ဒူဘိုင်း ဇန်နဝါရီ ၁၈
အဆိုပါမြို့၌ လုံခြုံရေးတပ်များ ကို ပစ်မှတ်ထား၍ အရှိန်မြှင့်တိုက် ခိုက်လျက်ရှိရာ ဇန်နဝါရီ ၄ ရက်က ယာဉ်တန်းကို ကားဗုံးခွဲတိုက်ခိုက်မှု အတွင်း အသက်မသေဘဲ ကျန်ရစ် နေသည့် ဗိုလ်မှူးချုပ် ရှာလာအလီ ရှာယက်၏ သက်တော်စောင့်လေးဦး သေဆုံးသွားခဲ့သည်။
(ရိုက်တာ)
Myanmaalinn
.......................................................
ယီမင်တောင်ပိုင်းဆိပ်ကမ်းမြို့တွင် အသေခံကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် လေးဦးသေဆုံး
ဒူဘိုင်း ဇန်နဝါရီ ၁၈
ယီမင်နိုင်ငံတောင်ပိုင်းဆိပ်ကမ်း အေဒင်မြို့တွင် တနင်္ဂနွေနေ့က လုံခြုံရေးညွှန်ကြားရေးမှူး နေအိမ်အပြင်ဘက်၌ အသေခံ ကားဗုံးခွဲတိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ လေးဦးပွဲချင်းပြီးသေဆုံး၍ အချို့ဒဏ်ရာရရှိသွားခဲ့ကြောင်း မျက်မြင် တွေ့ရှိသူများနှင့် ဆေးအဖွဲ့က ပြော သည်။
အဆိုပါမြို့၌ လုံခြံုရေးတပ်များ ကို ပစ်မှတ်ထား၍ အရှိန်မြှင့်တိုက် ခိုက်လျက်ရှိရာ ဇန်နဝါရီ ၄ ရက်က ယာဉ်တန်းကို ကားဗုံးခွဲတိုက်ခိုက်မှု အတွင်း အသက်မသေဘဲ ကျန်ရစ် နေသည့် ဗိုလ်မှူးချုပ် ရှာလာအလီ ရှာယက်၏ သက်တော်စောင့်လေးဦး သေဆုံးသွားခဲ့သည်။
သမ္မတမန်ဆာဟာဒီ၏ အစိုးရ အနေဖြင့် ဆော်ဒီဦးဆောင်သော စစ်မဟာမိတ် ထောက်ခံသော တိုက်ခိုက်ရေးသမားများအား ထိန်း ချုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
ယီမင်နိုင်ငံတွင် လွန်ခဲ့သော ကိုးလကြာစစ်ပွဲအတွင်း မြေပြင်နှင့် ဝေဟင် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၆ဝဝဝ ခန့် သေဆုံးခဲ့ရ သည်။
(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS