Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အၾကမ္းဖက္ သမား အေလာင္းကို အင္ဒိုရြာသား အလိုမရွိ

$
0
0

ဂ်ာကာတာ ၿမိဳ႕က အၾကမ္းဖက္မႈကို ဆန္႔က်င္တဲ့ ဆႏၵျပမႈ (Credit: ABC) 
အင္ဒိုနီးရွားႏိုင္ငံ ​ဂ်ာကာတာၿမိဳ႕မွာ ​အၾကမ္းဖက္မႈ ​ျဖစ္ေပၚၿပီးတဲ့ေနာက္ ​အၾကမ္းဖက္မႈကို ​ဆန္႔က်င္တဲ့ ​ဆႏၵျပမႈေတြ ​ျပဳလုပ္ေနၾကသလို ​အၾကမ္းဖက္မႈမွာ ​ပါဝင္သူ ​တစ္ဦးရဲ့ ​အေလာင္းကိုလည္း ​ရြာသားေတြက ​ရြာထဲ ​အဝင္မခံဘူးလို႔ ​သိရပါတယ္။

အင္ဒိုနီးရွားႏိုင္ငံ ​တလႊားမွာ ​"အၾကမ္းဖက္သမားေတြ ​ငရဲေရာက္ပါေစ"၊ ​"အစၥလာမ္မစ္ ​ႏိုင္ငံ ​တည္ေထာင္ေနတာဟာ ​အင္ဒိုနီးရွားရဲ့ ​ညီညႊတ္မႈကို ​ဖ်က္ဆီးေနတဲ့အတြက္ ​အဲဒီလုပ္ရပ္ကို ​ဆန္႔က်င့္စို႔"​ဆိုတဲ့ ​စာသားေတြ ​ကိုင္ၿပီး ​ဆႏၵျပခဲ့ၾကပါတယ္။

ဂ်ာကာတာၿမိဳ႕မွာ ​ေပါက္ကြဲမႈ ​၇ ​ႀကိမ္ျဖစ္ပြားခဲ့သလို ​ေသနတ္ ​ပစ္ခတ္မႈေတြလည္း ​ျဖစ္ေပၚခဲ့ၿပီး ​စုစုေပါင္း ​လူ ​၈ ​ဦး ​ေသဆုံးခဲ့ရပါတယ္။

ေသဆုံးသူေတြထဲမွာ ​ျပည္သူ ​၄ ​ဦးပါဝင္ၿပီး ​အၾကမ္းဖက္သမားေတြနဲ႔ ​ရဲတစ္ဦးလည္း ​ပါဝင္ပါတယ္။

အေသခံ ​ဗုံးေဖာက္ခြဲတဲ့ ​အၾကမ္းဖက္ ​သမားကလည္း ​Starbucks ​ေကာ္ဖီဆိုင္မွာ ​အၾကမ္းဖက္ခဲ့ပါတယ္။

အဲဒီလို ​ဗုံးေဖာက္ခြဲမႈအတြင္း ​ေသဆုံးသြားတဲ့ ​အသက္ ​၂၅ ​ႏွစ္အရြယ္ ​Ahmad ​Muhazan ​ကို ​ေျမျမဳပ္သၿဂိဳလ္ရမွာ ​ျဖစ္ေပမယ့္လည္း ​သူ႔ရဲ့ ​ရြာသားေတြက ​အေလာင္းကို ​လက္မခံဖို႔ ​ဆႏၵျပမႈေတြ ​ရွိေနပါတယ္။

အေနာက္ဂ်ားဗား ​ျပည္နယ္က ​Indra ​Maya ​ေဒသခံေတြက ​သူတို႔ေတြဟာ ​အၾကမ္းဖက္မႈကို ​မလိုလားဘူးလို႔ ​ေျပာဆိုဆႏၵျပခဲ့ၾကေပမယ့္ ​အဲဒီအထဲမွာ ​မြတ္စလင္ ​ဘာသာေရးဆရာလည္း ​ပါဝင္ပါတယ္။

မြတ္စလင္ ​ဘာသာေရး ​ဆရာကေတာ့ ​အစၥလာမ္ဘာသာရဲ့ ​သြန္သင္မႈနဲ႔ ​ဥပေဒကို ​ဆန္႔က်င္တဲ့ ​အၾကမ္းဖက္သမားရဲ့ ​အေလာင္းကို ​အလိုမရွိဘူးလို႔ ​ေျပာပါတယ္။

ဂ်ာကာတာၿမိဳ႕မွာ ​ျဖစ္ခဲ့တဲ့ ​အၾကမ္းဖက္မႈနဲ႔ ​ဆက္စပ္ၿပီး ​ဖမ္းဆီးခံရသူ ​၁၂ ​ဦးရွိၿပီ ​ျဖစ္ပါတယ္။ ​အဲဒီအထဲက ​တစ္ေယာက္ကေတာ့ ​ဆီးရီးယားႏိုင္ငံက ​ေငြေၾကးေတြကို ​လက္ခံၿပီး ​အင္ဒိုနီးရွားႏိုင္ငံက ​အၾကမ္းဖက္ ​သမားေတြကို ​ေထာက္ပံ့ခဲ့တယ္လို႔ ​စြပ္စြဲခံေနရပါတယ္။

By Adam Harvey
ABC Radio Australia
http://www.radioaustralia.net.au/burmese
......................

ဂျာကာတာ မြို့က အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှု (Credit: ABC) 
အင်ဒိုနီးရှားနိုင်ငံ ​ဂျာကာတာမြို့မှာ ​အကြမ်းဖက်မှု ​ဖြစ်ပေါ်ပြီးတဲ့နောက် ​အကြမ်းဖက်မှုကို ​ဆန့်ကျင်တဲ့ ​ဆန္ဒပြမှုတွေ ​ပြုလုပ်နေကြသလို ​အကြမ်းဖက်မှုမှာ ​ပါဝင်သူ ​တစ်ဦးရဲ့ ​အလောင်းကိုလည်း ​ရွာသားတွေက ​ရွာထဲ ​အဝင်မခံဘူးလို့ ​သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ​တလွှားမှာ ​"အကြမ်းဖက်သမားတွေ ​ငရဲရောက်ပါစေ"၊ ​"အစ္စလာမ်မစ် ​နိုင်ငံ ​တည်ထောင်နေတာဟာ ​အင်ဒိုနီးရှားရဲ့ ​ညီညွှတ်မှုကို ​ဖျက်ဆီးနေတဲ့အတွက် ​အဲဒီလုပ်ရပ်ကို ​ဆန့်ကျင့်စို့"​ဆိုတဲ့ ​စာသားတွေ ​ကိုင်ပြီး ​ဆန္ဒပြခဲ့ကြပါတယ်။

ဂျာကာတာမြို့မှာ ​ပေါက်ကွဲမှု ​၇ ​ကြိမ်ဖြစ်ပွားခဲ့သလို ​သေနတ် ​ပစ်ခတ်မှုတွေလည်း ​ဖြစ်ပေါ်ခဲ့ပြီး ​စုစုပေါင်း ​လူ ​၈ ​ဦး ​သေဆုံးခဲ့ရပါတယ်။

သေဆုံးသူတွေထဲမှာ ​ပြည်သူ ​၄ ​ဦးပါဝင်ပြီး ​အကြမ်းဖက်သမားတွေနဲ့ ​ရဲတစ်ဦးလည်း ​ပါဝင်ပါတယ်။

အသေခံ ​ဗုံးဖောက်ခွဲတဲ့ ​အကြမ်းဖက် ​သမားကလည်း ​Starbucks ​ကော်ဖီဆိုင်မှာ ​အကြမ်းဖက်ခဲ့ပါတယ်။

အဲဒီလို ​ဗုံးဖောက်ခွဲမှုအတွင်း ​သေဆုံးသွားတဲ့ ​အသက် ​၂၅ ​နှစ်အရွယ် ​Ahmad ​Muhazan ​ကို ​မြေမြုပ်သဂြိုလ်ရမှာ ​ဖြစ်ပေမယ့်လည်း ​သူ့ရဲ့ ​ရွာသားတွေက ​အလောင်းကို ​လက်မခံဖို့ ​ဆန္ဒပြမှုတွေ ​ရှိနေပါတယ်။

အနောက်ဂျားဗား ​ပြည်နယ်က ​Indra ​Maya ​ဒေသခံတွေက ​သူတို့တွေဟာ ​အကြမ်းဖက်မှုကို ​မလိုလားဘူးလို့ ​ပြောဆိုဆန္ဒပြခဲ့ကြပေမယ့် ​အဲဒီအထဲမှာ ​မွတ်စလင် ​ဘာသာရေးဆရာလည်း ​ပါဝင်ပါတယ်။

မွတ်စလင် ​ဘာသာရေး ​ဆရာကတော့ ​အစ္စလာမ်ဘာသာရဲ့ ​သွန်သင်မှုနဲ့ ​ဥပဒေကို ​ဆန့်ကျင်တဲ့ ​အကြမ်းဖက်သမားရဲ့ ​အလောင်းကို ​အလိုမရှိဘူးလို့ ​ပြောပါတယ်။

ဂျာကာတာမြို့မှာ ​ဖြစ်ခဲ့တဲ့ ​အကြမ်းဖက်မှုနဲ့ ​ဆက်စပ်ပြီး ​ဖမ်းဆီးခံရသူ ​၁၂ ​ဦးရှိပြီ ​ဖြစ်ပါတယ်။ ​အဲဒီအထဲက ​တစ်ယောက်ကတော့ ​ဆီးရီးယားနိုင်ငံက ​ငွေကြေးတွေကို ​လက်ခံပြီး ​အင်ဒိုနီးရှားနိုင်ငံက ​အကြမ်းဖက် ​သမားတွေကို ​ထောက်ပံ့ခဲ့တယ်လို့ ​စွပ်စွဲခံနေရပါတယ်။

By Adam Harvey
ABC Radio Australia
http://www.radioaustralia.net.au/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>