ေမာ္စကုိ ၊ ၁၉-၁-၂ဝ၁၆
ႏိုင္ငံ၏ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ က႑ကို အေနာက္ႏုိင္ငံ မ်ားက အေရးယူပိတ္ဆို႔ မႈမ်ားခ်မွတ္ၿပီး ဖိအားမ်ား ေပးေသာ္လည္း ႐ုရွားႏုိင္ငံသည္ ၂ဝ၁၅ ခုႏွစ္အတြင္း သတ္မွတ္စံခ်ိန္ ထက္ ေက်ာ္လြန္ေအာင္ ေရနံတင္ပို႔ ႏုိင္ခဲ့ေၾကာင္း ေရနံတင္ပို႔ ေရာင္းခ်သည့္ ႏုိင္ငံမ်ား အဖဲြ႕အစည္း OPEC က ဇန္နဝါရီ ၁၈ ရက္တြင္ ေျပာၾကားသည္။
''ဘ႑ာေရးဆိုင္ရာ ပိတ္ဆို႔မႈေတြနဲ႔ ကမၻာလံုးဆုိင္ရာ ေရနံေစ်းကြက္ က်ဆင္း ေနေသာ္လည္း ႐ုရွားႏုိင္ငံက ၂ဝ၁၅ ခုႏွစ္အတြင္း စံခ်ိန္တင္ ေရနံတင္ပို႔ ေရာင္းခ်မႈ အျဖစ္ တစ္ရက္လွ်င္ ေရနံစည္ ၁ဝ ဒသမ ၇၉ သန္းခန္႔ ေရာင္းခ်ႏုိင္ခဲ့ၿပီး ၂ဝ၁၄ ခုႏွစ္ႏွင့္ ႏိႈင္းယွဥ္ပါက ၁ ဒသမ ၃ ရာခိုင္ႏႈန္း ပိုမိုေရာင္းခ် ႏုိင္ခဲ့ေၾကာင္း သူတုိ႔ရဲ႕ပဏာမ ထုတ္ျပန္တဲ့ စာရင္းဇယားမ်ား အရ သိရပါတယ္''ဟု OPEC ၏ ဇန္နဝါရီလပတ္ ေရနံေစ်းကြက္ ဆိုင္ရာ အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ ႐ုရွားႏုိင္ငံသည္ ၂ဝ၁၅ ခုႏွစ္ စက္တင္ဘာလ တြင္ ေရနံစိမ္းႏွင့္ သဘာဝဓာတ္ေငြ႕ ထုတ္လုပ္မႈ သည္ တစ္ရက္လွ်င္ စည္ေပါင္း ၁ဝ ဒသမ ၈၈ သန္းအထိ စံခ်ိန္တင္ ထုတ္လုပ္ ႏုိင္ခဲ့ၿပီး စြမ္းအင္ ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္မ်ား အရ ဒီဇင္ဘာလ တြင္လည္း သတ္မွတ္ စံခ်ိန္ထက္ ပိုမိုတင္ပို႔ ေရာင္းခ် ႏုိင္ခဲ့ေၾကာင္း သိရသည္။
၂ဝ၁၄ ခုႏွစ္တြင္ ျဖစ္ပြားသည့္ ယူကရိန္း အေရးအခင္း၌ ႐ုရွားႏုိင္ငံက စစ္ေရးအရ ဝင္ေရာက္ စြက္ဖက္မႈမ်ား ရွိသည္ဟု ဥေရာပ သမဂၢ၊ အေမရိကန္ႏွင့္ ၄င္း၏ မဟာမိတ္ႏုိင္ငံ မ်ားက စြပ္စဲြကာ ႐ုရွားႏုိင္ငံ အေပၚ စီးပြားေရးအရ အေရးယူ ပိတ္ဆို႔မႈမ်ား ခ်မွတ္ခဲ့ျခင္း ျဖစ္သည္။
ယူကရိန္းႏုိင္ငံ အေရွ႕ပိုင္း ၌ ျဖစ္ပြားခဲ့ေသာ လက္နက္ကိုင္ ပဋိပကၡတြင္ မည္သည့္ ေနရာကမွ် ပါဝင္ ပတ္သက္ျခင္း မရွိေၾကာင္း ႐ုရွားႏုိင္ငံက ျငင္းဆိုခဲ့ၿပီး အေနာက္ႏုိင္ငံ မ်ား၏ အေရးယူ ပိတ္ဆို႔မႈသည္ အက်ဳိးမဲ့ ရလဒ္ကိုသာ ရရွိေစမည္ ျဖစ္ေၾကာင္း သတိေပး ေျပာၾကားမႈမ်ား လုပ္ေဆာင္ ထားသည္။
#PyiChitThar
................................................................................
အနောက်နိုင်ငံများက ပိတ်ဆို့ထားသော်လည်း ၂ဝ၁၅ ခုနှစ်အတွင်း ရုရှား၏ရေနံတင်ပို့မှု အမြင့်ဆုံးသို့ရောက်ရှိ
မော်စကို ၊ ၁၉-၁-၂ဝ၁၆
နိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍကို အနောက်နိုင်ငံ များက အရေးယူပိတ်ဆို့ မှုများချမှတ်ပြီး ဖိအားများ ပေးသော်လည်း ရုရှားနိုင်ငံသည် ၂ဝ၁၅ ခုနှစ်အတွင်း သတ်မှတ်စံချိန် ထက် ကျော်လွန်အောင် ရေနံတင်ပို့ နိုင်ခဲ့ကြောင်း ရေနံတင်ပို့ ရောင်းချသည့် နိုင်ငံများ အဖွဲ့အစည်း OPEC က ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားသည်။
''ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ ရေနံစျေးကွက် ကျဆင်း နေသော်လည်း ရုရှားနိုင်ငံက ၂ဝ၁၅ ခုနှစ်အတွင်း စံချိန်တင် ရေနံတင်ပို့ ရောင်းချမှု အဖြစ် တစ်ရက်လျှင် ရေနံစည် ၁ဝ ဒသမ ရ၉ သန်းခန့် ရောင်းချနိုင်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုရောင်းချ နိုင်ခဲ့ကြောင်း သူတို့ရဲ့ပဏာမ ထုတ်ပြန်တဲ့ စာရင်းဇယားများ အရ သိရပါတယ်''ဟု OPEC ၏ ဇန်နဝါရီလပတ် ရေနံစျေးကွက် ဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် ရုရှားနိုင်ငံသည် ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ တွင် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု သည် တစ်ရက်လျှင် စည်ပေါင်း ၁ဝ ဒသမ ၈၈ သန်းအထိ စံချိန်တင် ထုတ်လုပ် နိုင်ခဲ့ပြီး စွမ်းအင် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ အရ ဒီဇင်ဘာလ တွင်လည်း သတ်မှတ် စံချိန်ထက် ပိုမိုတင်ပို့ ရောင်းချ နိုင်ခဲ့ကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ်တွင် ဖြစ်ပွားသည့် ယူကရိန်း အရေးအခင်း၌ ရုရှားနိုင်ငံက စစ်ရေးအရ ဝင်ရောက် စွက်ဖက်မှုများ ရှိသည်ဟု ဥရောပ သမဂ္ဂ၊ အမေရိကန်နှင့် ၄င်း၏ မဟာမိတ်နိုင်ငံ များက စွပ်စွဲကာ ရုရှားနိုင်ငံ အပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ၌ ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခတွင် မည်သည့် နေရာကမျှ ပါဝင် ပတ်သက်ခြင်း မရှိကြောင်း ရုရှားနိုင်ငံက ငြင်းဆိုခဲ့ပြီး အနောက်နိုင်ငံ များ၏ အရေးယူ ပိတ်ဆို့မှုသည် အကျိုးမဲ့ ရလဒ်ကိုသာ ရရှိစေမည် ဖြစ်ကြောင်း သတိပေး ပြောကြားမှုများ လုပ်ဆောင် ထားသည်။
#PyiChitThar