Quantcast
Channel: MP4 YoU
Viewing all articles


$
0
0

အေသင် ၊ ၁၈-၁-၂ဝ၁၆






#PyiChitThar

......................................................................

သားဖြစ်သူနှင့်အတူ ISIS အဖွဲ ့နှင့် ပူးပေါင်းရန် ကြိုးပမ်းသူ ဆွစ်ဇာလန် အမျိုးသမီးကို ဂရိအစိုးရဖမ်းဆီး


 
Swiss convert to Islam tries to take her 4-year-old son to join the Islamic State


အေသင် ၊ ၁၈-၁-၂ဝ၁၆

ဂရိအစိုးရသည် လေးနှစ်အရွယ်ရှိ သားဖြစ်သူနှင့် အတူ ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်းရန်အတွက် ဆီးရီးယားနိုင်ငံသို့ ထွက်ခွာလာသော ဆွစ်ဇာလန် အမျိုးသမီးတစ်ဦး ကို ဂရိနှင့် တူရကီနိုင်ငံ နယ်စပ်၌ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်းရန်အတွက် ကလေးငယ်ကို ပြန်ပေးဆွဲခဲ့ သည်ဟု ၄င်း၏ ခင်ပွန်းဖြစ်သူက နိုင်ငံတကာ ရဲတပ်ဖွဲ့သို့ သတင်းပေးခဲ့ ပြီးနောက် အမျိုးသမီးအား ဂရိအာဏာပိုင် များက အလက်ဇမ်ဒရို ပေါလပ်စ်မြို့ ၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အသက် ၂၉ နှစ်အရွယ် ဖရန်ဇစ်ကာ မာရယ်လ်လာ အမည်ရှိ ယင်း အမျိုးသမီးသည် အီဂျစ်နိုင်ငံသား မိုဟာမက်အမည်ရှိ အမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့ ပြီးနောက် အစ္စလာမ် ဘာသာသို့ ကူးပြောင်း ခဲ့ကြောင်း သိရသည်။

ထို့နောက် ၄င်းသည် ဝါဒဖြန့်ချိရေး သတင်း ထုတ်ပြန်ချက် များကို နားထောင်ခဲ့ပြီး နောက်ဆုံးတွင် ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့အတွက် လူသစ်စုဆောင်း သူများနှင့် ဆက်သွယ် ခဲ့ကြောင်း သိရသည်။

ယင်းနောက် ၄င်း၏ ခင်ပွန်းဖြစ်သူမှာ မွတ်စလင်အစစ် မဟုတ်ကြောင်း အစ္စလာမ်မစ် စစ်သွေးကြွ များက ဖရန်ဇစ်ကာအား စည်းရုံးသိမ်းသွင်း ခဲ့ပြီး ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်းရန် အတွက် ဆီးရီးယား နိုင်ငံသို့ လာရောက်ရန် ကမ်းလှမ်း ခဲ့သည်ဟု ခင်ပွန်းဖြစ်သူ မိုဟာမက်၏ ပြောကြားချက် အရ သိရသည်။

#PyiChitThar

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>