Quantcast
Viewing all articles




ဒမတ်စကဒ် ၊ ၂၁-၁-၂ဝ၁၆






#PyiChitThar

...................................................

ဆီးရီးယား၌ပြုလုပ်ခဲ့သော လေကြောင်း တိုက်ခိုက်မှုအတွင်း ဂျီဟက်ဂျွန် သေဆုံးဟု ISIS အဖွဲ့ အတည်ပြု

ဒမတ်စကဒ် ၊ ၂၁-၁-၂ဝ၁၆

ဂျီဟက်ဂျွန်ဟု လူသိများသော ISIS စစ်သွေးကြွ အဖွဲ့မှ စစ်သွေးကြွ တစ်ဦးသည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း၌ ပြုလုပ်ခဲ့သော လေကြောင်း တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ကြောင်း ISIS အဖွဲ့က ဇန်နဝါရီ ၁၉ ရက်တွင် အတည်ပြု ထုတ်ပြန် ထားကြောင်း Xinhua သတင်းတစ်ရပ် အရ သိရသည်။

ကမ္ဘာ့ သတင်းမီဒီယာ တစ်ဝန်း သတင်းထူး ဖြစ်စေခဲ့သည့် ဂျီဟက်ဂျွန် သည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ISIS စစ်သွေးကြွ အဖွဲ့သိမ်းပိုက် ထားသော အယ်ရတ်ကာ ပြည်နယ်၌ ၂ဝ၁၅ ခုနှစ်အတွင်းက မောင်းသူမဲ့ လေယာဉ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း ISIS စစ်သွေးကြွ အဖွဲ့၏ သတင်းစာ ဖြစ်သော ဒါဘစ် သတင်းစာတွင် ဖော်ပြထားသည်။

လေကြောင်း တိုက်ခိုက်မှုအတွင်း ဂျီဟက်ဂျွန် သေဆုံးခဲ့ပြီးနောက် နှစ်လအကြာတွင် ISIS စစ်သွေးကြွ အဖွဲ့က ဂျီဟက်ဂျွန် မှာ ကူဝိတ်နိုင်ငံမှ အဘူမူဟာရစ် အယ်လ်မူဟာဂျာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်။

အယ်လ်မူဟာဂျာ သည် အသက် ငယ်ရွယ်စဉ်က ၄င်း၏ မိသားစုနှင့်အတူ ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ ၄င်းသည် လန်ဒန်မြို့၌ နေထိုင်ရမှုကို မုန်းတီးကြောင်း နှင့် ISIS စစ်သွေးကြွ အဖွဲ့၏ ကွပ်မျက်မှု အားလုံးနီးပါးကို လုပ်ဆောင်ခဲ့သူ ဖြစ်ကြောင်း ISIS စစ်သွေးကြွ အဖွဲ့က ပြောကြားထားသည်။

'Jihadi John' died in Syria drone strike in November, Islamic State confirms

#PyiChitThar

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>