Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဆံပင်ဖြူလို့  စိတ်ညစ်နေသူ တွေ အတွက်.. ဆေးဆိုးစရာ မလိုတဲ့ အန္တရာယ်ကင်းတဲ့ သဘာဝနည်းလမ်းကောင်း

$
0
0
ဆံပင်ဖြူလို့  စိတ်ညစ်နေသူ တွေ အတွက်.. ဆေးဆိုးစရာ မလိုတဲ့ အန္တရာယ်ကင်းတဲ့ သဘာဝနည်းလမ်းကောင်း.. အာလူးရှိရင် ရပါပြီ..

အမျိုးသမီးတွေ သာမက အမျိုးသားတွေ ပါ အသက်အရွယ် တဖြေးဖြေး ရလာ တာ နဲ့ အမျှ ဆံပင်ဖြူလာတာကို လည်း မလွှဲမသွေ ကြုံတွေ့ ရမှာပါ.. အဲလို ဆံပင်ဖြူလာတာ ကို ဖုံးကွယ်ဖို့  ဆံပင်ဆေးဆိုးရတာဟာလည်း အလုပ်တစ်ခု လို ဖြစ်လာပါတယ်.. အခန့်မသင့်ရင် ဆိုးဆေးနဲ့  မတည့်တာတွေ … ဆံပင် ကျွတ်တာတွေ လည်း ဖြစ်နိုင်ပါတယ်.. အခုတော့ ဒါတွေ အတွက် စိတ်ပူစရာ မလိုတော့ပါဘူး…သဘာဝ နည်း အတိုင်း ဆံပင်တွေ ကို ပြန် မည်းနက် စေနိုင်တဲ့ နည်းကို တွေ့ ထားပါပြီ..

ဆံပင်ဖြူတွေ တွေ့ လို့ အလှပြင်ဆိုင် ပြေးပြီး ပိုက်ဆံတွေ အများကြီး အကုန်ခံစရာ မလိုတော့ပါဘူး…. ထူးဆန်းတယ် လို့ ထင်ရပေမဲ့ တကယ်ကို အစွမ်းထက်ပြီး ဘေးဥပါဒ် ကင်းတဲ့ ရိုးရိုး စင်းစင်း ဒီ နည်းလေးကို စမ်းသပ် ကြည့် နိုင်ပါတယ်..
အာလူး ၁၀လုံး ခန့် ကို အခွံခွာပြီး အာလူး အခွံတွေ ကို နာရီဝက်လောက် ပြုတ်ပါ.. ပြီးရင် အာလူးခွံတွေကို ဖယ်ပြီး အညိုရောင် အရည်တွေကို ဘရပ် နဲ့  ဆံပင်မှာ သုတ်လိမ်းကြည့်ပါ..

သိသိ သာသာ မည်းနက်လာဖို့ အတွက် ဒီနည်းလမ်းကို မကြာ မကြာ လုပ်ပေးသင့်ပါတယ်…
အသေးစိတ်သိနိုင်ဖို့  ဗွီဒီယို ဖိုင်ကိုလည်း ဝေမျှ လိုက်ပါတယ် နော်..

source : http://www.healthyfoodhouse.com/
WOW Living TIPS
...............
လ၀ကနှင့် သာသနာရေးကို ပြည်ထဲရေး လက်အောက်ပြောင်းရွှေ့ရန် အချိန်အခါမသင့်ဟု ပါတီကိုယ်စားလှယ်များဆန္ဒပြု


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သာသနာရေး ၀န်ကြီးဌာနတို့ကို ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်သို့ ပြောင်းရွှေ့ ရန် နိုင်ငံရေးပါတီကိုယ်စားလှယ် များသဘောတူသော်လည်း အချိန်အခါ မသင့်ဟု ဆန္ဒပြုခဲ့ကြကြောင်းသိရသည်။

ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်သို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာနတို့ကို ပြောင်းရွှေ့ ရန် လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် နိုင်ငံရေးပါတီကိုယ်စားလှယ်များ ဇန်န၀ါရီ ၂၆ ရက်တွင် အစည်းအဝေးပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သာသနာရေး ၀န်ကြီးဌာနတို့ကို ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်သို့ ပြောင်းရွှေ့ရန် ကိစ္စ နှင့်ပတ်သက်၍ လွှတ်တော်ဥပဒေကြမ်းကော်မတီနှင့် နိုင်ငံရေး ပါတီ ကိုယ်စားလှယ်များ အစည်းအဝေးတွင် သဘောတူကြောင်း မှတ်ချက်ပြုသူ များပြားခဲ့သော်လည်း ယခုအချိန်ပြောင်းရွှေ့ရန်အချိန်အခါသင့်မသင့်ကို ဆန္ဒပြုရာတွင် အချိန်အခါမသင့်ဟု ဆန္ဒပြုသူများပြားခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့်ကိုယ်စားလှယ်တစ်ဦးက The Ladies သို့ပြောသည်။

“နိုင်ငံရေးပါတီတွေက တက်ရောက်ခွင့်ရှိတာ တစ်သီးပုဂ္ဂလအပါ ၂၃ ဖွဲ့ ရှိတဲ့ အထဲမှာ ၁၈ဖွဲ့တက်တယ် ပေါင်းဖို့သဘောတူမတူ ဆုံးဖြတ်တဲ့အခါမှာ သဘောတူတာ ၁၂ဖွဲ့ မတူတာ၆ဖွဲ့၊ ပေါင်းဖို့ အချိန်အခါ သင့်၊ မသင့် ဆုံးဖြတ်တဲ့ အခါမှာ အချိန်အခါမသင့်ဘူးဆိုတာက ၁၁ဖွဲ့ သင့်တယ်လို့ ဆန္ဒပြုတာက ၇ဖွဲ့ ရှိတယ်”ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်က The Ladies သို့ပြောသည်။

“အခုအစိုးရသစ်လက်ထက်မှာ ပြည်ထဲရေးကို ကာကွယ်ရေးက ကိုင်တယ် ဆိုတော့ လ၀ကနဲ့ သာသနာရေးက အရပ်သား အစိုးရဖြစ်ကောင်းဖြစ် သွားနိုင်တယ် အဲ့ဒါကြောင့် ပေါင်းလိုက်ခြင်းအားဖြင့် လ၀ကကော သာသနာရေးကော အရပ်သား အစိုးရအဖြစ်မခံဘဲ ကာကွယ်ရေး လက်အောက်ရောက်အောင် ထည့်တယ်လို့ပဲမြင်ပါတယ်” ဟု ဦးစိုင်းမောင်တင် က ၎င်း၏ အမြင်ကိုပြောသည်။

‘‘အစိုးရသစ်တက်တော့မယ် ဆိုမှ ကပ်ပြီးလုပ်တဲ့သဘော၊ အနိုင်ရပါတီရဲ့ သမ္မတက သူဝန်ကြီးခန့်ရမယ့် ဝန်ကြီး ဌာန တစ်ခုကို တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ကို ပေးလိုက်ရမယ့် သဘောဖြစ်နေတယ်။ အရပ်သား အစိုးရ ရရမယ့် ဝန်ကြီးဌာနတစ်ခု လျော့သွားတာပေါ့’’ဟု တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်က ပြောသည်။

‘‘ပြည်ထဲရေးလက်အောက်ကို ထည့်မှာကို မူသဘော အရ ထောက်ခံကြတယ်။ လက်ရှိ အချိန်မှာတော့ ချက်ချင်းကြီး အကောင်အထည်ဖော်ဖို့ကိုတော့ သဘောမတူဘူး’’ ဟု မွန် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ ဗညားအောင်မိုး ကပြောသည်။

‘‘တစ်မျိုးသားလုံး လုံခြုံမှုနဲ့ပတ် သက်တဲ့ ၀န်ကြီးဌာနဆိုတော့ ခိုင် ခိုင်မာမာ အားကောင်းတဲ့ အဖွဲ့ အစည်းကြီးတစ်ခုကကြီးကြပ်တာ အမျိုးသားရေး လုံခြုံမှုပိုရှိတယ်’’ ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေး မောင်ကပြော ကြားသည်။

ဥပဒေကြမ်းကော်မတီ၏ သဘောထားနှင့်ပတ်သက်၍ ကော်မတီ၏ အတွင်းရေးမှုးဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုးအား The Ladies ဂျာနယ်မှ ဆက်သွယ်မေးမြန်းရာ ဖြေကြား၍ မရကြောင်း ပြောဆို ခဲ့ပြီး အစီရင်ခံစာ တင်ပြသည့် အခါမှသာ စောင့်ကြည့် ရန်ပြောကြားခဲ့သည်။

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာဇော်မြင့်မောင်က ‘‘ကျွန်တော်တို့ သဘောထားက ပေါင်းတာ သဘောမတူဘူး။ လက်ရှိ အခြေအနေရ မသင့်သေးဘူး’’ဟု ပြော ကြားသည်။

ဇော်မင်းထွန်း

The Ladies News

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...