ေမာ္စကုိ ၊ ၂၆-၁-၂ဝ၁၆
႐ုရွားႏိုင္ငံ အေနျဖင့္ ဆီးရီးယား ျပည္တြင္းေရးကို ဝင္ေရာက္ စြက္ဖက္မည္ မဟုတ္ဘဲ ယင္းႏုိင္ငံ၏ တရားဥပေဒ အရ အသိအမွတ္ ျပဳထားသည့္ အစိုးရကို ကူညီကာ ဆီးရီးယား ေျမေပၚမွ ISIS အၾကမ္းဖက္ သမားမ်ားကို တိုက္ထုတ္ သြားရန္သာ စိတ္ဝင္စားေၾကာင္း သမၼတ ဗလာဒီမာပူတင္ က ဇန္နဝါရီ ၂၅ ရက္တြင္ ေျပာၾကားသည္။
''ကြၽန္ေတာ္တို႔ အေနနဲ႔ ဆီးရီးယားႏုိင္ငံ ရဲ႕ ႏုိင္ငံေရးစနစ္ကို ဝင္ေရာက္ စြက္ဖက္ရန္ အစီအစဥ္ မရွိပါဘူး။ ကြၽန္ေတာ္တို႔ တပ္ဖဲြ႕ေတြ ဆီးရီးယားႏုိင္ငံ အတြင္း တည္ရွိေန ရတဲ့အဓိက အခ်က္က ISIS အဖဲြ႕ေတြကို တိုက္ခိုက္ ႏွိမ္နင္းသြားဖို႔ပဲ ျဖစ္ပါတယ္ ''ဟု ေျမာက္ ေကာ့ေကးဆပ္ တကၠသိုလ္ရွိ ဆီးရီးယား ႏုိင္ငံသား မ်ားႏွင့္ ေတြ႕ဆံုစဥ္ ပူတင္ က ေျပာၾကားသည္။
ဆီးရီးယား ႏုိင္ငံသည္ ၂ဝ၁၁ ခုႏွစ္မွစ၍ ျပည္တြင္းစစ္ ဒဏ္ကို ခံစားေနရျခင္း ျဖစ္ၿပီး စစ္ပဲြမ်ား စတင္ခ်ိန္မွစ၍ အေမရိကန္ ဦးေဆာင္ေသာ မဟာမိတ္တပ္ဖဲြ႕သည္ ဆီးရီးယား အတိုက္အခံ တပ္ဖဲြ႕မ်ားကို အကူအညီမ်ား ေပးအပ္ကာ သမၼတ ဘာရွာအယ္လ္ အာဆတ္ကို ရာထူးမွ ဆင္းေပးေရး ေတာင္းဆိုခဲ့ျခင္း ျဖစ္သည္။
ဆီးရီးယား ႏုိင္ငံတြင္း ၿငိမ္းခ်မ္းေရး အတြက္ ကုလသမဂၢ၏ ဦးေဆာင္မႈျဖင့္ ဇန္နဝါရီ ၂၅ ရက္တြင္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ က်င္းပရန္ စီစဥ္ထား ေသာ္လည္း ပ်က္ယြင္းခဲ့ၿပီး လာမည့္ ရက္အနည္းငယ္ အတြင္း ျပန္လည္ စတင္ ႏုိင္မည္ဟု ေမွ်ာ္လင့္ေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး ဂြၽန္ကယ္ရီ က ေျပာၾကား ထားသည္။
#PyiChitThar
....................................................................................
ISIS ကို တိုက်ခိုက်ရန်သာ စိတ်ဝင်စားဟု ပူတင်ပြော
မော်စကို ၊ ၂၆-၁-၂ဝ၁၆
ရုရှားနိုင်ငံ အနေဖြင့် ဆီးရီးယား ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မည် မဟုတ်ဘဲ ယင်းနိုင်ငံ၏ တရားဥပဒေ အရ အသိအမှတ် ပြုထားသည့် အစိုးရကို ကူညီကာ ဆီးရီးယား မြေပေါ်မှ ISIS အကြမ်းဖက် သမားများကို တိုက်ထုတ် သွားရန်သာ စိတ်ဝင်စားကြောင်း သမ္မတ ဗလာဒီမာပူတင် က ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားသည်။
''ကျွန်တော်တို့ အနေနဲ့ ဆီးရီးယားနိုင်ငံ ရဲ့ နိုင်ငံရေးစနစ်ကို ဝင်ရောက် စွက်ဖက်ရန် အစီအစဉ် မရှိပါဘူး။ ကျွန်တော်တို့ တပ်ဖွဲ့တွေ ဆီးရီးယားနိုင်ငံ အတွင်း တည်ရှိနေ ရတဲ့အဓိက အချက်က ISIS အဖွဲ့တွေကို တိုက်ခိုက် နှိမ်နင်းသွားဖို့ပဲ ဖြစ်ပါတယ် ''ဟု မြောက် ကော့ကေးဆပ် တက္ကသိုလ်ရှိ ဆီးရီးယား နိုင်ငံသား များနှင့် တွေ့ဆုံစဉ် ပူတင် က ပြောကြားသည်။
ဆီးရီးယား နိုင်ငံသည် ၂ဝ၁၁ ခုနှစ်မှစ၍ ပြည်တွင်းစစ် ဒဏ်ကို ခံစားနေရခြင်း ဖြစ်ပြီး စစ်ပွဲများ စတင်ချိန်မှစ၍ အမေရိကန် ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့သည် ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့များကို အကူအညီများ ပေးအပ်ကာ သမ္မတ ဘာရှာအယ်လ် အာဆတ်ကို ရာထူးမှ ဆင်းပေးရေး တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ဆီးရီးယား နိုင်ငံတွင်း ငြိမ်းချမ်းရေး အတွက် ကုလသမဂ္ဂ၏ ဦးဆောင်မှုဖြင့် ဇန်နဝါရီ ၂၅ ရက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ထား သော်လည်း ပျက်ယွင်းခဲ့ပြီး လာမည့် ရက်အနည်းငယ် အတွင်း ပြန်လည် စတင် နိုင်မည်ဟု မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ က ပြောကြား ထားသည်။
#PyiChitThar