တုိရြန္တို ၊ ၂၆-၁-၂၀၁၆
ကေနဒါႏိုင္ငံ တိုရြန္တိုၿမိဳ႕၌ ဇန္နဝါရီ ၂၄ ရက္က တစ္ေန႔တည္းတြင္ ေနရာ သံုးေနရာ၌ ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ရာ အမ်ဳိးသားတစ္ဦး ေသဆံုးၿပီး အျခား အမ်ဳိးသား သံုးဦးႏွင့္ အမ်ဳိးသမီး တစ္ဦး ဒဏ္ရာ အျပင္းအထန္ ရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က CP24 ႐ုပ္သံ သတင္းဌာနသို႔ ေျပာၾကားသည္။
ကနဦးတြင္ အဆိုပါ ပစ္ခတ္မႈမ်ား အတြင္း ေသဆံုးသူမရွိဟု ရဲတပ္ဖြဲ႕က ထုတ္ေဖာ္ေျပာၾကား ခဲ့ေသာ္လည္း ေသနတ္ဒဏ္ရာမ်ား ရရွိထားသူ တစ္ဦးသည္ ေဆး႐ံု၌ ေသဆံုးသြားၿပီ ျဖစ္ေၾကာင္း တာဝန္ရွိ သူမ်ားက ထပ္မံ ေၾကညာခဲ့သည္။ ပစ္ခတ္မႈေၾကာင့္ ထိခိုက္ ဒဏ္ရာရရွိသူ အားလံုးကို ေဆးဝါး ကုသမႈ ေပးရန္ ေဆး႐ံုသို႔ ပို႔ေဆာင္ၿပီး ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ထပ္ေလာင္း ေျပာၾကားသည္။
ပစ္ခတ္မႈ ျဖစ္ပြားသည့္ ေနရာအနီးရွိ သံသယရွိသူ အားလံုးကို ဖမ္းဆီး ထားေၾကာင္း၊ ပစ္ခတ္မႈ တစ္ခုႏွင့္ တစ္ခုမွာ ဆက္စပ္မႈရွိ၊ မရွိကို မသိရွိ ရေသးေၾကာင္း ႏွင့္ ျဖစ္စဥ္မ်ား ႏွင့္ ပတ္သက္၍ ရဲတပ္ဖြဲ႕က စံုစမ္း စစ္ေဆးလ်က္ ရွိေၾကာင္း သိရသည္။
#PyiChitThar
.................................................................
ကနေဒါ၌ တစ်နေ့တည်းတွင် ပစ်ခတ်မှုသုံးကြိမ် ဖြစ်ပွားရာ တစ်ဦးသေဆုံး လေးဦးဒဏ်ရာရရှိ
တိုရွန်တို ၊ ၂၆-၁-၂၀၁၆
ကနေဒါနိုင်ငံ တိုရွန်တိုမြို့၌ ဇန်နဝါရီ ၂၄ ရက်က တစ်နေ့တည်းတွင် နေရာ သုံးနေရာ၌ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး အခြား အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က CP24 ရုပ်သံ သတင်းဌာနသို့ ပြောကြားသည်။
ကနဦးတွင် အဆိုပါ ပစ်ခတ်မှုများ အတွင်း သေဆုံးသူမရှိဟု ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြား ခဲ့သော်လည်း သေနတ်ဒဏ်ရာများ ရရှိထားသူ တစ်ဦးသည် ဆေးရုံ၌ သေဆုံးသွားပြီ ဖြစ်ကြောင်း တာဝန်ရှိ သူများက ထပ်မံ ကြေညာခဲ့သည်။ ပစ်ခတ်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိသူ အားလုံးကို ဆေးဝါး ကုသမှု ပေးရန် ဆေးရုံသို့ ပို့ဆောင်ပြီး ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်း ပြောကြားသည်။
ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာအနီးရှိ သံသယရှိသူ အားလုံးကို ဖမ်းဆီး ထားကြောင်း၊ ပစ်ခတ်မှု တစ်ခုနှင့် တစ်ခုမှာ ဆက်စပ်မှုရှိ၊ မရှိကို မသိရှိ ရသေးကြောင်း နှင့် ဖြစ်စဉ်များ နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။
#PyiChitThar