၀ါရွင္တန္ ၊ ၁၈-၁-၂၀၁၆
ဥေရာပသမဂၢ (EU) ႏွင့္ အေမရိကန္ အစုိးရသည္ အီရန္ ႏ်ဴကလီးယား အစီအစဥ္ႏွင့္ ပတ္သက္၍ ခ်မွတ္ထားေသာ ၄င္းတုိ႔၏ ပိတ္ဆုိ႔မႈမ်ားကုိ ျပန္လည္ ႐ုပ္သိမ္းလုိက္ၿပီ ျဖစ္ေၾကာင္း သိရသည္။
အီရန္ အစုိးရသည္ ႏ်ဴကလီးယား အေရးႏွင့္ ပတ္သက္၍ ေနာက္ဆုံးခ်ဳပ္ ဆုိထားေသာ သေဘာတူ စာခ်ဳပ္အရ ကတိကဝတ္မ်ား အားလုံးကုိ ျပည့္ျပည့္ဝဝ လုိက္နာခဲ့ေၾကာင္း ႏုိင္ငံတကာ အဏုျမဴစြမ္းအင္ ေအဂ်င္စီက အတည္ျပဳ ေပးခဲ့သည့္ အတြက္ အီရန္ႏုိင္ငံ အေပၚတြင္ ႏ်ဴကလီးယား အစီအစဥ္ႏွင့္ ပတ္သက္၍ ခ်မွတ္ထားေသာ အေရးယူ ပိတ္ဆုိ႔မႈမ်ားကို ေျဖေလွ်ာ့ေပး ခဲ့ျခင္း ျဖစ္ေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရး ဝန္ႀကီး ဂြၽန္ကယ္ရီ က ေျပာၾကားခဲ့သည္။
အီရန္ႏုိင္ငံ အေနျဖင့္ လုိက္နာရန္ သေဘာတူ ထားေသာ JCPOA စာခ်ဳပ္ပါ မျဖစ္မေန ေဆာင္ရြက္ရမည့္ အခ်က္မ်ားကို ေရွာင္လႊဲခဲ့ပါက အေမရိကန္ အစုိးရက ျပန္လည္ တုံ႔ျပန္မည္ ျဖစ္ေၾကာင္း ဂၽြန္ကယ္ရီ က ထပ္ေလာင္း ေျပာၾကားသည္။
အလားတူ အီရန္ႏုိင္ငံ အေပၚ ခ်မွတ္ထားေသာ ပိတ္ဆုိ႔မႈကို ႐ုပ္သိမ္း လုိက္သည့္ ေၾကညာခ်က္ကို အီးယူ ႏုိင္ငံျခားေရး ႏွင့္ လုံၿခံဳေရးမူဝါဒ အႀကီးအကဲ ဖက္ဒယ္ရီကာ ေမာ့ဂါရီနီက ဇန္နဝါရီ ၁၆ ရက္တြင္ ထုတ္ျပန္ လုိက္ေၾကာင္း သိရသည္။
#PyiChitThar
..........................................
အီရန်အပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို အမေရိကန်နှင့် EU ပြန်လည်ရုပ်သိမ်း
၀ါရှင်တန် ၊ ၁၈-၁-၂၀၁၆
ဥရောပသမဂ္ဂ (EU) နှင့် အမေရိကန် အစိုးရသည် အီရန် နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ ချမှတ်ထားသော ၄င်းတို့၏ ပိတ်ဆို့မှုများကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အီရန် အစိုးရသည် နျူကလီးယား အရေးနှင့် ပတ်သက်၍ နောက်ဆုံးချုပ် ဆိုထားသော သဘောတူ စာချုပ်အရ ကတိကဝတ်များ အားလုံးကို ပြည့်ပြည့်ဝဝ လိုက်နာခဲ့ကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီက အတည်ပြု ပေးခဲ့သည့် အတွက် အီရန်နိုင်ငံ အပေါ်တွင် နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို ဖြေလျှော့ပေး ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောကြားခဲ့သည်။
အီရန်နိုင်ငံ အနေဖြင့် လိုက်နာရန် သဘောတူ ထားသော JCPOA စာချုပ်ပါ မဖြစ်မနေ ဆောင်ရွက်ရမည့် အချက်များကို ရှောင်လွှဲခဲ့ပါက အမေရိကန် အစိုးရက ပြန်လည် တုံ့ပြန်မည် ဖြစ်ကြောင်း ဂျွန်ကယ်ရီ က ထပ်လောင်း ပြောကြားသည်။
အလားတူ အီရန်နိုင်ငံ အပေါ် ချမှတ်ထားသော ပိတ်ဆို့မှုကို ရုပ်သိမ်း လိုက်သည့် ကြေညာချက်ကို အီးယူ နိုင်ငံခြားရေး နှင့် လုံခြုံရေးမူဝါဒ အကြီးအကဲ ဖက်ဒယ်ရီကာ မော့ဂါရီနီက ဇန်နဝါရီ ၁၆ ရက်တွင် ထုတ်ပြန် လိုက်ကြောင်း သိရသည်။
#PyiChitThar