Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

တူရကီ စီးပြားေရး ထင္မွတ္ထားသည္ထက္ ပုိမုိထိခိုက္ေစသည့္ ႐ုရွားအစုိးရ၏ ပိတ္ဆုိ႔မႈ

$
0
0

< သင္းေအာင္ >

႐ုရွားႏွင့္ တူရကီႏုိင္ငံမ်ား အၾကား ဆက္ဆံေရး တင္းမာမႈ၏ ေနာက္ဆက္တြဲ အက်ဳိးဆက္အျဖစ္ ထြက္ေပၚလာ ခဲ့သည့္ ႐ုရွားအစိုးရ၏ စီးပြားေရး ပိတ္ဆုိ႔မႈသည္ ယခုအခါ တူရကီႏုိင္ငံ၏ စီးပြားေရးကုိ ထင္ထားသည္ထက္ ပုိ၍ အထိနာလ်က္ ရွိသည္။

႐ုရွားႏုိင္ငံ၏ စီးပြားေရး ပိတ္ဆုိ႔မႈေၾကာင့္ တူရကီႏုိင္ငံသည္ တစ္ႏွစ္လွ်င္ အေမရိကန္ ေဒၚလာ ၁၂ ဘီလီယံေက်ာ္ ဆံုး႐ံႈးေနၿပီး ယင္းပမာဏမွာ တူရကီအစိုးရမွ ခန္႔မွန္းထားသည့္ ပမာဏထက္ ေလးဆပုိမုိ မ်ားျပားလ်က္ ရွိသည္။ ႏွစ္ႏုိင္ငံ ဆက္ဆံေရး ေကာင္းမြန္စဥ္ က ႐ုရွားႏုိင္ငံသည္ တူရကီႏုိင္ငံမွ အသီးအႏွံႏွင့္ ဟင္းသီးဟင္းရြက္ ၆ဝ ရာခုိင္ႏႈန္းကုိ ဝယ္ယူခဲ႔ ေသာ္လည္း စီးပြားေရး ပိတ္ဆုိ႔ခဲ့ၿပီး ေနာက္ ႐ုရွား အစိုးရသည္ အဆုိပါ အသီးအႏွံ ႏွင့္ ဟင္းသီးဟင္းရြက္ မ်ား တင္သြင္းျခင္းကုိ ရပ္တန္႔လုိက္႐ုံ သာမက တူရကီ စားေသာက္ကုန္ ပစၥည္းတင္သြင္းမႈ ကုိပါ တားျမစ္လုိက္ရာ တူရကီအစိုးရ အဖို႔ ႏုိင္ငံဘ႑ာ အျဖစ္ အေမရိကန္ ေဒၚလာ ၇၆၄ သန္းခန္႔ နစ္နာခဲ့ရသည္ ဟု တူရကီ စုိက္ပ်ဳိးေရး ဝန္ႀကီးက ေျပာသည္။

ထုိ႔ျပင္ ႐ုရွားအစိုးရသည္ ၄င္းတုိ႔၏ ႏုိင္ငံသားမ်ားအား တူရကီႏုိင္ငံ သုိ႔ အေပ်ာ္ခရီး သြားေရာက္ျခင္း ကုိ ပိတ္ပင္လုိက္ျခင္း ေၾကာင့္ ခရီးသြားလာေရး လုပ္ငန္းအေပၚ အမွီသဟဲ ျပဳေနရသည့္ တူရကီႏုိင္ငံ အတြင္းရွိ ေစ်းဆုိင္မ်ား၊ အငွား ယာဥ္ေမာင္းမ်ား၊ လမ္းေဘး ေစ်းသည္မ်ားမွာ အခက္အခဲမ်ား ႏွင့္ႀကံဳေတြ႕ ခဲ႔ရၿပီး ေစ်းဆုိင္ အမ်ားအျပားမွာ ပိတ္ပစ္ရသည္ အထိ အေျခအေန ဆုိးရြားခဲ့ေၾကာင္း တူရကီ စီးပြားေရး လုပ္ငန္းရွင္ ေဇဖာဆြိဳင္းလူ က ေျပာခဲ့သည္။ ႏွစ္ႏုိင္ငံ ဆက္ဆံေရး ေကာင္းမြန္ခဲ့သည့္ ၂ဝ၁၄ ခုႏွစ္ တစ္ႏွစ္ အတြင္းမွာပင္ တူရကီႏုိင္ငံ သုိ႔ ႐ုရွားခရီးသည္ ၄ ဒသမ ၅ သန္း ဝင္ေရာက္ လာခဲ့ျခင္း ေၾကာင့္ ခရီးသြား လုပ္ငန္းမွ ႏုိင္ငံအတြက္ ျပည္ပဝင္ေငြ အေျမာက္အျမား ရွာေဖြေပး ႏုိင္ခဲ့သည္။ သုိ႔ရာတြင္ ခရီးသြားလာျခင္း အေပၚ ႐ုရွားအစိုးရမွ ပိတ္ပင္လုိက္ သျဖင့္ တူရကီႏုိင္ငံ အေနျဖင့္ ယင္းလုပ္ငန္းမွ တစ္ႏွစ္လွ်င္ အေမရိကန္ ေဒၚလာ ၃ ဘီလီယံ ေက်ာ္ ဆံုး႐ႈံးခဲ့ရသည္။

တူရကီအစိုးရ အတြက္ အဆုိးရြားဆံုး ထိခုိက္နစ္နာ ေစသည့္က႑ တစ္ရပ္မွာ ကုန္သြယ္ေရးႏွင့္ ဘ႑ာေရး က႑ျဖစ္ၿပီး ႏုိင္ငံအေပၚ ခ်မွတ္ထားသည့္ ႐ုရွား၏ စီးပြားေရး ပိတ္ဆုိ႔မႈေၾကာင့္ တူရကီႏုိင္ငံ အေနျဖင့္ အနည္းဆံုး တစ္ႏွစ္လွ်င္ အေမရိကန္ ေဒၚလာ ၄ ဒသမ ၄ ဘီလီယံ၊ အမ်ားဆံုး အေမရိကန္ ေဒၚလာ ၇ ဒသမ ၃ ဘီလီယံခန္႔ အထိ ဆံုး႐ႈံးနစ္နာ မည္ ျဖစ္သည္။

တူရကီႏုိင္ငံသည္ ယခင္က ႐ုရွားႏုိင္ငံ၏ အႀကီးမားဆံုး ကုန္သြယ္ဖက္ ႏုိင္ငံ တစ္ႏုိင္ငံအျဖစ္ ရပ္တည္ခဲ့ၿပီး တူရကီ အစိုးရသည္ ၂ဝ၁၄ ခုႏွစ္အတြင္း ႐ုရွားႏုိင္ငံသုိ႔ အေမရိကန္  ေဒၚလာ ၅ ဒသမ ၉ ဘီလီယံ တန္ဖုိးရွိ ကုန္ပစၥည္းမ်ားကုိ တင္ပုိ႔ခဲ့ၿပီး ယင္းႏုိင္ငံမွ ကုန္ပစၥည္း မ်ားကုိ အေမရိကန္ ေဒၚလာ ၂၅ ဒသမ ၂ ဘီလီယံခန္႔ အထိ ျပန္လည္ တင္သြင္းခဲ့သည္။ ထုိ႔ျပင္ တူရကီႏုိင္ငံ အေနျဖင့္ ႐ုရွားႏုိင္ငံႏွင့္ ကုန္သြယ္မႈကုိ ၂ဝ၂၃ ခုႏွစ္ အေရာက္တြင္ အေမရိကန္ ေဒၚလာ ၁ဝဝ ဘီလီယံအထိ တုိးျမႇင့္ရန္ ဆႏၵရွိေၾကာင္း ၂ဝ၁၅ ခုႏွစ္ စက္တင္ဘာလ က က်င္းပခဲ႔ေသာ ႏွစ္ႏုိင္ငံ သမၼတမ်ား အၾကား ေဆြးေႏြးပြဲတြင္ ထုတ္ေဖာ္ေျပာၾကား ခဲ့သည္။ သုိ႔ေသာ္ အဆုိပါ ေမွ်ာ္လင္႔ခ်က္မွာ ပ်က္သုဥ္းသြား ခဲ့ၿပီျဖစ္သည္။ တူရကီႏုိင္ငံ သည္ ႐ုရွားႏုိင္ငံမွ ထြက္ရွိသည့္ ဂ်ံဳကုိ အမ်ားဆံုး ဝယ္ယူတင္သြင္း ေနသည့္ႏုိင္ငံ ျဖစ္ေသာေၾကာင့္ ယခုအခါ ၄င္းတုိ႔အေနျဖင့္ ႏုိင္ငံအတြင္း လုိအပ္သည့္ ဂ်ံဳမ်ားကုိ တျခားႏုိင္ငံမ်ားမွ ဝယ္ယူ ေနရၿပီ ျဖစ္သည္။

ထုိမွ်သာမက ႐ုရွားႏုိင္ငံက စီးပြားေရး ပိတ္ဆုိ႔လုိက္ၿပီး ေနာက္တြင္ တူရကီႏုိင္ငံသုိ႔ ၄င္းတုိ႔ ယခင္က ပံုမွန္ ေပးအပ္လ်က္ ရွိသည့္ ဓာတ္ေငြ႕မ်ားကုိ ရပ္ဆုိင္းလုိက္ရာ ယခုအခါ ႐ုရွားအစိုးရ၏ လုပ္ေဆာင္ခ်က္မွာ တူရကီႏုိင္ငံ ၏ စီးပြားေရးကုိ အႀကီးအက်ယ္  ၿခိမ္းေျခာက္မည့္ အေျခအေနတြင္ ရွိေနသည္။ ထုိ႔ေၾကာင့္ တူရကီ အစိုးရမွာ ေလာင္စာအတြက္ တည္ၿငိမ္မႈ ပ်က္ျပားေနၿပီး ေဝးကြာသည့္ ႏုိင္ငံမ်ားမွ စြန္႔စြန္႔စားစား ျဖင့္ ဝယ္ယူရန္ စဥ္းစားေနရၿပီ ျဖစ္သည္။ အလားတူ ႐ုရွားအစုိးရက ခ်မွတ္ထားေသာ စီးပြားေရး ပိတ္ဆုိ႔မႈအရ ႐ုရွားႏုိင္ငံအတြင္း ရွိ တူရကီကုမၸဏီမ်ား အေနျဖင့္ လုပ္ငန္း လည္ပတ္ခြင္႔ သာမက သယ္ယူ ပုိ႔ေဆာင္ခြင့္ မ်ားပါ ပိတ္ပင္ခံရၿပီး တူရကီပုိင္ သေဘၤာ မ်ားမွာလည္း ႐ုရွားသေဘၤာဆိပ္ ႏွင့္ဆိပ္ကမ္း မ်ားသုိ႔ ဆုိက္ကပ္ခြင့္ ဆံုး႐ႈံးခဲ႔ရၿပီး ျဖစ္သည္။

တူရကီႏုိင္ငံ အတြက္ ရတက္မေအး ေစသည့္ ေနာက္တစ္ခ်က္မွာ ႐ုရွားႏုိင္ငံ အတြင္းရွိ တူရကီ လုပ္သားမ်ား အေရးပင္ ျဖစ္သည္။ ႐ုရွားသမၼတ ဗလာဒီမာပူတင္ က ႏုိင္ငံအတြင္းရွိ စီးပြားေရး လုပ္ငန္းမ်ား၊ စားေသာက္ကုန္ လုပ္ငန္းမ်ားႏွင့္ ေဆာက္လုပ္ေရး လုပ္ငန္းမ်ား တြင္ တူရကီ ႏုိင္ငံသားမ်ားအား အလုပ္ ခန္႔အပ္ျခင္းမွ တားျမစ္ လုိက္ေသာေၾကာင့္ ၄င္းႏုိင္ငံအတြင္းရွိ တူရကီ အလုပ္သမား မ်ားႏွင့္ ၄င္းတုိ႔အေပၚ မွီခုိေနရသည့္ မိသားစုဝင္ မ်ားမွာ အလုပ္လက္မဲ့ ျဖစ္ခဲ့ရသည္။ သုိ႔ရာတြင္ ႐ုရွားစီးပြားေရး လုပ္ငန္းမ်ားသည္ ၄င္းတုိ႔ လုိအပ္သည့္ လုပ္သား အင္အားစုမ်ားကုိ ဗဟုိအာရွႏွင့္ ယခင္ ဆုိဗီယက္ ျပည္ေထာင္စု ေဟာင္းႏုိင္ငံမ်ားမွ အလြယ္တကူ ရရွိႏုိင္ေသာ

ေၾကာင့္ ပူတင္အစိုးရ၏ အဆုိပါ လုပ္ေဆာင္ခ်က္ သည္ တူရကီႏုိင္ငံ ကုိသာ အမ်ားဆံုး အထိနာ ေစခဲ့သည္။ ထုိ႔ျပင္ ႏွစ္ႏုိင္ငံ ပူးေပါင္း လုပ္ေဆာင္မည့္ စီးပြားေရး စီမံကိန္းမ်ားႏွင့္ ပုိက္လုိင္း တည္ေဆာက္မႈ စီမံကိန္းမ်ားကုိ လည္း ႐ုရွားအစိုးရက ဖ်တ္သိမ္း ပစ္လုိက္ျခင္း သည္ နဂုိကပင္ ယုိင္နဲ႔ေနသည့္ တူရကီ စီးပြားေရး အတြက္ ေျမြပူရာ ကင္းေမွာင့္ သကဲ့သုိ႔ ျဖစ္လာေစခဲ့သည္။

အေရွ႕ အလယ္ပုိင္း၌ ISIS စစ္ေသြးၾကြ မ်ား၏ နယ္ေျမသိမ္းပုိက္မႈ မ်ားေၾကာင့္ တူရကီႏုိင္ငံ အတြင္းသုိ႔ ဒုကၡသည္ အမ်ားအျပား ဝင္ေရာက္လာၿပီး ေနာက္ပုိင္းတြင္ ႏုိင္ငံ၏ လီရာေငြေၾကး တန္ဖုိးမွာ က်ဆင္း လာခဲ့သည့္အျပင္ ထုိအခ်ိန္မွ စ၍ တူရကီႏုိင္ငံ သည္ ေငြေၾကး ေဖာင္းပြမႈ ဒဏ္ကုိ ရင္ဆုိင္ ေနခဲ့ရသည္။

ယခင္က ခ်စ္ၾကည္ရင္းႏွီးစြာ ဆက္ဆံလာ ခဲ့သည့္ တူရကီႏွင့္႐ုရွား ႏုိင္ငံတုိ႔အၾကား တင္းမာမႈမ်ားသည္ တူရကီႏုိင္ငံမွ Su-24 အမ်ဳိးအစား ႐ုရွား ဗံုးႀကဲေလယာဥ္ တစ္စင္းကုိ ၿပီးခဲ့သည့္ႏွစ္ ႏုိဝင္ဘာလ အတြင္းက ဆီးရီးယား နယ္စပ္တြင္ ပစ္ခ်ခဲ့ၿပီးေနာက္ စတင္ျဖစ္ပြား လာခဲ့ျခင္းျဖစ္သည္။ အဆုိပါ ကိစၥရပ္ႏွင့္ စပ္လ်ဥ္း၍ တစ္ဖက္ႏွင္႔ တစ္ဖက္ ျပစ္တင္ခဲ့ၾကၿပီး တစ္ဖက္ကို တစ္ဖက္ အေလွ်ာ့ေပးခဲ့ျခင္း မရွိေသာေၾကာင့္ ေနာက္ဆံုးတြင္ ႏွစ္ႏုိင္ငံ ဆက္ဆံေရးမွာ အဆုိးရြားဆံုး အဆင့္သုိ႔ ေရာက္ရွိခဲ့ရသည္။

ႏုိင္ငံေရးအရ ၾကည့္မည္ဆုိပါက တူရကီ ႏုိင္ငံသည္ ေနတုိးအဖြဲ႕ဝင္ ႏုိင္ငံတစ္ႏုိင္ငံ ျဖစ္ၿပီး အေမရိ ကန္ ျပည္ေထာင္စု၏ မဟာမိတ္ ႏုိင္ငံတစ္ႏုိင္ငံ မွ်သာျဖစ္သည္။ တျခား တစ္ဖက္တြင္ ႐ုရွားႏုိင္ငံသည္ လႊမ္းမုိး ႏုိင္စြမ္းရွိသည့္ အင္အားႀကီး ႏုိင္ငံတစ္ႏုိင္ငံ အျဖစ္ ရပ္တည္လ်က္ ရွိသည့္အျပင္ စီးပြားေရး အရ အေတာ္အတန္ ေတာင္႔တင္း ေသာေၾကာင့္ တူရကီႏုိင္ငံအေပၚ ႐ုရွားအစိုးရက ခ်မွတ္ခဲ့သည့္ စီးပြားေရး ပိတ္ဆုိ႔မႈ မ်ားသည္ တူရကီ စီးပြားေရး အေပၚ ဆက္လက္၍ ဆုိးက်ဳိးျဖစ္ ေပၚ ေစမည္ ျဖစ္သည္။ ထုိ႔ျပင္ ႏုိင္ငံအတြင္း ျမႇင္႔တက္ ျဖစ္ေပၚလ်က္ ရွိသည့္ ISIS စစ္ေသြးၾကြ တုိ႔၏ အၾကမ္းဖက္ တုိက္ခုိက္မႈ၊ ကာ႔ဒ္ခြဲထြက္ေရး သမားမ်ား၏ တုိက္ခုိက္မႈ မ်ားေၾကာင့္ ႏုိင္ငံျခားသား ခရီးသြား ေသဆံုးမႈမ်ား ျဖစ္ပြား လာျခင္းသည္ တူရကီႏုိင္ငံအား ဘ႑ာေငြ အေျမာက္အျမား ရွာေဖြေပး ေနသည့္ ခရီးသြားလုပ္ငန္း အတြက္ အိပ္မက္ဆုိး ႀကီးတစ္ခု အျဖစ္ ဆက္လက္ ၿခိမ္းေျခာက္ ေနဦးမည္ ျဖစ္သည္။

#PyiChitThar

...........................................................................

တူရကီ စီးပွားရေး ထင်မှတ်ထားသည်ထက် ပိုမိုထိခိုက်စေသည့် ရုရှားအစိုးရ၏ ပိတ်ဆို့မှု


< သင်းအောင် >

ရုရှားနှင့် တူရကီနိုင်ငံများ အကြား ဆက်ဆံရေး တင်းမာမှု၏ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ထွက်ပေါ်လာ ခဲ့သည့် ရုရှားအစိုးရ၏ စီးပွားရေး ပိတ်ဆို့မှုသည် ယခုအခါ တူရကီနိုင်ငံ၏ စီးပွားရေးကို ထင်ထားသည်ထက် ပို၍ အထိနာလျက် ရှိသည်။

ရုရှားနိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် တူရကီနိုင်ငံသည် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံကျော် ဆုံးရှုံးနေပြီး ယင်းပမာဏမှာ တူရကီအစိုးရမှ ခန့်မှန်းထားသည့် ပမာဏထက် လေးဆပိုမို များပြားလျက် ရှိသည်။ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်စဉ် က ရုရှားနိုင်ငံသည် တူရကီနိုင်ငံမှ အသီးအနှံနှင့် ဟင်းသီးဟင်းရွက် ၆ဝ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ သော်လည်း စီးပွားရေး ပိတ်ဆို့ခဲ့ပြီး နောက် ရုရှား အစိုးရသည် အဆိုပါ အသီးအနှံ နှင့် ဟင်းသီးဟင်းရွက် များ တင်သွင်းခြင်းကို ရပ်တန့်လိုက်ရုံ သာမက တူရကီ စားသောက်ကုန် ပစ္စည်းတင်သွင်းမှု ကိုပါ တားမြစ်လိုက်ရာ တူရကီအစိုးရ အဖို့ နိုင်ငံဘဏ္ဍာ အဖြစ် အမေရိကန် ဒေါ်လာ ရ၆၄ သန်းခန့် နစ်နာခဲ့ရသည် ဟု တူရကီ စိုက်ပျိုးရေး ဝန်ကြီးက ပြောသည်။

ထို့ပြင် ရုရှားအစိုးရသည် ၄င်းတို့၏ နိုင်ငံသားများအား တူရကီနိုင်ငံ သို့ အပျော်ခရီး သွားရောက်ခြင်း ကို ပိတ်ပင်လိုက်ခြင်း ကြောင့် ခရီးသွားလာရေး လုပ်ငန်းအပေါ် အမှီသဟဲ ပြုနေရသည့် တူရကီနိုင်ငံ အတွင်းရှိ စျေးဆိုင်များ၊ အငှား ယာဉ်မောင်းများ၊ လမ်းဘေး စျေးသည်များမှာ အခက်အခဲများ နှင့်ကြုံတွေ့ ခဲ့ရပြီး စျေးဆိုင် အများအပြားမှာ ပိတ်ပစ်ရသည် အထိ အခြေအနေ ဆိုးရွားခဲ့ကြောင်း တူရကီ စီးပွားရေး လုပ်ငန်းရှင် ဇေဖာဆွိုင်းလူ က ပြောခဲ့သည်။ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ခဲ့သည့် ၂ဝ၁၄ ခုနှစ် တစ်နှစ် အတွင်းမှာပင် တူရကီနိုင်ငံ သို့ ရုရှားခရီးသည် ၄ ဒသမ ၅ သန်း ဝင်ရောက် လာခဲ့ခြင်း ကြောင့် ခရီးသွား လုပ်ငန်းမှ နိုင်ငံအတွက် ပြည်ပဝင်ငွေ အမြောက်အမြား ရှာဖွေပေး နိုင်ခဲ့သည်။ သို့ရာတွင် ခရီးသွားလာခြင်း အပေါ် ရုရှားအစိုးရမှ ပိတ်ပင်လိုက် သဖြင့် တူရကီနိုင်ငံ အနေဖြင့် ယင်းလုပ်ငန်းမှ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ကျော် ဆုံးရှုံးခဲ့ရသည်။

တူရကီအစိုးရ အတွက် အဆိုးရွားဆုံး ထိခိုက်နစ်နာ စေသည့်ကဏ္ဍ တစ်ရပ်မှာ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ကဏ္ဍဖြစ်ပြီး နိုင်ငံအပေါ် ချမှတ်ထားသည့် ရုရှား၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် တူရကီနိုင်ငံ အနေဖြင့် အနည်းဆုံး တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံ၊ အများဆုံး အမေရိကန် ဒေါ်လာ ရ ဒသမ ၃ ဘီလီယံခန့် အထိ ဆုံးရှုံးနစ်နာ မည် ဖြစ်သည်။

တူရကီနိုင်ငံသည် ယခင်က ရုရှားနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး တူရကီ အစိုးရသည် ၂ဝ၁၄ ခုနှစ်အတွင်း ရုရှားနိုင်ငံသို့ အမေရိကန်  ဒေါ်လာ ၅ ဒသမ ၉ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများကို တင်ပို့ခဲ့ပြီး ယင်းနိုင်ငံမှ ကုန်ပစ္စည်း များကို အမေရိကန် ဒေါ်လာ ၂၅ ဒသမ ၂ ဘီလီယံခန့် အထိ ပြန်လည် တင်သွင်းခဲ့သည်။ ထို့ပြင် တူရကီနိုင်ငံ အနေဖြင့် ရုရှားနိုင်ငံနှင့် ကုန်သွယ်မှုကို ၂ဝ၂၃ ခုနှစ် အရောက်တွင် အမေရိကန် ဒေါ်လာ ၁ဝဝ ဘီလီယံအထိ တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ က ကျင်းပခဲ့သော နှစ်နိုင်ငံ သမ္မတများ အကြား ဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောကြား ခဲ့သည်။ သို့သော် အဆိုပါ မျှော်လင့်ချက်မှာ ပျက်သုဉ်းသွား ခဲ့ပြီဖြစ်သည်။ တူရကီနိုင်ငံ သည် ရုရှားနိုင်ငံမှ ထွက်ရှိသည့် ဂျံုကို အများဆုံး ဝယ်ယူတင်သွင်း နေသည့်နိုင်ငံ ဖြစ်သောကြောင့် ယခုအခါ ၄င်းတို့အနေဖြင့် နိုင်ငံအတွင်း လိုအပ်သည့် ဂျံုများကို တခြားနိုင်ငံများမှ ဝယ်ယူ နေရပြီ ဖြစ်သည်။

ထိုမျှသာမက ရုရှားနိုင်ငံက စီးပွားရေး ပိတ်ဆို့လိုက်ပြီး နောက်တွင် တူရကီနိုင်ငံသို့ ၄င်းတို့ ယခင်က ပုံမှန် ပေးအပ်လျက် ရှိသည့် ဓာတ်ငွေ့များကို ရပ်ဆိုင်းလိုက်ရာ ယခုအခါ ရုရှားအစိုးရ၏ လုပ်ဆောင်ချက်မှာ တူရကီနိုင်ငံ ၏ စီးပွားရေးကို အကြီးအကျယ်  ခြိမ်းခြောက်မည့် အခြေအနေတွင် ရှိနေသည်။ ထို့ကြောင့် တူရကီ အစိုးရမှာ လောင်စာအတွက် တည်ငြိမ်မှု ပျက်ပြားနေပြီး ဝေးကွာသည့် နိုင်ငံများမှ စွန့်စွန့်စားစား ဖြင့် ဝယ်ယူရန် စဉ်းစားနေရပြီ ဖြစ်သည်။ အလားတူ ရုရှားအစိုးရက ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုအရ ရုရှားနိုင်ငံအတွင်း ရှိ တူရကီကုမ္ပဏီများ အနေဖြင့် လုပ်ငန်း လည်ပတ်ခွင့် သာမက သယ်ယူ ပို့ဆောင်ခွင့် များပါ ပိတ်ပင်ခံရပြီး တူရကီပိုင် သင်္ဘော များမှာလည်း ရုရှားသင်္ဘောဆိပ် နှင့်ဆိပ်ကမ်း များသို့ ဆိုက်ကပ်ခွင့် ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။

တူရကီနိုင်ငံ အတွက် ရတက်မအေး စေသည့် နောက်တစ်ချက်မှာ ရုရှားနိုင်ငံ အတွင်းရှိ တူရကီ လုပ်သားများ အရေးပင် ဖြစ်သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင် က နိုင်ငံအတွင်းရှိ စီးပွားရေး လုပ်ငန်းများ၊ စားသောက်ကုန် လုပ်ငန်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ တွင် တူရကီ နိုင်ငံသားများအား အလုပ် ခန့်အပ်ခြင်းမှ တားမြစ် လိုက်သောကြောင့် ၄င်းနိုင်ငံအတွင်းရှိ တူရကီ အလုပ်သမား များနှင့် ၄င်းတို့အပေါ် မှီခိုနေရသည့် မိသားစုဝင် များမှာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။ သို့ရာတွင် ရုရှားစီးပွားရေး လုပ်ငန်းများသည် ၄င်းတို့ လိုအပ်သည့် လုပ်သား အင်အားစုများကို ဗဟိုအာရှနှင့် ယခင် ဆိုဗီယက် ပြည်ထောင်စု ဟောင်းနိုင်ငံများမှ အလွယ်တကူ ရရှိနိုင်သော

ကြောင့် ပူတင်အစိုးရ၏ အဆိုပါ လုပ်ဆောင်ချက် သည် တူရကီနိုင်ငံ ကိုသာ အများဆုံး အထိနာ စေခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်မည့် စီးပွားရေး စီမံကိန်းများနှင့် ပိုက်လိုင်း တည်ဆောက်မှု စီမံကိန်းများကို လည်း ရုရှားအစိုးရက ဖျတ်သိမ်း ပစ်လိုက်ခြင်း သည် နဂိုကပင် ယိုင်နဲ့နေသည့် တူရကီ စီးပွားရေး အတွက် မြွေပူရာ ကင်းမှောင့် သကဲ့သို့ ဖြစ်လာစေခဲ့သည်။

အရှေ့ အလယ်ပိုင်း၌ ISIS စစ်သွေးကြွ များ၏ နယ်မြေသိမ်းပိုက်မှု များကြောင့် တူရကီနိုင်ငံ အတွင်းသို့ ဒုက္ခသည် အများအပြား ဝင်ရောက်လာပြီး နောက်ပိုင်းတွင် နိုင်ငံ၏ လီရာငွေကြေး တန်ဖိုးမှာ ကျဆင်း လာခဲ့သည့်အပြင် ထိုအချိန်မှ စ၍ တူရကီနိုင်ငံ သည် ငွေကြေး ဖောင်းပွမှု ဒဏ်ကို ရင်ဆိုင် နေခဲ့ရသည်။

ယခင်က ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလာ ခဲ့သည့် တူရကီနှင့်ရုရှား နိုင်ငံတို့အကြား တင်းမာမှုများသည် တူရကီနိုင်ငံမှ Su-24 အမျိုးအစား ရုရှား ဗုံးကြဲလေယာဉ် တစ်စင်းကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်းက ဆီးရီးယား နယ်စပ်တွင် ပစ်ချခဲ့ပြီးနောက် စတင်ဖြစ်ပွား လာခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကိစ္စရပ်နှင့် စပ်လျဉ်း၍ တစ်ဖက်နှင့် တစ်ဖက် ပြစ်တင်ခဲ့ကြပြီး တစ်ဖက်ကို တစ်ဖက် အလျှော့ပေးခဲ့ခြင်း မရှိသောကြောင့် နောက်ဆုံးတွင် နှစ်နိုင်ငံ ဆက်ဆံရေးမှာ အဆိုးရွားဆုံး အဆင့်သို့ ရောက်ရှိခဲ့ရသည်။

နိုင်ငံရေးအရ ကြည့်မည်ဆိုပါက တူရကီ နိုင်ငံသည် နေတိုးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အမေရိ ကန် ပြည်ထောင်စု၏ မဟာမိတ် နိုင်ငံတစ်နိုင်ငံ မျှသာဖြစ်သည်။ တခြား တစ်ဖက်တွင် ရုရှားနိုင်ငံသည် လွှမ်းမိုး နိုင်စွမ်းရှိသည့် အင်အားကြီး နိုင်ငံတစ်နိုင်ငံ အဖြစ် ရပ်တည်လျက် ရှိသည့်အပြင် စီးပွားရေး အရ အတော်အတန် တောင့်တင်း သောကြောင့် တူရကီနိုင်ငံအပေါ် ရုရှားအစိုးရက ချမှတ်ခဲ့သည့် စီးပွားရေး ပိတ်ဆို့မှု များသည် တူရကီ စီးပွားရေး အပေါ် ဆက်လက်၍ ဆိုးကျိုးဖြစ် ပေါ် စေမည် ဖြစ်သည်။ ထို့ပြင် နိုင်ငံအတွင်း မြှင့်တက် ဖြစ်ပေါ်လျက် ရှိသည့် ISIS စစ်သွေးကြွ တို့၏ အကြမ်းဖက် တိုက်ခိုက်မှု၊ ကာ့ဒ်ခွဲထွက်ရေး သမားများ၏ တိုက်ခိုက်မှု များကြောင့် နိုင်ငံခြားသား ခရီးသွား သေဆုံးမှုများ ဖြစ်ပွား လာခြင်းသည် တူရကီနိုင်ငံအား ဘဏ္ဍာငွေ အမြောက်အမြား ရှာဖွေပေး နေသည့် ခရီးသွားလုပ်ငန်း အတွက် အိပ်မက်ဆိုး ကြီးတစ်ခု အဖြစ် ဆက်လက် ခြိမ်းခြောက် နေဦးမည် ဖြစ်သည်။

#PyiChitThar



Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>