Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

"လ၀ကကုိ စစ္တပ္က ကုိင္တြယ္မယ္ဆုိရင္ ကၽြန္ေတာ္တုိ႔ အေနနဲ႔ ပုိမုိ လံုၿခဳံမႈရွိတယ္၊ NLD အေနနဲ႔ စိန္ေခၚမႈေတြကုိ ရင္ဆုိင္မယ့္အစား အေလွ်ာ့ေပးသင့္တယ္"ဟု ဦးေအးေမာင္ ဆုိ

$
0
0
သမၼတ ဦးသိန္းစိန္က ျပည္ထဲေရး ၀န္ႀကီးဌာနေအာက္တြင္ လ၀က ကုိ ထားရွိအတြက္ လြတ္ေတာ္၏ အတည္ျပဳခ်က္ ရယူရန္ လႊတ္ေတာ္သုိ႔ ဇန္န၀ါရီလ ၂၆ ရက္ေန႔က စာေပးပုိ႔ ေတာင္းဆုိခဲ့သည္။ အဆုိပါ ကိစၥရပ္အား လႊတ္ေတာ္၌ ယေန႔ ဗုဒၶဟူးေန႔တြင္ ေဆြးေႏြးဖြယ္ ရွိသည္။ အကယ္၍ ၀န္ႀကီးဌာန ပူးေပါင္းရန္ လႊတ္ေတာ္က အတည္ျပဳခဲ့ပါက NLD အစုိးရ လက္ေအာက္တြင္ စစ္တပ္၏ လုပ္ပုိင္ခြင့္အာဏာကုိ သိသာစြာ တုိးျမင့္ေစမည္ ျဖစ္သည္။

လက္ရွိ အေျခခံ ဥပေဒအရ ျပည္ထဲေရး၊ နယ္စပ္ေဒသေရးရာႏွင့္ ကာကြယ္ေရး ၀န္ႀကီးဌာနမ်ားကုိ ကာကြယ္ေရး ဦးစီးခ်ဳပ္က ထိန္းခ်ဳပ္ခြင့္ ရရွိထားသည္။ ျပည္ထဲေရး ၀န္ႀကီးဌာနသည္ လက္ရွိတြင္လည္း ရဲတပ္ဖြဲ႕ႏွင့္ အေထြေထြ အုပ္ခ်ဳပ္ေရး ယႏၱရားကုိ ထိန္းခ်ဳပ္ထားၿပီး အစုိးရအုပ္ခ်ဳပ္ေရး မ႑ိဳင္၏ အင္ဂ်င္ အျဖစ္ အလြန္အေရးပါသည့္ ၀န္ႀကီးဌာန ျဖစ္သည္။ စစ္တပ္၏ အာဏာအား ပုိမုိအားေကာင္းေစႏုိင္သည့္ ၀န္ႀကီးဌာနမ်ား ေပါင္းစည္းမႈကုိ NLD က ေထာက္ခံမႈ မရွိေၾကာင္း သိရသည္။

ႏုိင္ငံသား စိစစ္ေရးကတ္၊ ဗီဇာႏွင့္ ပတ္စ္ပုိ႔ ထုတ္ေပးျခင္းကဲ့သုိ႔ လ၀က လုပ္ငန္းမ်ားကုိ စစ္တပ္က ထိန္းခ်ဳပ္ရန္ သမၼတက ရည္ရြယ္ျခင္း ျဖစ္သည္ဟု ဆုိသည္။

ရခုိင္အမ်ဳိးသားပါတီမွ လက္ရွိ လြတ္ေတာ္ ကုိယ္စားလွယ္ ဦးေအးေမာင္ ကမူ ၀န္ႀကီးဌာန ႏွစ္ခု ပူးေပါင္းျခင္းကုိ ေထာက္ခံခဲ့ၿပီး လက္ရွိအစုိးရ သက္တမ္း မကုန္ဆံုးမီ အတည္ျပဳသင့္သည္ဟု အႀကံျပဳခဲ့သည္။ “တရားမ၀င္ ခုိး၀င္မႈေတြ၊ ႏုိင္ငံသားခြင့္ျပဳတဲ့ ကိစၥရပ္ေတြကုိ စစ္တပ္က ကုိင္တြယ္မယ္ ဆုိရင္ ကၽြန္ေတာ္တုိ႔ (ရခုိင္လူထု) အေနနဲ႔ ပုိမုိ လံုၿခဳံမႈရွိတယ္လုိ႔ ခံစားရမယ္လုိ႔ ကၽြန္ေတာ္ ယံုၾကည္ပါတယ္” ဟု ယင္းက ေျပာၾကားသည္။

ရခုိင္ ျပည္နယ္တြင္ လူ၀န္မႈႀကီးၾကပ္ေရး ျပသ၁နာ ႐ႈပ္ေထြးၿပီး အထိအခုိက္ မခံသျဖင့္ NLD အေနျဖင့္ ကုိင္တြယ္ႏုိင္ျခင္း မရွိႏုိင္ဟု ဦးေအးေမာင္က ဆုိသည္။ “သူတုိ႔ (NLD) အေနနဲ႔ စိန္ေခၚမႈေတြကုိ ရင္ဆုိင္မယ့္အစား အေလွ်ာ့ေပးသင့္တယ္လုိ႔ ထင္ပါတယ္” ဟု ေျပာၾကားခဲ့သည္။

ဦးေအးေမာင္မွာ လက္ရွိတြင္ ရခုိင္အမ်ိဳးသားပါတီ၏ ဥကၠ႒ ျဖစ္ေသာ္လည္း ၂၀၁၅ ေရြးေကာက္ပဲြတြင္ မာန္ေအာင္တြင္ ရႈံးႏွိမ့္ၿပီး ၄င္း၏ အမတ္သက္တမ္းမွာ ဇန္န၀ါရီလ ၃၁ ရက္ေန႔တြင္ ကုန္ဆုံးေတာ့မည္ ျဖစ္သည္။

တစ္သီးပုဂၢလ အမတ္တစ္ဦးျဖစ္သူ ဦးဖုန္းျမင့္ေအာင္က သမၼတ၏ အဆုိျပဳခ်က္ကုိ လက္ရွိ လႊတ္ေတာ္ သက္တမ္း မကုန္ဆံုးမီ တစ္ပတ္အတြင္း အတည္ျပဳရန္ကုိမူ ကန္႔ကြက္သည္ဟု ေျပာၾကားသည္။

“ဥပေဒၾကမ္း ေကာ္မတီမွ NLD ကလြဲၿပီး အားလံုးက ေထာက္ခံမဲ ေပးခဲ့ပါတယ္။ ဒီျပသ၁နာကုိ ျပည္ေထာင္စု လႊတ္ေတာ္မွာ တင္သြင္းၿပီး အဆံုးအျဖတ္ ခံယူဖုိ႔ ကၽြန္ေတာ္တုိ႔ အဆုိျပဳခဲ့ပါတယ္။ ဒါေပမဲ့ လက္ရွိ လႊတ္ေတာ္ သက္တမ္းက သံုးရက္ပဲ က်န္ေတာ့တဲ့အတြက္ ဒီရက္ပုိင္းအတြင္း အတည္မျပဳသင့္ဘူးလုိ႔ ထင္ပါတယ္” ဟု ဦးဖုန္းျမင့္ေအာင္က ေျပာၾကားသည္။

The Ladies News Journal
....................



"လဝကကို စစ်တပ်က ကိုင်တွယ်မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ပိုမို လုံခြုံမှုရှိတယ်၊ NLD အနေနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်မယ့်အစား အလျှော့ပေးသင့်တယ်"ဟု ဦးအေးမောင် ဆို
-------- --------- -----------

သမ္မတ ဦးသိန်းစိန်က ပြည်ထဲရေး ၀န်ကြီးဌာနအောက်တွင် လဝက ကို ထားရှိအတွက် လွတ်တော်၏ အတည်ပြုချက် ရယူရန် လွှတ်တော်သို့ ဇန်နဝါရီလ ၂၆ ရက်နေ့က စာပေးပို့ တောင်းဆိုခဲ့သည်။ အဆိုပါ ကိစ္စရပ်အား လွှတ်တော်၌ ယနေ့ ဗုဒ္ဓဟူးနေ့တွင် ဆွေးနွေးဖွယ် ရှိသည်။ အကယ်၍ ၀န်ကြီးဌာန ပူးပေါင်းရန် လွှတ်တော်က အတည်ပြုခဲ့ပါက NLD အစိုးရ လက်အောက်တွင် စစ်တပ်၏ လုပ်ပိုင်ခွင့်အာဏာကို သိသာစွာ တိုးမြင့်စေမည် ဖြစ်သည်။

လက်ရှိ အခြေခံ ဥပဒေအရ ပြည်ထဲရေး၊ နယ်စပ်ဒေသရေးရာနှင့် ကာကွယ်ရေး ၀န်ကြီးဌာနများကို ကာကွယ်ရေး ဦးစီးချုပ်က ထိန်းချုပ်ခွင့် ရရှိထားသည်။ ပြည်ထဲရေး ၀န်ကြီးဌာနသည် လက်ရှိတွင်လည်း ရဲတပ်ဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေး ယန္တရားကို ထိန်းချုပ်ထားပြီး အစိုးရအုပ်ချုပ်ရေး မဏ္ဍိုင်၏ အင်ဂျင် အဖြစ် အလွန်အရေးပါသည့် ၀န်ကြီးဌာန ဖြစ်သည်။ စစ်တပ်၏ အာဏာအား ပိုမိုအားကောင်းစေနိုင်သည့် ၀န်ကြီးဌာနများ ပေါင်းစည်းမှုကို NLD က ထောက်ခံမှု မရှိကြောင်း သိရသည်။

နိုင်ငံသား စိစစ်ရေးကတ်၊ ဗီဇာနှင့် ပတ်စ်ပို့ ထုတ်ပေးခြင်းကဲ့သို့ လဝက လုပ်ငန်းများကို စစ်တပ်က ထိန်းချုပ်ရန် သမ္မတက ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ရခိုင်အမျိုးသားပါတီမှ လက်ရှိ လွတ်တော် ကိုယ်စားလှယ် ဦးအေးမောင် ကမူ ၀န်ကြီးဌာန နှစ်ခု ပူးပေါင်းခြင်းကို ထောက်ခံခဲ့ပြီး လက်ရှိအစိုးရ သက်တမ်း မကုန်ဆုံးမီ အတည်ပြုသင့်သည်ဟု အကြံပြုခဲ့သည်။ “တရားမဝင် ခိုးဝင်မှုတွေ၊ နိုင်ငံသားခွင့်ပြုတဲ့ ကိစ္စရပ်တွေကို စစ်တပ်က ကိုင်တွယ်မယ် ဆိုရင် ကျွန်တော်တို့ (ရခိုင်လူထု) အနေနဲ့ ပိုမို လုံခြုံမှုရှိတယ်လို့ ခံစားရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ယင်းက ပြောကြားသည်။

ရခိုင် ပြည်နယ်တွင် လူဝန်မှုကြီးကြပ်ရေး ပြသ၁နာ ရှုပ်ထွေးပြီး အထိအခိုက် မခံသဖြင့် NLD အနေဖြင့် ကိုင်တွယ်နိုင်ခြင်း မရှိနိုင်ဟု ဦးအေးမောင်က ဆိုသည်။ “သူတို့ (NLD) အနေနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်မယ့်အစား အလျှော့ပေးသင့်တယ်လို့ ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဦးအေးမောင်မှာ လက်ရှိတွင် ရခိုင်အမျိုးသားပါတီ၏ ဥက္ကဋ္ဌ ဖြစ်သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် မာန်အောင်တွင် ရှုံးနှိမ့်ပြီး ၄င်း၏ အမတ်သက်တမ်းမှာ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကုန်ဆုံးတော့မည် ဖြစ်သည်။

တစ်သီးပုဂ္ဂလ အမတ်တစ်ဦးဖြစ်သူ ဦးဖုန်းမြင့်အောင်က သမ္မတ၏ အဆိုပြုချက်ကို လက်ရှိ လွှတ်တော် သက်တမ်း မကုန်ဆုံးမီ တစ်ပတ်အတွင်း အတည်ပြုရန်ကိုမူ ကန့်ကွက်သည်ဟု ပြောကြားသည်။

“ဥပဒေကြမ်း ကော်မတီမှ NLD ကလွဲပြီး အားလုံးက ထောက်ခံမဲ ပေးခဲ့ပါတယ်။ ဒီပြသ၁နာကို ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းပြီး အဆုံးအဖြတ် ခံယူဖို့ ကျွန်တော်တို့ အဆိုပြုခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ လွှတ်တော် သက်တမ်းက သုံးရက်ပဲ ကျန်တော့တဲ့အတွက် ဒီရက်ပိုင်းအတွင်း အတည်မပြုသင့်ဘူးလို့ ထင်ပါတယ်” ဟု ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

The Ladies News Journal

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...