ေမာ္စကုိ ၊ ၂၁-၁-၂၀၁၆
ကမၻာၿဂိဳဟ္သို႔ ဦးတည္လာသည့္ ဥကၠာခဲမ်ားကို ႏ်ဴကလီးယားဗံုးမ်ား ေဖာက္ခဲြျခင္း ျဖင့္ လမ္းေၾကာ င္းေျပာင္း ေစမည့္ အစီအစဥ္ တစ္ရပ္ကို လုပ္ေဆာင္လ်က္ ရွိေၾကာင္း ႐ုရွားအာကာသ ေအဂ်င္စီ က အတည္ျပဳ ထုတ္ျပန္ ထားသည္။
အဆိုပါ စီမံကိန္းကို ဥေရာပ ေကာ္မရွင္က ေငြေၾကးေထာက္ပံ့ ေပးထားျခင္း ျဖစ္ၿပီး ကမၻာၿဂိဳဟ္သို႔ ဦးတည္လာသည့္ ဥကၠာခဲမ်ားကို ဖ်က္ဆီးမည့္ NEOShield ဟုအမည္ ေပးထားေသာ အစီအစဥ္၏ တစ္စိတ္တစ္ပိုင္း ျဖစ္ေၾကာင္း သိရသည္။
''ဒီစီမံကိန္းမွာ ႏုိင္ငံေပါင္းစံုနဲ႔ အဖဲြ႕အစည္း ေပါင္းစံုကလူမ်ား ပါဝင္ၿပီးေတာ့ ႐ုရွားႏုိင္ငံက ၂ဝ၁၂ နဲ႔ ၂ဝ၁၅ ခုႏွစ္တို႔မွာ လုပ္ေဆာင္ခဲ့တဲ့ အာကာသ အတြင္းမွ အႏၲရာယ္ရွိေသာ အရာဝတၴဳမ်ားကို ႏ်ဴကလီးယားျဖင့္ေဖာက္ခဲြျခင္းျဖင့္ ၄င္းတို႔၏ လမ္းေၾကာင္း ေျပာင္းလဲသြား ေစသည့္ လုပ္ေဆာင္မႈကို ဆက္လက္ လုပ္ေဆာင္ရန္ စီစဥ္ေနျခင္း ျဖစ္ပါတယ္''ဟု ႐ုရွားအာကာသ ေအဂ်င္စီမွ ဗဟုိသိပၸံ သုေတသနဌာန က သတင္းစာ ရွင္းလင္းပဲြတြင္ ေျပာၾကားသည္။
၁၉၆၇ ခုႏွစ္ အာကာသ သေဘာတူ စာခ်ဳပ္အရ ႏ်ဴကလီးယား လက္နက္မ်ားကို အာကာသအတြင္း တပ္ျဖန္႔ျခင္းႏွင့္ အသံုးျပဳျခင္းတို႔ကို တားျမစ္ထား ေသာ္လည္း ယခုကဲ့သို႔ လုပ္ေဆာင္မႈသည္ အမွန္တကယ္ လုိအပ္ေၾကာင္း သိရွိလာပါက အဆိုပါ တားျမစ္မႈမ်ားကို ပယ္ဖ်က္ေပးႏုိင္ဖြယ္ ရွိေၾကာင္း ႐ုရွားအာကာသ ေအဂ်င္စီက သံုးသပ္ထားသည္။
ထုိ႔ျပင္ ယင္းလုပ္ေဆာင္မႈ သည္ အာကာသအတြင္းရွိ ဥကၠာခဲမ်ားကို ေဖာက္ခဲြျခင္း မဟုတ္ဘဲ ၄င္းဥကၠာခဲမ်ား လမ္းေၾကာင္းေျပာင္း ေစရန္ရည္ရြယ္၍ လံုၿခံဳစိတ္ခ် ရမႈရွိေသာ ႏ်ဴကလီးယား ေဖာက္ခြဲမႈကို လုပ္ေဆာင္ရန္ ျဖစ္သည္ဟု ႐ုရွားအာကာသ ေအဂ်င္စီက ေျပာၾကားထားသည္။
#PyiChitThar
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
မော်စကို ၊ ၂၁-၁-၂၀၁၆
ကမ္ဘာဂြိုဟ်သို့ ဦးတည်လာသည့် ဥက္ကာခဲများကို နျူကလီးယားဗုံးများ ဖောက်ခွဲခြင်း ဖြင့် လမ်းကြော င်းပြောင်း စေမည့် အစီအစဉ် တစ်ရပ်ကို လုပ်ဆောင်လျက် ရှိကြောင်း ရုရှားအာကာသ အေဂျင်စီ က အတည်ပြု ထုတ်ပြန် ထားသည်။
အဆိုပါ စီမံကိန်းကို ဥရောပ ကော်မရှင်က ငွေကြေးထောက်ပံ့ ပေးထားခြင်း ဖြစ်ပြီး ကမ္ဘာဂြိုဟ်သို့ ဦးတည်လာသည့် ဥက္ကာခဲများကို ဖျက်ဆီးမည့် NEOShield ဟုအမည် ပေးထားသော အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိရသည်။
''ဒီစီမံကိန်းမှာ နိုင်ငံပေါင်းစုံနဲ့ အဖွဲ့အစည်း ပေါင်းစုံကလူများ ပါဝင်ပြီးတော့ ရုရှားနိုင်ငံက ၂ဝ၁၂ နဲ့ ၂ဝ၁၅ ခုနှစ်တို့မှာ လုပ်ဆောင်ခဲ့တဲ့ အာကာသ အတွင်းမှ အန္တရာယ်ရှိသော အရာဝတ္ထုများကို နျူကလီးယားဖြင့်ဖောက်ခွဲခြင်းဖြင့် ၄င်းတို့၏ လမ်းကြောင်း ပြောင်းလဲသွား စေသည့် လုပ်ဆောင်မှုကို ဆက်လက် လုပ်ဆောင်ရန် စီစဉ်နေခြင်း ဖြစ်ပါတယ်''ဟု ရုရှားအာကာသ အေဂျင်စီမှ ဗဟိုသိပ္ပံ သုတေသနဌာန က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
၁၉၆၇ ခုနှစ် အာကာသ သဘောတူ စာချုပ်အရ နျူကလီးယား လက်နက်များကို အာကာသအတွင်း တပ်ဖြန့်ခြင်းနှင့် အသုံးပြုခြင်းတို့ကို တားမြစ်ထား သော်လည်း ယခုကဲ့သို့ လုပ်ဆောင်မှုသည် အမှန်တကယ် လိုအပ်ကြောင်း သိရှိလာပါက အဆိုပါ တားမြစ်မှုများကို ပယ်ဖျက်ပေးနိုင်ဖွယ် ရှိကြောင်း ရုရှားအာကာသ အေဂျင်စီက သုံးသပ်ထားသည်။
ထို့ပြင် ယင်းလုပ်ဆောင်မှု သည် အာကာသအတွင်းရှိ ဥက္ကာခဲများကို ဖောက်ခွဲခြင်း မဟုတ်ဘဲ ၄င်းဥက္ကာခဲများ လမ်းကြောင်းပြောင်း စေရန်ရည်ရွယ်၍ လုံခြုံစိတ်ချ ရမှုရှိသော နျူကလီးယား ဖောက်ခွဲမှုကို လုပ်ဆောင်ရန် ဖြစ်သည်ဟု ရုရှားအာကာသ အေဂျင်စီက ပြောကြားထားသည်။
#PyiChitThar