Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

တူရကီက ေရႊ႕ေျပာင္းဒုကၡသည္မ်ားကုိ လူကုန္ကူးမႈ ျပဳလုပ္ေနျခင္းျဖစ္ဟု ဂရိသမၼတ စြပ္စဲြ

$
0
0

ေအသင္ ၊ ၁၉-၁-၂၀၁၆

တူရကီႏုိင္ငံသည္ ၄င္းႏုိင္ငံအတြင္းရွိ ေရႊ႕ေျပာင္း ဒုကၡသည္မ်ား ဥေရာပေဒသသို႔ ဝင္ေရာက္ႏုိင္ေရး အတြက္ လူကုန္ကူးမႈကို လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ဂရိသမၼတ ပ႐ိုေကာပီယို႔စ္ ပါဘူေလာပူယို႔စ္ က စြပ္စဲြေျပာၾကား လိုက္သည္။

''တူရကီ အာဏာပိုင္မ်ား အေနျဖင့္ လူကုန္ကူးမႈ လုပ္ေဆာင္သူမ်ားကို ေနာက္ကြယ္မွ ကူညီေပးေနမႈမ်ားႏွင့္ စပ္လ်ဥ္း၍ အလြန္အမင္း စိုးရိမ္ပူပန္မိ ပါတယ္''ဟု ပါဘူေလာပူယို႔စ္ က ဂ်ာမန္ သတင္းစာ တစ္ေစာင္ ျဖစ္သည့္ Sueddeutsche Zeitung ႏွင့္ ဇန္နဝါရီ ၁၈ ရက္က ျပဳလုပ္ သည့္ ေတြ႕ဆံု ေမးျမန္းခန္းတြင္ ေျပာၾကားထားသည္။

ထို႔ျပင္ တူရကီဆိပ္ကမ္း အာဏာပိုင္မ်ား အေနျဖင့္ ဥေရာပသို႔ လာေရာက္မည့္ လူကုန္ကူးသည့္ ေလွမ်ားေပၚသို႔ ဒုကၡသည္မ်ား တက္ေရာက္မႈကို ကာကြယ္ရန္ အျပည့္အဝ လုပ္ေဆာင္ျခင္း မရွိေၾကာင္းႏွင့္ အထူးသျဖင့္ ဆိပ္ကမ္း အာဏာပိုင္ မ်ားသည္ အဆိုပါကိစၥကို မသိက်ဳိးကြၽန္ ျပဳေနျခင္း ျဖစ္ေၾကာင္း ၄င္းက ဆက္လက္ ေျပာၾကားသည္။

တူရကီႏုိင္ငံ အေနျဖင့္ ၄င္း၏ နယ္စပ္လံုၿခံဳေရး ကို တိုးျမႇင့္ရန္ႏွင့္ ဆီးရီးယား ဒုကၡသည္ ၂ ဒသမ ၂ သန္းကို ေထာက္ပံ့မႈမ်ား ေပးအပ္ရန္ ဥေရာပသမဂၢက ယူ႐ို ၃ ဘီလီယံ ေပးအပ္သြားမည္ ျဖစ္ေၾကာင္း ၂ဝ၁၅ ခုႏွစ္  ႏုိဝင္ဘာလတြင္ သေဘာတူညီ ထားသည္။

အဆိုပါ သေဘာတူညီမႈ အရ ဥေရာပ ေကာ္မရွင္သည္ တူရကီႏုိင္ငံသို႔ ယူ႐ိုသန္း ၅ဝဝ ေပးအပ္ထားၿပီး က်န္ရွိသည့္ ေငြမ်ားကို ဥေရာပသမဂၢ အဖဲြ႕ဝင္ႏုိင္ငံ မ်ားက အခ်ဳိးက် ေပးအပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

#PyiChitThar

...................................................................


တူရကီက ရွှေ့ပြောင်းဒုက္ခသည်များကို လူကုန်ကူးမှု ပြုလုပ်နေခြင်းဖြစ်ဟု ဂရိသမ္မတ စွပ်စွဲ



အေသင် ၊ ၁၉-၁-၂၀၁၆

တူရကီနိုင်ငံသည် ၄င်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်း ဒုက္ခသည်များ ဥရောပဒေသသို့ ဝင်ရောက်နိုင်ရေး အတွက် လူကုန်ကူးမှုကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဂရိသမ္မတ ပရိုကောပီယို့စ် ပါဘူလောပူယို့စ် က စွပ်စွဲပြောကြား လိုက်သည်။ 

''တူရကီ အာဏာပိုင်များ အနေဖြင့် လူကုန်ကူးမှု လုပ်ဆောင်သူများကို နောက်ကွယ်မှ ကူညီပေးနေမှုများနှင့် စပ်လျဉ်း၍ အလွန်အမင်း စိုးရိမ်ပူပန်မိ ပါတယ်''ဟု ပါဘူလောပူယို့စ် က ဂျာမန် သတင်းစာ တစ်စောင် ဖြစ်သည့် Sueddeutsche Zeitung နှင့် ဇန်နဝါရီ ၁၈ ရက်က ပြုလုပ် သည့် တွေ့ဆုံ မေးမြန်းခန်းတွင် ပြောကြားထားသည်။

ထို့ပြင် တူရကီဆိပ်ကမ်း အာဏာပိုင်များ အနေဖြင့် ဥရောပသို့ လာရောက်မည့် လူကုန်ကူးသည့် လှေများပေါ်သို့ ဒုက္ခသည်များ တက်ရောက်မှုကို ကာကွယ်ရန် အပြည့်အဝ လုပ်ဆောင်ခြင်း မရှိကြောင်းနှင့် အထူးသဖြင့် ဆိပ်ကမ်း အာဏာပိုင် များသည် အဆိုပါကိစ္စကို မသိကျိုးကျွန် ပြုနေခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

တူရကီနိုင်ငံ အနေဖြင့် ၄င်း၏ နယ်စပ်လုံခြံုရေး ကို တိုးမြှင့်ရန်နှင့် ဆီးရီးယား ဒုက္ခသည် ၂ ဒသမ ၂ သန်းကို ထောက်ပံ့မှုများ ပေးအပ်ရန် ဥရောပသမဂ္ဂက ယူရို ၃ ဘီလီယံ ပေးအပ်သွားမည် ဖြစ်ကြောင်း ၂ဝ၁၅ ခုနှစ်  နိုဝင်ဘာလတွင် သဘောတူညီ ထားသည်။

အဆိုပါ သဘောတူညီမှု အရ ဥရောပ ကော်မရှင်သည် တူရကီနိုင်ငံသို့ ယူရိုသန်း ၅ဝဝ ပေးအပ်ထားပြီး ကျန်ရှိသည့် ငွေများကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ များက အချိုးကျ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

#PyiChitThar



Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>