Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

Washington Post သတင္းေထာက္ အီရန္အက်ဥ္းေထာင္တြင္း အေတြ့အႀကံဳဖြင့္ဟ

$
0
0

အီရန္ႏုိင္ငံမွာ ၁၈ လၾကာ အက်ဥ္းက်ခံေနရစဥ္အတြင္း ၄၉ ရက္ တုိက္ပိတ္ခံခဲ့ရၿပီး အျပင္လူေတြနဲ႔လည္း အကန္႔အသတ္နဲ႔သာ ေတြ႔ဆုံခြင့္ရေၾကာင္း အီရန္ႏုိင္ငံက ျပန္လြတ္လာတဲ့ Washington Post သတင္းေထာက္ Jason Rezaian က ေျပာပါတယ္။

Rezaian ဟာ အီရန္နဲ႔ ရရွိထားတဲ့ ႏ်ဴကလီးယား သေဘာတူညီခ်က္ကုိ ေကာင္အထည္ၿပီး ရရွိခဲ့တဲ့ အက်ဥ္းသား ဖလွယ္ေရး သေဘာတူညီခ်က္နဲ႔ စေနေန႔က ျပန္လြတ္လာတဲ့ အေမရိကန္ အက်ဥ္းသား ၄ ေယာက္ထဲက တေယာက္ျဖစ္ပါတယ္။ သူဟာ အေမရိကန္ႏုိင္ငံကုိ ျပန္မလာခင္ ဂ်ာမနီေဆးရုံမွာ ေဆးကုသမႈ ခံယူရင္း Washington Post သတင္းစာရဲ႕ အႀကီးတန္း အယ္ဒီတာေတြနဲ႔ မ်က္ႏွာခ်င္းဆုိင္ ေတြ႔ဆုံခဲ့ပါတယ္။

သူ႔အေနနဲ႔ ရုပ္ပုိင္းဆုိင္ရာအရ က်န္းမာလွ်က္ရွိတယ္ဆုိတာကုိ လူေတြ သိေစလုိေၾကာင္း၊ သူ႔အေၾကာင္း သိခ်င္ၾကတဲ့သူေတြ ရွိေနတယ္ဆုိတာ သိရတဲ့အတြက္ အခုုလို ေျပာဆုိျခင္းျဖစ္ေၾကာင္း၊ ဒါေပမယ့္ သူ႔ရဲ႕ ျဖစ္ရပ္ကုိ ျပန္ေျပာျပႏုိင္ဖုိ႔အတြက္ သူ႔အေနနဲ႔ အခ်ိန္ယူလိုတယ္လုိ႔ Rezaian က ေျပာပါတယ္။

Rezaian ကုိ သူလွ်ဳိမႈနဲ႔ အီရန္အာဏာပုိင္ေတြက ၂၀၁၄ ခုႏွစ္မွာ ဖမ္းဆီး ထိန္းသိမ္းလုိက္တာျဖစ္ပါတယ္။ ဒါေပမယ့္ Washington Post သတင္းစာနဲ႔ သမၼတ အုိဘားမားအစုိးရကေတာ့ အဲဒီ စြပ္စြဲခ်က္ဟာ လုံး၀ မျဖစ္ႏုိင္တဲ့အေၾကာင္း ေျပာပါတယ္။

ဗြီအိုုေအ (ျမန္မာဌာန)
http://burmese.voanews.com

.............................................................

Washington Post သတင်းထောက် အီရန်အကျဉ်းထောင်တွင်း အတွေ့အကြုံဖွင့်ဟ


အီရန်နိုင်ငံမှာ ၁၈ လကြာ အကျဉ်းကျခံနေရစဉ်အတွင်း ၄၉ ရက် တိုက်ပိတ်ခံခဲ့ရပြီး အပြင်လူတွေနဲ့လည်း အကန့်အသတ်နဲ့သာ တွေ့ဆုံခွင့်ရကြောင်း အီရန်နိုင်ငံက ပြန်လွတ်လာတဲ့ Washington Post သတင်းထောက် Jason Rezaian က ပြောပါတယ်။

Rezaian ဟာ အီရန်နဲ့ ရရှိထားတဲ့ နျူကလီးယား သဘောတူညီချက်ကို ကောင်အထည်ပြီး ရရှိခဲ့တဲ့ အကျဉ်းသား ဖလှယ်ရေး သဘောတူညီချက်နဲ့ စနေနေ့က ပြန်လွတ်လာတဲ့ အမေရိကန် အကျဉ်းသား ၄ ယောက်ထဲက တယောက်ဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံကို ပြန်မလာခင် ဂျာမနီဆေးရုံမှာ ဆေးကုသမှု ခံယူရင်း Washington Post သတင်းစာရဲ့ အကြီးတန်း အယ်ဒီတာတွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပါတယ်။

သူ့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာအရ ကျန်းမာလျှက်ရှိတယ်ဆိုတာကို လူတွေ သိစေလိုကြောင်း၊ သူ့အကြောင်း သိချင်ကြတဲ့သူတွေ ရှိနေတယ်ဆိုတာ သိရတဲ့အတွက် အခုုလို ပြောဆိုခြင်းဖြစ်ကြောင်း၊ ဒါပေမယ့် သူ့ရဲ့ ဖြစ်ရပ်ကို ပြန်ပြောပြနိုင်ဖို့အတွက် သူ့အနေနဲ့ အချိန်ယူလိုတယ်လို့ Rezaian က ပြောပါတယ်။

Rezaian ကို သူလျှိုမှုနဲ့ အီရန်အာဏာပိုင်တွေက ၂၀၁၄ ခုနှစ်မှာ ဖမ်းဆီး ထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် Washington Post သတင်းစာနဲ့ သမ္မတ အိုဘားမားအစိုးရကတော့ အဲဒီ စွပ်စွဲချက်ဟာ လုံးဝ မဖြစ်နိုင်တဲ့အကြောင်း ပြောပါတယ်။

ဗွီအိုုအေ (မြန်မာဌာန)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>