စည်သူကျော်
ရန်ကုန်၊
Yangon Media Group
......................
သမ္မတဦးသိန်းစိန် လွှတ်တော်တွင် နောက်ဆုံးအကြိမ် မိန့်ခွန်းပြောမည်
စည်သူကျော်
ရန်ကုန်၊
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော်၌ ဇန်နဝါရီ ၂၈ရက် (ယနေ့) မိန့်ခွန်းပြောကြားမည် ဟု သိရသည်။
ပထမအကြိမ် လွှတ်တော်သက် တမ်းသည် ဇန်နဝါရီ ၂၉ရက်တွင်ကုန် ဆုံးမည်ဖြစ်ပြီး ပထမအကြိမ် လွှတ် တော်သက်တမ်းမကုန်မီ တစ်ရက်အလို တွင် သမ္မတဦးသိန်းစိန်က မိန့်ခွန်းတက် ရောက်ပြောကြားမည်ဖြစ်သည်။
မိန့်ခွန်း ပြောကြားရန် လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ ထားပြီးလည်း ဖြစ်သည်။
ဒုတိယအကြိမ် လွှတ်တော်သက် တမ်းသည် လာမည့်ဖေဖော်ဝါရီ ၁ရက် တွင် စတင်မည်ဖြစ်ပြီး အမတ်သစ်များ အနေဖြင့် ဇန်နဝါရီ ၂၇ရက်မှ ၂၉ရက် အထိ သုံးရက်ကြာ လေ့လာသူများအ ဖြစ် တက်ရောက်ကြရန် လွှတ်တော်ရုံး များက အသိပေးထားသည်။
သမ္မတဦးသိန်းစိန်၏ အစိုးရသက် တမ်းမှာ လာမည့်မတ်လကုန်တွင် ကုန် ဆုံးမည်ဖြစ်ပြီး နိုဝင်ဘာလ ကျင်းပခဲ့ သည့် ၂ဝ၁၅ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရသစ်တစ်ရပ်ဖွဲ့စည်း ရမည်ဖြစ်သည်။