ဘေရွတ် ၊ ၂၈-၁-၂ဝ၁၆
သိရသည်။
#PyiChitThar
............................................................
အစ္စရေးနိုင်ငံမှ သူလျှိုဟုယူဆရသည့် လင်းတငှက်တစ်ကောင်ကို လက်ဘနွန်ဖမ်းဆီး
ဘေရွတ် ၊ ၂၈-၁-၂ဝ၁၆
ဂိုလမ်ကုန်းမြင့် ဒေသမှ လက်ဘနွန်နိုင်ငံ တောင်ပိုင်းနယ်စပ် သို့ အသံလွှင့်စက် တစ်ခုအား သယ်ဆောင်ပျံသန်း လာသည့် လင်းတငှက် တစ်ကောင်ကို ဒေသခံများက အစ္စရေး နိုင်ငံအတွက် သူလျှိုလုပ်ပေး နေသည်ဟု ယူဆကာ ဇန်နဝါရီ ၂၆ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
သို့သော် ဘင့်ဂျဘေးမြို့မှ ဒေသခံများသည် အဆိုပါ အသံလွှင့်စက်အား အစ္စရေး နိုင်ငံမှ သူလျှိုပစ္စည်း ဟုတ်၊ မဟုတ် စစ်ဆေးခဲ့ ပြီးနောက် ငှက်ကိုပြန်လွှတ် ပေးခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန ၏ ထုတ်ပြန်ချက် အရ
သိရသည်။
ဒေသခံများသည် ၄င်းငှက်ကို ဇန်နဝါရီ ၂၅ ရက်က တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အစ္စရေးနိုင်ငံ မှ သူလျှိုငှက်ဟု ယူဆခဲ့ပြီးနောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#PyiChitThar