Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကရင္နီျပည္နယ္ ကယန္းေဒသ ဟု မေခၚဘဲ ကယန္းေဒသဟု ေခၚဆိုရန္ ကယန္းျပည္သစ္ပါတီ ေတာင္းဆို

$
0
0

ကယန္းလူမ်ဳိးမ်ား ေနထိုင္ရာေဒသမ်ားမွာ ကယားျပည္နယ္ ၊ ကရင္ျပည္နယ္၊ မႏၱေလးတိုင္း ၊ ရွမ္းျပည္နယ္ စသျဖင့္ ျပည္နယ္သံုးခုႏွင့္ တိုင္း ၁ တိုင္း ကြဲျပား ေနသျဖင့္ ကရင္နီျပည္နယ္ ကယန္းေဒသ ၊ ကယားျပည္နယ္ ကယန္းေဒသဟု မေခၚတြင္ဘဲ ကယန္းေဒသဟု ေခၚဆိုရန္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔တစ္ဖြဲ႔ျဖစ္သည့္ ကယန္းျပည္သစ္ ပါတီမွ ေတာင္းဆိုလိုက္သည္။
ကယန္းတိုင္းရင္းသားမ်ား ေနထိုင္သည့္ ေဒသမ်ားမွာ ကယားျပည္နယ္ အေနာက္ဘက္ ၊ ရွမ္းျပည္နယ္ ေတာင္ပိုင္း ၊ ကရင္ျပည္နယ္ ေျမာက္ပိုင္း ၊ မႏၱေလးတိုင္း ပ်ဥ္းမနား ၊ ရမည္းသင္း ေဒသမ်ား၏ အေရွ႕ဘက္ျခမ္း စသျဖင့္ ေျမပံုတြင္ ၾကည့္ပါက တဆက္တစပ္တည္း ရိွေနေသာ္လည္း အမ်ားစုမွာ ကယားျပည္နယ္ ( သို႔မဟုတ္) ကရင္နီေဒသမွ ကယန္းဟုသာ သံုးစြဲေနေသာေၾကာင့္ ကယန္းေဒသဟု သံုးစြဲရန္ႏွင့္ တိုင္းရင္းသား အခြင့္ေရးအတြက္ ကယန္းလူမ်ဳိး ေနထိုင္ရာ ေဒသမ်ားကို ေပါင္းစည္း၍ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ေပးရန္ ေတာင္းဆိုရျခင္း ျဖစ္ေၾကာင္း ဇန္န၀ါရီလ ၂၁ ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္ေသာ အဆိုပါ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။
‘ေဒသနဲ႔ ပက္သက္ၿပီး ေဆာင္ရြက္ေပးႏိုင္ဖို႔ ေတာင္းဆိုေနတာ ၾကာပါၿပီ ။ ခုမွ မဟုတ္ပါဘူး ။ ဘာမွ မလုပ္ေပးေသးတဲ့အတြက္ ထပ္ၿပီး ေတာင္းဆိုတာပါ ။ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ကို ဘယ္လိုမ်ား ေဆာင္ရြက္ေပးမလဲေပါ့’ ဟု ကယန္းျပည္သစ္ ပါတီက တာ၀န္ရွိသူတစ္ဦးက ေျပာသည္။
ကယန္းလူမ်ဳိးမ်ားမွာ အဂၤလိပ္တို႔အား ေတာ္လွန္ တိုက္ခိုက္ခဲ့ေသာေၾကာင့္ ကယန္းလူမ်ဳိးမ်ား ေနထိုင္ရာ ေဒသမ်ားကို တျခားေဒသမ်ား၏ အစြန္အဖ်ား ေဒသမ်ားအျဖစ္ ခြဲထုတ္ပစ္ခဲ့ျခင္း ျဖစ္ျပီး ယခုေခတ္တိုင္ေအာင္ နယ္ေျမ တဆက္စပ္တည္း ရိွေနေသာ ကယန္းမ်ဳိးႏြယ္စုမ်ားကို အျခားေသာ မ်ဳိးႏြယ္စု၀င္ ေဒသမ်ား ေအာက္ ထည့္သြင္းထားျခင္းျဖင့္ ကယန္းေဒသ တည္ရိွမႈအား ျငင္းပယ္ရာ ေရာက္သည္ဟု အဆိုပါ ထုတ္ျပန္ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။
သတင္း - မ်ဳိးမင္းပိုင္
The Ladies News Journal
...........
ကရင်နီပြည်နယ် ကယန်းဒေသ ဟု မခေါ်ဘဲ ကယန်းဒေသဟု ခေါ်ဆိုရန်
ကယန်းပြည်သစ်ပါတီ တောင်းဆို
ကယန်းလူမျိုးများ နေထိုင်ရာဒေသများမှာ ကယားပြည်နယ် ၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း ၊ ရှမ်းပြည်နယ် စသဖြင့် ပြည်နယ်သုံးခုနှင့် တိုင်း ၁ တိုင်း ကွဲပြား နေသဖြင့် ကရင်နီပြည်နယ် ကယန်းဒေသ ၊ ကယားပြည်နယ် ကယန်းဒေသဟု မခေါ်တွင်ဘဲ ကယန်းဒေသဟု ခေါ်ဆိုရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကယန်းပြည်သစ် ပါတီမှ တောင်းဆိုလိုက်သည်။
ကယန်းတိုင်းရင်းသားများ နေထိုင်သည့် ဒေသများမှာ ကယားပြည်နယ် အနောက်ဘက် ၊ ရှမ်းပြည်နယ် တောင်ပိုင်း ၊ ကရင်ပြည်နယ် မြောက်ပိုင်း ၊ မန္တလေးတိုင်း ပျဉ်းမနား ၊ ရမည်းသင်း ဒေသများ၏ အရှေ့ဘက်ခြမ်း စသဖြင့် မြေပုံတွင် ကြည့်ပါက တဆက်တစပ်တည်း ရှိနေသော်လည်း အများစုမှာ ကယားပြည်နယ် ( သို့မဟုတ်) ကရင်နီဒေသမှ ကယန်းဟုသာ သုံးစွဲနေသောကြောင့် ကယန်းဒေသဟု သုံးစွဲရန်နှင့် တိုင်းရင်းသား အခွင့်ရေးအတွက် ကယန်းလူမျိုး နေထိုင်ရာ ဒေသများကို ပေါင်းစည်း၍ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးရန် တောင်းဆိုရခြင်း ဖြစ်ကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
‘ဒေသနဲ့ ပက်သက်ပြီး ဆောင်ရွက်ပေးနိုင်ဖို့ တောင်းဆိုနေတာ ကြာပါပြီ ။ ခုမှ မဟုတ်ပါဘူး ။ ဘာမှ မလုပ်ပေးသေးတဲ့အတွက် ထပ်ပြီး တောင်းဆိုတာပါ ။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ဘယ်လိုများ ဆောင်ရွက်ပေးမလဲပေါ့’ ဟု ကယန်းပြည်သစ် ပါတီက တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကယန်းလူမျိုးများမှာ အင်္ဂလိပ်တို့အား တော်လှန် တိုက်ခိုက်ခဲ့သောကြောင့် ကယန်းလူမျိုးများ နေထိုင်ရာ ဒေသများကို တခြားဒေသများ၏ အစွန်အဖျား ဒေသများအဖြစ် ခွဲထုတ်ပစ်ခဲ့ခြင်း ဖြစ်ပြီး ယခုခေတ်တိုင်အောင် နယ်မြေ တဆက်စပ်တည်း ရှိနေသော ကယန်းမျိုးနွယ်စုများကို အခြားသော မျိုးနွယ်စုဝင် ဒေသများ အောက် ထည့်သွင်းထားခြင်းဖြင့် ကယန်းဒေသ တည်ရှိမှုအား ငြင်းပယ်ရာ ရောက်သည်ဟု အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
သတင်း - မျိုးမင်းပိုင်
The Ladies News Journal

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...