ပြီးနောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#PyiChitThar

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>