SEARCH ON FOR 3 AMERICAN CONTRACTORS REPORTED MISSING IN IRAQ |
ဘဂၢဒက္ ၊ ၁၉-၁-၂၀၁၆
အီရတ္ႏုိင္ငံရွိ ေပ်ာက္ဆံုးေနေသာ အေမရိကန္ ႏုိင္ငံသား သံုးဦးသည္ ျပန္ေပးဆဲြ ဖမ္းဆီးခံထား ရျခင္းျဖစ္ေၾကာင္း အီရတ္ လႊတ္ေတာ္ အမတ္မ်ားက ဇန္နဝါရီ ၁၈ ရက္တြင္ ေျပာၾကားထားၿပီး လံုၿခံဳေရး တပ္ဖဲြ႕ဝင္မ်ားက ၄င္းတို႔ကို ရွာေဖြလ်က္ ရွိေၾကာင္း သိရသည္။
ယခု ကဲ့သို႔ အေမရိကန္ ႏုိင္ငံသားမ်ား ျပန္ေပးဆဲြခံ ရမႈသည္ ၂ဝ၁၁ ခုႏွစ္တြင္ အီရတ္ႏုိင္ငံ အတြင္းမွ အေမရိကန္ တပ္ဖဲြ႕ဝင္မ်ား စတင္ ဆုတ္ခြာၿပီး ေနာက္ ပထမဆံုးအႀကိမ္ ျဖစ္ပြားျခင္း ျဖစ္သည္။
အဆိုပါ အေမရိကန္ ႏုိင္ငံသား သံုးဦးသည္ ဘဂၢဒက္ၿမိဳ႕ အေရွ႕ေတာင္ဘက္ ဒိုရာခ႐ုိင္ရွိ ကိုယ္ပိုင္တိုက္ခန္း တစ္ခုတြင္ ေနထုိင္စဥ္ အမည္မသိ ေသနတ္သမား မ်ားက ဇန္နဝါရီ ၁၅ ရက္တြင္ ဖမ္းဆီးေခၚေဆာင္ သြားျခင္း ျဖစ္ေၾကာင္း၊ သို႔ေသာ္ ၄င္းတို႔၏ လႈပ္ရွားမႈသည္ ႏုိင္ငံေရးအရ သို႔မဟုတ္ ရာဇဝတ္မႈ သက္သက္ ျဖစ္ေၾကာင္းကိုမူ မသိရွိရ ေသးေၾကာင္း လႊတ္ေတာ္၏ လံုၿခံဳေရးႏွင့္ ကာကြယ္ေရး ဆိုင္ရာဌာန ဒုတိယဥကၠ႒ ႏွင့္ လႊတ္ေတာ္ အမတ္ အစၥကန္ဒါဝစ္ဝစ္ ႏွင့္ မိုဟာမတ္ အယ္လ္ကာဘုိလီ တို႔က ေျပာၾကားသည္။
အဆိုပါ ျပန္ေပးဆဲြခံရသူ သံုးဦးသည္ ပုဂၢလိက ကုမၸဏီမွ အလုပ္သမားမ်ား ျဖစ္ၿပီး ၄င္းတို႔အနက္ ႏွစ္ဦးသည္ အီရတ္ႏုိင္ငံသား အျဖစ္ ခံယူထားသူမ်ား ျဖစ္ေၾကာင္းႏွင့္ ျပန္ေပး ဆဲြမႈ ျဖစ္ပြားသည့္ ေဒသသည္ အီရန္ႏုိင္ငံက ေထာက္ပံ့ေပး ထားေသာ ရွီးယိုက္ မူဆလင္ ျပည္သူ႔စစ္ တိုက္ခိုက္ေရး သမားအမ်ားစု ေနထုိင္ရာ ေနရာျဖစ္ေၾကာင္း ဝစ္ဝစ္ က ဆက္လက္ ေျပာၾကားသည္။
အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး ဌာနက ေပ်ာက္ဆံုးေနသည့္ အဆိုပါ ႏုိင္ငံသားသံုးဦးအား အီရတ္တာဝန္ရွိသူ မ်ားႏွင့္ ပူးေပါင္း၍ ရွာေဖြမႈမ်ား လုပ္ေဆာင္သြား မည္ဟု ဇန္နဝါရီ ၁၇ ရက္တြင္ ေျပာၾကား ထားေၾကာင္း သိရသည္။
#PyiChitThar
.......................................................
အီရတ်တွင် ပျောက်ဆုံးသည့် အမေရိကန်နိုင်ငံသား သုံးဦးသည် ပြန်ပေးဆွဲခံရခြင်းဖြစ်ပြီး တာဝန်ရှိသူများ ရှာဖွေလျက်ရှိ
SEARCH ON FOR 3 AMERICAN CONTRACTORS REPORTED MISSING IN IRAQ
ဘဂ္ဂဒက် ၊ ၁၉-၁-၂၀၁၆
အီရတ်နိုင်ငံရှိ ပျောက်ဆုံးနေသော အမေရိကန် နိုင်ငံသား သုံးဦးသည် ပြန်ပေးဆွဲ ဖမ်းဆီးခံထား ရခြင်းဖြစ်ကြောင်း အီရတ် လွှတ်တော် အမတ်များက ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားထားပြီး လုံခြံုရေး တပ်ဖွဲ့ဝင်များက ၄င်းတို့ကို ရှာဖွေလျက် ရှိကြောင်း သိရသည်။
ယခု ကဲ့သို့ အမေရိကန် နိုင်ငံသားများ ပြန်ပေးဆွဲခံ ရမှုသည် ၂ဝ၁၁ ခုနှစ်တွင် အီရတ်နိုင်ငံ အတွင်းမှ အမေရိကန် တပ်ဖွဲ့ဝင်များ စတင် ဆုတ်ခွာပြီး နောက် ပထမဆုံးအကြိမ် ဖြစ်ပွားခြင်း ဖြစ်သည်။
အဆိုပါ အမေရိကန် နိုင်ငံသား သုံးဦးသည် ဘဂ္ဂဒက်မြို့ အရှေ့တောင်ဘက် ဒိုရာခရိုင်ရှိ ကိုယ်ပိုင်တိုက်ခန်း တစ်ခုတွင် နေထိုင်စဉ် အမည်မသိ သေနတ်သမား များက ဇန်နဝါရီ ၁၅ ရက်တွင် ဖမ်းဆီးခေါ်ဆောင် သွားခြင်း ဖြစ်ကြောင်း၊ သို့သော် ၄င်းတို့၏ လှုပ်ရှားမှုသည် နိုင်ငံရေးအရ သို့မဟုတ် ရာဇဝတ်မှု သက်သက် ဖြစ်ကြောင်းကိုမူ မသိရှိရ သေးကြောင်း လွှတ်တော်၏ လုံခြံုရေးနှင့် ကာကွယ်ရေး ဆိုင်ရာဌာန ဒုတိယဥက္ကဋ္ဌ နှင့် လွှတ်တော် အမတ် အစ္စကန်ဒါဝစ်ဝစ် နှင့် မိုဟာမတ် အယ်လ်ကာဘိုလီ တို့က ပြောကြားသည်။
အဆိုပါ ပြန်ပေးဆွဲခံရသူ သုံးဦးသည် ပုဂ္ဂလိက ကုမ္ပဏီမှ အလုပ်သမားများ ဖြစ်ပြီး ၄င်းတို့အနက် နှစ်ဦးသည် အီရတ်နိုင်ငံသား အဖြစ် ခံယူထားသူများ ဖြစ်ကြောင်းနှင့် ပြန်ပေး ဆွဲမှု ဖြစ်ပွားသည့် ဒေသသည် အီရန်နိုင်ငံက ထောက်ပံ့ပေး ထားသော ရှီးယိုက် မူဆလင် ပြည်သူ့စစ် တိုက်ခိုက်ရေး သမားအများစု နေထိုင်ရာ နေရာဖြစ်ကြောင်း ဝစ်ဝစ် က ဆက်လက် ပြောကြားသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနက ပျောက်ဆုံးနေသည့် အဆိုပါ နိုင်ငံသားသုံးဦးအား အီရတ်တာဝန်ရှိသူ များနှင့် ပူးပေါင်း၍ ရှာဖွေမှုများ လုပ်ဆောင်သွား မည်ဟု ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြား ထားကြောင်း သိရသည်။
#PyiChitThar