Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ၾကက္ဥျပဳတ္သည္ဘဝမွ အုိင္တီ Developer တစ္ေယာက္ ျဖစ္လာသူ

$
0
0

အမည္ အျပည့္အစံုကေတာ့ Emerson Paguia လို႔ေခၚပါတယ္။ ဖလစ္ပိုင္ႏိုင္ငံ Zambales ျပည္နယ္မွာ ေနထုိင္ ပါတယ္။ မိဘဆင္းရဲ တာေၾကာင့္ အထက္တန္းေက်ာင္းသာ ျပီးေအာင္တက္ႏိုင္ခဲ့ျပီး တကၠသိုလ္ဆက္မတက္ ႏိုင္ခဲ့ပါဘူး။

ဒါေၾကာင့္ မနီလာျမိဳ ႔ကိုသြားျပီး အလုပ္သြားေလွ်ာက္တဲ့အခါ ဘယ္ကုမၼဏီကမွ သူ႔ကိုလက္မခံပါဘူး။ အထက္တန္း ေက်ာင္း ျပီးရံုပဲရွိတ့ဲလူတစ္ေယာက္အေနနဲ႔ အလုပ္ရွားတာကို သူသိလိုက္ပါတယ္။ Call Center ေတြမွာ အထက္တန္းေက်ာင္းျပီးရံုနဲ႔ အလုပ္ရႏိုင္တယ္ဆုိတာကုိလည္း သိေပမယ့္ သူဟာ စကားအေျပာအဆုိ ညံ့ဖ်င္းသူ တစ္ေယာက္လို႔လည္း သိထားတဲ့အတြက္ ယင္းအလုပ္ကို မေလွ်ာက္ခဲ့ပါဘူး။ ဒါနဲ႔ မိသားစု စာဝတ္ေနေရး ေျပလည္ဖို႔အတြက္ ၾကက္ဥျပဳတ္ေရာင္းတဲ့ အလုပ္ကိုပဲ သူ စတင္လုပ္ကိုင္ပါေတာ့ တယ္။ ေန႔ေရာညပါ အားရင္ အားသလို ၾကက္ဥျပဳတ္ေရာင္းပါတယ္။ ဒီအတြက္လည္း ရထားစီးျပီး ခရီးသြားရတာပါ။ ေနာက္ေတာ့ ရထားစီးဖို႔ ပိုက္ဆံကုိေတာင္ မသံုးေတာ့ပဲ လမ္းေလ်ွာက္သြားတဲ့အထိ သူ ေခ်ြတာခဲ့ပါတယ္။
ရည္ရြယ္ခ်က္ကေတာ့ အင္တာနက္ အသံုးျပဳဖုိ႔ပါ။

သူက အိုင္တီမွာ ေလ့လာ ခ်င္စိတ္ေလး ရွိေနသူ ျဖစ္ပါတယ္။ ဒါနဲ႔ ဝဘ္ဆိုဒ္ေတြတစ္ခုျပီး တစ္ခုေလ့လာ ရင္း အြန္လိုင္းအခမဲ့ ပညာသင္ၾကားေရး ဝဘ္ဆိုဒ္ေတြ ေတြ႔ ပါတယ္။ ေနာက္ေတာ့ Tesda က ေပးတဲ့ Training for Work Scholarship Program (TWSP) လို ပရိုဂရမ္မ်ိဳးကုိေတာင္ ရွာေတြခဲ့ျပီး ပထမဆံုး အြန္လိုင္းကေန စတင္ေလ့လာပါတယ္။ အြန္လိုင္းမွာပဲ သူတို႔ ေပးတဲ့ Tutorial ေတြ၊ Test ေတြ ကိုယ္တိုင္ ေလ့လာရင္း Data programming နဲ႔ PHP Server site encryption သင္တန္းတက္ဖို႔အတြက္ စေကာ္လာရရွိခဲ့ပါတယ္။ ဒီအတြက္ Quezon City က Informatics College မွာ သြားတက္ရမွာပါ။ သူေနတဲ့ ျမိဳ ႔ Angono ကေန ဆုိရင္ ရထားစီးသြားရမွာ ျဖစ္ေပမယ့္ ၃ နာရီလမ္းေလွ်ာက္ခရီးကို သူေရြးခ်ယ္ပါတယ္။ သူဟာ အသက္ ၂၀ ေက်ာ္ပဲ ရွိပါေသးတယ္။ အသြားေကာ၊ အျပန္မွာပါ။ ၾကက္ဥျပဳတ္ေရာင္းျပီး အတန္းထဲက စာေတြကိုလည္း စိတ္ဝင္တစား ေလ့လာပါတယ္။

အလုပ္တစ္ဖက္နဲ႔ စာၾကိဳးစားတဲ့ Emerson ဟာ အခန္းတြင္း စာေမးပြဲမွာ အမွတ္အမ်ားဆံုး ရရွိျပီး Top scholar တစ္ဦး ျဖစ္လာပါတယ္။ ဒါေၾကာင့္ သင္တန္းျပီးသြားခ်ိန္ သူ႔ကို ေက်ာင္းပိုင္ Web development team ထဲ ဝင္ဖို႔ ငွားရမ္းျပီး IT Project ၾကီးမ်ားကို ဦးေဆာင္ေစပါတယ္။ လက္ရွိ Informatics College ရဲ ႔ အြန္လိုင္း Student Portal ကိုလည္း သူပဲ ဦးေဆာင္ ဖန္တီးထားေပးျခင္း ျဖစ္ပါတယ္။

ဒါေၾကာင့္ သူဟာ ၾကက္ဥျပဳတ္ေရာင္းတဲ့ အသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းကို စြန္႔လႊြတ္လိုက္ပါျပီ။ မိသားစု စားဝတ္ေနေရးအတြက္ ကြန္ျပဴတာေရွ ႔မွာ code ေတြေရးရင္ အဆင္ေျပေနျပီ ျဖစ္ပါတယ္။ သူ႔ရဲ ႔ ၾကိဳးစားမွု ေၾကာင့္လည္း လက္ရွိ ေက်ာင္းတက္ေနစဥ္မွာပဲ အလုပ္ Project မ်ားကို ဖန္တီးလို႔ ပညာသင္ရင္း တစ္ဖက္ အသက္ေမြးဝမ္းေက်ာင္း လ်က္ရွိတယ္လို႔ သိရပါတယ္။ ယခုဆုိရင္ ကိုယ္ပိုင္ Web Development ကုမၺဏီၾကီးတစ္ခုကို တည္ေထာင္လုပ္ကုိင္ေနျပီ ျဖစ္ပါတယ္။

Ref: dyknow
ေအာင္ခမ္း (ရိုးရာေလး)
#aungkham_yyl
#article_yyl
www.yoyarlay.com

(Unicode version)

ကြက်ဥပြုတ်သည်ဘဝမှ အိုင်တီ Developer တစ်ယောက် ဖြစ်လာသူ

အမည် အပြည့်အစုံကတော့ Emerson Paguia လို့ခေါ်ပါတယ်။ ဖလစ်ပိုင်နိုင်ငံ Zambales ပြည်နယ်မှာ နေထိုင် ပါတယ်။ မိဘဆင်းရဲ တာကြောင့် အထက်တန်းကျောင်းသာ ပြီးအောင်တတ်နိုင်ခဲ့ပြီး တက္ကသိုလ်ဆက်မတတ် နိုင်ခဲ့ပါဘူး။

ဒါကြောင့် မနီလာမြို့ကိုသွားပြီး အလုပ်သွားလျှောက်တဲ့အခါ ဘယ်ကုမ္မဏီကမှ သူ့ကိုလက်မခံပါဘူး။ အထက်တန်း ကျောင်း ပြီးတစ်ယောက်အနေနဲ့ အလုပ်ရှားတာကို သူသိလိုက်ပါတယ်။ Call Center တွေမှာ အထက်တန်းကျောင်းပြီးရုံနဲ့ အလုပ်ရနိုင်တယ်ဆိုတာကိုလည်း သိပေမယ့် သူဟာ စကားအပြောအဆို ညံ့ဖျင်းသူ တစ်ယောက်လို့လည်း သိထားတဲ့အတွက် ယင်းအလုပ်ကို မလျှောက်ခဲ့ပါဘူး။ ဒါနဲ့ မိသားစု စာဝတ်နေရေး ပြေလည်ဖို့အတွက် ကြက်ဥပြုတ်ရောင်းတဲ့ အ...လုပ်ကိုပဲ သူ စတင်လုပ်ကိုင်ပါတော့ တယ်။ နေ့ရောညပါ အားရင် အားသလို ကြက်ဥပြုတ်ရောင်းပါတယ်။ ဒီအတွက်လည်း ရထားစီးပြီး ခရီးသွားရတာပါ။ နောက်တော့ ရထားစီးဖို့ ပိုက်ဆံကိုတောင် မသုံးတော့ပဲ လမ်းလျှောက်သွားတဲ့အထိ သူ ချွေတာခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့ အင်တာနက် အသုံးပြုဖို့ပါ။

သူက အိုင်တီမှာ လေ့လာ ချင်စိတ်လေး ရှိနေသူ ဖြစ်ပါတယ်။ ဒါနဲ့ ဝဘ်ဆိုဒ်တွေတစ်ခုပြီး တစ်ခုလေ့လာ ရင်း အွန်လိုင်းအခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေ တွေ့ ပါတယ်။ နောက်တော့ Tesda က ပေးတဲ့ Training for Work Scholarship Program (TWSP) လို ပရိုဂရမ်မျိုးကိုတောင် ရှာတွေခဲ့ပြီး ပထမဆုံး အွန်လိုင်းကနေ စတင်လေ့လာပါတယ်။ အွန်လိုင်းမှာပဲ သူတို့ ပေးတဲ့ Tutorial တွေ၊ Test တွေ ကိုယ်တိုင် လေ့လာရင်း Data programming နဲ့ PHP Server site encryption သင်တန်းတက်ဖို့အတွက် စကော်လာရရှိခဲ့ပါတယ်။ ဒီအတွက် Quezon City က Informatics College မှာ သွားတက်ရမှာပါ။ သူနေတဲ့ မြို့ Angono ကနေ ဆိုရင် ရထားစီးသွားရမှာ ဖြစ်ပေမယ့် ၃ နာရီလမ်းလျှောက်ခရီးကို သူရွေးချယ်ပါတယ်။ သူဟာ အသက် ၂၀ ကျော်ပဲ ရှိပါသေးတယ်။ အသွားကော၊ အပြန်မှာပါ။ ကြက်ဥပြုတ်ရောင်းပြီး အတန်းထဲက စာတွေကိုလည်း စိတ်ဝင်တစား လေ့လာပါတယ်။

အလုပ်တစ်ဖက်နဲ့ စာကြိုးစားတဲ့ Emerson ဟာ အခန်းတွင်း စာမေးပွဲမှာ အမှတ်အများဆုံး ရရှိပြီး Top scholar တစ်ဦး ဖြစ်လာပါတယ်။ ဒါကြောင့် သင်တန်းပြီးသွားချိန် သူ့ကို ကျောင်းပိုင် Web development team ထဲ ဝင်ဖို့ ငှားရမ်းပြီး IT Project ကြီးများကို ဦးဆောင်စေပါတယ်။ လက်ရှိ Informatics College ရဲ့ အွန်လိုင်း Student Portal ကိုလည်း သူပဲ ဦးဆောင် ဖန်တီးထားပေးခြင်း ဖြစ်ပါတယ်။

ဒါကြောင့် သူဟာ ကြက်ဥပြုတ်ရောင်းတဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို စွန့်လွတ်လိုက်ပါပြီ။ မိသားစု စားဝတ်နေရေးအတွက် ကွန်ပြူတာရှေ့မှာ code တွေရေးရင် အဆင်ပြေနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ကြိုးစားမှု ကြောင့်လည်း လက်ရှိ ကျောင်းတက်နေစဉ်မှာပဲ အလုပ် Project များကို ဖန်တီးလို့ ပညာသင်ရင်း တစ်ဖက် အသက်မွေးဝမ်းကျောင်း လျက်ရှိတယ်လို့ သိရပါတယ်။ ယခုဆိုရင် ကိုယ်ပိုင် Web Development ကုမ္ဗဏီကြီးတစ်ခုကို တည်ထောင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

Ref: dyknow
အောင်ခမ်း (ရိုးရာလေး)

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>