Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အိုမန္ပင္လယ္အတြင္းမွ အေမရိကန္စစ္သေဘၤာထြက္သြားရန္အီရန္သတိေပး

$
0
0

တီဟီရန္ ၊ ၂၈-၁-၂ဝ၁၆

အီရန္စစ္ဘက္က စစ္ေရး ေလ့က်င့္ခန္းမ်ား ျပဳလုပ္ေနသည့္ အိုမန္ပင္လယ္ အတြင္းသို႔ ဝင္ေရာက္လာေသာ အေမရိကန္ ေရတပ္ စစ္သေဘၤာ တစ္စင္းကို ထြက္ခြာသြားရန္ အီရန္ေရတပ္ က ဇန္နဝါရီ ၂၇ ရက္တြင္ သတိ ေပး ေျပာၾကာ းခဲ့ေၾကာင္း Tasnim သတင္းဌာနက ေဖာ္ျပထားသည္။

အီရန္ေရတပ္၏ သတိေပးမႈကို ရရွိၿပီးေနာက္ အဆိုပါ အေမရိကန္ စစ္သေဘၤာသည္ ပင္လယ္အတြင္းမွ ခ်က္ခ်င္း ထြက္ခြာ သြားေသာေၾကာင့္ ယခုအခါ အေျခအေန အားလံုးကို ပံုမွန္အတိုင္း ထိန္းသိမ္းထား ႏုိင္ၿပီျဖစ္ေၾကာင္း အီရန ္ေတာ္လွန္ေရး အေစာင့္တပ္ဖြဲ႕ ႏွင့္နီးစပ္သည့္ ယင္း သတင္းဌာနက ဆက္လက္ ေဖာ္ျပသည္။

အီရန္ေရတပ္သည္ အခ်က္အခ်ာ ေနရာျဖစ္သည့္ ေဟာ္မုဇ္ ေရလက္ၾကား တြင္ ၄င္းတို႔၏ ေရငုပ္သေဘၤာ မ်ား၊ ဖ်က္သေဘၤာမ်ား ႏွင့္ ဒံုးပစ္ေလာင္ခ်ာ မ်ား၏ စြမ္းရည္ကို စမ္းသပ္ရန္အတြက္ ဇန္နဝါရီ ၂၇ ရက္မွစ၍ စစ္ေရး ေလ့က်င့္ခန္းကို ျပဳလုပ္ေနျခင္း ျဖစ္သည္။

''အခုျပဳလုပ္တဲ့ ေလ့က်င့္ခန္းဟာ အီရန္ႏုိင္င ံအေနနဲ႔ ေဟာ္မုဇ္ ေရလက္ၾကား၊ အိုမန္ ပင္လယ္ျပင္ႏွင့္ အိႏၵိယသမုဒၵရာ ေျမာက္ပိုင္းတို႔ရွိ ႏုိင္ငံ၏ ေရျပင္ပိုင္နက္ကို ကာကြယ္ႏုိင္စြမ္း ရွိေၾကာင္းႏွင့္ လံုၿခံဳေရး အာမခံခ်က္ကို ေပးႏုိင္စြမ္း ရွိေၾကာင္း ျပသျခင္း ျဖစ္ပါတယ္''ဟု အီရန္ေရတပ္ ဗိုလ္ခ်ဳပ္ႀကီး ဟာဘီဘိုလာ ေဆယာရီ က ေျပာၾကားသည္။

အီရန္ႏုိင္ငံသည္ ဇန္နဝါရီ ၁၂ ရက္က ေရေၾကာင္း အခ်က္ျပ မွားယြင္းမႈေၾကာင့္ ႏုိင္ငံ၏ ေရပိုင္နက္ အတြင္း ဝင္ေရာက္ လာသည့္ အေမရိကန္ စစ္ေရယာဥ္ တစ္စင္းႏွင့္ ေရတပ္သား ၁ဝ ဦးတို႔ကို ဖမ္းဆီး ထိန္းသိမ္း ခဲ့ၿပီး ေနာက္တစ္ရက္တြင္ ျပန္လႊတ္ေပး ခဲ့ေၾကာင္း သိရသည္။

#PyiChitThar

.............................................................................

အိုမန်ပင်လယ်အတွင်းမှ အမေရိကန်စစ်သင်္ဘောထွက်သွားရန်အီရန်သတိပေး

တီဟီရန် ၊ ၂၈-၁-၂ဝ၁၆

အီရန်စစ်ဘက်က စစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်နေသည့် အိုမန်ပင်လယ် အတွင်းသို့ ဝင်ရောက်လာသော အမေရိကန် ရေတပ် စစ်သင်္ဘော တစ်စင်းကို ထွက်ခွာသွားရန် အီရန်ရေတပ် က ဇန်နဝါရီ ၂၇ ရက်တွင် သတိ ပေး ပြောကြာ းခဲ့ကြောင်း Tasnim သတင်းဌာနက ဖော်ပြထားသည်။

အီရန်ရေတပ်၏ သတိပေးမှုကို ရရှိပြီးနောက် အဆိုပါ အမေရိကန် စစ်သင်္ဘောသည် ပင်လယ်အတွင်းမှ ချက်ချင်း ထွက်ခွာ သွားသောကြောင့် ယခုအခါ အခြေအနေ အားလုံးကို ပုံမှန်အတိုင်း ထိန်းသိမ်းထား နိုင်ပြီဖြစ်ကြောင်း အီရန ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ နှင့်နီးစပ်သည့် ယင်း သတင်းဌာနက ဆက်လက် ဖော်ပြသည်။

အီရန်ရေတပ်သည် အချက်အချာ နေရာဖြစ်သည့် ဟော်မုဇ် ရေလက်ကြား တွင် ၄င်းတို့၏ ရေငုပ်သင်္ဘော များ၊ ဖျက်သင်္ဘောများ နှင့် ဒုံးပစ်လောင်ချာ များ၏ စွမ်းရည်ကို စမ်းသပ်ရန်အတွက် ဇန်နဝါရီ ၂၇ ရက်မှစ၍ စစ်ရေး လေ့ကျင့်ခန်းကို ပြုလုပ်နေခြင်း ဖြစ်သည်။

''အခုပြုလုပ်တဲ့ လေ့ကျင့်ခန်းဟာ အီရန်နိုင်င ံအနေနဲ့ ဟော်မုဇ် ရေလက်ကြား၊ အိုမန် ပင်လယ်ပြင်နှင့် အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်းတို့ရှိ နိုင်ငံ၏ ရေပြင်ပိုင်နက်ကို ကာကွယ်နိုင်စွမ်း ရှိကြောင်းနှင့် လုံခြုံရေး အာမခံချက်ကို ပေးနိုင်စွမ်း ရှိကြောင်း ပြသခြင်း ဖြစ်ပါတယ်''ဟု အီရန်ရေတပ် ဗိုလ်ချုပ်ကြီး ဟာဘီဘိုလာ ဆေယာရီ က ပြောကြားသည်။

အီရန်နိုင်ငံသည် ဇန်နဝါရီ ၁၂ ရက်က ရေကြောင်း အချက်ပြ မှားယွင်းမှုကြောင့် နိုင်ငံ၏ ရေပိုင်နက် အတွင်း ဝင်ရောက် လာသည့် အမေရိကန် စစ်ရေယာဉ် တစ်စင်းနှင့် ရေတပ်သား ၁ဝ ဦးတို့ကို ဖမ်းဆီး ထိန်းသိမ်း ခဲ့ပြီး နောက်တစ်ရက်တွင် ပြန်လွှတ်ပေး ခဲ့ကြောင်း သိရသည်။

#PyiChitThar

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>