Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကာခ်ဳပ္နဲ႔ NLD ဥကၠဌတို႔ ေတြ႕ဆုံဦးမယ္

$
0
0
 ကာကြယ္ေရး ဦးစီးခ်ဳပ္ နဲ႔ အနိုင္ရ ပါတီ ေခါင္းေဆာင္ တို႔ ေရြးေကာက္ပြဲ လြန္ ကာလ ဒုတိယ အႀကိမ္ ထပ္ ေတြ႕ လာမယ့္ ျဖစ္ရပ္ဟာ ထူးျခား မွု ရွိ။
လာမယ့္ ဇန္နဝါရီ လ ၂၅ ရက္ တနလၤာ ေန႔မွာ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွုးႀကီး မင္းေအာင္လွိုင္ နဲ႔ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီ ဥကၠဌ ေဒၚ ေအာင္ဆန္းစု ၾကည္ တို႔ ေတြ႕ဆုံ ၾကဖို႔ ရွိေနတယ္ ဆိုၿပီး ႏွစ္ဘက္ အသိုင္းဝိုင္း က ဘီဘီစီ ကို ေျပာပါတယ္။

လႊတ္ေတာ္ အသစ္ ေပၚေပါက္ လာဖို႔ သီတင္း တစ္ပတ္ မၽွသာ လိုေတာ့တဲ့ အခ်ိန္မွာ အစိုးရ စစ္တပ္ အႀကီးအကဲ နဲ႔ ေရြးေကာက္ပြဲ အနိုင္ရ ပါတီ ေခါင္းေဆာင္ တို႔ၾကား အခုလို ထပ္မံ ေတြ႕ဆုံ လာျပန္ ဦးမွာ ျဖစ္ပါတယ္။

ကာကြယ္ေရးဦး စီးခ်ဳပ္ ႐ုံးမွာ ေတြ႕ဖို႔ စီစဥ္ ထားတယ္ လို႔ သိရတယ္ ဆိုၿပီး ဘီဘီစီ ေနျပည္ေတာ္ သတင္း ေထာက္ က ဆိုပါတယ္။

လႊတ္ေတာ္ အသစ္ စတင္ တဲ့ အခါ လႊတ္ေတာ္ ဥကၠဌ ေနရာေတြ နဲ႔ သမၼတ ေနရာ အတြက္ အဆိုျပဳ ေရြးခ်ယ္ ခန္႔အပ္ ၾကတာမ်ိဳးေတြ လို အေရးႀကီး တဲ့ နိုင္ငံေရး ေဆာင္ရြက္ခ်က္ ေတြ တကယ္တမ္း စတင္ လာေတာ့ မွာ ျဖစ္တဲ့ အတြက္ အခုလို ကာကြယ္ေရး ဦးစီးခ်ဳပ္ နဲ႔ အနိုင္ရ ပါတီ ေခါင္းေဆာင္ တို႔ ေရြးေကာက္ပြဲ လြန္ ကာလ ဒုတိယ အႀကိမ္ ထပ္ ေတြ႕ လာမယ့္ ျဖစ္ရပ္ဟာ ထူးျခား မွု ရွိပါတယ္။

လက္ရွိ အေျခအေန အရေတာ့ လႊတ္ေတာ္ ထဲမွာ ကာကြယ္ေရး ဦးစီးခ်ဳပ္ က ေစလႊတ္တဲ့ တပ္မေတာ္ သား ကိုယ္စားလွယ္ ေတြ အတြက္ ေနရာ သီးသန္႔ ေပးထားရသလို ကာလုံ လို႔ ေခၚတဲ့ နိုင္ငံေတာ္ ကာကြယ္ေရး နဲ႔ လုံျခဳံေရး ေကာင္စီ မွာလည္း ကာကြယ္ေရး ဦးစီးခ်ဳပ္ ဘက္က ေနရာ အသာစီး ရထား တာ ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese
...............
  ကာကွယ်ရေး ဦးစီးချုပ် နဲ့ အနိုင်ရ ပါတီ ခေါင်းဆောင် တို့ ရွေးကောက်ပွဲ လွန် ကာလ ဒုတိယ အကြိမ် ထပ် တွေ့ လာမယ့် ဖြစ်ရပ်ဟာ ထူးခြား မှု ရှိ။
လာမယ့် ဇန်နဝါရီ လ ၂၅ ရက် တနင်္လာ နေ့မှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ် အောင်ဆန်းစု ကြည် တို့ တွေ့ဆုံ ကြဖို့ ရှိနေတယ် ဆိုပြီး နှစ်ဘက် အသိုင်းဝိုင်း က ဘီဘီစီ ကို ပြောပါတယ်။

လွှတ်တော် အသစ် ပေါ်ပေါက် လာဖို့ သီတင်း တစ်ပတ် မျှသာ လိုတော့တဲ့ အချိန်မှာ အစိုးရ စစ်တပ် အကြီးအကဲ နဲ့ ရွေးကောက်ပွဲ အနိုင်ရ ပါတီ ခေါင်းဆောင် တို့ကြား အခုလို ထပ်မံ တွေ့ဆုံ လာပြန် ဦးမှာ ဖြစ်ပါတယ်။

ကာကွယ်ရေးဦး စီးချုပ် ရုံးမှာ တွေ့ဖို့ စီစဉ် ထားတယ် လို့ သိရတယ် ဆိုပြီး ဘီဘီစီ နေပြည်တော် သတင်း ထောက် က ဆိုပါတယ်။

လွှတ်တော် အသစ် စတင် တဲ့ အခါ လွှတ်တော် ဥက္ကဌ နေရာတွေ နဲ့ သမ္မတ နေရာ အတွက် အဆိုပြု ရွေးချယ် ခန့်အပ် ကြတာမျိုးတွေ လို အရေးကြီး တဲ့ နိုင်ငံရေး ဆောင်ရွက်ချက် တွေ တကယ်တမ်း စတင် လာတော့ မှာ ဖြစ်တဲ့ အတွက် အခုလို ကာကွယ်ရေး ဦးစီးချုပ် နဲ့ အနိုင်ရ ပါတီ ခေါင်းဆောင် တို့ ရွေးကောက်ပွဲ လွန် ကာလ ဒုတိယ အကြိမ် ထပ် တွေ့ လာမယ့် ဖြစ်ရပ်ဟာ ထူးခြား မှု ရှိပါတယ်။

လက်ရှိ အခြေအနေ အရတော့ လွှတ်တော် ထဲမှာ ကာကွယ်ရေး ဦးစီးချုပ် က စေလွှတ်တဲ့ တပ်မတော် သား ကိုယ်စားလှယ် တွေ အတွက် နေရာ သီးသန့် ပေးထားရသလို ကာလုံ လို့ ခေါ်တဲ့ နိုင်ငံတော် ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီ မှာလည်း ကာကွယ်ရေး ဦးစီးချုပ် ဘက်က နေရာ အသာစီး ရထား တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


တာခ်ီလိတ္၌ အမ်ဳိးသားတစ္ဦး မိမိကိုယ္ကိုယ္ ေသနတ္ျဖင့္ ပစ္၍ ေသဆံုး ( ရုပ္သံ )


ေဒၚေအာင္ဆန္းစုၾကည္ မဟုတ္တဲ့ ျမန္မာႏုိ္င္ငံရဲ႕ ပထမဆံုး အမ်ဳိးသမီး သမၼတ...


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


၂၀၀၁ ခုႏွစ္ ထိုင္း - ျမန္မာ နယ္စပ္ တိုက္ပြဲမ်ား


ဘုရင့္ေနာင္မွ ေတာင္ငူကို သိမ္းျခင္း


ခင္၀င့္၀ါ၏ ေဖာ္ခၽြတ္ျပထားေသာ အလွတရားမ်ား


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး


ခ်ံဴျမင္တိုင္းတိုးခ်င္ေနၾကတဲ႔ ခ်စ္သူစံုတြဲမ်ား နားေထာင္ေပးပါ


ကရေ၀း စုိက္ပ်ိဳးနည္း


စပါး ⁠ေဖာင္စီးဂဏန္း က်⁠ေရာက္ပံု ⁠ႏွင့္ ကာကြယ္⁠ႏွိမ္နင္းနည္းမ်ား