Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

စနဲတြင္မီးေလာင္မႈ ျဖစ္ပြား

$
0
0

                           


 ေက်ာက္ျဖဴ၊ ဇန္န၀ါရီလ ၁၇

 ေက်ာက္ျဖဴျမိဳ႕နယ္၊ စနဲျမိဳ႕၊ ထိန္ေဒြရပ္ကြက္တြင္ ဇန္န၀ါရီလ(၁၆)ရက္ ညေန ၄ နာရီခန္႔က မီးေလာင္မႈ ျဖစ္ပြားခဲ့ျပီး ေနအိမ္ႏွစ္လံုး ဆံုးရံႈး သြားေၾကာင္းသတင္းရရွိသည္။

ထိန္ေဒြရပ္ကြက္ေန ဦးေက်ာ္သိန္း အသက္(၆၅)ႏွစ္ သည္ သူ၏ေနအိမ္ေဘး တြင္ မီးလံႈေနစဥ္အိပ္ေပ်ာ္သြား၍ အိမ္ထရံကို မီးေလာင္ရာမွ ကူးစက္ျပီး ေနာက္အိမ္ တစ္လံုးကိုပါ မီးေလာင္ကြ်မ္းသြားေၾကာင္းသိရသည္။

ညေန ၄ နာရီခန္႔က မီးစတင္ေလာင္ကြ်မ္းရာ အရံမီးသတ္တပ္ဖြဲ႔၀င္မ်ားႏွင့္ ရပ္ကြက္ေနျပည္သူမ်ား ၀ိုင္း၀န္းျငိမ္းသတ္ၾကရာ ၄ နာရီ ၄၀ နာရီခန္႔ အၾကာတြင္ မီးျငိမ္းသြားေၾကာင္း မီးသတ္ဦးစီးဌာန တ၀န္ရွိသူတစ္ဦး ကေျပာသည္။

စတင္မီးေလာင္ေသာအိမ္သည္ ပ်ဥ္ခင္း၊ ပ်ဥ္ထရံကာ၊ သြပ္မိုးအိမ္ျဖစ္ျပီး မီးကူးစက္ ေလာင္ကြ်မ္း ခံရေသာေနအိမ္မွာ ဓနိမိုးအိမ္ျဖစ္ေၾကာင္း သိရသည္။ မီးေပါ့ဆသူ ဦးေက်ာ္သိန္း အား စနဲျမိဳ႕ရဲစခန္းမွ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္းသိရသည္။

ေက်ာ္၀င္း
Arakan State
https://www.facebook.com/NarinjaraNews/

.......................................................

စနဲတွင်မီးလောင်မှု ဖြစ်ပွား


 ကျောက်ဖြူ၊ ဇန်နဝါရီလ ၁၇

 ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ထိန်ဒွေရပ်ကွက်တွင် ဇန်နဝါရီလ(၁၆)ရက် ညနေ ၄ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ်နှစ်လုံး ဆုံးရှုံး သွားကြောင်းသတင်းရရှိသည်။

ထိန်ဒွေရပ်ကွက်နေ ဦးကျော်သိန်း အသက်(၆၅)နှစ် သည် သူ၏နေအိမ်ဘေး တွင် မီးလှုံနေစဉ်အိပ်ပျော်သွား၍ အိမ်ထရံကို မီးလောင်ရာမှ ကူးစက်ပြီး နောက်အိမ် တစ်လုံးကိုပါ မီးလောင်ကျွမ်းသွားကြောင်းသိရသည်။

ညနေ ၄ နာရီခန့်က မီးစတင်လောင်ကျွမ်းရာ အရံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ ၀ိုင်းဝန်းငြိမ်းသတ်ကြရာ ၄ နာရီ ၄၀ နာရီခန့် အကြာတွင် မီးငြိမ်းသွားကြောင်း မီးသတ်ဦးစီးဌာန တဝန်ရှိသူတစ်ဦး ကပြောသည်။

စတင်မီးလောင်သောအိမ်သည် ပျဉ်ခင်း၊ ပျဉ်ထရံကာ၊ သွပ်မိုးအိမ်ဖြစ်ပြီး မီးကူးစက် လောင်ကျွမ်း ခံရသောနေအိမ်မှာ ဓနိမိုးအိမ်ဖြစ်ကြောင်း သိရသည်။ မီးပေါ့ဆသူ ဦးကျော်သိန်း အား စနဲမြို့ရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကျော်ဝင်း
Arakan State
https://www.facebook.com/NarinjaraNews/

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>