Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဥေရာပေဒသအတြင္း မူဆလင္အသိုင္းအဝိုင္းႏွင့္ ပူးေပါင္းေနထိုင္ရန္ မျဖစ္ႏုိင္ေၾကာင္း ခ်က္သမၼတ ေျပာၾကား

$
0
0

ပရာ့ဂ္ ၊ ၁၈-၁-၂ဝ၁၆

ေရႊ႕ေျပာင္း ဒုကၡသည္မ်ားကို လက္ခံထားသည့္ အေနာက္ဥေရာပ ႏုိင္ငံမ်ား၌ ႀကံဳေတြ႕ရမႈမ်ားႏွင့္ မၾကာေသးမီက ဂ်ာမနီႏုိင္ငံတြင္ ျဖစ္ပြားခဲ့ေသာ လိင္အၾကမ္းဖက္မႈ ကဲ့သို႔ ကိစၥရပ္မ်ားကို သံုး သပ္ၾကည့္မည္ ဆိုပါက ဥေရာပ ေဒသအတြင္း မူဆလင္ အသိုင္းအဝိုင္းႏွင့္ ပူးေပါင္း ေနထိုင္ရန္ မည္သို႔မွ် မျဖစ္ႏုိင္ေၾကာင္း ခ်က္သမၼတ မိုင္လို႔စ္ဇဲမန္ က ဇန္နဝါရီ ၁၇ ရက္တြင္ ေျပာၾကားေၾကာင္း Sputnik သတင္းတစ္ရပ္ အရ သိရသည္။

ထို႔ျပင္ ယင္းသို႔ မူဆလင္ အသိုင္းအဝိုင္းႏွင့္ ပူးေပါင္း ေနထိုင္မည္ ဆိုပါက အက်ဳိးမဲ့သည့္ ရလဒ္မ်ားသာ ရရွိလာမည္ ျဖစ္သည္ဟု ၄င္းက Blesk သတင္းဌာနႏွင့္ ေတြ႕ဆံု ေမးျမန္းခန္းတြင္ ဆက္လက္ ေျပာၾကား ထားသည္။

ဥေရာပေဒသ အတြင္း ၿပီးခဲ့သည့္ ဆယ္စုႏွစ္မွစ၍ ေပၚေပါက္လာသည့္ ေရႊ႕ေျပာင္း ဒုကၡသည္မ်ား အေရးႏွင့္စပ္လ်ဥ္း ၍ ဇဲမန္း၏ ႏွစ္ရွည္လမ်ားစြာ ၾကာေသာ အဆိုပါ ရပ္တည္ခ်က္သည္ ဂ်ာမနီႏုိင္ငံတြင္ ျဖစ္ပြားခဲ့သည့္ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ ၿပီးေနာက္ ပိုမိုခိုင္မာလာျခင္း ျဖစ္ၿပီး ဒုကၡသည္မ်ား အေနျဖင့္ မိမိတို႔ ေရာက္ရွိေနသည့္ ေနရာေဒသ၏ ဓေလ့ထံုးတမ္းႏွင့္ ယဥ္ေက်းမႈမ်ားကို ေလးစားလိုက္နာ သြားရန္ ၄င္းက တိုက္တြန္း ေျပာၾကား ထားသည္။

ဇဲမန္းသည္ ခ်က္ႏုိင္ငံ၏ အရြယ္အစား၊ လူဦးေရႏွင့္ ေငြေၾကး အတုိင္းအတာမ်ား အရ ဥေရာပသမဂၢက သတ္မွတ္ေပးသည့္ ဒုကၡသည္မ်ား ခဲြေဝမႈကို လက္မခံဘဲ ျငင္းဆိုခဲ့သူ ျဖစ္ေၾကာင္း သိရသည္။

#PyiChitThar

.............................................................................

ဥရောပဒေသအတွင်း မူဆလင်အသိုင်းအဝိုင်းနှင့် ပူးပေါင်းနေထိုင်ရန် မဖြစ်နိုင်ကြောင်း ချက်သမ္မတ ပြောကြား



ပရာ့ဂ် ၊ ၁၈-၁-၂ဝ၁၆

ရွှေ့ပြောင်း ဒုက္ခသည်များကို လက်ခံထားသည့် အနောက်ဥရောပ နိုင်ငံများ၌ ကြုံတွေ့ရမှုများနှင့် မကြာသေးမီက ဂျာမနီနိုင်ငံတွင် ဖြစ်ပွားခဲ့သော လိင်အကြမ်းဖက်မှု ကဲ့သို့ ကိစ္စရပ်များကို သုံး သပ်ကြည့်မည် ဆိုပါက ဥရောပ ဒေသအတွင်း မူဆလင် အသိုင်းအဝိုင်းနှင့် ပူးပေါင်း နေထိုင်ရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း ချက်သမ္မတ မိုင်လို့စ်ဇဲမန် က ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားကြောင်း Sputnik သတင်းတစ်ရပ် အရ သိရသည်။

ထို့ပြင် ယင်းသို့ မူဆလင် အသိုင်းအဝိုင်းနှင့် ပူးပေါင်း နေထိုင်မည် ဆိုပါက အကျိုးမဲ့သည့် ရလဒ်များသာ ရရှိလာမည် ဖြစ်သည်ဟု ၄င်းက Blesk သတင်းဌာနနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ဆက်လက် ပြောကြား ထားသည်။

ဥရောပဒေသ အတွင်း ပြီးခဲ့သည့် ဆယ်စုနှစ်မှစ၍ ပေါ်ပေါက်လာသည့် ရွှေ့ပြောင်း ဒုက္ခသည်များ အရေးနှင့်စပ်လျဉ်း ၍ ဇဲမန်း၏ နှစ်ရှည်လများစွာ ကြာသော အဆိုပါ ရပ်တည်ချက်သည် ဂျာမနီနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပြီးနောက် ပိုမိုခိုင်မာလာခြင်း ဖြစ်ပြီး ဒုက္ခသည်များ အနေဖြင့် မိမိတို့ ရောက်ရှိနေသည့် နေရာဒေသ၏ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုများကို လေးစားလိုက်နာ သွားရန် ၄င်းက တိုက်တွန်း ပြောကြား ထားသည်။

ဇဲမန်းသည် ချက်နိုင်ငံ၏ အရွယ်အစား၊ လူဦးရေနှင့် ငွေကြေး အတိုင်းအတာများ အရ ဥရောပသမဂ္ဂက သတ်မှတ်ပေးသည့် ဒုက္ခသည်များ ခွဲဝေမှုကို လက်မခံဘဲ ငြင်းဆိုခဲ့သူ ဖြစ်ကြောင်း သိရသည်။

#PyiChitThar

Viewing all articles
Browse latest Browse all 13796


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>